← Chapters

စိတ်ပျက်စရာများ

Vol. 45 Ch. 4.191

စိတ်ပျက်စရာများ

Vol. 45 Ch. 4.191

"ရီးရီး ဘာလုပ်နေတာလဲ? မင်းက ကျောင်းသား... ချင်းလုံအရှင်က ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီး မင်းမှာ သူ့ကို စိန်ခေါ်နိုင်တဲ့ အရည်အချင်းတွေ ရှိမှာလား? မင်းရဲ့ ကျင့်​ကြံမှုကို သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသွားပြီလို့ ထင်တိုင်း ကျောင်းအုပ်ကြီး မျက်စိထဲ မထည့်တာလား? ထျန်းလုံကျောင်းအုပ်ကို ကျောင်းအုပ်ကြီး အဖြစ် ဆက်ဆံစမ်း! ထျန်းလုံကျောင်းအုပ်ကြီးက ကျင့်ကြံမှုအပိုင်းမှာ အားနည်းပေမယ့် အသိပညာနဲ့ အတွေ့အကြုံကတော့ နှိုင်းယှဉ်လို့ မရဘူး... ထျန်းလုံကျောင်းအုပ်ကို မြန်မြန် တောင်းပန်လိုက်လေ"

ကျူးချွဲ့ကျောင်းအုပ်က ကျယ်လောင်စွာ အော်လိုက်သည်။ ဒါပေမဲ့ ဘယ်လိုပဲ နားထောင်နေပါစေ အဲဒါက အဆင်မပြေသလို ခံစားရ၏။ သူ့စကားတွင် ထေ့ငေါ့ခြင်းတို့ ပါဝင်နေတာ ထင်ထင်ရှားရှားပင်။

"ဟူး... ကျူးချွဲ့ကျောင်းအုပ် ခင်ဗျားဘာလို့ ဒီလိုလုပ်နေတာလဲ? ကလေးလား? ဆိုရိုးစကား ရှိတယ်လေ မွေးကင်းစ နွားသငယ်က ကျားကိုမကြောက်သလို အခက်အခဲတွေ၊ အန္တရာယ်တွေကိုလည်း မကြောက်ကြတာက ကျင့်ကြံသူတွေရဲ့ သဘာဝပဲ"

လုရွှမ်က ပြုံးကာ ကုလားထိုင်ပေါ်တွင် ထိုင်လျက် အကြီးတန်း သခင်တစ်ယောက်လို သဘောကျနေသော မျက်လုံးများဖြင့် ပိုင်ရီးရီးကို ကြည့်နေသည်။

"ဥပမာ.... ကျုပ်တို့ ထျန်းလုံကျောင်းတော် မှာရှိတဲ့ ကျောင်းသား တော်တော်များများက အာဏာကို စိန်ခေါ်ဝံ့ကြတယ်.... ဒါက တိုးတက်မှုရဲ့ လက္ခဏာ တစ်ခုပဲ"

ထို့နောက် လုရွှမ်သည် အကြောင်းအရာကို ပြောင်းလိုက်ပကာ စိတ်ပူပြီး စိတ်ရှုပ်ထွေးသွားသလို မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ ငါ့အမြင်အရတော့ ကလေးမလေး... မင်းက တော်တော့်ကို အရည်အချင်းရှိပြီး မင်းရဲ့နယ်ပယ်က မြင့်မားနေပေမယ့် မင်းရဲ့ ကျင့်​ကြံမှုမှာ ချို့ယွင်းချက်တွေ အများကြီး ကျန်နေသေးတယ်....တောက်ကျင့်စဥ် ပုံစံတွေကို မင်းနားလည်မှုမှာလည်း ချို့ယွင်းချက် တချို့ရှိတယ်... သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားရင် အနာဂတ်အတွက် ကျင့်ကြံတဲ့အခါကျရင် မလွဲမသွေ တချို့အရာတွေကို ချန်ထားခဲ့ရလိမ့်မယ်"

