ခန္ဓာကိုယ် ထိန်းချုပ်မှု
Vol. 45 Ch. 4.188
"ဟင့်... ငါ့ဓားချက်ကို နင်တကယ် ရှောင်နိုင်ပါ့မလား"
နမ်းကုန်းရင်က သူမအသံကို အရိပ်အမြွက် တစ်ခုအနေနဲ့ ပြောလိုက်သည်။
သူတော်စင်တစ်ပိုင်း လူတစ်ယောက်ရဲ့ အရင်းအမြစ်က သူတော်စင်တစ်ပိုင်း ဖြစ်လာတဲ့အခါ တောက်ကျင့်စဥ် ပုံစံတွေကနေ လာတာပဲ ဖြစ်သည်။ ထို့ကြောင့် တောက်ကျင့်စဥ်ရဲ့ ပုံစံက အားကောင်းလေ သဘာဝကျကျ စွမ်းအားက အားကောင်းလေ ဖြစ်သည်။
တခြားသူတွေ ရှင်းရှင်းလင်းလင်း မမြင်နိုင်အောင် ကိုယ့်ရဲ့ တောက်ကျင့်စဥ် ပုံစံတွေကို ဖုံးကွယ်ထားနိုင်ရင် တိုက်ပွဲမှာ အသာစီးရလိမ့်မည်။
သူမ၏ တောက်ကျင့်စဥ် ပုံစံသည် သန့်ရှင်းသော စွမ်းအားဟု လူအများက ထင်မြင်နေကြကြောင်း နမ်းကုန်းရင် သိထားပြီး ၎င်းသည် သူမ တမင်တကာ ပေးခဲ့သည့် နားလည်မှု လွဲမှားမှုတစ်ခုလည်း ဖြစ်သည်။
တကယ်တော့ သူမရဲ့ တောက်ကျင့်စဥ် ပုံစံက ဓားတစ်လက်ပင်။ ဓားနဲ့ ပတ်သက်ပြီး သူမရဲ့ နက်နဲတဲ့ နားလည်မှုက သဘာဝအတိုင်း အားကောင်းလေ သူမခွန်အားကလည်း အားကောင်းလေပဲ ဖြစ်၏။
သူမလက်ထဲက ကော့ရှန်ဓားကို သူမအဖေက သူမအတွက် အထူး ပြုလုပ်ပေးခဲ့သည်။ ဆယ်နှစ်ကျော်လောက် ဂရုတစိုက် လေ့ကျင့်ပြီးနောက် ဓားသည် သူမ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
"ဒါက?"
တခြားသူများမှာ ချင်းယိုး၏ ယခင် ရှောင်တိမ်းမှုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ကျောင်းတောင် လေးခုမှ ကျောင်းအုပ်ကြီးများကတော့ သေချာပေါက် ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။
နမ်းကုန်းရင်၏ ဓားက လမ်းကြောင်းမှန်သို့ တိုက်ခိုက်လိုက်သော်လည်း ချင်းယိုး၏ စွမ်းဆောင်မှုက ပိုကောင်းလာကာ သူမ ရှောင်တိမ်းသွားခဲ့သည်။
"ထျန်းလုံကျောင်းအုပ်ရေ... ခင်ဗျားရဲ့ ထျန်းလုံကျောင်းတော်ကတော့ တကယ်ကို အရည်အချင်းတွေ ပြည့်နေတာပဲ.... သူတို့ကို လျှော့တွက်လို့ မရဘူးကိုး!"
