← Chapters

ဝမ်းနည်းဖွယ်ရာ အောင်ပွဲတစ်ခု

Vol. 45 Ch. 4.195

ဝမ်းနည်းဖွယ်ရာ အောင်ပွဲတစ်ခု

Vol. 45 Ch. 4.195

လုရွှမ်ကတော့ သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပညာရှိပုံ ဖမ်းနေတဲ့ ကျူးချွဲ့ကျောင်းအုပ်ကြီးကို ကြည့်လိုက်သည်။

'လူယုတ်မာ!'

သူ့စိတ်ထဲမှာ တိတ်တိတ်လေး ကျိန်ဆဲလိုက်မိသည်။ သူက ကြီးမြတ် သူတော်စင်နယ်ပယ်ကြီး ဆိုတဲ့ အတားအဆီးကို မဖြတ်ကျော်နိုင်တာ အံ့သြစရာ မရှိပါဘူး။ ဒီလိုစိတ်ထားက ရွှမ်ဝူကျောင်းအုပ်ထက်တောင် ဆိုနေသေးတယ်လေ။

ယခင်က သူတို့နှစ်ဦးစလုံးသည် လုံလင်အာ နှင့် ပိုင်ရီးရီးတို့ထံ အသီးသီး လမ်းညွှန်မှုများ ပေးပို့ခဲ့ကြသည်။ လုံလင်အာ၏ လက်ဝါးသိုငိး စွမ်းရည်က အသာစီးရခဲ့သော်လည်း ပိုင်ရီးရီးမှာ ပေါင်ဝက်ခန့်ရှိသော ဓားကို ကိုင်ဆောင်ထားခဲ့သည်။

ထို့ကြောင့် လုရွှမ် ကျူးချွဲ့ကျောင်းအုပ်၏ အသံအတိုင်း တိုက်ရိုက် တုပခဲ့သည်။ အဖိုးအိုသည် ဆိုးသွမ်းနေတဲ့ လူဖြစ်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ထိုအမျိုးသမီး နှစ်ဦးကို ညွှန်ကြားခြင်း မပြုသောကြောင့် ၎င်းတို့သည် ယခင် အမှားတွေကို ဆက်လုပ်ခဲ့ကြသည်။

သို့သော် ယခင်က မတော်တဆ တိုက်မိမှုကြောင့် အမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်သည် နီးကပ်နေပြီး ယွမ်တန်ခိုးနှင့် သူ​တော်စင်စွမ်းအားတို့ ရောယှက်နေကာ စွမ်းအင်အားလုံး ရောထွေးသွားခဲ့သည်။

ဘယ်သူကမှ မတားရဲကြချေ။ မဟုတ်ရင် ပြိုင်ဘက်ရဲ့ အနီးကပ် အကွာအဝေးကို ထိမှန်သွားရင် သေတာဖြစ်ဖြစ် ဒဏ်ရာရသွားတာဖြစ်ဖြစ် ဖြစ်သွားလိမ့်မည်။

သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် ပို၍ ပြင်း​ပြင်းထန်ထန် တိုက်ခိုက်ဖို့က လွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။

လူသတ် အငွေ့အသက်က လွှမ်းခြုံထားပြီး အမျိုးသမီးနှစ်ဦး ဘီလူးသရဲစီးသလို တိုက်ခိုက်နေပြီ ဖြစ်သည်။ အနည်းဆုံး သူတော်စင်တစ်ပိုင်း အဆင့်၆နှင့် အဆင့်၉ရှိ ထိုအမျိုးသမီး နှစ်ဦးကို ဘေးကင်းစွာ ခွဲထုတ်နိုင်ခဲ့ပြီး ကျောင်းအုပ်ကြီး သုံးဦးသာ ရှိသည်။

ကျူးချွဲ့ကျောင်းအုပ်၏ တပည့်ဖြစ်သူကို ဆွဲထုတ်ဖို့ လုရွှမ် သဘာဝကျကျ မေးသော်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင် ထိုခွေးကောင်ကြီးက သူ့ကို လျစ်လျူရှုသွားခဲ့သည်။

ပိုင်ဟူကျောင်းအုပ်ကိုတော့ ပြောစရာ မလိုပေ။ သူက နှစ်ဖက်စလုံးကို ဒုက္ခရောက်အောင် ရန်ဖြစ်စေချင်ခဲ့တာ ထင်ရှားပေ၏။

လုရွှမ် ရွှမ်ဝူကျောင်းအုပ်ကို ကြည့်လိုက်တော့ ၎င်းက ရယ်ပြီး

"ကျုပ်လုပ်ပါမယ်!"

လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး တောက်ပနေသော လက်ဖဝါးစွမ်းအင်ကို ဝှေ့ယမ်းကာ အမျိုးသမီးနှစ်ဦးကို ဖမ်းဆုပ်ထားသည်။ ရုတ်တရက် အလင်းတန်းကြီး တစ်ခုက ရွှမ်ဝူကျောင်းအုပ်ရဲ့လက်ဖဝါးကို ပိတ်ဆို့ထားလိုက်သည်။

ပိုင်ဟူကျောင်းအုပ်က ပြုံးပြီး

"ရွှမ်ဝူ.. ကြွက်တွေနဲ့ နှောက်ယှက်တာကို ရပ်သင့်ပြီ ထင်တယ်... မှန်ကန်တဲ့ ဆရာဖြစ်သူ ကျူးချွဲ့ကျောင်းအုပ်က လှုပ်တောင် မလှုပ်ဘူး... ကျုပ်တို့က ဘာလို့ မျက်ကန်းတွေနဲ့ ရောနှော​နေမှာလဲ?"

လုရွှမ် အံ့အားသင့်သွားပြီး ပိုင်ဟူကျောင်းအုပ်ကို စိုက်ကြည့်လိုက်သည်။ ရွှမ်ဝူကျောင်းအုပ်က ကူကယ်ရာမဲ့ သက်ပြင်းချကာ ကျူးချွဲ့ကျောင်းအုပ်က စကားမပြောဘဲ အေးအေးဆေးဆေး ဘေးနားတွင် ထိုင်နေလေသည်။

"ကောင်းပြီ ကျုပ်တို့ကျောင်းက ကျောင်းသားတွေကို အနိုင်ယူဖို့ ခင်ဗျား ဆုံးဖြတ်ထားပြီးသားပဲ မဟုတ်လား"

လုရွှမ်က အော်လိုက်သည်။

"လုံလင်အာ.... စွမ်းအင်အနှစ်သာရက ချီ အဖြစ်ပြောင်းသွားတယ်... ချီက စိတ်ဝိညာဉ်ကို စုစည်းပေးတယ်... မူလစွမ်းအားတွေ ပြန်ဆုတ်သွားတဲ့အခါ သူတော်စင် စွမ်းအားတွေ လျော့ကျသွားပြီး ကိုယ်ခန္ဓာက စွမ်းအားက ထွက်လာတယ်... ခွန်အားကို နှလုံးသားကနေ ထွက်လာစေရင် နတ်ဘုရားလက်ဝါး ထွက်လာစေမယ်... ထွက်!"

လုံလင်အာ မျက်လုံးများသည် ရှုပ်​ထွေးနေပြီး လက်ဝါး လှုပ်ရှားမှုများက လုရွှမ်စိတ်ဖြင့် ညွှန်ပြပေးသည့် ပုံစံမျိုးဖြင့် လုံးလုံးလျားလျား ကူးစက်သွားခဲ့သည်။ လုရွှမ် အသံကို ကြားလိုက်ရသည်နှင့် လုရွှမ်၏ ညွှန်ကြားချက်အတိုင်း စွမ်းအားကို အလိုလို လည်ပတ်နိုင်ခဲ့သည်။

"ထွက်!"

