← Chapters

သံသယ

Vol. 45 Ch. 4.189

သံသယ

Vol. 45 Ch. 4.189

"ငါနိုင်သွားပြီ ငါအနိုင်ရသွားပြီ!"

ချင်းယိုး ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတော့သည်။ ပထမအကြိမ် အနိုင်ရတုန်းကထက် ဒုတိယ အကြိမ်မှာတော့ လုံးဝကို ဝမ်းသာသွားခဲ့သည်။

နမ်းကုန်းရင်ကို တိုက်ခိုက်သောအခါ သူမ၏ ဓားကို ခေါက်လိုက်သော်လည်း ချင်းယိုးသည် နမ်းကုန်းရင်ထံမှ ရက်စက်ကြမ်းကြုတ်သော စွမ်းအားကို ခံစားနိုင်သေးသည်။ တောက်ကျင့်စဥ် ပုံစံ၏ အသုံးပြုမှုပုံ ချောမွေ့မှုကြောင့် လက်ရှိအချိန်တွင် တစ်ဖက်က သူမကို မတိုက်နိုင်​​တော့ပေ။

နမ်းကုန်းရင် ဓားကို ဆုံးရှုံးပြီးနောက်တွင်ပင် သူမသည် အနိုင်ရရန် ​ရှိနိုင်ကြောင်း ချင်းယိုး သိသည်။ နမ်းကုန်းရင် စိတ်အေးအေးထားပြီး တောက်ကျင့်စဥ် ပုံစံတွေကို ဓားရှည်အဖြစ် ပြောင်းလဲနိုင်ရင် ဘယ်သူက နိုင်မလဲ မသေချာနိုင်တော့ပေ။

"ဒီမိန်းကလေးက မာနကြီးလွန်း​နေတာ သနားစရာပဲ... မဟုတ်ရင် သူရှုံးမှာမဟုတ်ဘူး"

ရွှမ်ဝူကျောင်းအုပ်က မှတ်ချက်ပေးလိုက်တော့သည်။ တခြားလူများက ခေါင်းညိတ်၍ ထောက်ခံကြ၏။ သူတို့ရဲ့ စူးရှသော မျက်လုံးများဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်ကြ​လေသည်။

လုရွှမ် ကျေနပ်သွားပြီး ပြုံးလျက် ဆိုလိုက်သည်။

"ကံကောင်းသွားတယ်!"

တခြားသူတွေက သူဘာတွေ လုပ်ခဲ့တယ် ဆိုတာကို လုံးဝ မမြင်လိုက်​ကြပါဘူး။

အစောက လှုပ်ရှားမှုဟာ ဝမ့်ရှင်းဂိုဏ်း၏ လျှို့ဝှက်ချက်ဖြစ်ပြီး ဝမ့်ရှင်းဂိုဏ်းက အကြီးအကဲ တချို့ပင် မသိနိုင်ပေ။ လုရွှမ်သည် ဝမ့်ရှင်းဂိုဏ်း နောက်ကွယ်ရှိ တောင်တန်းများတွင် တွေ့ရှိခဲ့သော လျှို့ဝှက်နည်းပညာ တစ်ခုဖြစ်သည်။ ၎င်းသည် အလွန်အသုံးမဝင်ဟု ထင်ကာ လွှင့်ပစ်ခဲ့ကြခြင်း ဖြစ်ပေမည်။

တခြားသူရဲ့စိတ်ကို ထိန်းချုပ်ချင်တယ် ဆိုရင်တော့ သူတို့ရဲ့ သဘောတူညီချက်ကို ရယူရမှာဖြစ်သလို အထူးသဖြင့် လုံလောက်တဲ့ အင်အား မရှိရင် ထိန်းချုပ်ပိုင်ဆိုင်နိုင်တဲ့ အချိန်ကလည်း မကြာနိုင်ချေ။

ထို့ကြောင့် ဝမ့်ရှင်းဂိုဏ်းမှ ပါရမီရှင်တစ်ဦးသည် ထိုလျှို့ဝှက် နည်းပညာကို ဖန်တီးပြီးနောက် ၎င်းအား စူးစမ်းလေ့လာခြင်းအား ရပ်လိုက်ပြီး လုရွှမ်မှ ရရှိခဲ့သည်။ မထင်မှတ်ဘဲ ထိုအရာက ယခုတော့ အသုံးဝင်လာခဲ့၏။။