ကျူးချွဲ့ကျောင်းအုပ်က ပြုံးပြီး လုရွှမ်ကို ကြည့်လိုက်သည်။
လက်ရှိအချိန်တွင် လုရွှမ်သည် စကားမပြောဘဲ ထိုင်ခုံပေါ်တွင် မလှုပ်မယှက် ထိုင်နေပြီး နှုတ်ခမ်းထောင်စွန်းက အနည်းငယ် ကော့တက်နေ၏။
ယခင် အခိုက်အတန့်သို့ ပြန်သွားကြည့်ရလျှင် ချင်းယိုးသည် သူမခန္ဓာကိုယ်ကို စီးဆင်းနေသော ရေထဲတွင် ဝှက်ထားခဲ့သည်။
ဓားချက် ရုတ်တရက် ထိမှန်သွားရင် ခွန်အား ကွာခြားချက်မှာ အလွန်ကြီးမားနေသေးသည်ကို သိလို့ နမ်းကုန်းရင်ဆီက အာရုံကို လုံးဝမလွတ်နိုင်ခဲ့ပေ။
ချင်းယိုးမှာ အရှုံးပေးဖို့ အဆင်သင့်ဖြစ်နေပြီ။ သူမ ခန္ဓာကိုယ်က သူမစကားကို နားမထောင်ကြောင်း ရုတ်တရက် သိလိုက်ရချိန် ကျောင်းအုပ်ကြီးရဲ့ ပုံရိပ်က သူမစိတ်ထဲ တိတ်တဆိတ် ပေါ်လာခဲ့သည်။
"ချင်းယိုး သေချာကြည့်ထား!"
ချင်းယိုးသည် သူမ စိတ်ဝိညာဥ်ထဲ ဆုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရပြီး ကျောင်းအုပ်ကြီးမှ သူမခန္ဓာကိုယ်ကို အုပ်စိုးလာသည်အား ငြိမ်သက်စွာ ရပ်ကြည့်နေလေသည်။ ကျောင်းအုပ်ကြီးမှ သူမကို မေးခဲ့တဲ့မေးခွန်းကို ရုတ်တရက် သတိရလိုက်မိသည်။
"မင်းဆန္ဒရှိရဲ့လား?"
အရင်က နားမလည်ခဲ့ပေမဲ့ အခုတော့ ကျောင်းအုပ်ကြီးက သူမခန္ဓာကိုယ်ကို ထိန်းချုပ်ထားတယ်ဆိုတာ ရုတ်တရက် သိလိုက်၏။
သူမသည် ပိုင်ဆိုင်ခြင်းဆိုင်ရာကို ထိန်းချုပ်နိုင်သည့် ဒဏ္ဍာရီတချို့ကို ကြားဖူးခဲ့သော်လည်း ထိုမှော်အစွမ်းများ အမှန်တကယ် ရှိနေမယ်လို့ သူမ မတွေးခဲ့မိပေ။ လျှို့ဝှက်ဆန်းကြယ်သော ကျောင်းအုပ်ကြီးမှာ အမှန်တကယ်တွင် ထိုသို့သော စွမ်းရည် ရှိနေသည်။
သူမ စိတ်ထဲမှာ သံသယတွေ အများကြီး ရှိနေပေမယ့် ဒီအချိန်ဟာ မေးရမယ့် အချိန်ကောင်းမဟုတ်မှန်း နားလည်ပါ၏။ ဓားစွမ်းအင်က သူမဆီ ရောက်တော့မည်။
ချင်းယိုး ကျောင်းအုပ်ကြီးရဲ့ ညွှန်ကြားချက်ကို အလိုလို လိုက်နာပြီး သူမရှေ့ရှိ မြင်ကွင်းကို ကောင်းစွာ ကြည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်သည် စီးဆင်းနေသော ရေထဲသို့ တစ်ဖန် ပေါင်းစပ်သွားသည်ကို တွေ့လိုက်ရသည်။ ဤစီးဆင်းနေသော ရေများသည် အစစ်အမှန် မဟုတ်သော်လည်း သူမ၏ တောက်ကျင့်စဥ် ပုံစံများကို ထင်ရှားစေသည်။
