← Chapters

အံ့ဩမှု

Vol. 45 Ch. 4.192

အံ့ဩမှု

Vol. 45 Ch. 4.192

ဒီကလေးက တကယ်ကို ထူးခြားတာပဲ။

ကျူးချွဲ့ကျောင်းအုပ် နှင့် ပိုင်ဟူကျောင်းအုပ် တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သောအခါ နှစ်ယောက်စလုံး၏ မျက်လုံးများတွင် ကြောက်ရွံ့မှုကို တွေ့လိုက်ရသည်။

မျက်လုံးချင်းဆုံပြီး နှစ်ယောက်သား အတွေးချင်း ဖလှယ်လိုက်ကြသည်။

"သတ်လိုက်ရအောင်... ဒီလို ဉာဏ်ကြီးရှင်မျိုး ကြီးထွားလာရင် ကြောက်ဖို့ကောင်းမှာ သေချာတယ်!"

"သူ့ရဲ့ နောက်ခံသမိုင်းကြောင်းကို အရင်စုံစမ်းတာက ပိုကောင်းပါတယ်... ပြီးမှ သတ်လိုက်လည်း သိပ်နောက်ကျမှာ မဟုတ်ဘူး"

ရွှမ်ဝူကျောင်းအုပ်သည် မျက်လုံးများကို မမြင်ချင်ယောင် ဆောင်နေသလို ငြိမ်သက်စွာ မှိတ်ထားသည်။ ရွှမ်ဝူသိုင်းပညာ လေ့ကျင့်ခြင်းနဲ့ပတ်သက်လာရင်၊ ကျင့်​ကြံခြင်းနဲ့ ပတ်သက်လာရင် သူက သူတော်စင်နယ်ပယ် အဆင့်၇ရဲ့ အနိမ့်ဆုံး အဆင့်မှာရှိပြီး လေ့ကျင့်မှုအရတော့ သူက အနှေးဆုံးလည်း ဖြစ်ပေမဲ့ သူ့ရုပ်ရည်က တခြားနှစ်ယောက် ထက်တော့ ပိုအေးချမ်းလေသည်။

ဒီလိုအရာမျိုးမှာ မပါဝင်တာက ပိုကောင်းပါတယ်။

အားလုံး ငြိမ်သက်သွားတာကို မြင်လိုက်ရတော့ လုရွှမ် သက်ပြင်းတစ်ချက် ချကာ သူ့လက်ဖဝါးများ အနည်းငယ် ချွေးတွေ ထွက်နေခဲ့သည်။ ဤသည်မှာ ဝမ့်ရှင်းဂိုဏ်း၏ ကောင်းကင်အသံ နားထောင်ခြင်း လျှို့ဝှက်ပညာဖြစ်ပြီး စကားလုံးများသည် စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ပျံ့နှံ့သွားစေတာကြောင့် ရူးသွပ်သော သူများပင် ကြားနိုင်သည်။

သူ့ရဲ့ လက်ရှိ ကျင့်​ကြံမှု အဆင့်နဲ့ ဒီအကျိုးသက်ရောက်မှုကို ရရှိနိုင်တဲ့အတွက် သူတော်တော်ကို ကျေနပ်နေမိသည်။

"ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီး ဖြစ်လာခဲ့တာကို ကျုပ်လည်း ရိုးသားစွာနဲ့ ကြောက်နေမိတာပဲ... အဲဲဒါက ထျန်းလုံကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်နိုင်မှာ ဖြစ်သလို ကျောင်းရဲ့ နှစ်ပေါင်းများစွာ ဆုတ်ယုတ်မှုကို ဖယ်ရှားပြီး ပြန်လည် တောက်ပလာမှာကို တချို့လူတွေက စိုးရိမ်​နေတာကြောင့်ပဲ"

"ပြန်လည် တောက်ပလာတာကို ထျန်းလုံကျောင်းတော်က ကျောင်းသား၊ ပါမောက္ခနဲ့ ထျန်းလုံမြို့ရဲ့ သာမန်ပြည်သူတိုင်း စိုးရိမ်ပြီး မျှော်လင့်ထားတဲ့ အရာတစ်ခုလို့ ကျုပ်ထင်ပါတယ်... ဒါဆို ထျန်းလုံကျောင်းတော်ရဲ့ ဂုဏ်ကျက်သရေက ဘာလဲ?"

