စိန်ခေါ်မှု
Vol. 45 Ch. 4.190
"ဟားဟား ကျုပ်ပြောပါတယ်... ဒီကလေးက သူတော်စင်တစ်ပိုင်း အဆင့်၃ ခွန်အားထက် ဘာမှ မပိုဘူးဆို... သူက ထျန်းလုံကျောင်းတော်ရဲ့ လက်ရှိ အခြေအနေကို ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ"
"မှန်တယ်... ငါတို့ကျောင်းသားတွေက ကိုယ့်အစွမ်းအစအတွက် ကြိုးစားနေကြတာ ရှင်းပါတယ်... ပြီးတော့ ဒီယာယီကျောင်းအုပ်နဲ့က ဘာဆိုင်လို့လဲ"
ရုတ်တရက် မည်သည့်နေရာမှ ထွက်ပေါ်လာခဲ့မှန်း မသိသော ဤချင်းလုံအရှင်သည် မထင်မှတ်ပဲ ထျန်းလုံကျောင်းတော်၏ ယာယီကျောင်းအုပ်ကြီး ဖြစ်လာခဲ့သည်။ မယုံကြည်တဲ့သူတွေ အများကြီး ရှိပေမယ့် သူက သူတော်စင်တစ်ပိုင်း အဆင့်၃လေးပဲမို့ ဘာကြောင့် ဖြစ်လာရတာလဲ။
ဒီအချိန်မှာ ပိုင်ဟူကျောင်းအုပ်ရဲ့ အမေးကို ကြားတော့ သူတို့ရင်ထဲမှာ မကျေနပ်မှုတွေနဲ့ မနာလိုစိတ်တွေ ရုတ်တရက် ပေါ်လာပြီး ကျယ်လောင်စွာ ဟောက်လိုက်ကြသည်။
"ဟမ်... လူတိုင်းက တွေးခေါ်မှု မှားနေတာလေး တစ်ခုပဲ... ယာယီကျောင်းအုပ်ကြီးရဲ့ ကြိုးစားမှုကြောင့်သာ မဟုတ်ရင် ဒီကျောင်းသားတွေလည်း ဟိုအရင်တုန်းကတည်းက ရှိနေခဲ့တာပဲလေ... သူတို့ တစ်နှစ်ပြီးတစ်နှစ် ဘာလို့ ရှုံးနေလဲ?"
"ဟုတ်သားပဲ... အတိတ်ကို ကြည့်ပြီး အခု ပစ္စုပ္ပန်ကိုလည်း ကြည့်လိုက်ပါဦး... ယာယီကျောင်းအုပ်သာ မရှိရင် ထျန်းလုံကျောင်းတော်က အခုဘယ်လိုပုံစံ ဖြစ်နေမယ် ထင်လဲ?"
တချို့လူတွေက ဒါကို လက်မခံနိုင်သေးပေ။ အများစုကတော့ ထျန်းလုံကျောင်းတော်ရဲ့ အမှောင်ထုထဲက အချိန်ကို ဒီနှစ်တွေထဲ အကြာကြီး ကြုံတွေ့ခဲ့ရသလို ချင်းလုံအရှင်ရဲ့ လုပ်ရပ်တွေက မလွယ်ကူဘူးဆိုတာ သူတို့ သိနေလေသည်။
ဤကျောင်းလေးခု ပြိုင်ပွဲတွင် ပါဝင်ရန် တစ်ကျောင်းလုံးရှိ ကျောင်းသားများကို ပေါင်းစပ်နိုင်စေရန် ရိုးရှင်းသော်လည်း လက်တွေ့တွင် မည်မျှခက်ခဲသည်ကို သဘောပေါက်ရန် မလွယ်ကူလှချေ။
ကျောင်းအုပ်ကြီး ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားပြီးနောက် ဤနှစ်များ တစ်လျှောက်တွင် အကြီးအကဲ အများအပြားသည် မြင့်မားသော ထိုရာထူးကို ခိုးယူရန် ကြိုးစားခဲ့သော်လည်း မည်သူမျှ မအောင်မြင်ခဲ့ပေ။ ဂုဏ်သိက္ခာရှိလို့ မဟုတ်ရင် ခွန်အားမရှိလို့ မဟုတ်ရင် အချင်းချင်း အားနာနေမည် မဟုတ်ချေ။
