ကျူ့ယန်ပန်း
Vol. 46 Ch. 4.196
"စိတ်မပူပါနဲ့ ငါ သူမကို ကယ်လိုက်မယ်"
လုရွှမ်က ဆိုလိုက်သည်။
လုံလင်အာရဲ့ လက်ဝါးချက်ကို တားဆီးဖို့ သူမရဲ့နောက်ဆုံးခွန်အားဖြင့် ဓားရှည် ထုတ်ကာ လွှင့်တင်လိုက်ကတည်းက လုရွှမ် သူမအသက်ကို ကယ်တင်ဖို့ စိတ်ပိုင်း ဖြတ်ထားပြီးသား ဖြစ်သည်။
ထိုအချိန်တွင် ပိုင်ရီးရီးသည် ထိုလက်ဝါးချက်အား သူမ လုံးဝ မတားဆီးနိုင်ခဲ့တာကို တွေ့ရှိခဲ့သည်။
ရှုံးပွဲမရှိ အခြေအနေအတွက် ဓားကို ဘာကြောင့် ဆက်သုံးခဲ့တာလဲ ဆိုရင် ဒီလိုမှမဟုတ်ရင် နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်သည်။ သူမရဲ့ ကြင်နာမှုသည် လုံလင်အာကို ကယ်တင်ခဲ့ပြီး သူ့ကိုယ်သူလည်း ကယ်တင်နိုင်ခဲ့သည်။
ပိုင်ရီးရီးကို တိတ်ဆိတ်သော အခန်းထဲသို့ သယ်ဆောင်လာရင်း လုရွှမ်သည် ကျောက်စိမ်းတွင်းမှ ဆေးပစ္စည်းများကို ထုတ်လိုက်ပြီး အဂ္ဂိရတ်ဆေးလုံးကို သန့်စင်လိုက်သည်။ ထိုဆေးလုံးမှာ သူတော်စင်နယ်ပယ်က ဆေးလုံး နတ်ဆေးလုံး မဟုတ်ဘဲ အခြေခံအုတ်မြစ်ကို ခိုင်ခံ့စေပြီး ယွမ်ချီကို ပြန်လည် မွေးမြူစေမည့် ဆေးသာ ဖြစ်သည်။
ကလေးမလေးသည် ကျောက်စိမ်းတွင်းမှ တိတ်တဆိတ် ထွက်လာခဲ့ပြီး တောက်ကျင့်စဥ် နိယာမစွမ်းအင်များကို သူမ၏ ခန္ဓာကိုယ်မှတစိဆင့် ပိုင်ရီးရီး၏ ခန္ဓာကိုယ်ထဲသို့ လောင်းထည့်လိုက်သည်။
နေ့တစ်ဝက် ကြာပြီးနောက် လုရွှမ် အခန်းထဲမှ ထွက်လာခဲ့သည်။ ပိုင်ရီးရီးကို ဧည့်ခန်းမှာ အနားယူဖို့ စီစဉ်ပေးထားထားသည်။ သူမရဲ့ ပွန်းပဲ့ဒဏ်ရာတွေက အနားယူဖို့ လိုအပ်ပေမယ့် တောက်ကျင့်စဥ် ပုံစံကို ပြန်လည် ပေါင်းစပ်ထားပြီမို့ မကြာခင် အချိန်နဲ့အမျှ ကုသနိုင်သွားမှာပဲ ဖြစ်သည်။
သို့ရာတွင် ကျင့်ကြံမှု အခြေခံသည် သူတော်စင်တစ်ပိုင်း အဆင့်၉မှ အဆင့်၁အထိ ကျဆင်းသွားမည်ဖြစ်ပြီး အရာအားလုံးသည် အစမှ ပြန်စရလိမ့်မည်။
"ချင်းလုံအရှင်... ကျွန်မအသက်ကို ကယ်ခဲ့တဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်.. ဒီကျေးဇူးကို ဒီဘဝနဲ့ နောင်ဘဝမှာ ကျွန်မတို့ ညီအစ်မတွေက နွားတွေ မြင်းတွေအဖြစ် အလုပ်လုပ်ရရင်တောင် ကျေးဇူးဆပ်ပါ့မယ်"
ပိုင်လုလုက စကားအများကြီး မပြောပေမယ့် သူမ ပြောသမျှက နှလုံးသားထဲက ထွက်ကျလာတဲ့ စကားလုံးတွေသာ ဖြစ်ပေသည်။
"ဘာမှ မဟုတ်ပါဘူး... ငါက ဒီလူယုတ်မာကို နားမလည်နိုင်လောက်အောင် အမြင်ကတ်နေရုံပဲ!"
