← Chapters

အမှုအခင်း

Vol. 46 Ch. 4.197

အမှုအခင်း

Vol. 46 Ch. 4.197

လုရွှမ် စတင် တွေးတောလာခဲ့သည်။ ကျူ့ယန်ပန်း၏ အံ့ဖွယ်ကောင်းသော နောက်ထပ် သက်ရောက်မှုမှာ ယွမ်ချီစွမ်းအားကို သူတော်စင် စွမ်းအားအဖြစ် ပြောင်းလဲခြင်း၏ စွမ်းဆောင်ရည်ကို တိုးမြင့်လာစေခြင်း ဖြစ်ပြီး အလွန်ကြောက်စရာ ကောင်းသည့် လုပ်ဆောင်မှု တစ်ခုဖြစ်သည်။

ကျင့်​ကြံ​ခြင်း လောကတွင် သူတော်စင်တစ်ပိုင်းမှ သူတော်စင်နယ်ပယ် ဖြစ်လိုလျှင် ထိုအခြေအနေနှစ်ရပ် လိုအပ်သည်ဟု ကောင်းစွာ သိထားရမည်။

သို့သော် အမှန်တကယ်တော့ သွယ်ဝိုက်သော အခြေအနေ တစ်ခုလည်း ရှိ​နေ​သေးသည်။ ပထမ အခြေအနေနှစ်ခုနှင့် ကိုက်ညီပါက သူတော်စင် ဖြစ်ရန် ၅၀% အနည်းဆုံး အခွင့်အရေး ရှိသည်။

တတိယ အခြေအနေနှင့် ကိုက်ညီပါက သူတော်စင်ဖြစ်ရန် ဖြစ်နိုင်ချေ ၁၀၀% ရှိမည်ဖြစ်ပါသည်။

ပထမအချက်မှာ ကျင့်​ကြံမှု အဆင့်ကို သူတော်စင်တစ်ပိုင်း အဆင့်၆သို့ မြှင့်တင်ထားရန် ဖြစ်သည်။

ဒုတိယအချက်မှာ တောက်ကျင့်စဥ် ပုံစံများနှင့် ရောယှက်နေသော နိယာမစွမ်းအင် အသွင်အပြင်များကို သိရှိနားလည်ရန် ဖြစ်သည်။ ၎င်းသည် အသွင်အပြင်ချည်း မဟုတ်တော့ဘဲ ကိုယ်ပိုင်ကျင့်စဉ်၏ မူလစွမ်းအားအဖြစ် ပြောင်းလဲထားရမည်။

တတိယအချက်မှာ ခန္ဓာကိုယ်အတွင်းရှိ ယွမ်ချီစွမ်းအားကို သူတော်စင် စွမ်းအားအဖြစ် လုံးဝ ပြောင်းလဲပစ်ရန်သာ ဖြစ်သည်။

အမှန်တော့ သူတော်စင်များစွာသည် ယွမ်ချီကို သူတော်စင်များ ဖြစ်လာပြီးနောက်မှသာ သူတော်စင် စွမ်းအားအဖြစ် အပြည့်အဝ ပြောင်းလဲနိုင်သောကြောင့် ယွမ်ချီကို သူတော်စင်တစ်ပိုင်း ကာလတွင် သူတော်စင် စွမ်းအားအဖြစ် ပြောင်းလဲခြင်း၏ ကြောက်မက်ဖွယ် အကျိုး သက်ရောက်မှုကို လူအများက သတိမပြုမိကြပေ။

ကျူ့ယန်ပန်းသည် အလွန်ကြောက်စရာ ကောင်းသော အကျိုး သက်ရောက်မှုရှိပြီး တခြားအပင်များ၏ ပူးပေါင်း ဆောင်ရွက်မှုလည်း လိုအပ်သည်။

သို့သော် ကျူ့ယန်ပန်းတွင် အထူးဂုဏ်သတ္တိ နှစ်မျိုး ရှိ​လေသည်။ ဆိုလိုသည်မှာ ပန်းပွင့်များကို ခူးဆွတ်ပြီး တစ်ခဏအတွင်း သုံးရမည်။ မဟုတ်ပါက ဆေးဖက်ဝင် ဂုဏ်သတ္တိများ ဆုံးရှုံးသွားမည် ဖြစ်သည်။