စနစ်တကျ စုစည်းထားသော ကျောင်းတော်၏။ စွမ်းအားသည် ပြိုကွဲသွားပြီး လှောင်ပြောင်စရာ အရာ ဖြစ်လာကာ ၎င်း၏ အထွတ်အထိပ်မှ ရုတ်တရက် ပြုတ်ကျသွားခဲ်သည်။
နောက်ဆုံးတွင် ပါရမီရှင်တစ်ဦး ထွက်လာခဲ့၏။ အနည်းဆုံး အပြောင်းအလဲများ ယူဆောင်လာကာ မျှော်လင့်ချက်များကို မြင်လာစေသည်။ ကျောင်း၏ ပြန်လည် ရှင်သန်လာမှုကိုလည်း မြင်လိုက်ရသည်။
ရလဒ်အနေနှင့် ဤအရေးနှင့် အခြေအနေကို အလုံးစုံ နားမလည်သော မျက်မမြင်နှင့် မသိနားမလည်သော အမိုက်စား လူမိုက်များသည် ငြိမ်သက်ပြီး မောက်မာလာပြန်၏။
လေအနည်းငယ် တိုက်တာနဲ့ မိုးရွာတော့မယ်လို့ ထင်နေကြသူများလိုပင်။
"သူက ပိုင်ဟူကျောင်းအုပ်မလား? သူ့လက္ခဏာက ဘာလဲ? သူဘာကို မြင်သွားလို့လဲ?"
"အဲဒါဆို ဒီကလေးက ငါတို့ကျောင်းရဲ့ ယာယီကျောင်းအုပ် ဖြစ်လာရင် လူတွေက သူ့ကို ပိုရယ်ပြီး ကျောင်းကိုပါ ထိခိုက်လာစေလိမ့်မယ်"
"မအင်အားကို အသုံးမပြုဘဲ မြင့်မားတဲ့ ရာထူးကို ခိုးယူချင်နေတာကို တကယ့်ကို အရှုပ်ထုပ်ပဲ"
ဆူဆူညံညံ လုပ်သူ လူစုလူဝေးများ ပိုများလာတာကို မြင်တော့ အရင်က အော်ငေါက်ငေါ့နေတဲ့သူတွေက ပိုပိုပြီး ဂုဏ်ယူလာကြသည်။ သူတို့က အတူတူပင် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသေး၏။
"ချင်းလုံအရှင်... မင်း ဆင်းသွားလာခဲ့!! မင်းက ငါတို့ ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီး ဖြစ်ဖို့ မထိုက်တန်ဘူး!"
လူတွေ အများကြီးရှိတော့ အသံကလည်း မနည်းလှချေ။ တစ်ယောက်ပြီး တစ်ယောက် အော်ကြလာတော့ အရှိန်ကပါ တဖြည်းဖြည်း တက်လာသည်။
"အရူး လူမိုက်... ပိုင်ဟူကျောင်းအုပ်ရဲ့ စကားက အမှန်ထင်လို့လား? သူက ငါတို့ရဲ့ရန်သူ သူငယ်ချင်း မဟုတ်ဘူး.... သူပြောတာကို နားထောင်ရအောင် မင်းတို့အားလုံး မိုက်မဲနေကြတာလား?"
"ဟုတ်တယ်... ငါတို့ရဲ့ ထျန်းလုံကျောင်းတော်ကို ဆက်ပြီး ပြိုကွဲသွားပါစေလို့ ဆုတောင်းနေမှာပဲ... ဒါပေမဲ့ ငါတို့က တခြားသူတွေရဲ့ လှည့်စားတာကို ခံပြီး ငါတို့ချစ်ရတဲ့ သူတွေကို နာကျင်အောင်လုပ် ရန်သူတွေကို ပျော်ရွှင်အောင် လုပ်နေတဲ့ လူမိုက်တွေ ဖြစ်နေပြီဟ!"
