← Chapters

ချင်းယိုး

Vol. 45 Ch. 4.186

ချင်းယိုး

Vol. 45 Ch. 4.186

"ကျူးချွဲ့ကျောင်းတော်က ကျောင်းသားကို တူယွမ်လို့ ခေါ်တယ်... အရင်တစ်ခေါက် ပြိုင်ပွဲရဲ့ ပဏာမအဆင့်ပြိုင်ပွဲမှာ ပထမနေရာကို ရသွားတာ... ပိုင်ဟူကျောင်းတော်က ကျောင်းသားကိုတော့ ချောင်ထန်းလို့ ခေါ်တယ် ဒါပေမဲ့ သူက ပဏာမအဆင့်မှာ ဒုတိယနေရာ ရသွားခဲ့တယ်"

လုရွှမ် နားမလည်မှန်းသိ၍ ရွှမ်ဝူကျောင်းအုပ်က သာယာစွာ ပြုံးပြီး ရှင်းပြလိုက်သည်။

"သူတို့နှစ်ယောက် အစောကြီး တွေ့သွားကြတော့ ချောင်ထန်းက တူယွမ်ရဲ့ နေရာကို ရယူဖို့ ကြိုးစားတော့မယ့်ပုံပဲ... ကံမကောင်းစွာပဲ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူတို့နှစ်ယောက်က အနှိုင်းမဲ့ အရည်အချင်း ရှိပေမယ့် အခု သူတို့ရဲ့ ခွန်အားက တစ်စထက်တစ်စ ဝေးကွာသွားပြီ... မမျှော်လင့်ဘဲ ဆယ်နှစ်ကြာပြီးတော့ တူယွမ်က သူတော်စင်တစ်ဦး ဖြစ်လာမယ့် လမ်းကို လျှောက်လှမ်းနေပြီ... ချောင်ထန်းနဲ့ သူ့ကြားက ကွာဟချက်က ယခုတော့ ကြီးမားလွန်းသွားပြီ"

ချောင်ထန်းအတွက် ရွှမ်ဝူကျောင်းအုပ်သည် နှမြေစရာ ကောင်းသည်ဟု ခံစားနေရသည်။

"သူ့ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ကာယကြံ့ခိုင်မှုအရ ကျောင်းကို ဝင်လာရင် တူယွမ်ကို ရှုံးခဲ့ရင်တောင် အဲ့ဒီလောက် အနှောင့်အယှက်ဖြစ်မှာ မဟုတ်ဘူး"

ထျန်းလုံ၊ ကျူးချွဲ့၊ ပိုင်ဟူ၊ ရွှမ်ဝူ အဓိက ကျောင်းကြီး၄ခုသည် သဘာဝအတိုင်း ၎င်းတို့၏ ကိုယ်ပိုင် သွင်ပြင်များရှိပြီး တချို့သော ကဏ္ဍများတွင် ထူးခြားသော တိုးတက်မှုများလည်း ရှိသည်ဟု ဆိုနိုင်သည်။

အလေးပေးမှုမှာလည်း ကွဲပြားသည်။ ဥပမာ ထျန်းလုံကျောင်းတော်သည် ဆယ်စုနှစ်များစွာကြာ ထိပ်တန်းကျောင်း တစ်ကျောင်း ဖြစ်လာခဲ့သည်။ အပြင်းထန်ဆုံးဟု ဆိုပါက ၎င်းသည် ၎င်း၏ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုနှင့် ဘက်စုံစွမ်းပကားကြောင့် ကျော်ကြား​လေသည်။

ကျူးချွဲ့ကျောင်းတော် ၎င်း၏ မီးစွမ်းအင်ကြောင့် အကျော်ကြားဆုံး ဖြစ်ပြီး ပိုင်ဟူကျောင်းတော်ကတော့ ၎င်း၏ကိုယ်ပွား စွမ်းအင်များကြောင့် ကျော်ကြားသည်။ ရွှမ်ဝူကျောင်းတော်မှာ ဖိနှိပ်ချုပ်ချယ်မှုကို ခံနိုင်ရည်ရှိမှုနှင့် ကျော်ကြားသည်။