ဒုတိယအနေဖြင့် ကျူ့ယန်ပန်းကို အပျိုစင်စစ်စစ်များမှ ခူးဆွတ်ရမည် ဖြစ်ပြီး မဟုတ်ပါက ၎င်း၏ဆေးဖက်ဝင် ဂုဏ်သတ္တိများ ဆုံးရှုံးသွားမည်ဖြစ်သည်။

သူတော်စင်တစ်ပိုင်း ကမ္ဘာက ကျူ့ယန်ပန်းဟာ ဤမိန်းကလေး ငါးယောက်ကို ဆွဲဆောင်ထားနိုင်တာ ထင်ရှားလေ၏။ မိန်းကလေး ငါးယောက်ရဲ့ မျက်လုံးထဲက မျှော်လင့်နေတဲ့ အကြည့်တွေကို မြင်တော့ ကျူ့ယန်ပန်းကို လိုချင်ရင် သူတို့နဲ့အတူ သွားရမယ် ဆိုတာ လုရွှမ် သိလိုက်သည်။

ကျူ့ယန်ပန်းသည် အမျိုးသမီး တစ်ဦးအပေါ် ကောင်းကောင်းကြီး သွေးဆောင်မှုနိုင်ကြောင်း သူလည်း သဘောပေါက်ပါသည်။

"ဒါပေမဲ့ မင်းတို့က ငါးယောက်တောင် ရှိတယ်..."

"အစ်ကိုယွမ်ယန်... စိတ်မပူပါနဲ့ အဲဒီကျူ့ယန်ပန်းက အနည်းဆုံး ပန်းကိုးပွင့် ရှိတယ်ဆိုတာ သေချာတယ်... ပြီးတော့ သူ့မှာ ပွင့်ချပ်ကိုးချပ်နဲ့ ရှိနိုင်တယ် ဆိုတာလည်း သေချာတယ်"

လုရွှမ်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့ပြီး

"ကိုးပွင့် ဟုတ်လား? ကိုးရောင်​ခြည် ပန်းလား?"

သူ့အသက်ရှူသံက အနည်းငယ် မြန်လာသည်။ ကျူ့ယန်ပန်းသည် ယေဘူယျအားဖြင့် သုံးပွင့်၊ ငါးပွင့် သို့မဟုတ် ခုနစ်ပွင့် ရှိသည်။ အခုဟာက ၉ပွင့်ဆိုတော့ ကျူ့ယန်ပန်း မဟုတ်ဘဲ ကိုးရောင်ခြယ်ပန်း ဖြစ်မည်။

ကျူ့ယန်ပန်း အားလုံးက ကိုးပွင့် မပွင့်နိုင်ဘူး။ တစ်ရာထဲက တစ်ပွင့် ဆိုရင်တောင် ကိုးရောင် ပွင့်ချပ်များအဖြစ် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။

ကျူ့ယန်ပန်းနှင့် နှိုင်းယှဉ်ပါက ကိုးရောင်ခြည် ပန်းပွင့်သည် ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများနှင့် ဆေးဖက်ဝင် အာနိသင်အရ ပိုအစွမ်းထက်သည်။ အထူးသဖြင့် အရောင် ကိုးရောင်ရှိသော ပန်းသည် သူတော်စင်ယွမ်ဆေးကို သန့်စင်တဲ့ နေရာမှာ အသုံးဝင်လေ၏။

ကျူ့ယန်ပန်းကတော့ သူတော်စင်ယွမ်ဆေး အတွက် သေးငယ်သော အကျိုးသက်ရောက်မှု တစ်ခုသာ ဖြစ်သည်။

မင်းသမီးပိုင်လုံက လေးလေးနက်နက် ခေါင်းညိတ်ပြပြီး သူမ၏ မျက်လုံးများသည် တုန်လှုပ် ခြောက်ခြားစွာဖြင့် တောက်ပနေသည်။