နမ်းကုန်းရင်သည် ထူးကဲသော အရည်အချင်းနှင့် ခိုင်ခံ့သော စွမ်းရည် ရှိသော်လည်း သူမ၏ တောက်ကျင့်စဥ် ပုံစံအတိုင်း လက်နက်များအပေါ် စွဲလမ်းနေသေးတာကို အစောပိုင်းကတည်းက သူသတိပြုမိခဲ့သည်။

ဓားရှိတဲ့ သူနဲ့ ဓားမပါတဲ့သူဟာ လူနှစ်ယောက်လိုပဲ ဖြစ်သွားပြီ။ ဒီအဆင့်ဟာ သူမရဲ့ အကြီးမားဆုံး လျှို့ဝှက်အန္တရာယ်ဖြစ်လို့ ချင်းယိုးအား သူမကို ရွေးချယ်စေခဲ့ခြင်း ဖြစ်လေသည်။

သေချာတာကတော့ တိုက်ပွဲ အတွေ့အကြုံ အများကြီးမရှိသော ကျောင်းမှ မိန်းကလေးတစ်ဦး ဖြစ်လို့ သူမသည် ချင်းယိုး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ပြိုင်ပွဲကို ရှုံးနိမ့်သွားခဲ့သည်။

ဤနည်းဖြင့် ထျန်းလုံကျောင်းတော်သည် အလောင်းအစားကို အနိုင်ရခဲ့သည်။

လုရွှမ် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စားပွဲပေါ်မှ လောင်းကြေးများကို ယူလိုက်သည်။ တခြား ကျောင်းအုပ်ကြီး သုံးယောက်၏ မျက်နှာများမှာ မည်းမှောင်နေပြီး နှုတ်ခမ်းမွေးများ ပြင်းထန်စွာ တုန်​လှုပ်နေကြသည်။

"လေပုတီးစေ့.... ကမ္ဘာကြီး အပြင်ဘက်က ပြိုကျနေတဲ့ကောင်းကင်ဘုံမှာ လေပြင်းတွေ တိုက်ခတ်နေရင်တောင် ဘေးကင်းပြီး အသံကောင်း ဟစ်နေနိုင်တယ်လို့ ကြားမိတယ်... ပိုင်ဟူကျောင်းအုပ် ခင်ဗျားရဲ့ လက်ဆောင် အတွက် ကျေးဇူးအများကြီး တင်ပါတယ်"

လုရွှမ်က အပြုံးလေးနဲ့ ပြောလိုက်လေသည်။

ပိုင်ဟူကျောင်းအုပ်ဟာ သူ့လက်ဖဝါးတွေ တုန်နေတာကို ခံစားလိုက်ရ၏။

ဒီသေနာလေးကတော့ ပါးစပ်ဖွင့်လိုက်တာနဲ့ လေပုတီး​စေ့၊ ပါးစပ်ဖွင့်လိုက်တာနဲ့ ပြိုကျနေတဲ့ကောင်းကင်ဘုံနဲ့ တကယ် ဖွင့်လို့မရတဲ့ အိုးစုတ်တစ်အိုး အတိုင်းပဲ။

"ကျူးချွဲ့ကျောင်းအုပ် ခင်ဗျားရဲ့ သစ်ဖန်းကိုင်းကလည်း ဒီညီလေးကို မျက်စိကို ဖွင့်ပေးခဲ့ပါတယ်... ဒီလို ပစ္စည်းကောင်းမျိုးရဖို့က ခွန်အားရှိရင်တောင် အခွင့်အလမ်းပေါ် မူတည်​​သေးတယ်... ကျေးဇူးတင်ပါတယ် ကျေးဇူးအများကြီး တင်ပါတယ်"