လုရွှမ့က လူတိုင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကျယ်လောင်စွာ ဆက်ပြောလိုက်သည်။

"ဒါက မခံမရပ်နိုင်တဲ့ သတ္တိကို ထွက်​ပေါ်လာ​စေတာပဲ ဆိုတာ ကျုပ်သိလိုက်ရတယ်... ရှေ့ဆက်ရမယ့် လမ်းက ကြမ်းတမ်းနေရင်တောင် ထျန်းလုံကျောင်းတော် က ရှေ့ကို ဆက်လျှောက်နေတာပဲ"

"ဒါက အားကြီးပြီး ခံနိုင်ရည်ရှိတဲ့ ကျောရိုးတစ်ခုပဲ.... ကျုပ်တို့ ခဏတာ နစ်မြုပ်နေရင်တောင်မှ နှိမ့်ချမှုလည်း မဟုတ်၊ မာန​​ကြီးလည်း မဟုတ်တဲ့ ယုံကြည်မှုရှိတယ်.... ကျုပ်တို့ ဆက်တိုက်ပွဲဝင်ရင် ကျုပ်တို့ ထပ်ပြီး ရွက်လွှင့်နိုင်မှာ သေချာတယ်"

"ကောင်းကင်အမြင့် ဒါမှမဟုတ် မြေကြီးအထူကို မကြောက်တဲ့ ကျုပ်ရဲ့ နှလုံးသားထဲမှာ ဒါက ရည်မှန်းချက် ပန်းတိုင်ပဲ... ကျုပ်အိပ်မက်တွေက ဘယ်နေရာ ရောက်ရောက် တောက်ပတဲ့ အနာဂတ်တွေ ရှိနေမှာ"

“လောကီ သူရဲကောင်းတွေက အတိတ်ကို မကြောက်၊ ပစ္စုပ္ပန်ကို မကြောက်၊ အနာဂတ်ကို မကြောက်ရဘူး... အားကောင်းတဲ့ လေဖြစ်ဖြစ် လောင်ကျွမ်းနိုင်တဲ့ မီးဖြစ်ဖြစ် ပြင်းထန်းတဲ့ မိုးရေပဲ ဖြစ်ဖြစ်... ကိုယ့်ရည်ရွယ်ချက်က မလောင်ကျွမ်း မတိမ်မြုပ်စေနဲ့"

လုရွှမ်၏ စကားလုံးတိုင်းက ကောင်းကင်မှ မိုးခြိမ်းသံကဲ့သို့ ထွက်​ပေါ်ပြီး လူတိုင်း၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထျန်းလုံ မြို့သူမြို့သားများသည် သူရဲကောင်းဆန်သော စိတ်ဓာတ်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ မထင်မှတ်ဘဲ မောက်မာမှုက ပျောက်ကွယ်သွား၏။ လုရွှမ်အား ကြည်ညိုလေးစားမှု အရိပ်အယောင်များဖြင့် ​ပြန်ကြည့်လာကြသည်။

လုရွှမ်၏ ရုပ်သွင်သည် သူတို့၏ နှလုံးသားထဲတွင် ပုံရိပ်ထင်လာပြီး တစ်ချိန်က ကြီးကျယ်ခမ်းနားသော ကျောင်းအုပ်ကြီး ကဲ့သို့ မြင်ယောင်လာစေသည်။ ထိုသို့သော ကျောင်းအုပ်ကြီးကိုသာ ကျောင်းအုပ်ကြီးဟု ခေါ်ဆိုနိုင်ပြီး ယုံကြည် လက်ခံနိုင်သည်။

"ဒါပေမဲ့!"

