လက်ဆင့်ကမ်းပေးတဲ့ ကျင့်စဥ်
Vol. 45 Ch. 4.194
"ဟမ့်... ထျန်းလုံကျောင်းအုပ်ကတော့ စကားကို လွယ်လွယ် ပြောနေတာပဲ... လေ့ကျင့်ရေး ကျင့်စဥ်တွေဆိုတာ ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် ပြောနိုင်မှာလဲ"
"ဒါက တစ်ဖက်သားရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်"
စင်မြင့်ထက်က အမျိုးသမီး နှစ်ယောက် ရန်ဖြစ်နေတာကို မမြင်နိုင်တော့ရာ အားလုံးလည်း ပျင်းသွားကာ ငြင်းခုံလာကြပြန်သည်။
လုရွှမ် ကြွားလုံးထုတ်ခြင်း မဟုတ်တာ အမှန်ပင်။ သူသည် သူ၏လေ့ကျင့်ရေး နည်းလမ်း အပိုင်းအစများကို လုံလင်အားသို့ ပေးပို့ခဲ့သည်။ လူသည် မိမိကုသိုလ် ကောင်းမှုက အကျိုးပေးသလို ကုသိုလ်ကံ မကောင်းရလည်း အပြစ်ပေးခံရမည်။
အဆိုပါ ကျင့်စဥ်နည်းလမ်းသည် သူမ စိတ်ဝိညာဉ်ထဲတွင် ကျယ်လောင်သော အသံဖြင့် ထွက်ပေါ်လာပြီး လုံလင်အာ ၎င်းကိုချက်ချင်း နားလည်သွားကာ လျင်မြန်စွာ အာရုံစိုက်လိုက်သည်။ အစပိုင်းတွင် အနည်းငယ် ရှုပ်ထွေးသော်လည်း မကြာမီတွင် သူသည် အရာအားလုံးကို နားလည်ပြီး ၎င်းကို လုံးဝ ထိန်းချုပ်နိုင်ခဲ့သည်။
ဒါက စိတ်စွမ်းအင်နဲ့ ကျင့်စဥ်တို့ ပေါင်းစပ်ခြင်းပဲ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုမှာ ချက်ချင်း အားကောင်းလာသည်ဟု ခံစားရပြန်သည်။ သူမရဲ့ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်က ထွက်သက်ဝင်သက်ဟာ ပိုင်ရီးရီး ဖြစ်နိုင်မယ့် အရှေ့ဘယ်ဘက်မှာရှိတဲ့ အနက်ရောင် ရုပ်တစ်ရုပ်ကို မသိမသာ သတိထားမိလိုက်၏။
"သတ်!"
လုံလင်အာ ဟစ်အော်ပြီး ပိုင်ရီးရီးထံ ပြေးဝင်သွားသည်။
ပိုင်ရီးရီးလည်း အံ့အားသင့်သွား၏။ လုံလင်အာက သူမ ဘယ်ရောက်နေတယ် ဆိုတာကို သတိပြုမိမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ လုံးဝ အသက်ရှူမဝသလို ခံစားရတဲ့အထိ လုံလင်အာရဲ့ ခွန်အားက အရမ်းမြန်လွန်းသည်။
ရွှင်းရွှင်းရွှင်း!
အနီးနားရှိ လူအုပ်ကြီးသည် ခဏတာ အံ့အားသင့်သွားကာ နောက်ဆုံးတွင်မှ ရန်ပွဲစတင်မှန်း သိခဲ့သည်။ ထိုးကြိတ် ကန်ကျောက်သံများကို နားထောင်ရင်း ဘယ်သူက အသာစီးရပြီး ဘယ်သူက ရှုံးတယ် ဆိုတာ သေသေချာချာ ပိုင်းခြား သိမြင်လာခဲ့သည်။
လူအုပ်ကြီးထဲတွင် ကျွမ်းကျင်သူများစွာရှိ၍ မကြာမီ တစ်စုံတစ်ဦးက ထအော်လိုက်၏။
"ပိုင်ရီးရီး အရိုက်ခံရပြီး လုံလင်အာ အသာစီးရသွားပြီ"
ကျူးချွဲ့ကျောင်းတော်မှ ကျောင်းသားများသည်လည်း ကြောင်အနေကြသည်။
ပိုင်ရီးရီးက ဘယ်သူလဲ? ကျူးချွဲ့ကျောင်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင်နဲ့ အလှလေးပဲ။ သူမက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ? ဒါ့အပြင် သူမလက်ထဲ၌ ထိပ်တန်းဆယ်ယောက် အဆင့်သာရှိတဲ့ ထျန်းလုံကျောင်းတော်က ကျောင်းသားတွေ ရှုံးသွားခဲ့တာ မဟုတ်လား?
