မတူညီသော လမ်းညွှန်မှုများ
Vol. 45 Ch. 4.193
ထျန်းလုံကျောင်းတော်မှ ကျောင်းသားတစ်ယောက် အနေဖြင့် ရှေ့ဆက်ရမည့် လမ်းသည် မည်မျှပင် ခက်ခဲကြမ်းတမ်း နေပါစေ လုံလင်အာဆိုတဲ့ သူမသည် ဆက်လက် ချီတက်နေဦးမှာ ဖြစ်သည်။
"ညီမလေး.... မင်းငါ့မြေပေါ် ရောက်လာပြီ... အဲ့တော့ ငါ့ကို အပြစ်မတင်နဲ့ မင်းရဲ့ကျောင်းအုပ်ကြီးကိုပဲ အပြစ်တင်လိုက်"
ပိုင်ရီးရီးက အော်ပြောပြီးနောက် သူမက လက်ဖဝါးကို ဆန့်ထုတ်ကာ ကောင်းကင်ကို မျက်နှာမူလိုက်သည်။
"ကောင်းကင်ကို ဝါးမျိုခြင်း!"
ပိုင်ရီးရီးရဲ့ အသံ ကျဆင်းသွားတာနဲ့ တစ်ပြိုင်နက် ကွင်းတစ်ခုလုံး ရုတ်တရက် မှောင်လာပြီး လုံးဝ မည်းမှောင်သွားသည်။ အနီးနားရှိ လူအုပ်ကြီးသည် ချက်ချင်းပင် အော်ဟစ် ပြောဆိုလာကြ၏။
အမျိုးသမီး နှစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားသလိုမျိုး စင်မြင့်ပေါ်က လှုပ်ရှားမှုကို လုံးဝ မခံစားနိုင်တော့ချေ။
လုရွှမ်၏ အသံသည် တိုးညှင်းစွာ ထွက်ပေါ်လာသည်။
"ဒါက ပိုင်ရီးရီးရဲ့ ကောင်းကင်ကို ဝါးမျိုခြင်း ဆိုတဲ့ နိယာမစွမ်းအင်နဲ့ ရောယှက်နေတဲ့ မှော်ဆန်တဲ့ စွမ်းအားပဲ... ကမ္ဘာကြီးကို ထိန်းချုပ်ပစ်သလို ကောင်းကင်က မျိုချပစ်လိုက်တာ သူမ ထိန်းချုပ်ထားတဲ့ လေထုထဲမှာ အာရုံငါးပါးလုံး လုံးဝ ပိတ်ထားတယ် အာရုံခြောက်ပါးကလည်း ပျောက်ကွယ်သွားပြီး ဘာကိုမှ မမြင်နိုင် ဘယ်အရာမှ ခံစားလို့ မရတော့ဘူး"
လူတွေက ကြောက်ရွံ့မှုအပြည့်နဲ့ စင်မြင့်ထက်ကို ရုတ်တရက် လှမ်းကြည့်လိုက်ကြသည်။
သူတော်စင်တစ်ပိုင်း ဖြစ်လာလေ ရောယှက်နေသော နိယာမ ဥပဒေသများ မည်မျှအရေးကြီးသည်ကို နားလည်လေလေ ဖြစ်သည်။ ယင်းသည် ကျင့်ကြံတို့၏ အနာဂတ်ကျင့်စဉ် ဦးတည်ရာကို အဆုံးအဖြတ် ပေးသည်ဟု ဆိုနိုင်သည်။
အလေ့အကျင့် အဆုံးတွင် နိယာမစွမ်းအင်ဆိုင်ရာ သဘောတရားများသည် သဘာဝလွန် စွမ်းအားများ ဖြစ်လာသည်။ နိယာမစွမ်းအင်ဆိုင်ရာ သဘောတရားများ ပိုမိုလေးနက်လေ သဘာဝလွန် စွမ်းအားများ ပိုမိုအားကောင်းလေ ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် ကျင့်ကြံမှု အခြေခံများသည် ဆင်တူသော်လည်း သဘာဝလွန် စွမ်းအားများ၏ အစွမ်းကြောင့် သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသောကာလမှ ကျင့်ကြံသူ၏ ကန့်သတ်ချက်သည် မည်သည့် နေရာတွင် ရှိသည်ကို မည်သူမျှ မသိနိုင်တော့ပေ။
ခေတ်ကာလ တစ်လျှောက်လုံးတွင် တစ်ချိန်က အပြင်းထန်ဆုံး သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသော ကာလမှ ကျင့်ကြံသူများ၏ မှတ်တမ်းများ ရှိခဲ့ဖူးပြီး တူညီသော နယ်ပယ်မှ သခင် ၈ ဦးကို တစ်ချိန်တည်းတွင် သေဆုံးစေခဲ့သည်။
သူကိုယ်တိုင်က ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း ထွက်ခွာသွားနိုင်ခဲ့သည်။
ယခုတွင် ပိုင်ရီးရီး၏ ကောင်းကင်ကို ဝါးမျိုနိုင်သော မှော်အစွမ်းသည် အစွမ်းထက်သော မှော်အစွမ်းတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
ဘယ်သူက သူမနဲ့ ရန်ငြိုးဖွဲ့ရဲမှာလဲ?