ကျူးချွဲ့ကျောင်းအုပ်ကြီးသည် သူ့ပါးစပ်ထောင့်များ လှုပ်ယမ်းသွားတာကိုပင် မခံစားနိုင်တော့ပေ။ ဤခွေးကောင်ကလေးသည် အမှန်တကယ်ပင် ပရောပရီဆန်လွန်းလှ၏။

"ရွှမ်ဝူကျောင်းအုပ်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်"

လုရွှမ်သည် ရွှမ်ဝူကျောင်းအုပ်၏ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်လိပ်ခွံကိုပါ သိမ်းထားလိုက်သည်။ ရွှမ်ဝူကျောင်းအုပ်ကတော့ ခပ်ဖျော့ဖျော့ပြုံးပြီး လုရွှမ်အတွက် လက်ခုပ်တီး​ပေးရင်း ဆိုလိုက်သည်။

"ရှုံးနိမ့်တာကို ဝန်ခံပါတယ်... ဒီလောင်းကြေးက ငါ့ညီနဲ့ ထိုက်တန်ပါတယ်"

လုရွှမ်၏ တည်တည်ငြိမ်ငြိမ် အမူအရာ ကို မြင်လိုက်ရ သောအခါ ကျူးချွဲ့ကျောင်းအုပ် နှင့် ပိုင်ဟူကျောင်းအုပ်တို့သည် လုရွှမ် သေချာပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့မှန်း သိသွား၍ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

"ကောင်လေး... မင်းမြင်တာနဲ့ပဲ ယူသွားလို့ ရမလားကွ!!"

ပိုင်ဟူကျောင်းအုပ်က ဒေါသ အထွက်လွယ်ဆုံး ဖြစ်ပြီး စိတ်ရှုပ်နေတဲ့အသံနဲ့ ထအော်လိုက်သည်။

လုရွှမ် ရယ်ပြီး အဖိုးအိုက သူ့ကို မယုံကြည်ကြောင်း သိလိုက်သည်။ ထျန်းလုံကျောင်းတော်ကို မကျေနပ် အဖြစ်ဆုံးက ကျူးချွဲ့ကျောင်းတော် မဟုတ်ဘဲ ပိုင်ဟူကျောင်းတော် ​ဖြစ်နေတာပဲ။ ထူးဆန်းပါဘိ။

"ဘာလဲ? ထိပ်တန်း ၃၂ ယောက်ထဲ ကျောင်းသား အများဆုံး ရတဲ့ ကျောင်းကို လောင်းထားတာမလား?"

လုရွှမ်က မရေရာသော အပြုံးဖြင့် သူ့ပါးစပ်ထောင့်က ပြုံးပြလိုက်သည်။

ပိုင်ဟူကျောင်းအုပ်သည် မူလကတည်းက အကြံအစည် ရှိသူဖြစ်ပြီး လုရွှမ် စကားကို ကြားပြီးနောက် ရုတ်တရက် ငြိမ်သက်သွားပြီး ရယ်မောခဲ့သည်။

"ကောင်လေး.... ဒီအဘိုးကြီးက မင်းသွားဖူးတာထက် အများကြီး လျှောက်ခဲ့ဖူးတယ်ကွ! ဟမ့် ဒီအဘိုးကြီးကို မင်းရဲ့ အကြံအစည်လေးတွေနဲ့ လှည့်စားချင်လို့ရမယ် ထင်နေတာလား?"

သူ့လက်ကို ဝှေ့ယမ်းပြီး

“ဒီတစ်ခေါက် မင်း ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီး ရဲ့ ဖြစ်တယ်ဆိုတာ ငါကြားပါတယ် ကောင်လေး... အမှိုက်တွေ များနေလို့ ထျန်းလုံကျောင်းတော်ကို ဘယ်သူကမှ ထပ်ပြီး အရှက်ရစေမယ့် တာဝန်ကို မယူချင်တော့ဘူးလေ”

ပိုင်ဟူကျောင်းအုပ်က မုတ်ဆိတ်ဖြူဖြူများက တဖျပ်ဖျပ် လှုပ်နေသည်။

"​ကောင်လေး... ဒီအချိန်အတွင်းမှာ မင်းဘာလုပ်လိုက်တာလဲ ဆိုတာ ဒီအဘိုးကြီးက ရှင်းရှင်းလင်းလင်းကို သိတယ်... မင်းရဲ့ကိုယ်ပိုင် ဥာဏ်ပညာကို အားကိုးပြီး ဒီလိုအရေးကြီးတဲ့ ကျောင်းအုပ်ကြီး ရာထူးကို ခိုးယူဖို့ အခွင့်အရေးကို ယူချင်နေတာမလား? ဒီအဘိုးကြီးက မင်းကို အောင်မြင်စေဖို့ ဘယ်တော့မှ ခွင့်မပြုဘူးကွ!"