"မိန်းကလေး မင်းရဲ့စွမ်းအင်ကို ဆက်ထိန်းထားချင်တယ် ဆိုရင်တော့ သူတော်စင် စွမ်းအားတွေ အများကြီး သုံးစွဲရလိမ့်မယ်.. လုံလင်အာကို မင်းရဲ့ ယွမ်စွမ်းအားနဲ့ တိုက်ခိုက်ချင်နေရင် မင်း ထိန်းထားနိုင်မှာ မဟုတ်ဘူး"
လုရွှမ်က ဆိုလိုက်သည်။
ပိုင်ရီးရီး သက်ပြင်းချရင်း ထျန်းလုံကျောင်းအုပ် ပြောတာ မှန်တယ်လို့ သူမ သိပေမယ့် သူမကို စိတ်ဓာတ်ကျစေတာကတော့ ဒီစကားတွေက သူမဆရာရဲ့ ပါးစပ်က ထွက်မလာခဲ့တာပဲ။
ကျူးချွဲ့ကျောင်းအုပ်က ဒီအကြောင်းကို တွေးမိပြီး သူမရဲ့ မှော်အစွမ်းတွေကို ရုပ်သိမ်းဖို့ အော်ပြောနေခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဒါက သူ့မှာ အမြင်အာရုံ ညံ့ဖျင်းပြီး ထျန်းလုံကျောင်းအုပ်က အရာအားလုံးကို ဆုံးဖြတ်နိုင်တယ်လို့ မဆိုလိုဘူးလား။
စင်မြင့်ပေါ်ရှိ အလင်းရောင်သည် တစ်ဖန် ပွင့်လာကာ အမျိုးသမီး နှစ်ဦးသည် လူမြင်ကွင်းတွင် ပြန်လည် ပေါ်လာခဲ့သည်။
ပိုင်ရီးရီ၏သည် အဖြူရောင် တောက်တောက်ပြောင်ပြောင် ၀တ်ဆင်ထားပြီး သူမ၏ လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားဆဲဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ခြေရာများ ရှိနေတာကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
လုံလင်အာကို ပြန်ကြည့်တော့လည်း သူ့အဝတ်အစားတွေလည်း အကြိမ်ကြိမ် စုတ်ပြဲခံထားရလေ၏။
သူတို့နှစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံထားကြပုံပင်။ လုံလင်အာသည် ထျန်းလုံကျောင်းအုပ်ရဲ့ အကူအညီ ရှိပေမယ့် ပိုင်ရီးရီး ခွန်အားက အမှန်တကယ် မြင့်မားတာကို တွေ့မြင်နိုင်သည်။
"လက်ဝါးသိုင်း ဆိုတာ အပြင်ဘက်မှာ ကောင်းကင်နဲ့ မြေကြီးဖြစ်လို အတွင်းဘက်မှာလည်း ကောင်းကင်နဲ့ မြေကြီးပဲ... ခန္ဓာကိုယ် ကျင့်ကြံခြင်း လမ်းကြောင်းမှာ ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းရင် စိတ်နှလုံးကလည်း ပြိုင်ဘက်ကင်းသွားပြီ... စိတ်စွမ်းအင်နဲ့ ကျင့်စဥ်ကို လက်ဝါးရှေ့မှာ စုဝေးထား... လက်ဝါးစွမ်းအင် ထွက်လာရင် ပုန်းစရာနေရာ မရှိနိုင်တော့ဘူး!"