ကျူးချွဲ့ကျောင်းအုပ်မှာ တိုးတိုးလေး ဟစ်အော်လိုက်၏။ အငယ်တန်း လုရွှမ်က ပိုင်ရီးရီရဲ့ သဘာဝလွန် စွမ်းအားကို တစ်ချက် ကြည့်ရုံဖြင့် မြင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဒါပေမဲ့ မင်းမြင်ရင်တောင် ဘယ်သူမဆို ခွဲခြားဖို့ ခက်ကြတာပဲ။ ဒီလောက်လေးနဲ့ တခြားသူကို လမ်းပြနိုင်မှာတဲ့လား။
သူသည် သူ့အား အရိုအသေ မပေးခြင်းကို မခံချင်သလို သူ့တပည့်ကို နစ်နာစေလိုခြင်း မရှိသဖြင့် ပြောလိုက်ပါ၏။
"ဒီအလှလေး လုံလင်အာက သူရလာတဲ့ သဘာဝလွန်စွမ်းအားဟာ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်း တစ်ခု ဖြစ်နိုင်တယ်လို့ ထင်ပါတယ်.... ခန္ဓာကိုယ်ကို သန်မာစေပြီး ကိုယ်ပိုင်ကန့်သတ်ချက်ကို လိုက်လျှောက်နေသူပဲ"
လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ လုံလင်အာမှ ရရှိထားသော သဘာဝလွန် စွမ်းအားသည် အလွန် ရှားပါးပြီး ၎င်းသည် သဘာဝလွန်စွမ်းအား မဟုတ်တော့ဘဲ ကျင့်ကြံခြင်း နည်းလမ်း တစ်မျိုးသာ ဖြစ်လေသည်။
ဒါပေမဲ့ သန်မာတဲ့ လူတွေက လင်လုံအာကို သိပ်ပြီး အထင်မကြီးကြဘူး။ သူမကိုယ်တိုင်က ကြေးနီအရေပြာစ နည်းလမ်းကိုတောင် ကာယစွမ်းရည် အဖြစ် လေ့ကျင့်ထားပေမယ့် ဒါက သဘာဝလွန် စွမ်းအားနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။
လက်ရှိ အခိုက်အတန့်တွင် စင်မြင့်ထက်ရှိ လင်လုံအာသည် အလွန် စိတ်လှုပ်ရှားနေ၏။ သူမ ဘာမှ မခံစားနိုင်တော့သလို သူ့ကိုယ်သူလည်း ထိန်းချုပ်လို့ မရတော့သလို ခံစားနေရသည်။
ခြေထောက်ကို ချစရာနေရာ မရှိဘဲ လေထဲတွင် လွင့်မျောနေသလို သူမ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ကျသွားသလို ခံစားရသည်။ ဒါပေမဲ့ ပြုတ်ကျနေတဲ့ ခံစားချက်က တစ်ခုခုမှားနေပြီး ရှင်းပြလို့ မရချေ။
ဘယ်အချိန်မှာ အန္တရာယ် ရှိလာမယ်ဆိုတာ မသိ၊ ပြိုင်ဘက်က ဘယ်လို တိုက်ခိုက်လာမယ် ဆိုတာလည်း ချွေးတွေ တရွှဲရွှဲနဲ့ မသိနေရတာက အကြောက်ဆုံး ဖြစ်နေ၏။
ထိုအခိုက် ကျောင်းအုပ်ကြီး အသံသည် သူမ စိတ်ထဲတွင် ပဲ့တင်ထပ်လာသကဲ့သို့ ဝင်လာပြီး နောက်ဆုံးတွင် သူမကို ငြိမ်သက်သွားစေသည့် စွမ်းအားတစ်ခု ယူဆောင်လာခဲ့သည်။ ပိုင်ရီးရီး ရဲ့ စွမ်းအားကို ဘယ်လိုခေါ်သလဲ နဲ့ သူ့ရဲ့ သက်ရောက်မှုတွေက ဘာတွေလဲ ဆိုတာကိုလည်း သူမချက်ချင်း သိသွားသည်။