တောက်ကျင့်စဥ် ပုံစံများအပေါ် ကျောင်းအုပ်ကြီး နားလည်မှုသည် သူ့ထက်သာလွန်ကြောင်း သူမ ခံစားနိုင်သည်။ သူမသည် အခင်းအကျင်းဖြင့် ပြောင်းလဲသွားသော ရေထဲ၌ ပျောက်ကွယ်သွားနိုင်တာက ကျောင်းအုပ်ကြီးက သူမအား အခင်းအကျင်းတွင် လုံးဝ ဖုံးကွယ်ထားကြောင်း ခံစားချက်ကို ပေးစွမ်းနေသည်။
သေချာတာပေါ့ ဓားရဲ့ အင်အားဟာ ဖြတ်ကျော်သွားခဲ့ပြီး ကွဲအက်သွားတဲ့ အရာတွေအားလုံးဟာ နောက်ကွယ်က ပုံရိပ်တစ်ခုပဲ ဖြစ်ပေ၏။
"ဒါက တောက်ကျင့်စဥ် ပုံစံတွေကို နားလည်ခြင်းပဲ... မင်းပေါင်းစပ်ထားတဲ့ အခြေခံမူတွေက ဒြပ်စင်ငါးပါးထဲက ရေပဲ... ရေရဲ့ လက္ခဏာက နူးညံ့တယ်.. မာကျောမှုကို ပျော့ပျောင်းစေပြီး အရာခပ်သိမ်းကို ဖုံးကွယ်ထားနိုင်ရုံ တင်မကဘူး အသက်ရှုသွင်းနိုင်တယ်.... ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်ကိုတောင် အဲဒီထဲမှာ ဝှက်ထားနိုင်တယ်"
လုရွှမ်သည် ချင်းယိုး၏ ခန္ဓာကိုယ်ကို အခင်းအကျင်းဖဲမှ ပျောက်ကွယ်သွားအောင် ထိန်းချုပ်ကာ ပေါ့ပေါ့တန်တန် ရှင်းပြလိုက်သည်။
ရေများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ချင်းယိုးသည် အံ့အားသင့်စွာ ကြည့်နေသော်လည်း သူမ ခန္ဓာကိုယ်မှာ တိမ်မြုပ်နေဆဲ ဖြစ်လေသည်။ ၎င်းသည် အခင်းအကျင်း တံဆိပ်ပြားကို အသုံးပြုထားခြင်း မဟုတ်တာတောင် သူမ လုံးဝ ပျောက်ကွယ်သွားသည်။
"ကောင်းကင်နဲ့ မြေကြီးရဲ့ ဒြပ်စင်ငါးခုအပြင် ယင်နဲ့ယန်ရဲ့ ချီစွမ်းအင်နှစ်ခုက ကမ္ဘာကြီးတည်ဆောက်မှုရဲ့ မူလအစပဲ.... တစ်နည်းဆိုရရင် ဒြပ်စင်ငါးပါးရဲ့ စွမ်းအားက နေရာတိုင်းမှာ ရှိတယ်.... နေရာတိုင်းမှာ ရှိနေတဲ့ အတွက်ကြောင့် အဲဒါကို ရှာဖွေရတာ ပင်ပန်းနိုင်တယ် နှလုံးသားနဲ့ နားလည်ခံနိုင်မှ ဖြစ်မှာ... "
ချင်းယိုး၏ ခန္ဓာကိုယ်သည် ပြန်မပေါ်လာသေးသဖြင့် လူတိုင်းမှာ စကားစမြည် စပြောလာကြသည်။
အမြင်အာရုံ ကောင်းတဲ့လူတွေက ဒါကို တိတ်တဆိတ် သဘောကျကြပေမယ့် တခြား လူတွေကတော့ အလွန်အမင်း စိတ်ရှုပ်သွားသလို ခံစားရလေသည်။ လူက သဲလွန်စမရှိဘဲ ဘယ်လိုလုပ် ပျောက်သွားနိုင်မှာလဲ။
နမ်းကုန်းရင် ကဲ့သို့သော ကျောင်းသားများအားလုံးသည် စင်မြင့်ထက်ကို စေ့စေ့ကြည့်ကာ ချင်းယိုးကို ရှာဖွေနေကြသည်။ ယခုအချိန်တွင် သူတို့အားလုံးက ချင်းယိုးအား အင်အား ကြီးမားသော ရန်သူအဖြစ် သတ်မှတ်လိုက်လေပြီ။