လူအတော် များများကလည်း ကြိမ်းမောင်းကြသော်လည်း ဆဲဆိုလူများနှင့် နှိုင်းစာလျှင် သူတို့ အရှိန်အဟုန်မှာ အလွန်နည်းပါးလှသည်။ တချို့သော လူများက အရာအားလုံးကို တိတ်တဆိတ် ကြည့်ရှုနေကြသည်။
ချင်းလုံအရှင်ကို သဘောမတူသလို ကန့်ကွက်ခြင်းလည်း မရှိချေ။
ပိုင်ဟူကျောင်းအုပ်ကတော့ ထျန်းလုံမြို့က ပရိသတ်ရဲ့ တုံ့ပြန်မှုကို မြင်ပြီး လုရွှမ်ကိုကြည့်ကာ ဟားတိုက်ရယ်မောလိုက်သည်။
"ကောင်လေး... မင်းမြင်တယ်မလား? ဘယ်သူကမှ ငတုံး မဟုတ်ဘူး.... ဒီကျောင်းလေးခုပြိုင်ပွဲမှာ မင်းထိပ်ဆုံးနေရာကို ရယူချင်နေတာကို လူတိုင်း တွေ့နိုင်ပါတယ်.... မင်းထိပ်ဆုံးကို ရောက်အောင် ကူညီဖို့ ကျောင်းသားတွေရဲ့ အောင်မြင်မှုတွေကို မင်းအသုံးချချင်နေတာမလား? ဟမ့် အိပ်မက်တွေ ဇွတ်မက်နေတာလား?"
လုရွှမ်သည်လည်း သူ့မျက်လုံးထဲတွင် အရာအားလုံးကို သဘာဝကျကျ မြင်လိုက်ရသည်။ သူ့အမူအရာမှာ အနည်းငယ်မျှ ထိတ်လန့်မှု မရှိဘဲ လျစ်လျူရှုထားသည်။ လူတိုင်း၏ မျက်လုံးများထဲက သံသယများကို သူ့စိတ်ထဲ လုံးဝ မထည့်ထားသကဲ့သို့ ဖြစ်နေသည်။
ဒီမြင်ကွင်းကို မြင်တော့ ဂရုစိုက်တတ်တဲ့ သူတချို့က မျက်လုံးတွေမှ တစ်ဆင့် တိတ်တိတ်လေး ခေါင်းညိတ်လိုက်ကြသည်။ အနည်းဆုံးတော့ ဒီလူငယ်လေးဟာ စိတ်နှလုံးခိုင်မာပြီး လုံးဝ မပြောင်းလဲဘဲ အေးဆေး တည်ငြိမ်နေ၏။
လုရွှမ်က ရယ်မောရင်း
“အဘိုးကြီး... ဒီလောက် စကားတွေ အများကြီး ပြောနေတာ လောင်းကစား မလုပ်ရဲတော့လို့မလား? အသက်ကြီးလာလေ သတ္တိနည်းလေပါလား... သတိထားပါဦး မဟုတ်ရင် မတော်တဆ တိုက်မိသွားလို့ ခင်ဗျားရဲ့ အရင်ပညာတွေ ပျက်စီးသွားဦးမယ်"
ပိုင်ဟူကျောင်းအုပ်က မထီမဲ့မြင်ပြု ဟန်ဆောင်ပြီး ပြိုင်ပွဲစင်မြင့်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ကောင်လေး ငါမင်းနဲ့ ပြိုင်ငြင်းနေမှာ မဟုတ်ဘူး"
ထိုပြိုင်ပွဲစင်မြင့်မှာ အထက်တန်းအဆင့် သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသော ကာလမှ ကျောင်းသားများအတွက် စမ်းသပ်မှုများကို စတင်လိုက်ပြီ ဖြစ်သည်။
အလယ်အလတ် ဧကရာဇ်အင်ပါယာရှိ ကျော်ကြားသော ကျောင်းလေးကျောင်း အနေဖြင့် သူတော်စင်တစ်ပိုင်း အဆင့်၉ ကျောင်းသားများသည် ကျောင်း၏ ကျောရိုးဖြစ်သည်။ ပြိုင်ပွဲ၏ ယခင်အဆင့်များနှင့် နှိုင်းယှဉ်ပါက ဤတိုက်ပွဲသည် ပို၍ အရေးကြီးသည်မှာ သိသာပါ၏။