စကားတစ်ခွန်းက လူတိုင်းကို နှုတ်ဆိတ်သွားကာ နားမလည်နိုင်စွာ စိတ်ပူသွားစေသည်။

လုရွှမ်သည် ထျန်းလုံကျောင်းတော် တပ်ဖွဲ့တစ်ခု၏ ပြောရေးဆိုခွင့်ရှိသူ ဟဲထောင် ဟုခေါ်သော အဆိုးဆုံး ပါမောက္ခကို လက်ညှိုး ထိုးပြလိုက်သည်။

"ဒီလိုလူက ထျန်းလုံကျောင်းတော်ရဲ့ ပါမောက္ခဖြစ်လာနိုင်တယ်.... သူ့မှာ ကျောရိုးမရှိဘူး၊ မာနကြီးတယ်၊ ရည်မှန်းချက် မရှိဘူး ဘာမှမရှိဘူး.... သူက ထျန်းလုံမြို့ရဲ့အသင်းဝင် ဖြစ်ထိုက်လား? ထျန်းလုံကျောင်းတော်ရဲ့ ပါမောက္ခ ဖြစ်ထိုက်ရဲ့လား? "

ဤအသံဖြင့် လုရွှမ်သည် သူ၏လျှို့ဝှက် နည်းပညာကို တစ်ဖန် အသုံးပြုခဲ့လို့ လူတိုင်းရဲ့ နှလုံးသားကို ထိတ်လန့်သွားစေခဲ့သည်။ ဒီအချိန်မှာ အားလုံးက စိတ်ရှုပ်နေပြီး မျက်နှာက ဖြူဖျော့နေကာ ရွံရှာစရာပင် ဖြစ်နေ၏။

"ဖြတ်!" လုရွှမ် ကျယ်လောင်စွာ အော်လိုက်သည်။

ဓား၏ ရွှေရောင် အလင်းတန်းသည် ဓားအလင်း အဖြစ်သို့ ပြောင်းလဲသွားကာ ထိုပါမောက္ခ၏ လည်ပင်းကို ဖြတ်တောက်သွားရာ ပါမောက္ခ၏ ဦးခေါင်းသည် အမြင့်သို့ ပျံတက်သွားကာ သူ့ခန္ဓာကိုယ်သည် အခြားနေရာသို့ ရောက်သွားသည်။

"ဒီနေ့ သူ့ကို သတ်ပစ်မယ်...တခြားသူတွေလည်း အိမ်ပြန်ပြီး တံခါးပိတ် စဉ်းစားကြ.... မင်းတို့က ထျန်းလုံမြို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ ထိုက်တန်ရဲ့လား? မင်းတို့ရဲ့ လုပ်ရပ်တွေက ဂုဏ်ကျက်သရေ ရှိရဲ့လားဆိုတာ သေချာ စဥ်းစားထား!! ထျန်းလုံကျောင်းတော် အတွက် နောင်မှာ ဥပဒေချိုးဖောက်သူတွေ ရှိရင် ဒီနေ့လိုပဲ ​လူတိုင်းရှေ့မှာ သတ်ပစ်မယ်!"

လူတိုင်းက အလောင်းကို ရူးသွပ်စွာ ကြည့်နေကြ၏။ ဦးခေါင်းက ကောင်းကင်ကနေ ပြုတ်ကျပြီး မြေပြင်ပေါ်တွင် ရပ်တန့်သွားသည်။ အစကနေ အဆုံးအထိ အားလုံးက လုရွှမ်ရဲ့ တန်ခိုးကြောင့် ထိတ်လန့်နေကြပြီး အလောင်းကို ကောက်ယူဖို့ ဘယ်သူမှ ရှေ့မတိုးဝံ့ကြဘူး။

နောက်ဆုံးတော့ ထိုပါမောက္ခဟာ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံတဲ့ကာလမှ ပုဂ္ဂိုလ်ဖြစ်ပြီး လုရွှမ်ဆီက ဓားတစ်ချောင်းတည်းနဲ့ အသတ်ခံခဲ့ရလေသည်။ သူ့နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းသတ္တိကို မပြောဘဲ ဒီခွန်အား တစ်ခုတည်းကတင် လူတွေကို ခြောက်လှန့်ဖို့ လုံလောက်နေလေပြီ။

လုရွှမ်ကို ပြန်ကြည့်လိုက်တဲ့ ထျန်းလုံကျောင်းတော်ရဲ့ အကြီးအကဲတွေရဲ့ မျက်လုံးတွေက ပိုသတိထား လာကြသည်။ သူတို့ရင်ထဲမှာ မကျေနပ်မှုတွေ အများကြီး ရှိနေတုန်းပဲ ဆိုပေမယ့် နောက်ကျောက ဆူးတစ်ချောင်း ထိုးနေသလို ခံစားနေရ၏။