ထို့ကြောင့် ရွှမ်ဝူကျောင်းအုပ်သည် ချောင်ထန်း အတွက် ခံစားချက်တချို့ ရှိ​ပေသည်။ လုရွှမ်သည် သူ့စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ပြီး ရွှမ်ဝူကျောင်းအုပ် ပြောလိုက်သည်မှာ အဓိပ္ပာယ်ရှိကြောင်း သိပေ၏။

​ချောင်ထန်းသာ ရွှမ်ဝူကျောင်းတော်တွင် တစ်နေ့လုံး လေ့ကျင့်ခဲ့မည်ဆိုလျှင် အနည်းဆုံးတော့ လမ်းလွှဲသွားမည် မဟုတ်ပေ။

ယခုအချိန်တွင် ချောင်ထန်း၏ ခွန်အားသည် အတော်လေး အားကောင်း နေသေးသော်လည်း သူတော်စင်ဖြစ်ရန် လမ်းစတွင်ရှိ တူယွမ်၏ နောက်ကျကျန်နေသေးသည်။

လုရွှမ်နှင့် ရွှမ်ဝူကျောင်းအုပ်တို့သည် သူ့ကျောင်းသားများ အကြောင်း ပြောနေတာကို ပိုင်ဟူကျောင်းအုပ် ကြားတော့ မျက်နှာမကောင်း ဖြစ်လာပြီး ကျူးချွဲ့ကျောင်းအုပ်ကတော့ ကျေနပ်စွာ ပြုံးနေပါသည်။

ခဏအကြာတွင် ချောင်ထန်းသည် မလွှဲမရှောင်သာ ရှုံးနိမ့်သွားခဲ့သည်။ ပိုင်ဟူကျောင်းအုပ်၏ မျက်နှာအရောင်က ဖျော့သွားကာ ကျူးချွဲ့ကျောင်းအုပ်က အောင်ပွဲခံ ရယ်မောခဲ့သည်။

အခု ကွင်းထဲမှာ အခြေအနေတွေက တဖြည်းဖြည်း ရှင်းလာပါပြီ။

ပြိုင်ပွဲစင်မြင့်ကို စိန်မခေါ်ရသေးသော ကျောင်းတော်များမှ လူအများအပြား မရှိသော်လည်း ယခုစင်​မြင့်ကို ကာကွယ်ထားသူ အများစုမှာ ကျူးချွဲ့ကျောင်းတော်မှ ကျောင်းသားများဖြစ်​လေသည်။

အခြားသူများ အံ့အားသင့်စေရန်မှာ ဒုတိယနေရာသည် ထျန်းလုံကျောင်းတော်မှ ကျောင်းသားများ ဖြစ်နေခြင်းပင်။ ပိုင်ဟူကျောင်းတော်မှ ကျောင်းသားများမှာ အနည်းဆုံး ဖြစ်သည်။

"ပိုင်ဟူကျောင်းအုပ်ကြီး နည်းနည်းတော့ ယုံကြည်မှု လွန်ကဲနေပုံရတယ်.... သေချာတာပေါ့ နောက်ထပ် အခွင့်အရေးတွေ အများကြီး ရှိနိုင်ပါ​သေးတယ်... ကျုပ်ပြောတာကို ပိုင်ဟူကျောင်းအုပ် စိတ်မဆိုးဘူးမလား?"

လုရွှမ် ပြောပြီးနောက် ပိုင်ဟူကျောင်းအုပ်ရဲ့ မုတ်ဆိတ်ဖြူဖြူလေးက ဒေါသကြောင့် တုန်တုန်ရီရီ ဖြစ်လာလေ၏။

"ထျန်းလုံကျောင်းတော်ကတော့ တကယ့်ကို ထူးခြားတာပဲ... ဟားဟား ဒီတိုက်ပွဲပြီးရင် ထျန်းလုံကျောင်းအုပ်ကို ဘယ်သူမှ လျှော့တွက်ရဲမှာ မဟုတ်တော့ဘူး"

ကျူးချွဲ့ကျောင်းအုပ်က လုရွှမ်ကို အနည်းငယ် ပိုသဘောကျလာပုံဖြင့် ကြည့်လိုက်သည်။

ပိုင်ဟူကျောင်းအုပ်မှာ ထိုင်ခုံပေါ် လှဲချလိုက်ပါတော့၏။ သူရှုံးနေပြီ ဆိုတာ သိနေပြီလေ။ အနည်းဆုံးတော့ ရတနာကို ပြန်ရနိုင်မယ့် အခွင့်အရေး မရှိတော့ဘူး။ စင်ပေါ်မှာရှိတဲ့ လေပြေပုတီးစေ့ကို နောင်တရတဲ့ ခံစားချက်နဲ့ လှမ်းကြည့်လိုက်သည်။