ကျယ်ကျယ်လောင်လောင် အော်ဟစ် ငေါက်ငမ်းကြသော လူများပင်လျှင် စင်မြင့်ပေါ်က တိုက်ပွဲကို စောင့်ကြည့်ရန် နှုတ်ပိတ်ကာ ငြိမ်သက်သွားကြသည်။
စင်မြင့်၃၂ခုသည် ပြိုင်ပွဲဝင် ၃၂ယောက်နှင့် သက်ဆိုင်သည်။ ယခင်အဆင့် သတ်မှတ်ချက်များအရ စင်မြင့်အမှတ် ၁ မှ ၈ အထိကို ကျူးချွဲ့ကျောင်းတော်မှ ကျောင်းသားများက သိမ်းပိုက်ထားခဲ့သည်။ ထို့နောက် ပိုင်ဟူကျောင်းတော် ၊ ရွှမ်ဝူကျောင်းတော်နှင့် နောက်ဆုံးမှ ထျန်းလုံကျောင်းတော် ဖြစ်သည်။
သဘာဝအားဖြင့် ကျောင်းတစ်ကျောင်းမှ နံပါတ် ၁ မျိုးဆင်သည် ၎င်းတို့၏ တန်းစီရာတွင် ပထမနံပါတ်ကို သဘာဝအတိုင်း သိမ်းပိုက်ထားသည်။
နံပါတ် ၁ စင်မြင့်ကို စိန်ခေါ်သူမှာ ကျူးချွဲ့ကျောင်းတော်မှ ပိုင်ရီးရီး ဖြစ်ပြီး စင်မြင့်နံပါတ် ၉ စိန်ခေါ်သူမှာ ပိုင်ဟူကျောင်းတော်မှ နံပါတ်တစ် ကျောင်းသား ဖြစ်သည်။
နံပါတ် ၁၇ကို စိန်ခေါ်သူမှာ ရွှမ်ဝူကျောင်းတော်၏ နံပါတ်တစ် ကျောင်းသား ဖြစ်သည်။ နံပါတ် ၂၅ကို စိန်ခေါ်သူမှာ ထျန်းလုံကျောင်းတော်၏ နံပါတ်တစ် ဖြစ်သော လင်ထောင်း ဖြစ်ပေ၏။
ထိုလေးယောက်တို့သည် ထက်မြက်၍ အစွမ်းထက်ကုန် ကြိုးစား၏။ ထုံးစံအတိုင်း သူတို့က အာရုံစူးစိုက်မှုကို အများကြီး ဆွဲဆောင်ထားနိုင်သည်။ ဒါပေမဲ့ အထူးခြားဆုံးက ကျူးချွဲ့ကျောင်းတော်ရဲ့ နံပါတ်တစ် ဖြစ်တဲ့ ပိုင်ရီးရီး ဖြစ်ပြီး အသက် ၂၉ နှစ်သာ ရှိသေးတဲ့ ဖြူစင်တဲ့မိန်းကလေး ဖြစ်လေသည်။
သူမသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး စင်မြင့်ထက်တွင် လှပသော နှင်းကြာပန်းကဲ့သို့ ကျောနောက်တွင် ဓားတစ်ချောင်း ကိုင်ထားလျက် မျက်နှာထားက အေးစက်လျက် မျက်လုံးများက ဖြူစင်လှသည်။
တခြားစင်မြင့်များတွင် စိန်ခေါ်မှုများစွာ ရှိခဲ့ပြီး တိုက်ပွဲများသည် အပြည့်အ၀ အားကောင်းလျက် ရှိသော်လည်း နံပါတ် ၁ စင်မြင့်ကို စွန့်ခွာသွားခဲ့သည်။ ကျောင်းအသီးသီးမှ ကျောင်းသားများသည် သူမအား အလိုအလျောက် ရှောင်ရှားခဲ့ကြပြီး မည်သူမျှ သူမကို စိန်ခေါ်ဝံ့ခြင်း မရှိပေ။
လုရွှမ်၏ မျက်လုံးများသည် ပိုင်ရီးရီးကို စိုက်ကြည့်နေ၏။