လက်ဝါးစွမ်းအင် ထွက်လာသည်နှင့် တပြိုင်နက် လုံလင်အာလည်း အလိုလို ထိုးထွက်လာခဲ့သည်။

ဤလက်ဝါးသည် ယခင် လက်ဝါးချက်များနှင့် လုံးဝ ကွဲပြားသည်။ လက်ဝါး တစ်ချက်တည်းဖြင့်ပင် မုန်တိုင်းလို ပြေးဝင်လာတဲ့ လှိုင်းသံက တဟုန်ထိုး ရပ်တန့် မသွားနိုင်ပေ။

ပိုင်ရီးရီး၏ မျက်နှာမှာ ဖြူဖျော့သွားကာ သူမ အလယ်ဗဟိုတွင် ရှိနေသောကြောင့် ထိုလက်ဝါးစွမ်းအင်အား အထင်ရှားဆုံး ခံစားလိုက်ရသည်။

လက်ဖဝါး၏ စွမ်းအားသည် ယွမ်စွမ်းအားများ တဟုန်ထိုး တက်လာကာ သန့်စင်သော စွမ်းအားများ လှုပ်ရှားနေလို့ သူတော်စင်တစ်ပိုင်း၏ အတိုင်းအတာထက် ကျော်လွန်နေပြီ ဖြစ်ပြီး အဆိုပါ စွမ်းအား နှစ်မျိုးသည် ရှေ့ပြေးနိမိတ်များသာ ဖြစ်သည်။

ပျော့ပျောင်းပုံ ပေါက်သော နတ်ဘုရားလက်ဝါး၏ အလင်းရောင် မချဉ်းကပ်မီ သူမစိတ်ထဲမှာ ထိတ်လန့်သွားပြီး မတားနိုင်ဘူးဆိုတာ သိလိုက်သည်။

ပိုင်ရီးရီး၏ မျက်လုံးများသည် သေခြင်းတရားကို ပြသ​နေ၏။ ဓားရှည် ပျံထွက်သွားသည်နှင့် လက်ဝါး ရိုက်ချက်များလည်း ပေါက်ကွဲထွက်လာသည်။

ဝုန်း ဝုန်း ဝုန်း!

အမျိုးသမီး နှစ်ယောက်လုံး တစ်ပြိုင်တည်း နောက်ပြန် ဆုတ်သွားရသည်။ လုံလင်အာ ပါးစပ်ထဲမှ သွေးများ ထွက်လာပြီး လုရွှမ်သည် သူမတို့ရှေ့မှ လက်ဖဝါးဖြင့် ပိတ်စို့လိုက်ခြင်း ဖြစ်လေ၏။

သူမ၏ ပါးစပ်ထဲသို့ ဆေးလုံး၂လုံးကို ပစ်ထည့်လိုက်သည်။ အစောတုန်းက စွမ်းအားဟာ သူမ၏ ခွန်အားအားလုံးကို ပေါင်းစပ်ထားသည့် အချွန်အတက် လက်ဝါး ဖြစ်သည်။ သူမတစ်ကိုယ်လုံး အစွမ်းမဲ့သွားပြီး သဘာဝအတိုင်း တန်ပြန် တွန်းအားကို မခံနိုင်ခဲ့ချေ။

သို့သော်လည်း ခွန်အား အများစုကို ပိုင်ရီးရီးမှ သယ်ဆောင်လာသောကြောင့် လုံလင်အာ သည် ဒဏ်ရာအပြင်းအထန် မရရှိခဲ့ဘဲ အနည်းငယ် လေ့ကျင့်ပြီးရင် ပြန်လည် ကောင်းမွန်လာနိုင်သည်။

ပုံရိပ်တစ်ခုက ယိုင်နဲ့နဲ့ဖြင့် နောက်ပြန်လှည့်သွားသည်။ သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ဟောက်သံများ နှင့်အတူ ငြိမ်သက်နေခဲ့၏။ တောက်ကျင့်စဥ် ပုံစံများ အဆက်မပြတ် ပေါက်ကွဲနေပြီး နေရာတိုင်းတွင် သွေးများ ပြန့်ကျဲနေကာ ကြောက်စရာ ကောင်းလွန်းသည်။

အောက်ခြေလူအုပ်ဆီမှ လူတစ်ယောက် ပျံတက်လာပြီး ပိုင်ရီးရီးကို ဖမ်းထားလိုက်သည်။ သူမ၏ အသွင်အပြင်သည် ပိုင်ရီးရီးနှင့် တစ်ထေရာတည်းနီးပါး တူသော်လည်း သူမ၏ စိတ်နေစိတ်ထားက ကွဲပြားသည်။ ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်း အဆင့်၃သာ ရှိ၏။