ရွှမ်ဝူကျောင်းအုပ်သည် ထျန်းလုံကျောင်းတော် နှင့် ကျူးချွဲ့ကျောင်းတော်မှ ကျောင်းသားများ၏ ပြိုင်ဆိုင်မှုကို စောင့်မျှော်နေသော နှစ်ယောက်ကို အပြုံးဖြင့် ကြည့်ကာ ပိုမိုပွင့်လင်းသော စိတ်ထားကိုပင် ထု​တ်လာသည်။

ယခုအချိန်သည် အရေးကြီးသော အခိုက်အတန့် ဖြစ်သည်။ ကျူးချွဲ့ကျောင်းတော်မှ လူ ဆယ်ဦးနှင့် ထျန်းလုံကျောင်းတော်မှ လူကိုးဦး ရှိသည်။ ရွှမ်ဝူနှင့် ပိုင်ဟူကျောင်းတော်တို့သည် အရေအတွက် မလုံလောက်သောကြောင့် ၎င်းတို့သည် ဤလောင်းကစား တိုက်ပွဲ၏ နယ်ပယ်မှ သဘာဝအတိုင်း ဆုတ်ခွာသွားကြသည်။

ကျူးချွဲ့ကျောင်းတော်တွင် အားသာချက်အနည်းငယ် ရှိသော်လည်း ထျန်းလုံကျောင်းတော်တွင် နောက်ဆုံး လူတစ်ယောက်သာ ရှိ​တော့သည်။ ကျူးချွဲ့ကျောင်းတော်မှ ကျောင်းသားများကို စင်မြင့်မှ ခေါက်ချလိုက်သည်နှင့် နှစ်ဖက်လုံး၏ စာရင်းဇယားများသည် ချက်ချင်း ပြောင်းလဲသွားသည်။

ကျောင်းအုပ်ကြီး လေးဦးကြား လောင်းကစား ရန်ပွဲသည် လူအများကြား ပျံ့နှံ့နေပြီ ဖြစ်သည်။ ယခုအချိန်တွင် လူတိုင်း၏ မျက်လုံးများသည် တိုက်ပွဲတွင် မပါဝင်ရသေးသော ထျန်းလုံကျောင်းတော်၏ နောက်ဆုံး ကျောင်းသားကို အာရုံစိုက်နေကြသည်။

သူမသည် ထျန်းလုံဧကရာဇ် အင်ပါယာ ချင်းမိသားစုမှ ချင်းယိုး ဟုခေါ်သော အမျိုးသမီးငယ် တစ်ဦးဖြစ်ပြီး လက်ရှိ ကျောင်း၏ လက်ဖဝါးထဲတွင် ရှိသော ရတနာဖြစ်သည်။ လုရွှမ်၏ အမြင်တွင် ဤမိန်းကလေး၏ စွမ်းရည်သည် ထူးခြားပြီး သူမသည် ယန်ရှီးနှင့် ကျိုးကျိုးထက်ပင် သာလွန်သည်။

ကျင့်ကြံမှုအခြေခံသည် သူတော်စင်တစ်ပိုင်း အဆင့်၈ ပြီးပြည့်စုံသောကာလ ဖြစ်၍ ဖြတ်ကျော်ရန် အခွင့်အရေး တစ်ခုသာ လို​တော့သည်။ သို့သော် တောက်ကျင့်စဥ် ပုံစံကို သူမနားလည်မှုသည် သူတော်စင်တစ်ပိုင်း အဆင့်၉ ကျင့်ကြံသူထက် နိမ့်ကျနေတာတော့ မဟုတ်ချေ။

ဒါပေမဲ့ နောက်ဆုံးတော့ အချိန်က နည်းနည်းတော့ တို​တောင်းနေပါသေးသည်။ နောက်ထပ် နှစ်ဝက် ဒါမှမဟုတ် သုံးလလောက် ရရင်တော့ ဒီအမျိုးသမီးရဲ့ တိုက်ခိုက်ရေး ထိရောက်မှုဟာ ကြီးမားတဲ့ အဆင့်အထိ တိုးတက်လာမှာ သေချာတယ်လို့ လုရွှမ်မှာ ယုံကြည်နေသည်။