လုရွှမ်တောင် မထိန်းနိုင်ဘဲ အံ့အားသင့်သွားသည်။ သူက ပိုင်ဟူကျောင်းအုပ်ကို ရယ်မောရင်း ကြည့်လိုက်သည်။ အဘိုးကြီးရဲ့ အမူအယာကို သုံးသပ်ကြည့်လျှင် သူတော်ကောင်း သို့မဟုတ် ဟန်ဆောင်မှု မရှိတဲ့ ရိုးသားမှုအပြည့်နဲ့ ဒေါသထွက်နေတာပင်။

သာမာန်လူတွေက ဒီမြင်ကွင်းကို မယုံရင်တောင် အနည်းဆုံးတော့ သူတို့ရဲ့ နှလုံးသားထဲမှာ မလိုလားအပ်ဘဲ တုန်လှုပ်သွားလိမ့်မည်။ မနေနိုင်စွာ သံသယဖြစ်သွားလိမ့်မည်။ ဒီလူကြီးက သူ့သူငယ်ချင်းဟောင်းအတွက် ညည်းညူနေတာလား။

လောင်းကြေး ရှုံးသွားလို့လား?

ဒါမှမဟုတ် ဒီလူကြီးက တကယ်ကို လိမ္မာပါးနပ်လွန်းတာလား?

"ကောင်လေး.... မင်း ဖင်ကို ဖုံးထားရင်တောင် ဒီအဘိုးကြီးက မင်းဘာတွေ ညစ်ပတ်ထားတယ် ဆိုတာ သိတယ်ကွ! မင်း ထျန်းလုံကျောင်းတော်ရဲ့ ပါရမီရှင် အားလုံးကို ဒီပြိုင်ပွဲမှာ အပြုံးလေးနဲ့ လှည့်စားခဲ့တာမလား? ဟမ့် ရယ်စရာ ကောင်းတာက မင်းက၇ရက်အတွင်း ဒီမှာ အထူး လေ့ကျင့်ရေးတွေ လုပ်ပေးလိုက်တာပဲ"

"ထျန်းလုံကျောင်းတော်က မကြာသေးမီ နှစ်အတွင်းမှာ အထီးကျန်နေခဲ့ပေမယ့် အခြေခံအုတ်မြစ်ကတော့ ရှိနေတုန်းပဲ... အရည်အချင်းရှိတဲ့ ကျောင်းသားတွေက သူတို့ရဲ့ နှလုံးသားထဲကို တစ်ခုခု ထည့်သွင်းလိုက်တဲ့အခါ အောင်မြင်နိုင်မယ်ဆိုတာ သဘာဝကျပါတယ်.... ဒါပေမဲ့ မင်းရဲ့ အထူးလေ့ကျင့်မှုလို့ ခေါ်တဲ့ အလုပ်ကြိုးစားမှုက ဒီကျောင်းသားတွေက မင်းလို ပညာရှိစေခဲ့တာ... ဒါလည်း မင်းအကြံအစည်ပဲမလား?"