လုရွှမ် ဒီစကားတွေကို ကျယ်လောင်စွာ အော်ပြောလိုက်တာကြောင့် အားလုံးရဲ့ နားတွေထဲ လှုပ်ခါသွားကာ တချို့က မြန်မြန် ချရေးပြီး သေသေချာချာ အရသာခံလိုက်ကြသည်။
လုံလင်အာရဲ့ စိတ်တွေလည့း လှုပ်ရှားသွားပြီး သူမရဲ့ လက်ဝါးချက်က ချက်ချင်း ပြောင်းလဲသွား၏။ အရင်ကနဲ့ မတူတော့ဘဲ အရှိန်က ရုတ်တရက် တိုးလာသည်။ ပိုပြင်းထန် ပိုမြန်ဆန်ပြီး ပိုတိကျလေသည်။
ပိုင်ရီးရီးရဲ့ ဓားသိုင်းဟာလည်း ခဏအတွင်း တောက်ပလာခဲ့သည်။ သူ့လက်ထဲတွင် ရှိသော လက်နက်နှင့်ပင် လုံလင်အာ၏ ရိုက်နှက်ချက်ကို ခုခံခဲ့ရပြီး ဖြိုဖျက်နိုင်ရုံသာ ရှိသေးသည်။ သူမ ပြန်မတိုက်နိုင်တော့ပေ။
"ဓားကို ထိန်းချုပ်ဖို့ နှလုံးသားကို သုံးရမယ်"
ပိုင်ရီးရီး နှုတ်ခမ်းကို တင်းတင်း ကိုက်လျက် သိသိသာသာ ဒေါသ ထွက်လာခဲ့သည်။ ဒီနေ့တိုက်ပွဲက တကယ်ကို အသုံးမဝင်သလိုပင်။
သူမ၏ ဓားရှည်သည် လုံလင်အာ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် တဖျပ်ဖျပ် လွင့်ပျံလျက် ဖြတ်ပြေးနေ၏။
ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းခမ်းသည် ခန္ဓာကိုယ်နှင့်သာ ပတ်သက်ပြီး လက်နက်များ မလိုအပ်ချေ။ ထို့ကြောင့် လင်လုံအာသည် လက်နက်များ ယူဆောင်လာရန် မစဉ်းစားခဲ့ချေ။ ယခုအခါ ပိုင်ရီးရီးက ဓားကို နှလုံးသားဖြင့် ထိန်းချုပ်သည့် လျှို့ဝှက်နည်းလမ်းက သူမကို အကြပ်ရိုက်သွားစေ၏။
လူတိုင်း အံ့အားသင့်သွားကြသည်။ လုံလင်အာက ပြိုင်ဘက်များ မဟုတ်မှန်း သိသာတာတောင် ထျန်းလုံကျောင်းအုပ်ဆီက ညွှန်ကြားခံရပိုင်ရီးရီးကို အနိုင်ယူပြီး အသာစီး ရနိုင်ခဲ့တဲ့အထိ အလွန် ထက်မြက်လာခဲ့သည်။
အစောက ကျောင်းအုပ်ကြီး ပြောတာကို လူတိုင်းကြားပြီးပြီ။ လုံလင်အာ ရောယှက်ထားသည့် နိယာမမူများသည် အင်မတန် ထူးကဲကြောင်း ထင်ရှားပါသည်။ သူမ အနာဂတ်တွင် သူတော်စင်နယ်ပယ်ကြီး ဖြစ်လာမှာကို မျှော်လင့်နိုင်လိမ့်မည် မဟုတ်လော။
ယခုတော့ လူများစွာသည် လုံလင်အာကို စည်းရုံးဖိုး စတင်စီစဉ်နေပြီ ဖြစ်ပြီး တချို့ ဂိုဏ်းလက်အောက်ရှိ အမျိုးသားများကလည်း စည်းရုံးဖို့အတွက် သူမကို အာရုံစိုက်ထားပြီ ဖြစ်သည်။
လုရွှမ် မျက်မှောင်ကြုတ်သွားသည်။ အံ့အားသင့်စရာ ကောင်းတဲ့ တိုက်ပွဲသည် ခံနိုင်ရည် တိုက်ပွဲတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ပိုင်ရီးရီး ငြိမ်သက်သွားသည်နှင့် လုံလင်အာ ကျိန်းသေပေါက် ရှုံးသွားမည် ဖြစ်သည်။
တခြား ဘာနည်းလမ်း ရှိသေးလဲ?