"အဲဒီကျူ့ယန်ပန်းကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ကျွန်မအဒေါ် ရှာတွေ့ခဲ့တာ... ကံမကောင်းစွာနဲ့ အဲဒီအချိန်တုန်းက အဒေါ်က ဒဏ်ရာ အပြင်းအထန် ရထားပြီး စောင့်ရှောက်နေတဲ့ သူတော်စင်သားရဲကို မကိုင်တွယ်နိုင်တာနဲ့ တည်နေရာကို မှတ်ပြီး ထွက်ပြေးခဲ့ရတယ်... အဲဒီတုန်းက ကျူ့ယန်ပန်းက ၇ပွင့် ပွင့်နေပြီ"

"ကျွန်မတို့က ကျူ့ယန်ပွင့်တွေပဲ လိုချင်တယ်... ကျန်တာအားလုံး ရှင့်အပိုင်ပဲ.. အခြေအနေကတော့ ရှင် ကျွန်မတို့ကို ကာကွယ်ဖို့ပဲ"

လုံယင်က ပြောပြီး သူမရဲ့ ကျောက်စိမ်းလက်ကို လုရွှမ်ရှေ့သို့ ဆန့်တန်းလိုက်သည်။

"သဘောတူညီမှုရပြီလား?"

လုရွှမ်သည် တခဏမျှ တုံ့ဆိုင်းမနေဘဲ လုံယင်နှင့် လက်ဆွဲ နှုတ်ဆက်လိုက်သည်။

"ပူးပေါင်းရတာ ဝမ်းသာပါတယ်"

နောက်တစ်နေ့တွင် ယခင်နေ့က ဖြစ်ပွားခဲ့သော ကြေကွဲစရာကြောင့် ထျတ်းလုံမြို့၏ လေထုတစ်ခုလုံး အေးခဲသွားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ထျန်းလုံကျောင်းတော် မှ ကျောင်းသားများသည် ဤပြိုင်ပွဲ၏ ကျော်ကြားမှုကို ခိုးယူသွားခြင်းကြောင့် အငွေ့အသက်များ ပိုမိုအသက်ဝင်လာသည်။

အတိတ်က ဒေါသတွေ ဂရုမစိုက်ဘဲ မနေချင်ကြတဲ့ မြို့သူမြို့သား အတော်များများကလည်း ပြေးလာပြီး စောင့်မျှော်နေကြသည်။ ဒီနှစ် ပြိုင်ပွဲက အရမ်းကို ကွာခြားနေသည်လေ။

လုရွှမ်သည် ဝမ်လင်နှင့် ဝမ်ကျောက်တို့ မောင်နှမများကို ဦးဆောင်ကာ ရူယန်းဆိုတဲ့ ကလေးမလေးကိုလည်း လမ်းမပေါ် ဆွဲခေါ်လာခဲ့သည်။ ရူယန်းရဲ့ သနားစရာကောင်းတဲ့ မျက်လုံးတွေကို သည်းမခံနိုင်တော့တာကြောင့် ခေါ်ထုတ်လာခဲ့ခြင်းပင်။

"ဒါက ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီး မလား? သူက တကယ့်ကို ငယ်ရွယ်ပြီး အလားအလာ ရှိတဲ့သူပဲ"

လမ်းတစ်လျှောက်တွင် လုရွှမ်သည် သူ့အကြောင်း မှတ်ချက်များစွာ ကြားရပြီး အချို့က အထင်အမြင် သေးသော်လည်း ချီးမွမ်းသူများက ပိုများလာခဲ့သည်။

"ဒါအမှန်ပဲ... သူက သူတော်စင်တစ်ပိုင်းရဲ့ တတိယအဆင့်မှာ ရှိသေးပေမယ့် သူ့ရဲ့ အရည်အချင်းက ပျောက်ဆုံးနေတဲ့ ဌာနမှူးရဲ့ အရည်အချင်းတွေထက် မနည်းအောင်ကို မြင့်မားတယ်"

"ငါတို့ ထျန်းလုံကျောင်းတော်က နောက်ဆုံးတော့ ပြန်ပြီး အောင်မြင်တော့မှာပေါ့!"