ပိုင်ဟူကျောင်းအုပ်က စားပွဲကို ပြင်းပြင်းထန်ထန် ရိုကိလိုက်ပြီး အော်လိုက်သည်။

"ပြော!! ဟုတ်လား မဟုတ်ဘူးလား"

သူ့အသံသည် မြင့်တာလည်း မဟုတ် နိမ့်တာလည်း မဟုတ်ဘဲ ထျန်းလုံကျောင်းတော် တစ်ခုလုံးအပေါ် ဖုံးအုပ်သွားသည်။ ချက်ချင်းဆိုသလိုပင် ပရိသတ်များအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ အားလုံးက ဆွေးနွေးနေကြပြီး လုရွှမ်ကို ကြည့်တဲ့ မျက်လုံးတွေကလည်း မလွှဲမရှောင်သာ ပြောင်းလဲသွား၏။

ချင်းယိုး နမ်းကုန်းရင်ကို အနိုင်ယူခဲ့တဲ့ မြင်ကွင်းကြောင့် ထိတ်လန့် တုန်လှုပ်နေဆဲဖြစ်ပြီး အံ့ဖွယ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ တစ်ခုတည်းသော ရှင်းပြချက်ကတော့ ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီး လုရွှမ်က သင်ကြား ပြသပေးခဲ့တာပဲ ဖြစ်​နေသည်။

လုရွှမ့ အတွက်တော့ ထျန်းလုံမြို့မှာ နေထိုင်သူတွေဟာ သဘာဝအတိုင်း ချစ်ခင်ကြင်နာမှု ကြီးမားကြသည်။ ထျန်းလုံကျောင်းတော်၏ ယာယီကျောင်းအုပ်ကြီး ဖြစ်လာသည့် လုပ်ငန်းစဉ်သည် အနည်းငယ် တုန်လှုပ်သွား​စေသော်လည်း ယုတ္တိမရှိသလိုပင်။

ယခုအခါ ပိုင်ဟူကျောင်းအုပ်၏ စကားကို နားထောင်ပြီးနောက် လူအများက ချက်ချင်းပင် သံသယ ဝင်လာခဲ့ခဲ့ကြသည်။

ဟုတ်ပါ၏။ ဤချင်းလုံအရှင်သည် ဉာဏ်ကြီးရှင် ဖြစ်သော်ငြားလည်း သူ၏ ခွန်အားသည် မလုံလောက်ချေ။ သူက ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ဖြစ်ရန် အမှန်တကယ် အရည်အချင်း ပြည့်မီပါရဲ့လား။

ဤသည်မှာ အလယ်အလတ်တန်းစား ဧကရာဇ်အင်ပါယာ တစ်ခုဖြစ်ပြီး တော်ဝင်အင်ပါယာငယ် တစ်ခုမဟုတ်ချေ။ ၎င်းသည် နိုင်ငံငယ်အတွင်းရှိ ကျောင်းမဟုတ်ဘဲ ထျန်းလုံကျောင်းတော် ဖြစ်​လေသည်။

ထျန်းလုံကျောင်းတော်သည် မကြာသေးမီနှစ်များ အတွင်း ကျဆင်းလာသော်လည်း ၎င်း၏ အမွေအနှစ် တစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။ ယင်းမှာ အငြင်းပွားဖွယ် မရှိသည့်အချက် ဖြစ်သည်။

ကျောင်းအတွင်းက တပည့်များသည် ကျူးချွဲ့ကျောင်းတော်ကို အနိုင်ယူနိုင်သည် ဆိုသော အချက်မှာ ယာယီကျောင်းအုပ်ကြီးကြောင့် မဟုတ်ဘဲ ကျောင်းသားများ၏ အင်အားကို လျှော့တွက်ထားမိခြင်းကြောင့် ဖြစ်သည်။

အဖွဲ့အသစ်တွင် ပေါင်းစည်းလိုသော လူများသည်လည်း မလွှဲမရှောင်သာ သံသယဖြစ်ဖွယ်ရှိပြီး လက်ခံရန် ခက်ခဲမည် ဖြစ်သည်။ ချို့ယွင်းချက် အနည်းငယ် ရှိသရွေ့ အဖွဲ့ကို အကန့်အသတ်မရှိ ချဲ့ထွင်သွားနိုင်၏။

အထူးသဖြင့် ထျန်းလုံမြို့မှာ နေထိုင်သူတွေဟာ တစ်ချိန်က ကျက်သရေရှိတဲ့ ကျင့်ကြံသူတွေဖြစ်လို့ လုရွှမ်ရဲ့ အကြံအစည်ထဲ ဝင်ရောက်သွားနိုင်သည်။

All Chapters