ကျူးချွဲ့ကျောင်းတော်မှ တပည့်များ အားလုံးသည် ပိုင်ရီးရီး၏ အစ်မ ပိုင်လုလုပဲဆိုတာ သိကြသည်။ သူမက ညီမလေးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ တောက်ကျင့်စဥ် ပုံစံများ ကွဲသွားကာ သူမကိုယ်ပေါ် သွေးများ စီးကျလာပေမယ့် သူမက လက်မလွှတ်သေးပေ။

သူ့ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်ခါရင်း ပါးစပ်မှ သွေးများ ထွက်ကျလာသည်။

ညီအစ်မနှစ်ယောက် နောက်ဆုံးတော့ မြေပြင်ပေါ်ကို ဆင်းသက်လိုက်ကြသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့ပြီး သွေးရောင် ကင်းစင်နေပြီ။ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အပြည့်အစုံ မရှိတော့ပေ။ သူမကို ကြည့်မိသူတိုင်း ပိုင်ရီးရီးက အသုံးမဝင်သူ ဖြစ်နေပြီဟု သိကြမည် ဖြစ်သည်။

ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်နေပြီး အားလုံးက ပိုင်ရီးရီးရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို တိတ်တဆိတ် ကြည့်နေကြသည်။ အသာစီးရထားခဲ့တဲ့ ပိုင်ရီးရီးဟာ ဒီလိုကံကြမ္မာမျိုးနဲ့ အဆုံးသတ်သွား လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားပါဘူး။

လုံလင်အာ၏ လက်ဝါးချက်သည် လူအများ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါ​ပြီ။ ၎င်းကို တွေးကြည့်ရုံဖြင့် လူများကို အလွန်ထိတ်လန့် တုန်လှုပ်သွားစေသည်။

ကျူးချွဲ့ကျောင်းအုပ်ကြီး၏ မျက်လုံးများသည် အေးစက်စွာ ငြိမ်သက်နေသော်လည်း သူ့လက်များက တင်းမာနေပြီး သွေးကြောများ ဖောင်းကားနေသည်မှာ သိသာလှသည်။

ရွှမ်ဝူကျောင်းအုပ်က သက်ပြင်းချလိုက်ပြီး ခေါင်းလှည့်ကာ ပိုင်ဟူကျောင်းအုပ်နှင့် ကျူးချွဲ့ကျောင်းအုပ်ကို တိတ်တဆိတ် စိုက်ကြည့်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။ အစောပိုင်းက ကျူးချွဲ့ကျောင်းအုပ်သည် ရွှမ်ဝူအား ရပ်တန့်ရန် တိတ်တဆိတ် အသံလွင့်ခဲ့သော်လည်း သူ့တပည့်ကို အမှားတစ်ခုကြောင့် ပျက်စီးသွားစေမယ်လို့ ဘယ်သူက သိမှာလဲ။

"ကျူးချွဲ့ကျောင်းတော်က ထွက်လိုက် ငါမင်းညီမကို ကယ်​ပေးနိုင်တယ်!"

ထိုအသံ​ကြောင့် ပိုင်လုလုရဲ့ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သူမညီမလေးကို ရင်ခွင်ထဲ ပွေ့လျက် တိတ်တဆိတ် မတ်တပ်ထရပ်ကာ ကျူးချွဲ့ကျောင်းအုပ်ဘက်ကို ကြည့်လိုက်သည်။

"ကျောင်းအုပ်ကြီး... အခု ကျွန်မညီမ မသန်မစွမ်း ဖြစ်သွားပြီ... ကျူးချွဲ့ကျောင်းတော်ကို ပြန်သွားရတာ ကျွန်မတို့အတွက် မကောင်းသလို သူမရဲ့ အနာဂတ်အတွက် ရလဒ်ကောင်းတွေ ရလာမှာ မဟုတ်ပါဘူး... အနီးအနားမှာ စိမ်းလန်းတဲ့ တောင်နဲ့ ရေမြေတွေ ရှိတယ်... နေရာတစ်ခု ရှာပြီး ဒီကျန်နေတဲ့ ဘဝတွေကို အဆုံးသတ်ချင်ပါတယ်... ကျောင်းအုပ်ကြီးက ဖြစ်မြောက်အောင် လုပ်​ပေးမယ်လို့ မျှော်လင့်ပါတယ်"