သူမ နားလည်သွားသည်နှင့် ရင်ဆိုင်ရန် ပိုမိုလွယ်ကူလာခဲ့သည်။ သူမ ထိတ်လန့်နေမှုတို့ ပျက်ပြယ်သွားကာ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ အပြောင်းအလဲကို မခံစားရပေမယ့် စိတ်ကတော့ အရင်ကထက် တည်ငြိမ်သွား၏။
"ဘာလို့ မင်းကို ရွေးရတာလဲ ဆိုရင် မင်းလေ့ကျင့်ထားတဲ့ အခြေခံမူတွေက ခန္ဓာကိုယ် လေ့ကျင့်မှုပဲလေ.... ဒါက ရှည်လျားခက်ခဲပြီး ဝီရိယစိုက်ထုတ်နိုင်တဲ့ လမ်းတစ်လမ်း..... ဒါပေမဲ့ အနာဂတ်ကို အကန့်အသတ် မရှိစေတဲ့ အစွမ်းအစက အရာအားလုံးရဲ့ အရင်းခံပဲ... သန်မာမှု တစ်ခုတည်းနဲ့လည်း အမှန်တကယ် မအောင်မြင်နိုင်ဘူး"
"စိတ်ကို ငြိမ်ငြိမ်ထားပြီး အာရုံစိုက်ထား.... ဒါက မင်းအတွက် အန္တရာယ်တစ်ခုပဲ... အခွင့်အရေးကလည်း တစ်ကြိမ်ပဲ ရှိတယ်... မင်းမှာ အာရုံငါးပါးမရှိရင် အာရုံငါးပါးလုံးကို ဖြတ်ပစ်လိုက်... အာရုံခြောက်ပါးမရှိရင် အာရုံခြောက်ပါးကို ဖြတ်ပစ်လိုက်... "
လုံလင်အာ နားမလည်သော်လည်း လုရွှမ်၏ စကားများကို အလိုလိုလိုက်နာကာ အာရုံအားလုံးကို ရပ်တန့်လိုက်သည်။ ပြောင်းလဲမှု မရှိပုံ ပေါ်သော်လည်း သူမတွင် နားမလည်နိုင်သော ခံယူချက်တစ်ခု ရှိလာခဲ့သည်။ ယခင်ကကဲ့သို့ မျက်စိ မမြင်ရတော့ပေမယ့် နားမလည်နိုင်လောက်တဲ့ တစ်စုံတစ်ရာကို ခံစားနေရသည်။
သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရတ် တဖျပ်ဖျပ် ခတ်သွားကာ အကျပ်အတည်း တစ်ခုကြာစ တိတ်တိတ်ဆိတ်ဆိတ် ပေါ်လာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
"မဆိုးဘူး... မင်းက တကယ်ကို အရည်အချင်း ရှိတဲ့သူပဲ... ငါ့အမြင်အရတော့ ပိုင်ရီးရီးထက် မင်းက ပိုကောင်းပါတယ်... ထပ်ပြောမယ် နိယာမစွမ်းအင် ဥပဒေရဲ့အခြေခံမူ အားလုံးကို အာရုံစိုက်ပြီး ထိန်းချုပ်ထား... မင်းပေါင်းစည်းထားတဲ့ နိယာမစွမ်းအင် အခြေခံမူတွေက သူ့အလိုလို ထိန်းချုပ်တာကို နားလည်လာလိမ့်မယ် ဒီလမ်းကို ဆက်လျှောက်မယ် ဆိုရင် သူတော်စင်နယ်ပယ် နေနေသာသာ သူတော်စင်နယ်ပယ်ကြီး ဖြစ်ဖို့လည်း မျှော်လင့်လို့ရတယ်"