လုရွှမ်သည် ကျူးချွဲ့ကျောင်းအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး
"ကျူးချွဲ့ကျောင်းအုပ်က ဓားကျွမ်းကျင်ပုံပဲ.... ခင်ဗျားလည်း ကျုပ်ရဲ့လက်ဝါးသိုင်း စွမ်းရည်နဲ့ ပြိုင်ဖို့ ကြိုးစားနိုင်တယ်နော်"
"ခြင်္သေ့တစ်ကောင်က သူ့ရဲ့ဦးချိုတွေကို ဆွဲထားချင်တယ်... မျောက်မင်းက မက်မွန်သီးကို ခိုးယူပြီး ဟွာရှန်တောင်ကို ခွန်အားအပြည့်နဲ့ ခွဲပစ်လိုက်တယ်..."
လုရွှမ်၏ စကားလုံများသည် အလွန်မြန်ပြီး သိုင်းကွက် လှုပ်ရှားမှု တစ်ခုစီက လုံလင်အာစိတ်ထဲ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ယခုအချိန်တွင် လုံလင်အာသည် ကျောင်းအုပ်ကြီးအား လွန်ကဲစွာ ယုံကြည်နေလေပြီ။ တွေးတောမနေဘဲ လုရွှမ်ရဲ့ စကားတွေကို အလိုလို နားထောင်ပြီး ခွန်အား အပြည့်ဖြင့် ဆက်လက် တိုက်ခိုက်လေသည်။
ပိုင်ရီးရီးသည် ဖိအားများ အလွန် တိုးလာသည်ကို ခံစားလိုက်ရလေရာ ဆရာဖြစ်သူအား စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ ကျူးချွဲ့ကျောင်းအုပ်ကလည်း ဟစ်အော်လိုက်ပြီး အသံလွှင့်ခြင်းကို စတင်လိုက်သည်။
ကြည့်ရှုသူများမှာ နားမလည်နိုင်သော်လည်း အမျိုးသမီး နှစ်ဦးကြားက လှုပ်ရှားမှုများထဲ အပြောင်းအလဲများကို ခံစားခဲ့ကြရပေသည်။
ဒါဇင်နဲ့ချီတဲ့ လှုပ်ရှားမှုတွေ ဖြတ်ကျော်ပြီး ရုတ်တရက် အမျိုးသမီး နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေ ဖရိုဖရဲ ဖြစ်သွားပြန်၏။ သူတို့ရဲ့ မျက်နှာတွေ နီမြန်းနေပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေက နားမလည်နိုင်အောင် ဖြစ်နေကြသည်။
လုံလင်အာသည် ဓားချက်ပေါင်း များစွာဖြင့် ထိမှန်ထားခဲ့ပြီး ပိုင်ရီးရီးသည်လည်း မျက်နှာကို အကြိမ်ပေါင်းများစွာ အရိုက်ခံခဲ့ရလို့ သူမကို အလွန်အရှက် ရစေခဲ့သည်။ မိန်းကလေး နှစ်ယောက်ကြားက လူသတ်အငွေ့အသက်က ပြင်းထန်လွန်းတာကြောင့် လူတိုင်းက အဝေးကနေပင် ခံစားနိုင်ကြသည်။
အမျိုးသမီး နှစ်ဦးသည် အလွန် အရေးကြီးသော အခိုက်အတန့် တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိသာ ထင်ရှားစွာနေသလို ငြိမ်းချမ်းစွာ အဆုံးသတ်ရန် စိတ်ကူးမရှိပုံပင်။