သူတို့ရှေ့က သံမဏိချောင်းကြီးလို လူအုပ်ကြီးဆီကနေ အပြေးအလွှား ပြေးထွက်လာတဲ့ ပြင်းထန်တဲ့ လူသတ်ချင်တဲ့ အရှိန်အဝါတွေဟာ လုရွှမ်ရှိရာဆီ ဦးတည်လာရာ အရင်က ငြိမ်းချမ်းတဲ့ လေထုကို ချက်ချင်း ဖျက်ဆီးပစ်လိုက်တော့သည်။

ရူယန်းသည် အလွန်ကြောက်လန့်ပြီး ဝမ်လင်နောက်သို့ အမြန် ပြေးပုန်းလိုက်သည်။ လုရွှမ် မျက်မှောင်ကြုတ်ကာ သူ့ဆီသို့ ဤအရှိန်အဟုန် ရောက်ရှိလာတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သူ့စိတ်ထဲတွင် လှောင်ရယ်နေမိသည်။ ဘယ်သူကများ ဒီအချိန်မှာ သူနဲ့ ရန်သူဖြစ်ဖို့ သတ္တိရှိနေလဲ ဆိုတာ တွေ့ချင်လာသည်။

"အဲဒါက ထျန်းလုံအစောင့်ပဲ!"

တပ်ဖွဲ့များ အရှိန်အဟုန်ဖြင့် ဖြတ်ကျော်လာသောအခါ ​မြို့သားများသည် ထိုအမည်ကို ချက်ချင်းပဲ မှတ်မိသွားကြသည်။

ယခင်အသံများ ရုတ်တရက် ရပ်တန့်သွားသည်။

ထျန်းလုံမြို့ရှိ အဓိက တပ်ဖွဲ့ နှစ်ခုသည် တစ်ပြေးတည်း ရပ်တည်နေသည်။ ထျန်းလုံကျောင်းတော်၏ ကျောင်းအုပ်ကြီး လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားမှု နှင့်အတူ တော်ဝင်မိသားစု၏ စွမ်းအားသည် မလွဲမသွေ အားကောင်းလာခဲ့သည်။

ပုံမှန်အားဖြင့် ထျန်းလုံ အစောင့်တပ်၏ စွမ်းအားသည် အလွန် များပြားလာပြီး ၎င်းတို့သည် မြို့၏နေရာအနှံ့တွင် ပျံ့နှံ့နေသည်။ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှလွဲ၍ ၎င်းတို့ကို တားဆီးရန် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ဘယ်သူ့မှာမှ မရှိပေ။

ထျန်းလုံအစောင့်များ ပြေးချလာစဥ် နှစ်ဖက်စလုံးမှ မြို့သူမြို့သားတွေင လျင်မြန်စွာ လူစုခွဲခဲ့ပြီး မည်သူမျှ မျက်စိစုံမှိတ် ပါဝင်ရန် သတ္တိ မရှိကြပေ။

ရယ်စရာကောင်းသော အသွင်အပြင်ရှိသူ သက်လတ်ပိုင်း မုတ်ဆိတ်မွေးကားကားနဲ့ အမျိုးသားတစ်ဦးသည် သူ၏လက်ဖဝါးတွင် ဓားငယ်တစ်ချောင်းကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးထွက်လာ၏။ ဓားက ဝိညာဉ်အသိ ရှိနေသလိုပင်။

ဓားသေးသေးလေးသည် သွက်လက်ပြီး အနေအထားကို အဆက်မပြတ် ပြောင်းလဲနေသည်။ ထို့နောက် ဓားထိပ်က လုရွှမ်ကို ညွှန်ပြလာ၏။

"အဲဒါ သူပဲ.... သူ သခင်ရဲ့ ရတနာစံအိမ်ကို လုယူသွားတာ"

မုတ်ဆိတ်မွေးနဲ့ ယောက်ျားက စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး လုရွှမ်ဆီသို့ လက်ညှိုးကို ညွှန်​ပြလိုက်သည်။

ထိုလူက ပြောပြီးသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေမှန်း သိလိုက်ရသည်။ လုရွှမ်ကို မြင်လိုက်သောအခါ သူ့ခမျာ ချော်လဲလုနီးပါး လန့်​ဖြတ်သွားပြီး

"ထျန်းလုံကျောင်းတော်.... ကျောင်းအုပ်ကြီး?"