"ဒါပေါ့ မင်းရဲ့ကျောင်းအုပ်ကြီးလည်း ဒီကိုရောက်နေတာပဲ... သူ့ရဲ့ ကျင့်​ကြံမှုအရ မင်းရဲ့နယ်ပယ် အကြောင်းကို ပြောလို့ရတယ် ဒါပေမဲ့ သူ့မှာ လေးနက်တဲ့ အဓိပ္ပာယ်တစ်ခုခု ရှိနေပုံရတယ်.... သူ အဲဒါကို မထောက်ပြဘူး ဆိုတော့ ဒီကျောင်းအုပ်ကြီးကပဲ မင်းအတွက် လုပ်ပေးတာ မကောင်းဘူးလား?"

စကားသံ ထွက်လာသည်နှင့် တပြိုင်နက် ကြည့်ရှုသူများ အံ့အားသင့်သွားကာ ရယ်မောလိုက်ကြသည်။

ကြည့်ရှုနေသော ထျန်းလုံ မြို့သူမြို့သားအများစုမှာ မျက်နှာညိုမည်းနေကြ၏။ တချို့က လုရွှမ်ကို စိတ်ပူကြသည်။ လုရွှမ်၏ ရဲရင့်မှုအား လူအချို့က အံ့အားသင့်ခဲ့ကြပြီး သူတကယ်ပင် သတ္တိရှိရှိ ပြောဆိုနိုင်ခဲ့တာကို တွေ့လိုက်ရသည်။

ကျူးချွဲ့ကျောင်းတော်ကို စော်ကားမိမှာ ကြောက်တဲ့အတွက် လူတော်တော်များများက ကျောင်းအုပ်ကြီး ရာထူးကနေ နှုတ်ထွက်ပြီး အရည်အချင်းရှိတဲ့ လူတစ်ယောက်နဲ့ အစားထိုးဖို့ ချင်းလုံအရှင်ကို ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြသည်။

ထျန်းလုံ မြို့သူမြို့သားများ၏ ကွဲလွဲနေသော ခံစားချက်များနှင့် နှိုင်းယှဉ်ပါက မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့သော ကျူးချွဲ့ကျောင်းတော်မှ ကျောင်းသားများနှင့် ပါမောက္ခများစွာတို့သည် ယခုအချိန်တွင် တောက်ပစွာ ပြုံးနေကြသည်။

သူတော်စင်တစ်ပိုင်း အဆင့်၃ ဖြစ်သော ပုဂ္ဂိုလ်သည် အဆင့်၉ ပြီးပြည့်စုံသောကာလရှိ လူအား အမှန်တကယ် အရှက်မရှိ အကြံဉာဏ်ပေးရဲသည်။ ချို့ယွင်းချက် များစွာကို တွေ့မြင်နေရတာလည်း ရမ်းသမ်းနေခြင်းသာ ဖြစ်မည်။

ပိုင်ရီးရီးက ဖျော်ဖြေရေး သက်သက်ဖြစ်ပေမယ့် သူက ကျူးချွဲ့ကျောင်းအုပ်ကိုတောင် လှောင်ပြောင်ခဲ့​သေးသည်။ ဒါက သတ်သေဖို့ ကြိုးပမ်းနေတာနဲ့ မတူဘူးလား။

ကျူးချွဲ့ကျောင်းအုပ်၏ မျက်နှာသည် မည်းမှောင်နေ၏။ ဒါက ဘာကို ဆိုလိုတာလဲ။ သူ့ရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတက မလုံလောက်ဘူးလို့ ပြောနေတာလား? ကျောင်းအုပ်ကြီး အနေနဲ့ သူ့ရဲ့ ကျင့်​ကြံမှုမှာ ပြဿနာရှိ​နေတဲ့ ကျောင်းသားတစ်ယောက်ကို တွေ့ရဲ့သားနဲ့ သူက မထောက်ပြခဲ့ဘူးလို့ ပြောချင်တာလား?