လုံလင်အာ အနည်းငယ် စိတ်ရှုပ်သွားကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရတာ သူမ ဝမ်းဗိုက်အောက်ပိုင်းကိုပင် ဖြတ်သွားခဲ့သည်။ ခန္ဓာကိုယ် လေ့ကျင့်မှု၏ သဘာဝလွန် စွမ်းအားများကို အားကိုးသော်လည်း ပြီးပြည့်စုံခြင်း မရှိသေးတာကြောင့် ထွက်သက်က အားနည်းနေပြီ ဖြစ်သည်။
ပိုင်ရီးရီးမှာ ပါးပြင်ကို အကြိမ်ပေါင်းများစွာ ရိုက်နီက်ခံရပြီး နှာခေါင်းသွေး ယိုထွက်လာသည်။ သူမရဲ့ အဝတ်အစားတွေက စုတ်ပြဲသွားပေမယ့် ဒဏ်ရာက မပြင်းထန်ပါဘူး။ သူမကို ဆက်ရိုက်နေရင် တစ်ဖက်က အောင်ပွဲခံမယ် ဆိုတာ ထင်ရှားပါသည်။
"ကျူးချွဲ့ကျောင်းအုပ်ကြီး ကျုပ်အမြင် အရတော့ သူတို့ကို ရပ်ခိုင်းလိုက်ကြစို့... နောက်ဆုံးတော့ ဒါက ကြီးမားတဲ့ ပြိုင်ပွဲတွေပဲလေ တိုက်ပွဲတွေ ရပ်လိုက်ရင်တော့ အသေအပျောက်တွေ ရှိလာမှာ မဟုတ်ဘူး"
လုရွှမ်က ပိုင်ရီးရီးကို ကြည့်ရင်း ဆိုလိုက်သည်။ ကလေးမလေးရဲ့ အရည်အချင်းက တကယ့်ကို ထူးထူးခြားခြားပါပဲ သူ့ကို လမ်းညွှန်ပေးမယ့်သူ မရှိပဲ ဒီအဆင့်ကို သူ့ဘာသာသူ အလုံးစုံ နားလည်သဘော ပေါက်ခဲ့ပြီ။ ဒီမှာ သေသွားခဲ့ရင် သနားစရာ ကောင်းပေ၏။
"ဟားဟား... ထျန်းလုံကျောင်းအုပ် မင်းကြောက်နေတာဖြစ်နိုင်တယ်.... စိတ်မပူပါနဲ့ ငါ့လက်အောက် ငယ်သားတွေက အရမ်းတည်ငြိမ်တယ် အရေးကြီးတဲ့ အခိုက်အတန့်မှာ သက်ညှာပေးလိမ့်မယ်"
ကျူးချွဲ့ကျောင်းအုပ်ကြီးမှာ ပြုံးပြနေသော်လည်း သူ့မျက်နှာက မည်းမှောင်နေသည်။
ပြိုင်ပွဲ ပွဲစဥ်တစ်ခုလုံးတွင် လုံလင်အာက အသာစီး ရထားပြီး အကယ်၍ ဒီအတိုင်းသာ အဆုံးသတ်လိုက်ပါက ကျူးချွဲ့ကျောင်းတော် အတွက် ဟာသ ဖြစ်သွားလိမ့်မည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းသား နှစ်ယောက်ကို မေးတာက ပိုကောင်းမယ် ထင်တယ်... ကျုပ်တို့က ကျောင်းအုပ်ကြီးတွေပဲလေ... ကျောင်းသားတွေရဲ့ ဘဝတွေကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက် ချသင့်တယ်မလား"
"မလိုပါဘူး.... ငါ့တပည့်ရဲ့ အဆင့်ကို ငါ နားလည်ပါတယ်.... ဓားမှာ မျက်လုံးမရှိပေမယ့် ရီးရီးရဲ့ ပုံမှန်အဆင့်နဲ့တော့ သက်ညှာပေးဖို့ မခက်ပါဘူး စိတ်ချနိုင်ပါတယ်"