လုရွှမ် ပြုံးလိုက်သည်။ ထိုစဥ် ဝမ်ကျောက်တစ်ယောက် ခြံရှေ့မှ ရုတ်တရက် ပြေးဝင်လာပြီး
"ဆရာ.... ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ အရည်အချင်းရှိ မိန်းကလေး လေးယောက်နဲ့ မင်းသမီးပိုင်လုံတို့ ရောက်ရှိလာပါတယ်... သူတို့က ဒီကို လာလည်ချင်တယ်လို့ ပြောနေကြတယ်"
"သူတို့လေးယောက်က ဒီမှာ ဘာလုပ်ဖို့လဲ"
ကောင်မလေး နှစ်ယောက်ကို အရင်အနားယူဖို့ပြောပြီးနောက် လုရွှမ် ထိုမိန်းကလေးတွေကို တွေ့ဖို့ ထွက်လာခဲ့သည်။
မင်းသမီးပိုင်လုံသည် လုရွှမ်ကို ကြည့်ကာ ထူးထူးခြားခြား ပြုံးပြလာ၏။ သူမသည် တော်ဝင်မင်းသမီးလေး၏ အမူအရာ အနည်းငယ်မျှ မရှိချေ။ မိန်းကလေး လေးယောက်က လုရွှမ်နဲ့ သိပ်မရင်းနှီးပေမယ့် သူတို့အားလုံးက 'မင်းကို ဖမ်းမိပြီ' ဟူသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။
"ရှင်ဘယ်သူလဲဆိုတာ ကျွန်မတို့ သိသွားပြီ!"
နောက်ဆုံးတော့ မင်းသမီးပိုင်လုံက စကား စလိုက်ပေ။
လုရွှမ်လည်း ရုတ်တရက် သိလိုက်သည်။ ဒါပေမဲ့ သူ့မျက်နှာကို အံ့ဩတဲ့အကြည့်နဲ့ လုပ်ရင်း အော်လိုက်၏။
“မင်းတို့ ငါးယောက်နဲ့ငါက ကောင်းကောင်း ရင်းနှီးလို့လား”
မင်းသမီးပိုင်လုံက ပြေးလာကာ ရတနာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သလို လုရွှမ် လက်မောင်းကို ဖက်ထားလိုက်၏။
"အစ်ကို ယွမ်ယန်ဆိုတာ ကျွန်မ သိပါတယ်!"
"ပြီးတော့ ရှင်က ထျန်းလုံကျောင်းတော်က အလိုရှိနေတဲ့ လုရွှမ် ဆိုတာကလည်း ကျွန်မတို့သိတယ်... အခုတော့ ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးတောင် ဖြစ်သွားပြီ"
ရော့ယိုးက ပြုံးပြီး ပြောလေ၏။ လုံယင်ကလည်း တခစ်ခစ် ရယ်ပြီး ဦးညွှတ်လိုက်ပေသည်။
"ငါ့ကိုယ်ငါ့ အမြဲတမ်း ဟုတ်လှပြီလို့ ထင်နေခဲ့တာ... လတ်စသတ်တော့ ရှင်ကမှ စီနီယာ ဖြစ်နေတာကိုး... လေးစားပါတယ် လေးစားပါတယ်"
ထျန်းယင်က သူမလက်ကို ဝှေ့ယမ်းပြရင်း လျှပ်စီးလက်သလို မျက်လုံးများဖြင့်
"ရှင်စောစောက ဆေးလုံး သန့်စင်လာတာပဲ.. မိန်းကလေးပိုင်ရီးရီးကို တကယ်ကုသ ပေးနိုင်တာလား?"