ယခုအချိန်တွင် သူမ၏ ခွန်အားဖြင့် ကျူးချွဲ့ကျောင်းတော်မှ ဤလူဆယ်ယောက် အနက်မှ တစ်ဦးဦးကို စိန်ခေါ်ရန်မှာ မခက်ခဲလှပေ။

"ဟားဟား... ဒါက ကောင်းကင်ရဲ့ အလိုတော် အတိုင်းပဲ.... ဒီအလောင်းအစားကို ဆုံးဖြတ်ဖို့ နောက်ဆုံးလူအပေါ် မူတည်သွားပြီ.. အဲဒီကလေးမလေးရဲ့ စိတ်ဓာတ်က မဆိုးဘူး.. သူမရဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်း တောက်ကျင့်စဥ်အတိုင်း ကျက်သရေရှိပြီး ငယ်ရွယ်ပေမယ့် သူတော်စင် ပုံသဏ္ဌာန် ရှိပြီးသားပဲ"

ကျူးချွဲ့ကျောင်းတော်က ချီးကျူးလိုက်သည်။

ထို့နောက် သူက စကားပြောင်းကာ ပြုံးကာ ပြောလိုက်သည်။

"ဒီမိန်းကလေး ဘာမှမထူးခြားသလို တိုက်ခိုက်ဖို့ မသင့်တော်တာ သနားစရာကောင်းတယ်... အချိန် အတိုင်းအတာ တစ်ခုရှိရင် ဟားဟား ရောယှက်နေတဲ့ နိယာမဥပဒေ စည်းမျဉ်းတွေနဲ့ ပြိုင်ရင် သူမက တူယွမ်ထက်တော့ ညံ့မှာ မဟုတ်ဘူး...ဒါပေမဲ့ အခုဒါကို အခွင့်ကောင်း ယူရမယ်"

ကျူးချွဲ့ကျောင်းတော်၏ စူးရှသော မျက်လုံးများဖြင့် ချင်းယိုး၏ စွမ်းရည်သည် သာလွန်ကောင်းမွန်သည်ကို သဘာဝကျကျ မြင်နိုင်သော်လည်း သူမ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အနည်းငယ် အားနည်းနေ​သေးသည်။

သူမ ခွန်အားဖြင့် ကျူးချွဲ့ကျောင်းတော်မှ မည်သူ့ကိုမဆို စင်မြင့်ထက်မှ ကန်ထုတ်လိုလျှင် ခက်ခက်ခဲခဲ လုပ်ရလိမ့်မည်။

"ချင်းယိုး... မင်း ဒီကိုလာခဲ့ ကျောင်းအုပ်ကြီး မင်းကို ပြောစရာရှိတယ်"

ပိုင်ဟူကျောင်းအုပ်က ရယ်မောလိုက်ပြီး

"ထျန်းလုံကျောင်းတော်က ဒီမိန်းကလေးကို သုံးပြီး ဒီရေကို ပြန်လှည့်ဖို့ အားကိုးချင်နေတာလား?"

ဒါက စပျစ်သီးကို မစားနိုင်ဘဲ စပျစ်သီးချဉ်တယ်လို့ ထင်နေတာပဲ။ လုရွှမ် သူ့ကို ဂရုမစိုက်သလို ရှက်လည်း မရှက်ပါဘူး။

ချင်းယိုးသည် တအံ့တသြနှင့် ရှေ့သို့ လျှောက်သွားခဲ့သည်။ သူမသည် ထက်မြက်သောကြောင့် သူမ၏ နောက်ဆက်တွဲ တိုက်ပွဲသည် အလွန်အရေးကြီးကြောင်း သဘာဝကျကျ သိလိုက်သည်။

ဒါပေမဲ့ အဲဒီလူဆယ်ယောက်ကို သူမ လေ့လာကြည့်ခြင်းအားဖြင့် သူမရဲ့ ခွန်အားက မလုံလောက်ဘူး ဆိုတာကို နားလည်သွားခဲ့ပြီ။ သူတို့ထဲက တစ်ယောက်ယောက်ကို အနိုင်ယူဖို့တောင် အခွင့်အရေး သိပ်မရှိဘူးလို့ သူမ နားလည်ထားလေသည်။