သူက အလိုလို ချေပချင်ပေမယ့် ပိုင်ရီးရီးရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို သတိထားပြီး ဂရုတစိုက် စစ်ဆေးခဲ့တဲ့အခါ အပြစ်အနာအဆာ ချို့ယွင်းချက်လို့ ခေါ်တာ မတွေ့ခဲ့ရချေ။

သူ့စိတ်ထဲတွင် မှုန်ကုပ်ကုပ် ဖြစ်နေသည်။ မကောင်းမှု ကျူးလွန်လျှင် အသက်ရှင်နေနိုင်သော်လည်း သူကတော့ မကောင်းမှု ကျူးလွန်ထားလျှင် အသက်မရှင်နိုင်တော့ပေ။

မူလက ထျန်းလုံကျောင်းတော်သည် ရှည်လျားသော သမိုင်းကြောင်း ရှိပြီး ကျောင်းတော် ​လေးခုအနေနဲ့ ထျန်းလုံကျောင်းတော်ကိုလည်း ဂုဏ်သိက္ခာ တစ်ခုပေးလိုသည်။

ဒါပေမဲ့ ယာယီကျောင်းအုပ်ကြီး အနေနဲ့ ဘာက ကောင်းလဲ မကောင်းဘူးလဲ ဆိုတာ မသိရင်တော့ အတော်လေး ရှက်စရာ ကောင်းလှသည်။

ကျူးချွဲ့ကျောင်းအုပ်က အေးစက်စွာ ပြုံးလိုက်ပြီး

"ထျန်းလုံကျောင်းအုပ်မှာ ထူးထူးခြားခြား အသိပညာနဲ့ မရေမတွက်နိုင်တဲ့ အတွေ့အကြုံတွေ ရှိပြီးသားပါ.... ကျုပ်တပည့်ရဲ့ ကျင့်ကြံမှုမှာ ချို့ယွင်းချက်တွေကို မြင်တယ်ဆိုတော့ တပည့်ကို သိအောင် ပြောပြနိုင်တယ်.... အဲဒါက ဘာလဲဆိုရင် ကောင်းကင်ထက်မှာ ကောင်းကင်ကြီး ရှိတယ် မာနမထောင်လွှားဘဲ နှိမ့်ချတတ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုးပေါ့!"

ပိုင်ရီးရီးက တကယ်တော့ ကျူးချွဲ့ကျောင်းအုပ်ရဲ့ တပည့်တစ်ယောက်ပင်။

ကျူးချွဲ့ကျောင်းအုပ် တမင်တကာ ထောက်ပြပေးဖို့ ပြောလိုက်တာက သူတကယ်ကို ဒေါသထွက်နေခဲ့တာ ထင်ရှားလေသည်။

ကျူးချွဲ့ကျောင်းအုပ်က ဘယ်သူလဲ? သူတော်စင်နယ်ပယ် အဆင့်၉ရဲ့ အထွဋ်အမြတ် သခင်ကြီး တယောက်ယောက်ကို ဒေါသထွက်အောင် လုပ်မိရင် ဘယ်သူက တားနိုင်မှာလဲ?

"ကျောင်းအုပ်ကြီးချင်းလုံ... ခင်ဗျား စကားမပြောခင် ပြောနိုင်တဲ့စကားနဲ့ မပြောနိုင်တဲ့ စကားကို သေချာစဉ်းစားပါ"

လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက အော်ပြောလာ၏။ သူသည် ထျန်းလုံကျောင်းတော်မှ ပါမောက္ခ တစ်ဦးဖြစ်ပြီး သူ့နောက်ကွယ်မှ စွမ်းအားက ပျော့ညံ့ခြင်း မရှိပေ။

ကျူးချွဲ့ကျောင်းအုပ်ကြီး မှုန်ကုပ်ကုပ် ဖြစ်နေတာကို မြင်လိုက်ရသဖြင့် လုရွှမ်က ကြီးလေးသော ဒုက္ခကို သယ်လာမှာ စိုးရိမ်သောကြောင့် တိုက်ရိုက် အော်ဟစ်လိုက်သည်။