လုရွှမ်သည် မင်းသမီးပိုင်လုံ၏ ရေဘဝဲကဲ့သို့ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသော လက်များကို မဖယ်ရှားနိုင်တာကို တွေ့လိုက်မှသာ သူ့ခေါင်းကို ကူကယ်ရာမဲ့ ခါယမ်းလိုက်တော့တသည်။
"ကောင်းပြီ... အရင်လွှတ်တော့ ငါအရင်ဆုံး အခင်းအကျင်း ဖွဲ့စည်းမှုကို ဖြည့်တင်းလိုက်ဦးမယ်"
မိန်းကလေးတွေက သူ့ကိုလုရွှမ်လို့ ထင်နေပြီ ဖြစ်တဲ့အတွက် တခြားလူတွေလည်း သံသယတွေ အများကြီး ဝင်လာနိုင်သည်။
ဤအခင်းအကျင်း ဖွဲ့စည်းပုံ၏ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ကျူးချွဲ့၊ ရွှမ်ဝူနှင့် ပိုင်ဟူကျောင်းတော်က သခင်သုံးပါး၏ ကျူးကျော်ဝင်ရောက်မှုကို တားဆီး၍ မရပေ။ သူတို့ ဂရုတစိုက် နားထောင်လိုပါက စကားလုံးများကို ဖုံးကွယ်ထားလို့ မရပေ။
ကံကောင်း ထောက်မစွာဖြင့် မင်းသားသုံးပါး၏ ရတနာသိုက်များကို လုယူပြီးနောက်တွင် အမျိုးမျိုးသော သတ္တုပြားများနှင့် မှော်လက်နက်ပစ္စည်းများကို အများအပြား ရှိခဲ့သည်။ လုရွှမ်သည် လျင်မြန်စွာ အခင်းအကျင်း ဖွဲ့စည်းမှုများကို ပြန်လည် ပြင်ဆင်လိုက်သည်။
ကျူးချွဲ့ကျောင်းအုပ်ရဲ့ တိုက်ခိုက်မှုကို မတားဆီးနိုင်သော်လည်း သူ၏ဝိညာဉ် အတွေးဖြင့် နားထောင်လာခြင်းကို တွန်းလှန်ရန် လုံလောက်သည်။
"မင်းတို့ဒီကို ဘာလာလုပ်ကြတာလဲ?"
အခုသူ့ကို သိနေကြပြီဆိုတော့ လုရွှမ် ဖုံးကွယ်မနေဘဲ တည့်တည့်ပဲ မေးလိုက်သည်။
အမျိုးသမီး ငါးယောက်က တစ်ယောက်ကို တစ်ယောက် တစ်ချက် ကြည့်လိုက်ရင်း ယခင်က မောက်မာမှုတွေ ပျောက်ကွယ်သွားတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့သည် ယခင်က လှောင်ပြောင်မှု အမျိုးမျိုးကို တွေးတောခဲ့ကြသော်လည်း လုရွှမ်၏ အစွမ်းအစကို မြင်ပြီးနောက်တွင် သူတို့တွင် ထိုသတ္တိများ မရှိတော့ချေ။
အရည်အချင်းရှိ အမျိုးသမီး လေးယောက်စလုံးသည် မင်းသမီးပိုင်လုံကို စူးစူးစိုက်စိုက် ကြည့်လိုက်ကြသည်။ မင်းသမီးပိုင်လုံက ရယ်မောသံဖြင့် ဆိုလိုက်သည်။
"သူတော်စင်တစ်ပိုင်းကမ္ဘာထဲဲ ဝင်ရောက်ပြီးရင် ကျွန်မတို့ကို ကာကွယ်ပေးစေချင်လို့ပါ"
မိန်းကလေး လေးယောက်၏ မျက်လုံးများထက်ပင် မင်းသမီးပိုင်လုံ၏ မျက်လုံးများသည် လုရွှမ်အား အားကိုးရာမဲ့ ကြည့်နေ၏
သူတော်စင်တစ်ပိုင်းကမ္ဘာ?