ဤခုနှစ်ရက်အတွင်း ကျောင်းအုပ်ကြီး မည်မျှ တန်ခိုး ကြီးမားသည်ကို သူမ အပြည့်အဝ မြင်တွေ့ခဲ့ရသည်။

ကောင်းကင်နှင့် မြေကြီးကြားက နတ်ဘုရား ဆိုတာက ဘယ်သူလဲ? ပါရမီရှင်ဆိုတာ ဘာလဲ? အဲဒါက သူ မလုပ်နိုင်တာ ဘာမှ မရှိဘူးလို့ ပြောတာပဲ ဖြစ်သည်။

အခုတော့ ကျောင်းအုပ်ကြီးက သူမကို ရှေ့တိုးလာဖို့ ပြောတာကြောင့် ရန်သူကို အနိုင်ယူဖို့ နည်းလမ်း ရှိနေပြီလားဟု တွေးလိုက်မိသည်။

"ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲ သုံးဦးကို ဂါဝရပြုပါတယ်"

လေးလေးစားစား အလေးပြုပြီးနောက် ချင်းယိုးသည် လုရွှမ်ကို မျှော်လင့်တကြီးဖြင့် ကြည့်နေခဲ့သည်။

တခြားကျောင်းအုပ် သုံးယောက်ကလည်း လုရွှမ်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ထျန်းလုံကျောင်းအုပ်သည် ချင်းယိုး၏ ခွန်အားကို တခဏချင်း မြှင့်တင်ပေးနိုင်သည့် နည်းလမ်းတစ်ခု ရှိနေတာများလား။

မှော်လက်နက် တစ်ခုလား? လျှို့ဝှက် နည်းပညာတစ်ခုလား? ဒါမှမဟုတ် ထူးဆန်းတဲ့ ရတနာတစ်ခုလား?

သူတို့သုံးယောက်က အဲဒါကို တွေးမိပြီး မှော်လက်နက်ရဲ့ အစွမ်းသတ္တိက အကန့်အသတ် ရှိလို့ အချိန်တိုအတွင်း ကျွမ်းကျင်နိုင်တဲ့ အရာမဟုတ်ဘူး ဆိုတာကို သတိရသွားသည်။ လျှို့ဝှက်နည်းလမ်းက ပြောနေစရာပင် မလိုတော့ချေ။

ပရိသတ် အားလုံးကလည်း ထျန်းလုံကျောင်းတော်၏ ကျောင်းအုပ်ကြီးအား အာရုံစူးစိုက်မှု အပြည့်ဖြင့် မျက်လုံးများ ပြူးကာ စိုက်ကြည့်နေကြသည်။ လုရွှမ်၏ နောက်လာမည့် လှုပ်ရှားမှုကို သံသယ ရှိ​နေ​ကြပြီ ဖြစ်သည်။

လုရွှမ်လည်း လူတိုင်းရဲ့ မျက်လုံးများကို သဘာဝအတိုင်း ခံစားမိသည်။ သူက တည်ငြိမ်သော အမူအရာနှင့် ခပ်ဖွဖွ အပြုံးဖြင့် ချင်းယိုးဆီသို့ လျှောက်သွားကာ ချင်းယိုး၏ အသိစိတ်ထဲသို့ ဝိညာဉ်ရေး အသိဥာဏ်လေးများ စိမ့်ဝင်သွားအောင် သူ့လက်ချောင်းပေါ်၌ ဝိညာဉ်စွမ်းအင် တချို့ ထည့်သွင်းလိုက်သည်။

ချင်းယိုး၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သူမမျက်လုံးများသည် လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပလာခဲ့သည်။ သူမက လုရွှမ်အား ဂါဝရပြုပြီးနောက် ပြန်ထွက်လာခဲ့သည်။

လုရွှမ်သည်လည်း ဘာအပြုအမူမှ မရှိဘဲ ကျောင်းအုပ်ကြီး ထိုင်ခုံတွင် အေးအေးဆေးဆေး ပြန်ထိုင်​နေလိုက်သည်။

အားလုံးက အရမ်း စိတ်ရှုပ်သွားကြ၏။

နှစ်ယောက်သားက ဘာဖြစ်သွားကြတာလဲ?

All Chapters