သူတော်စင်တစ်ပိုင်း အဆင့်၃ မတိုင်မီက လက်နက်များနှင့် ပြင်ပအင်အားစုများသည် ပြိုင်ပွဲများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သခင်နယ်ပယ်များ သန့်စင်ထားသော လက်နက်များသည်ပင် တိုက်ပွဲ၏ ရလဒ်ကိုပင် ဆုံးဖြတ်နိုင်သည်။
သို့သော် သူတော်စင်တစ်ပိုင်း အဆင့်၆ မတိုင်မီ တောက်ကျင့်စဥ် ပုံစံ၏ တိကျသော ဆွဲငင်အားမှာ အလွန် တိုးတက်ရမည်။ ပြိုင်ပွဲတွင် တောက်ကျင့်စဥ် ပုံစံကို နားလည်မှုက အနည်းငယ်သာ ကွာခြားနိုင်သော်လည်း ရလဒ်ကတော့ အလိုက်သင့် ပြောင်းလဲသွားမှာ ဖြစ်သည်။
သူတော်စင်တစ်ပိုင်း အဆင့်၉ မတိုင်မီ သာမန် လက်နက်များသည် အသုံးမဝင်ပေ။ စစ်မှန်သော သူတော်စင်နယ်ပယ်က လက်နက်များပင် ခြွင်းချက် မဟုတ်ချေ။ ၎င်းတို့နှင့် ယှဉ်ပြိုင်ရသည့်အရာမှာ တောက်ကျင့်စဥ် ပုံစံများနှင့် ရောယှက်နေသော နိယာမစွမ်းအင်များ၏ လုပ်ဆောင်ချက်များ ဖြစ်သည်။
ဤအခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံးထဲတွင် ပျောက်ကွယ်နေခဲ့သော ချင်းယိုးမှာ သူတို့ရှေ့မှာ တိတ်တဆိတ် လျှောက်လှမ်းနေပြီ ဖြစ်သည်။ တူယွမ်တောင်မှ မျက်လုံး သေချာဖွင့်ပြီး စင်မြင့်ပေါ်ကို ကြည့်နေရသည်။
နမ်းကုန်းရင်သည် ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ စင်မြင့်ပေါ်တွင် ရပ်လျက် မျက်လုံးများကို မှိတ်ချထားသည်။
ဒီမြင်ကွင်းက လူတိုင်းကို တိတ်တဆိတ် သဘောကျစေခဲ့သည်။ မျက်လုံးက မမြင်နိုင်တာကြောင့် သူမရဲ့ နားကို အသုံးချနိုင်ပြီ။ မျက်စိ၏ အားသာချက်ကို စိတ်လိုလက်ရ စွန့်လွှတ်ရန် ကြီးစွာသော သတ္တိနှင့် ဇွဲလုံ့လရှိရန် လိုအပ်သည်။
ချင်းယိုးရဲ့ ခန္ဓာကိုယ် ပြန်လည်ပေါ်လာသော်လည်း လုရွှမ်၏ ကိုယ်ပိုင်စွမ်းအားမှာ အလွန်အားနည်း နေသေးပြီး ၎င်းကို အချိန်အကြာကြီး မထိန်းနိုင်ပေ။ ချင်းယိုးရဲ့ အစွမ်းက တကယ်ကို လွှမ်းမိုး ကြီးစိုးနေတယ် ဆိုရင်တောင် စွမ်းဆောင်ရည်က မလုံလောက်ရင် ဘယ်သူမှ သံသယ မဖြစ်ဖို့ လွယ်မှာ မဟုတ်ဘူး။
"ဟမ့် နောက်ဆုံးတော့ ထွက်လာဖို့ စိတ်ရှိပြီပေါ့လေ"