သိပ်မကြာခင်က သူတွေ့ခဲ့တဲ့ အေးစက်စက် မျက်နှာထားနဲ့ သူတော်စင်တစ်ပိုင်း အဆင့်၃ရှိ မိန်းကလေး တစ်ယောက်နဲ့ ဆင်တူလို့ သူတို့နှစ်ဦးသည် ညီအစ်မများ ဖြစ်နိုင်သည်။
ခန္ဓာကိုယ် တစ်ဝိုက်တွင် အေးမြသော လေထုသည် တိမ်တိုက်တစ်ခုလို လွှမ်းခြုံပြီး ခန္ဓာကိုယ်ကို ဖုံးကွယ်ကာ တောက်ကျင့်စဥ် ပုံစံဖြင့် ဖုံးကွယ်ထားသည်။
သို့သော် ထုတ်ဖော် ပြသထားသည့် ရောင်ဝါ၏ ခြေရာလက်ရာသည် ဖောက်ထွင်း ဝင်ရောက်မှု၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားသည်မှာ သိသာထင်ရှားပြီး သူမ ဆန္ဒရှိသရွေ့ အချိန်မရွေး သူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်သည်။
ကျောင်းသား အားလုံးထဲမှာ ဒီမိန်းကလေးရဲ့ ခွန်အားက နံပါတ်တစ် ဖြစ်လေ၏။ ပိုင်ရီးရီးသည် ယုတ်မာသော ရွဲ့စောင်းသော အရိပ်အမြွက်ဖြင့် လုရွှမ်ကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။
လုရွှမ်ကတော့ ပေါ့ပေါ့ပါးပါးလေး ပြုံးလိုက်၏။
'ကလေးမလေး သာသာပဲ !'
"ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီးက အရမ်း ထက်မြက်ပြီး ထူးကဲတဲ့ ခွန်အားတွေ ရှိတယ်လို့ ကျွန်မကြားပါတယ်... သူက ကျောင်းတော်လေးခုရဲ့ သမိုင်းမှာ ပထမဆုံးသော ကျောင်းသား တစ်ယောက်အရွယ်က ကျောင်းအုပ်ကြီး ဖြစ်လာခဲ့တာပဲ.. ဒီမိန်းကလေးက အရည်အချင်း သိပ်မရှိပါဘူး... ထျန်းလုံကျောင်းအုပ်ဆီက အကြံဉာဏ်လေး တောင်းချင်ပါတယ်... ကျောင်းအုပ်ကြီးက ကျွန်မကို သင်ပေးချင်ရဲ့လား မသိဘူး??"
အသံက အေးစက်နေပေမယ့် မောက်မာမှုအပြည့်ပင်။
တီးတိုးသံနှင့်အတူ ပိုင်ရီးရီးသည် သူမ၏ကျောနောက်ဘက်ရှိ ဓားရှည်ကြီးကို ဆွဲထုတ်လိုက်ပြီး လုရွှမ်ဆီကို ညွှန်ပြလိုက်သည်။
ပရိတ်သတ်တွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ ကျူးချွဲ့ကျောင်းတော်ရဲ့ နံပါတ်တစ် မျိုးစေ့ဖြစ်တဲ့ ပိုင်ရီးရီးက ထျန်းလုံကျောင်းအုပ်ကို စိန်ခေါ်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ကြဘူးလေ။
တခဏချင်းမှာပဲ လူတိုင်းရဲ့ မျက်လုံးတွေက ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင်ဆီကို လှည့်လာပြီး သူ့အဖြေကို စောင့်နေကြတော့သည်။
လုရွှမ် ပြန်ဖြေခါနီးမှာ ဟောင်းနွမ်းနေတဲ့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ကျူးချွဲ့ ကျောင်းအုပ်ကြီးပဲ ဖြစ်လေ၏။