လုရွှမ် ခေါင်းခါလိုက်သည်။ ဒီလိုနေရာမျိုး ရှိမှန်းတောင် သူ မသိလိုက်ဘူး။
မိန်းကလေး ငါးယောက်သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လုရွှမ်၏ဇာစ်မြစ်ကို ပို၍ သိချင်လာကြသည်။ သူတော်စင်တစ်ပိုင်း ကမ္ဘာသည် အလယ်အလတ် အဆင့်ရှိ ဧကရာဇ်အင်ပါယာများတွင် လူသိများသည်။
တချို့သော အဆင့်မြင့် ဧကရာဇ်အင်ပါယာများတွင်ပင် ထိုနေရာကို လူသိများသည်။ ရောက်ရှိလာသော အဆင့်မြင့် အင်ပါယာဂိုဏ်းများမှ တပည့်များစွာပင် သိကြရာ လုရွှမ်က ဘာကြောင့် မသိရတာလဲ။
လုရွှမ်သည် နိမ့်ကျသော အင်ပါယာနိုင်ငံမှ လာကြောင်း ကောလဟာလများ ရှိခဲ့သည်။ အဆင့်နိမ့် တော်ဝင်အင်ပါယာလို့ နေရာမျိုးက ဘယ်လိုလုပ် လုရွှမ်လို့ လူတစ်ယောက် ထွက်ပေါ်လာနိုင်မှာလဲ။
မင်းသမီးပိုင်လုံက သူတော်စင်တစ်ပိုင်း ကမ္ဘာသည် သေးငယ်သော ကမ္ဘာတစ်ခု သို့မဟုတ် အထူးနေရာ တစ်ခုဖြစ်ကြောင်း မည်သူမျှ မသိကြောင်း လျင်မြန်စွာ ရှင်းပြလာခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်ကမှ ပေါ်လာပြီးနောက်တွင် ၎င်းသည် အအလယ်လတ် တန်းစား ဧကရာဇ်အင်ပါယာ လေးခုဖြစ်သည့် ထျန်းလုံ၊ ကျူးချွဲ့၊ ပိုင်လုံ နှင့် ရွှမ်ဝူ ဧကရာဇ် အင်ပါယာတို့၏ တားမြစ်နေရာ ဖြစ်ခဲ့သည်။
အလယ်အလတ် တန်းစား ဧကရာဇ်အင်ပါယာ လေးခုသည် သူတော်စင်တစ်ပိုင်း ကမ္ဘာကို ကာကွယ်ရန် အတူတကွ လုပ်ဆောင်ကြပြီး ဝင်ရောက်ချက်ပါက မြင့်မားသော စျေးတစ်ခု ပေးရမှာ ဖြစ်သည်။ ထုံးစံအတိုင်း အင်ပါယာ လေးခုအတွင်း ပြိုင်ဆိုင်မှုလည်း ရှိပါသေးသည်။
ကျောင်းတော် လေးခုအနက်မှ မည်သည့် ကျောင်းမဆို ရလဒ်ကောင်းများ ရရှိခဲ့ပါက ဈေးက သဘာဝကျကျ နည်းပါးမည် ဖြစ်သည်။
သူတော်စင်တစ်ပိုင်း ကမ္ဘာတွင် မှော်ရတနာ များစွာရှိကြောင်း၊ အထူး လေ့ကျင့်ရေး နည်းလမ်းများ၊ ဆေးဖက်ဝင် ပစ္စည်းများပင် ရှိကြောင်း၊ ရှေးခေတ်က မျိုးသုဉ်းသွားခဲ့သော ရတနာများနှင့် ထူးဆန်းသော ရတနာများရှိကြောင်း ကောလာဟလများပင် ရှိသေးသည်။
အမြတ်ကြီးလေ အန္တရာယ် ကြီးလေပင်။ အနည်းဆုံး သူတော်စင်တစ်ပိုင်းကသာ သူတော်စင်တစ်ပိုင်း ကမ္ဘာထဲကို ဝင်ရောက်ရန် အရင်းအနှီး ရှိလေသည်။ သို့သော် ယေဘူယျအားဖြင့် စည်းကမ်းချက်မှာ စတုတ္ထအဆင့်ရှိ သူတော်စင်တစ်ပိုင်းသည်ပင် ၎င်းထဲသို့ ဝင်လိုလျှင် မိမိကိုယ်မိမိ ကာကွယ်နိုင်ရုံသာ ရှိသည်။
များသောအားဖြင့် သူတော်စင်တစ်ပိုင်းကမ္ဘာထဲ ဝင်ရောက်သူများသည် နယ်ပယ်တစ်ခုကို ဖြတ်ကျော်ရန် နည်းလမ်း ရှာဖွေနေသည့် သူတော်စင်တစ်ပိုင်း အဆင့်၉ရှိ ကျွမ်းကျင်သူများ ဖြစ်သည်။
အမျိုးသမီးလေးဦး၏ ပျမ်းမျှ အင်အားသည် သူတော်တစ်ပိုင်း အဆင့်၃ အဆင့်၄ ဖြစ်လို့ ထိုကမ္ဘာငယ်ထဲ ဝင်ရောက်ဖို့ ညံ့ဖျင်းလေသည်။ သူတော်စင်တစ်ပိုင်း ကမ္ဘာက ထျန်းလုံဧကရာဇ်အင်ပါယာ မဟုတ်ပါ။
လူတိုင်းက ဒီနေရာမှာ အရည်အချင်းရှိတဲ့ အမျိုးသမီး လေးယောက်နဲ့ မင်းသမီးပိုင်လုံကို လေးစားကြပြီး ထိုနေရာတွင်တော့ အင်အားကြီးသူက အနိုင်စားသူပဲ ဖြစ်သည်။
မိန်းကလေး ငါးယောက် ဝင်သွားလျှင် ခွန်အားမရှိပါက အသတ်ခံရမှာ ဧကန်ပင်။
"မင်းတို့အားလုံးမှာ ကိုယ်ရံတော်တွေ ရှိတယ် မဟုတ်လား?"