ကျူးချွဲ့ကျောင်းအုပ်ရဲ့ မျက်နှာသည် မည်းမှောင်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

"မင်းတို့ ညီအစ်မကို တောင်းပန်ပါတယ် မင်းဒီမှာပဲ နေချင်​နေခဲ့​နိုင်တယ် မင်းတို့ရဲ့ကျောင်းသား အဆင့်အတန်းကိုတော့ ရုပ်သိမ်းဖို့ မလိုဘူး..."

"မဟုတ်ဘူး ကျွန်မတို့က ကျောင်းကို အရှက်ရစေလို့ မ​ဖြစ်ဘူး.... ကျောင်းအုပ်ကြီးကလည်း ဒါကို စဥ်းစားမိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"ကောင်းပြီလေ မင်းတို့ နေခဲ့ချင်ရင်တော့ နေခဲ့လိုက်ပါ"

"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး!"

ပိုင်လုလုက သူ့ညီမကို ပွေ့ဖက်ပြီး လှည့်ထွက်သွားတော့သည်။

ဝမ်လင်နှင့် ဝမ်ကျောက်တို့ မောင်နှမ နှစ်ယောက်က တွေ့ပြီး အမြန်ထွက်သွားကာ စကားစမြည် ပြောဆိုပြီးနောက် ထိုညီအစ်မ နှစ်ယောက်ကို လုရွှမ်၏အိမ်သို့ ခေါ်သွားခဲ့သည်။

ပိုင်ရီးရီး၏ အော်သံကို သက်သေခံရင်း ခန်းမတစ်ခုလုံး ခေတ္တတိတ်ဆိတ်နေပြီး အားလုံးက စိတ်ဓာတ်ကျနေကြသည်။ ကျောင်းသားအားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရုတ်တရက် အနည်းငယ် အထီးကျန်သွားသလို ခံစားလိုက်ရသည်။

ထိုအခိုက်တွင် လုရွှမ်မှ

"ပိုင်ရီးရီးရဲ့ အဖြစ်ဆိုးကြောင့် ပြိုင်ပွဲကို ဒီ​နေ့တစ်ရက် ဆိုင်းငံ့ထားပြီး မနက်ဖြန်မှ ပြန်စမှာပါလို့ ဒီနေရာရဲ့ ပိုင်ရှင်အနေနဲ့ ကြေညာလိုက်ပါတယ်..... လူတိုင်း သွားလို့ရပါပြီ... သီးခြားအိပ်ဆောင်ကို ပြန်ပြီး မင်းတို့ရဲ့ ခွန်အားတွေကို ပြန်ဖြည့်ထားကြပါ"

ကျူးချွဲ့၊ ပိုင်ဟူ နှင့် ရွှမ်ဝူတို့ ကျောင်းအုပ်ကြီး သုံးဦးလည်း ကန့်ကွက်ခြင်း မရှိဘဲ ထွက်သွားကြပြီး တပည့်များလည်း လူစုခွဲကာ ကြည့်ရှုသူများမှာ တူညီသော ခံစားချက်ဖြင့် ထွက်ခွာသွားကြသည်။

လုရွှမ်သည် လုံလင်အာအား အခြားကျောင်းသားများ လက်ထဲ ပေးအပ်ပြီး သူဝယ်ထားသည့် ခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။ ခြံဝင်းထဲသို့ တိုးဝင်လာသော် ဒုန်းကနဲ အသံနှင့်အတူ ပိုင်လုလုသည် သူ့ရှေ့တွင် ဒူးထောက် ထိုင်ချလိုက်ပြီး သူမ မျက်လုံးများသည် သွေးများနီရဲနေပြီး သူမခေါင်းကို မြေကြီးဖြင့် အကြိမ်ကြိမ် ဦးတိုက်နေလေ၏။

All Chapters