လုရွှမ်လည်း ထိတ်လန့်သွားပြီး ဓားသေးသေးလေးကို ကြည့်လိုက်သည်။ ရတနာစံအိမ်မှာ ဒီလောက် မှော်ဆန်တဲ့ အရာတစ်ခု ရှိမယ်လို့ မမျှော်လင့်ထားပေ။ အချိန်အတော် ကြာပြီးနောက် ထိုရတနာရဲ့ အသက်ရှုသံကိုပင် သူ ခံစားလာရသည်။

ချက်ချင်းပင် ဘာဖြစ်သွားလဲ ဆိုတာ သူ ကြိုတွေးထားပြီးသား ဖြစ်သွားသည်။

အဲဒီလူက မင်းသားလေးပဲ ဖြစ်ဖြစ်၊ စတုတ္ထမြောက် (သို့) ၁၄ ယောက်မြောက် မင်းသားလေးပဲ ဖြစ်ဖြစ် အဲဒီ့နောက် ဓားလေးနဲ့ ရတနာစံအိမ်ကို ခိုးသွားတဲ့သူကို လျှို့ဝှက်စွာ ရှာဖွေနေခဲ့တာပဲ ဖြစ်ပေမည်။

ရတနာစံအိမ်ရှိ ပစ္စည်းအားလုံးကို ကျောက်စိမ်း​ပြားထဲသို့ စုဆောင်းထားသောကြောင့် သဘာဝအတိုင်း အာရုံ မခံစားနိုင်ပေ။ သူနေနေတဲ့ စံအိမ်ကြီးကိုလည်း အခင်းအကျင်း အထပ်ထပ်ဖြင့် ကာရံထားလို့ စုံစမ်းခြင်း၏ ရနံ့ကို တားဆီးထားသည်။

မင်းသားသုံးပါး၏ ရှားပါးသော ရတနာများထဲက လုရွှမ်သည် အဖိုးတန် ပစ္စည်းတချို့ကို ကျပန်းရွေးချယ်ပြီး ကျန်ရတနာများကို ဝမ်လင်နှင့် သူ့​မောင်ထံ ​ပေးလိုက်ပြီ။ အသုံးမဝင်သော အရာများကို သိမ်းဆည်းမနေဘဲ ဝမ်ကျောက်ကို တစ်ခါတည်း စားခွင့်ပြုလိုက်၏။

ဝမ်လင်သည် သူမ၏ အချိန်အများစုကို ကျောင်း၌ ကုန်ဆုံးလေ့ရှိပြီး သဘာဝအားဖြင့် သတိကြီးစွာ ထားသောကြောင့် သူမသည် မည်သည့် သဲလွန်စကိုမျှ ထုတ်မပြောခဲ့ပေ။

ဝမ်ကျောက်မှာ ဒေါသကြီးပြီး ရတနာများကို သယ်ဆောင်သွားတတ်ကာ အချိန်ရတိုင်း ဝါးစားနေတတ်သည်။ အိမ်တွင်းရှိ အခင်းအကျင်းကြောင့် မသိနိုင်သော်လည်း သူထွက်လာသည်နှင့် ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။

မုတ်ဆိတ်မွေးနဲ့ ယောက်ျားက ငိုတော့မလို မျက်နှာဖြင့် မျက်လုံးကန်းနေသူဟု သူ့ကိုယ်သူ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ ဘယ်လိုလုပ်များ ထျန်းလုံကျောင်းအုပ်ကို ပြဿနာ သွားရှာနေမိတာလဲ။

ဓားသေးသေးလေးကို အမြန်ဖယ်လိုက်ပြီး ချက်ချင်း လှည့်ပြေးသွားတော့သည်။

All Chapters