နမ်းကုန်းရင်က မျက်လုံးမဖွင့်ဘဲ သူမဘေးကို ဓားနဲ့ လွှဲရိုက်လိုက်သည်။
လုရွှမ် သူ့လက်ဖဝါးဖြင့် ရှေ့သို့ တွန်းလိုက်ရာ မလှမ်းမကမ်းတွင် မြူခိုးအလွှာက တစ်ထောင်ကဲ့သို့ ရေစီးကြောင်းများ ထွက်ပေါ်လာသည်။ နမ်းကုန်းရင်၏ ကော့ရှန်ဓား အရှိန်သည် လျော့ကျလာကာ နောက်ဆုံး ချင်းယိုးထံသို့ ရောက်လာသောအခါ ၎င်း၏အင်အားသည် အလွန် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။
ချင်းယိုးသည် ကော့ရှန်ဓားကို ရိုက်ထုတ်လိုက်သဖြင့် ခပ်မြင့်မြင့်သို့ ပျံထွက်သွားသည်။
"ကျန်တာကို မင်းလက်ထဲ အပ်ခဲ့မယ် သူမကို ဓားကိုင်ခွင့် မပေးသရွေ့တော့ ခြိမ်းခြောက်မှုက ကြီးကြီးမားမား ရှိလာမှာ မဟုတ်ဘူး"
လုရွှမ်က ချင်းယိုးရဲ့ အသိစိတ်ထဲကနေ တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားလေသည်။
ချင်းယိုးသည် သူမခန္ဓာကိုယ်က သူမ ထိန်းချုပ်မှုအောက်သို့ ပြန်ရောက်နေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူမသည် လေထဲတွင် ပျံဝဲနေသော ကော့ရှန်ဓားကို သုတ်သင်လိုက်ပြီး နမ်းကုန်ရင်ကို လက်ဖဝါးဖြင့် တိုက်ခိုက်လိုက်သည်။
နမ်းကုန်းရင်၏ မျက်နှာမှာ အံ့သြမှုအပြည့်ဖြင့်။ ချင်းယိုးက သူမဓားကို ရိုက်ထုတ်ပစ်နိုင်မယ်လို့ သူမတကယ်ပင် မမျှော်လင့်ခဲ့ပေ။ ၎င်းသည် သူမနှင့် သူမ၏ တောက်ကျင့်စဥ်တို့ ရောယှက်နေသော အသွင်အပြင်ကို အတင်းအကျပ် နှောက်ယှက်ခြင်းနှင့် ညီမျှလေသည်။
၎င်းသည် သူမ၏ဖခင်ပင် လုပ်နိုင်ခဲသည့် အရာဖြစ်သည်။
နမ်းကုန်းရင်၏ ခွန်အား ထက်ဝက်နီးပါးသည် ဓားပေါ်၌ ရှိနေတာကြောင့် သူမ၏ လက်လှုပ်ရှားမှုများ နှေးကွေးသွားကာ နှလုံးသားထဲတွင် ထိတ်လန့် တုန်လှုပ်နေ၏။ အခု ဓားမရှိရာ သူမချင်းယိုးကို မယှဉ်နိုင်တော့ပေ။
သူမသည် လျင်မြန်စွာ တိုက်ခိုက်ခြင်း ခံခဲ့ရသော်လည်း ဓားကို ပြန်မဆွဲနိုင်သေးရာ ဒေါသကြောင့် နမ်းကုန်းရင်သည် ချင်းယိုးထံ ရှုံးနိမ့်ကြောင်း ဝန်ခံရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
လူတိုင်း တုန်လှုပ်သွားကြသည်။ အားနည်းပုံပေါက်သည့် ချင်းယိုးသည် ကျူးချွဲ့ကျောင်းတော်မှ ဒုတိယမျိုးဆက် ပါရမီရှင်ကို အမှန်တကယ် အနိုင်ယူနိုင်လိမ့်မယ်ဟု မမျှော်လင့်ထားခဲ့တာတော့ အမှန်ပင်။