"မှန်တယ်.... မင်းမှာ ခွန်အားမရှိရင် မပြောတာ အကောင်းဆုံးပဲ... မင်းသေမလား မသေဘူးလား ဆိုတာကို ဘယ်သူကမှ ဂရုမစိုက်ပေမယ့် ထျန်းလုံကျောင်းတော်ရဲ့ ဂုဏ်သတင်းကတော့ မင်းကြောင့် ညှိုးနွမ်းသွားလို့ မရဘူး"

"ကျူးချွဲ့ကျောင်းအုပ် စိတ်မဆိုးပါနဲ့ ခင်ဗျားရဲ့ဒေါသကို တခြားသူတွေကို ပြနေဖို့ မထိုက်တန်ပါဘူး.... ချင်းလုံလို လူတစ်ယောက်က ကျောင်းသား တစ်ယောက်ပါ.... ဟုတ်တယ် ဒီပြိုင်ပွဲပြီးရင် သူ့ကို ထုတ်ပယ်ပြီး အကြီးအကဲခက်ထဲ အပ်လိုက်ပါ့မယ်"

ကျောင်းတော်ထဲရှိ အင်အားစု အသီးသီးသည် အချင်းချင်း တိုက်ခိုက် အော်ဟစ်ကာ ချင်းလုံအရှင်အား အပိုင်းပိုင်း ပြတ်တောက်ချင်တဲ့အထိ စိတ်အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ဝင်ဖြေရန် ကြိုးစားလိုက်သည်။

"အကုန် ပါးစပ်ပိတ်ထား!"

လုရွှမ် ပြင်းပြင်းထန်ထန် အော်ပြီး လူသတ်ချင်စိတ်ရှိတဲ့ လူတိုင်းကို စိုက်ကြည့်နေလိုက်သည်။

မူလက သူသည် ကျောင်းအုပ်ကြီး ဟုခေါ်သည် ရာထူးကို လုံးဝ ဂရုမစိုက်ချေ။ စိတ်ဝင်စားရင်တောင် အနည်းငယ် ကစားပြီး ထွက်သွားမည့်သူပင်။ ဒါပေမဲ့ ဒီလူတွေရဲ့ လုပ်ရပ်က သူ့ကို အနည်းငယ် ဒေါသထွက်လာစေသည်။

ဒီလူတွေက ကျောင်းရဲ့ အကြီးအကဲ ခေါင်းဆောင်တွေနဲ့ ပါမောက္ခတွေပဲ ဖြစ်လေသည်။ ဒီကကျောင်းသားတွေကို ပညာပေးသလိုမျိုး၊ ဖြောင့်မတ်မနေဘဲ အောက်တန်းကျနေတာ ကျောင်းသားတွေက ကောင်းကောင်း သင်ယူနိုင်ပါ့ဦးမလား။

အခက်​အခဲ​တွေ​ ကြုံ​တွေ့​ရ​တဲ့​အ​ခါ သူတို့ စိတ်​ထဲ​မှာ ပထမ​ဆုံး​အချက်​က ရင်ဆိုင် တိုက်​ခိုက်ဖို့​ မဟုတ်ဘဲ တာဝန်​ကို​ ရှောင်​လွှဲ​ဖို့​ပဲ။ မောက်မာမှု၊ ယုတ်ညံ့လိုစိတ်၊ ကျောရိုးမရှိ၊ ပျက်ယွင်းလိုစိတ် ရှိကြသော ပိုးဖလံများပင် ဖြစ်သည်။