လုရွှမ် ရော့ယိုးနဲ့ မင်းသမီးပိုင်လုံတို့တွင် သူတော်စင်တစ်ပိုင်း အဆင့် ၉ ပြီးပြည့်စုံသောကာလ အဆင့်ရှိတဲ့ အဘွားကြီး တစ်ယောက်ရဲ့ စောင့်ကြပ်မှုအောက်မှာ ရှိတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေး၏။
တော်ဝင်မိသားစုမှာ သဘာဝအတိုင်း စောင့်ရှောက်သူတွေ ရှိကြတယ်လေ။ တခြားမိန်းကလေးတွေနဲ့ မတွေ့ဖူးပေမယ့် သူတို့ရဲ့ အထောက်အထားတွေ အတွက်တော့ စိတ်ပူစရာ မလိုပါဘူး။
"သူတို့အားလုံးက အသက်တစ်ရာ ကျော်နေပြီ.... ဝင်သွားလို့ မဖြစ်ဘူး"
မင်းသမီးပိုင်လုံက ညှိုးငယ်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ဒါဆို မင်းတို့ကို ကာကွယ်ပေးတာ ငါ့အတွက် ဘာအကျိုးရှိလဲ"
“ကျွန်မတို့ ခန္ဓာကိုယ်နဲ့ ကတိပြုပေးလို့ ရတယ်”
မိန်းကလေး လေးယောက်က အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် တစ်ညီတစ်ညွတ်တည်း အော်ဟစ် လိုက်ကြသည်။ မင်းသမီးပိုင်လုံရဲ့ မျက်နှာကလည်း နီရဲလာပြီး လုရွှမ်အား ရှက်ရွံ့နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ
"ကျွန်မရောပဲ"
"ပေါက်ကရတွေ လျှောက်မပြောနဲ့.... ငါ့မှာ သဘောကျတဲ့လူ ရှိနေပြီ"
လုရွှမ်က ဆိုလိုက်၏။
"သိပါပြီ!"
ထျန်းယင်က ရေရွတ်ပြီး မျက်ခုံးပင့်လိုက်သည်။
"ဒါဆို ကျွန်မတို့မှာ ရှင့်ကို ပေးစရာ ဘာမှမရှိဘူး... ကျွန်မတို့ အဲဒီအထဲက ကျူ့ယန်ပန်းကို လိုချင်တာ"
"အဲ့ထဲမှာ ကျူ့ယန်ပန်း ရှိတယ်ဟုတ်လား??"
လုရွှမ် ထိတ်လန့်သွားသည်။ ကျူ့ယန်ပန်းဆိုတဲ့ နာမည်အရ ပန်းပွင့်တွေကို စားလိုကိရင် အလှတရားက ထာဝရ တည်မြဲနေနိုင်တယ်လို့ ဆိုကြ၏။
သို့သော် ထိုကျူ့ယန်ပန်းဟာ ထူးထူးထူးခြားခြား မှော်ဆန်တဲ့ အကျိုးသက်ရောက်မှု တစ်ခုရှိတယ် ဆိုတာ သူသိပါသည်။