"ဟမ့်! ထျန်းလုံကျောင်းအုပ်က အရမ်းတော်တာပဲ"

ကျူးချွဲ့ကျောင်းအုပ်က အေးစက်စွာ ပြောပြီး ပိုင်ရီးရီးကို မျက်စောင်း တစ်ချက် ထိုးလိုက်သည်။

လုရွှမ် လုပ်ခဲ့တာက သူ့အာဏာ တည်မြဲဖို့နဲ့ မျောက်တွေကို ကြောက်ဖို့ဆိုတာ ရှင်းနေတာပင်။ သူကား ဘယ်သူလဲ? လုရွှန်ရဲ့ လျှို့ဝှက်ကျွမ်းကျင်မှုကြောင့် ထိတ်လန့်နေပေမယ့် လုရွှမ့ရဲ့ တောင်တွေကို ခေါက်ပြီး ကျားကို တုန်လှုပ်​စေတဲ့ နည်းလမ်းတွေကိုတော့ ဂရုမစိုက်ပါဘူး။

ထျန်းလုံမြို့က လူတွေရှေ့မှာ မင်းရဲ့အခွင့်အာဏာကို ထူထောင်ချင်တယ်ပေါ့။ ဒါက မလုံလောက်သေးဘူးကွ!

"ထျန်းလုံကျောင်းအုပ်.... ခင်ဗျားရဲ့ အစွမ်းအစက တကယ်ကို ထူးခြားပါတယ်... သူတော်စင်တစ်ပိုင်း အဆင့်၃ ပြီးပြည့်စုံတဲ့ကာလက ကျွမ်းကျင်သူ တစ်ယောက်ကို ဓားတစ်ချောင်းတည်းနဲ့ သတ်ပစ်နိုင်တယ်.... ခင်ဗျား ကျုပ်နဲ့ တိုက်ခိုက်ရဖို့ ထိုက်တန်ပါတယ်... အကြံဉာဏ်လေး ပေးပါဦး!"

လုရွှမ်သည် ကျူးချွဲ့ကျောင်းအုပ်ကြီး၏ လုပ်ရပ်ကို သဘာဝကျကျ မြင်တာကြောင့် စိတ်ထဲတွင် လှောင်ရယ်နေလေသည်။ သူသည် ကျားကိုလှုပ်ရန် တောင်ကို ခေါက်ခြင်း၏ အကျိုးသက်ရောက်မှုကို လိုချင်ပါက သူသည် သဘာဝအတိုင်း ကျားကို သတ်ပစ်ရပေမည်။

သူ ပိုင်ရီးရီးကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်း နည်းနည်း ချလိုက်ပါ၏။ သူမဟာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမဲ့ ကံဆိုးစွာနဲ့ပဲ သူမကို နှိုးဆော်လိုက်တဲ့ အချိန်မှာ သူမဟာ ပြန်မလှည့်နိုင်တဲ့ လမ်းကို လျှောက်သွားခဲ့ပြီ။

"ကလေးမလေးက ရည်မှန်းချက် ကြီးတာ ကောင်းပါတယ်.... ဒါပေမဲ့ နောက်ဆုတ်ဖို့က အဆင်မပြေ​တော့ဘူး... ငါပြောခဲ့တဲ့ အသေးအဖွဲ့လို့ ပြောရမယ့်ဟာက မလွဲမသွေ ဒုက္ခရောက်လာစေမှာပဲ... ဒါတင် မကသေးဘူး ဒီကျောင်းအုပ်ကြီး ပြောထားပြီးသားပါ မိန်းကလေး မင်းရဲ့ ကျင့်​ကြံမှုမှာ အရှိန်ကို မျက်စိမှိတ်ပြီး လိုက်ရှာနေတာက ဒုက္ခတွေ အများကြီး ကျန်ခဲ့နိုင်တယ်.... ဒီကျောင်းအုပ်ရြီးက မင်းကို လမ်းညွှန်ချက် တစ်ခု ပေးမလို့ပဲ ဒါပေမဲ့ ​​နားမလည်နိုင် ဖြစ်မှာကို ကြောက်ရတယ်.... ဒါကြောင့် လုံလင်အာ မင်းတက်သွားပြီး သူ့ကို နည်းနည်းလောက် ညွှန်ပြပေးလိုက်... နည်းနည်းဆို ရပြီ"