အံ့ဩစရာ မဟုတ်ပါ။ ကျောင်းထဲသို့ ဝင်ဖူးသူအားလုံးသည် ယာယီကျောင်းအုပ်ကြီးများ ဖြစ်လာနိုင်သည် ဟူသော အကြံပြုချက် တစ်ခုမျှသာ ဖြစ်သည်။ အရင်က ပျော်စရာကောင်းတယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ တကယ်ကို စိတ်ပျက်ဖို့ ကောင်းနေ၏။

လုရွှမ် သူ့ထိုင်ခုံမှ မတ်တပ်ထရပ်ကာ ကောင်းကင်တွင် ပျံတက်သွားပြီး တိုက်ပွဲကို စောင့်ကြည့်နေသော ထျန်းလုံ မြို့သူမြို့သားများကို ကြည့်လိုက်သည်။

"ထျန်းလုံ မြို့သူမြို့သားတွေ...ကျုပ်နာမည်က ချင်းလုံအရှင် ကျုပ်အခု ယာယီကျောင်းအုပ်ကြီး ဖြစ်နေပြီ... ဒါကို အားလုံးသိကြမယ် ထင်ပါတယ်"

လုရွှမ်၏ ရှင်းလင်း ပြတ်သားသော အသံသည် နှိမ့်ချမှုမရှိ ယောက်ျားပီသသော အရိပ်အမြွက်ဖြင့် ​နေရာအနှံ့ ​ဖြန့်ကျက်သွားခဲ့သည်။ သူသည် လူအများ၏ စိတ်ကို နားမလည်နိုင်အောင် ဆုပ်ကိုင်ထားသည့် နတ်ဘုရားလိုပင်။

စင်မြင့်ထက်တွင် အပြင်းအထန် တိုက်ခိုက်နေသော ကျောင်းသားများပင် ယခုအခိုက်အတန့်တွင် တိုက်ပွဲမှ ရပ်သွားပြီး လုရွှမ်ကို မော့ကြည့်လိုက်​ကြသည်။

အောက်ဖက်မှာတော့ ဝမ်လင်နဲ့ ဝမ်ကျောက်က သဘောကျမှု အပြည့်နဲ့ လုရွှမ်ကို မော့ကြည့်နေ၏။ မောင်နှမ နှစ်ယောက်ဟာ အရင်က စိတ်ပူခဲ့ကြပေမယ့် အခုချိန်မှာတော့ ဆရာ့ရဲ့ အသံကို ကြားတော့ ယုံကြည်မှု အပြည့်နဲ့ ချက်ချင်း စိတ်သက်သာရာရသွားသည်။

ဤသူသည် ကပ်ဆိုးကြီးကို နောက်ပြန်လှည့်ကာ အန္တရာယ်ကို ရှောင်လွှဲနိုင်သည့် အလုံးစုံသော တန်ခိုးရှင် သခင် ဖြစ်​လေသည်။

ပတ်ဝန်းကျင်မှ အသံများ ရပ်တန့်သွားကာ အချို့လူများက အထင်အမြင် သေးကာ ကျိန်ဆဲချင်နေကြသည်။ ဒါပေမယ့်​ ဘာ​ကြောင့်​လဲမသိ ဒီအချိန်​မှာ သူတို့စိတ်ထဲ အနည်းငယ်​ ​အေးစက်​သွားပြီး စကား​တွေ နှုတ်​ခမ်း​ဝတွေဆီ ​ရောက်​လာပေမယ့် ပြန်​မျိုချလိုက်​မိသည်​။

ကောင်းပြီ မင်းပြောနိုင်တာကို နားထောင်ကြတာပေါ့။

ကျူးချွဲ့၊ ပိုင်ဟူ နှင့် ရွှမ်ဝူကျောင်းတော်တို့ အားလုံး လုရွှမ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ သူတို့သည် ကောင်းကင်မှ ဆင်းသက်လာသော မှော်အစွမ်းကို အလိုလို ခံစားမိသွားသကဲ့သို့ လူတိုင်း ပါးစပ်ပိတ်ပြီး လုရွှမ် ပြောလာမယ့် စကားကို ​စောင့်နေကြ၏။

All Chapters