ထိုအခါ ကျူးချွဲ့ကျောင်းအုပ်က
"မကောင်းတဲ့ စကားတွေနဲ့ လူတွေကို လှည့်ဖြားပြီး သူတော်စင်နယ်ပယ်ကြီး ဆိုတဲ့စကားကို ထည့်ပြောနေတယ်...သူတော်စင် နယ်ပယ်ကြီးက ဘယ်လိုလဲ ဆိုတာရော မင်းသိလို့လား? ဟာသတစ်ခုလို ဖြစ်နေပါဦးမယ်"
လုရွှမ်ကလည်း တခစ်ခစ် ရယ်ရင်း
"ဟုတ်တယ် ဟုတ်တယ် ကျုပ်ပြောတာက ဟာသတွေ... ဒါကို ကျူးချွဲ့ကျောင်းအုပ်က သဘာဝကျကျ နားလည်တယ် ဆိုတော့ ခင်ဗျားမှာ သူတော်စင်နယ်ပယ်ကြီးရဲ့ အတွေ့အကြုံတွေ ရှိလို့လား?"
ကျူးချွဲ့ကျောင်းအုပ်ကတော့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရပြီ။ ထိုလူကြီးသည် ယခင်ထျန်းလုံ ကျောင်းအုပ်ကြီး မတိုင်မီက သူတော်စင်နယ်ပယ် ဖြစ်လာကြောင်း ကြားသိရသောကြောင့် နှစ်ပေါင်းများစွာ ထိုအဆင့်၌ ပိတ်မိနေခဲ့သည်။
ကျူးချွဲ့ကျောင်းအုပ်မှာ သူ့ တစ်သက်တာတွင် သူတော်စင်ကြီး ဖြစ်လာရန် မျှော်လင့်ချက် မရှိတော့ကြောင်း ကောလဟာလများ ထွက်နေတာပင် ကြာမြင့်နေပြီ ဖြစ်သည်။
လက်ရှိ ထျန်းလုံကျောင်းအုပ်ကတော့ လူတွေ သူ့ကို ပိုပိုပြီး သဘောကျလာကြ၏။ သူဟာ တွေးရဲပြောရဲ၊ လုပ်ရဲကိုင်ရဲ၊ သတ်ရဲသလို အခုလည်း သူတော်စင်နယ်ပယ်ရဲ့ ပြည့်စုံမှုကိုတောင် ကျီစယ်ရဲသေးသည်။
တခြားဘာမှ မလုပ်ရင်တောင် သူ့သတ္တိက တခြားသူတွေထက် သာလွန်တာ ထင်ရှားလွန်းနေပြီ။
ကဲ့ရဲ့ပြီးနောက် လုရွှမ်က ဆက်ပြောလိုက်၏။
"မင်းရဲ့ ကျင့်ကြံမှုနဲ့ ရောယှက်နေတဲ့ နိယာမစွမ်းအင်နဲ့ဆို တိုက်ခိုက်မှု အများစုကို မင်းရှောင်နိုင်တယ် ဒါပေမဲ့ မင်းကို တခြားသူတွေ လာအနိုင်ကျင့်ခွင့် မပေးနဲ့"
"ပြိုင်ဘက်က မင်းကို တိုက်ခိုက်လာတဲ့ အခါ သူမကို ထိတွေ့ တိုက်ခိုက်ရမယ့် အချိန်လည်း ဖြစ်သလို စိတ်ဓာတ်ခွန်အားနဲ့ သတိထားသင့်တယ်... သူ့ရဲ့ကိုယ်ခန္ဓာကို သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံတဲ့ အခြေအနေအထိ ကျင့်ကြံထားတာမလို့ အရိပ်သုံးခုကို တစ်ထပ်တည်း ဖြစ်အောင် ပေါင်းထားမှ ရိပ်မိလိမ့်မယ်"
လုံလင်အာသည် လုရွှမ်၏ လမ်းညွှန်ချက်ကို နားထောင်ပြီး မကြာမီ သူမထိုစွမ်းအင်ကို တကယ် ခံစားလာရကြောင်း သဘောပေါက်သွားသည်။ သူမ ခန္ဓာကိုယ်ကို တစ်ဖက်သို့ ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးဖြင့် ပြန်ချရိုက်လိုက်သည်။