ယခင်စကားလုံးများနှင့် နှိုင်းယှဉ်ပါက လုရွှမ်၏ ယခုစကားများသည် ပို၍ပင် စွဲမက်ဖွယ် ကောင်းသော်လည်း နားမလည်နိုင်စွာပင် သူ့ပတ်ဝန်းကျင်တွင် ရယ်မောခြင်းများက ပိုကျယ်လာ၏။

လုရွှမ်၏ စကားများသည် ရှင်းရှင်းလင်းလင်း မယုံနိုင်လောက်အောင် များပြားလှသည်။

ပိုင်ရီးရီး၏ မျက်နှာသည် နီရဲလာ၏။ ဒေါသထွက်သလို အနည်းငယ်လည်း ထိတ်လန့်သွားခဲ့သည်​။ သူမကိုယ်တိုင်ရဲ့ ကျင့်ကြံမှုက တကယ်ပဲ တစ်ခုခု မှားယွင်းနေတာလား။ သူမ ဆရာဖြစ်တဲ့ ကျူးချွဲ့ကျောင်းအုပ်ကို လှမ်းကြည့်လိုက်သည်။

"ရီးရီး... သူ့စကားကို နားမထောင်နဲ့ အဲဒီမိန်းကလေးကို သတ်ပစ်လိုက်!!"

ကျူးချွဲ့ကျောင်းအုပ်ကြီး ကြားတော့ ဒေါသထွက်ကာ အော်ဟစ်လိုက်သည်။

လုံလင်အာလည်း ကျောင်းအုပ်ကြီးက သူမ နာမည်ကို ခေါ်လာမယ်လို့ မမျှော်လင့်ထားတာကြောင့် သူမ ခဏတုံ့ဆိုင်းသွားပြီး လုရွှမ်ဆီကို ပြေးသွားခဲ့သည်။ အဲဒီပိုင်ရီးရီးကို အနိုင်ယူဖို့ သူမ ၁၀%တောင် မသေချာဘူး။

လုရွှမ်သည် ချင်းယိုးကို လက်ညှိုး ထိုးပြပြီး နမ်းကုန်းရင်ကို အနိုင်ယူခဲ့တာကိုသာ မမြင်ဖူးခဲ့ပါက သူမ မတ်တတ်ရပ်ရန်ပင် သတ္တိရှိမည် မဟုတ်တော့ပေ။

"မင်း ပြိုင်ပွဲစင်မြင့်ပေါ်ကို တိုက်ရိုက် တက်သွားလိုက်... ကျူးချွဲ့ကျောင်းအုပ်ကြီးနဲ့ ငါ မင်းတို့ကို စကားတွေနဲ့ လမ်းညွှန်​ပေးမယ်"

လုရွှမ်က ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်သည်။

ကျူးချွဲ့ကျောင်းအုပ်ကလည်း ဟစ်အော်ကာ ပိုင်ရီးရီးကို စင်ပေါ်တက်ဖို့ လက်ပြလိုက်သည်။ ပိုင်ရီးရီး လုံလင်အာကို တစ်ချက်ကြည့်လိုက်၏။ လုံလင်အာ အကြောင်းကို သူမလည်း ကြားဖူးထားပါ၏။

သူမ၏ အစွမ်းမှာ သူတော်စင်တစ်ပိုင်း အဆင့်၇ တွင်ရှိပြီး အရည်အချင်းက အလွန်ကောင်းမွန်သည်။ သို့သော်လည်း သူမသည် ထိုမိန်းက​လေးကို သေချာပေါက် သတ်ပစ်မည်ဟု ယုံကြည်ထား​လေသည်။

လုံလင်အာမှာ အနည်းငယ် မှင်တက်သွားသော်လည်း သူမသည် စင်​မြင့်ပေါ်သို့ ပျံတက်သွားသေး၏။ ကျောင်းအုပ်ကြီး၏ စကားများက သူမ နားထဲတွင် ပျံဝဲနေဆဲပင်။

All Chapters