လေထုထဲတွင် အရာဝတ္ထုများ တဖန်ပြန်၍ ပေါ်လာသည်။ နွမ်းနယ်နေပုံရသော်လည်း သူမ ခံစားလိုက်ရတာပ ခြေဖဝါးအောက်တွင် ဘာမှမကျန်တော့ဘဲ ပတ်ဝန်းကျင်ကလည်း ဗလာတစ်ခုလိုပင် ဘာမှ မရှိတော့ပေ။ ပိုင်ရီးရီး ဘယ်မှာရှိတယ် ဆိုတာ သူမ မရိပ်မိသေးပေမယ့် ပိုင်ရီးရီး နောက်တစ်ကြိမ် လှုပ်ရှားနေသရွေ့ သူမ ကောင်းကောင်း နားလည်နိုင်မယ် ဆိုတာ သိလေသည်။
ဒီအချိန်မှာ ပိုင်ရီးရီး စိတ်တွေပူနေပြီး သူမအရင်က ရိုက်လုခံရနီးပါး ဖြစ်သွားခဲ့သည်။ သူမကို အထူးစိတ်ဆိုးစေသည့် အချက်မှာ လင်လုံအာသည် ယာယီကျောင်းအုပ်ကြီး ထံမှ လမ်းညွှန်မှုကို ဆက်လက် ခံယူနေပြီး သူမ ခွန်အားကလည်း အလွန် လျင်မြန်သောနှုန်းဖြင့် တိုးလာခြင်းကြောင့် ဖြစ်သည်။
တစ်ဖက်မှာရှိတဲ့ ကျူးချွဲ့ကျောင်းအုပ်က သူမဆရာပဲ။ ဒါပေမဲ့ သူမဆရာရဲ့ စကားက တစ်ခွန်းမှ ဝင်မလာခဲ့ဘူး။
သူမဆရာသည် အတွင်းဖက်က အခြေအနေကို လုံးဝမသိခဲ့ဘဲ ခန္ဓာကိုယ်လေ့ကျင့်ရေး နည်းလမ်းကို အသုံးပြုကြောင်းသာ သိနေတာလား။ သူမ ကြားသိခဲ့ရတဲ့ လုံးဝမသိနိုင်တဲ့ ချို့ယွင်းချက်တွေက အများကြီး ရှိနေတာလား။
ကျပန်းအမိန့်ကို စောင့်နေမယ့်အစား ပိုင်ရီးရီးအား အခြေအနေကို သူ့ဘာသာသူပဲ ထိန်းချုပ်ခွင့် ပေးတာက ပိုကောင်းပါသည်။ သူ့တပည့်ရဲ့ အရည်အချင်းကို သူ ယုံကြည်သည်။
တကယ်တမ်း သူ့တပည့်သည် စိုးရိမ်စိတ်ဖြင့် ရူးသွားတော့မလို ဖြစ်နေတာကို မသိလိုက်ချေ။ သိလျှင် အနည်းငယ် အကူအညီမဲ့သွားသလို ခံစားရလိမ့်မည်။
ပိုင်ရီးရီးမှာ ယခုအချိန်တွင် ဆရာကို အလိုအပ်ဆုံး ဖြစ်နေသော်လည်း သူမဆရာက ဘယ်မှာလဲ?
"ဒါဆို မင်းကို ကျင့်ကြံမှု အတတ်ပညာတစ်ခု သင်ပေးမယ်!"
လုရွှမ်က စကားအနည်းငယ် ပြောပြီးနောက် အသံတစ်ခု ထွက်လာခဲ့သည်။ ဂရုတစိုက် နားထောင်ချင်သူတိုင်း စိတ်ပျက်လက်ပျက် ညည်းတွားလိုက်ကြသည်။
သို့သော် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုကို ပေါ့ပေါ့တန်တန် သင်ကြားခြင်း မပြုသင့်တာကိုလည်း လူတိုင်း သိကြပါ၏။
လုရွှမ် ဒီအတိုင်း သင်ပေးမယ် ဆိုတာက သိပ်မထူးဆန်းနေဘူးလား?