စစ်သေနာပတိဟန်
Vol. 46 Ch. 4.198
ရုတ်တရက် သူ့ပခုံးတွေကို လူတစ်ယောက်က ဖမ်းဆုပ်လာ၏။
"ဟယ်စန်.... မင်းဘာလို့ ထွက်ပြေးနေတာလဲ? မင်းသားလေးရဲ့ ရတနာကို ခိုးသွားတဲ့လူကို တွေ့ပြီလို့ မင်းပြောနေတာ မဟုတ်ဘူးလား? အခုတွေ့ပြီလေ မင်းဘာလို့ ထွက်ပြေးနေတာလဲ? သူကဘယ်သူလဲ ဆိုတာ ငါမေးချင်လို့ပါ"
စကားပြောသူမှာ အရပ်ရှည်သော လူရွယ် ဖြစ်ပြီး တစ်ကိုယ်လုံး ငွေရောင်ချပ်ကာဖြင့် ရစ်ပတ်ထားကာ မျက်လုံးတစ်စုံသာ အေးစက်ပြီး သေခြင်းတရားနှင့် ပြည့်နှက်နေ၏။ သူ့ကို ကြည့်လိုက်လျှင် အသက်ရှင်နိုင်သညိ့ အရိပ်အယောင် မရှိတော့သလိုပင်။
တစ်စုံတစ်ယောက်က တစ်ချက် ကြည့်လိုက်မိရုံနဲ့ လူတွေကို သူတို့ရဲ့ ရင်ဘတ်ထဲမှာ အေးခဲသွားစေနိုင်တဲ့အထိ သူ့အရှိန်အဝါက ပြင်းထန်လှသည်။
ဟယ်စန်းက အော်ဟစ်လိုက်ပြီး သူ့ပခုံးကို ဆုပ်ကိုင်ထားသော နေရာက သည်းမခံနိုင်တဲ့ ဝေဒနာကို ခံစားလိုက်ရသည်။ ဒီနေ့ ဘဝမှာ ရှစ်ကြိမ်မြောက် ကံမကောင်းခဲ့တာပဲ။ စောစောထပြီး ပြိုင်ပွဲကို ကြည့်ချင်ခဲ့တာ။ ဒီနှစ်ပြိုင်ပွဲက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကြားမိလို့လေ။
ရလဒ်အနေနဲ့ သူစိတ်လှုပ်ရှားသွားပြီး စကားအနည်းငယ် ဝါကြွားမိသွားသည်။ တစ်စုံတစ်ယောက်ကို ရှာဖို့ တွန်းအားပေးတဲ့ ထျန်းလုံ အစောင့်တပ်တွေဆီက ခြိမ်းခြောက်ခံခဲ့ရသည်။
ကောင်းပြီ။ အဲဒါကို ရှာတွေ့ပြီပဲမလား။ ထျန်းလုံအစောင့်သည် အနည်းငယ် ခက်ထန်သော်လည်း သူနာခံနေသရွေ့ သေမည် မဟုတ်ပေ။ သို့သော် သူခိုးသည် ထျန်းလုံကျောင်းတော်ရဲ့ ရာထူးတိုး ကျောင်းအုပ်ကြီး ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။
သူ့သတ္တိတွေကို ငှားထားရင်တောင် ထျန်းလုံကျောင်းအုပ်ကို သူခိုးလို့ မစွပ်စွဲဝံ့ပါ။
ဝုန်းဝုန်း ဝုန်း
ဟယ်စန်း ခန္ဓာကိုယ်မှ သွေးများ ထွက်ကျလာကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့စိတ်တွေ လှုပ်ရှားလာပြီး မြေပြင်ပေါ်မှာ လဲလျောင်းနေပြီး နောက်တစ်ကြိမ် ထပ်မလှုပ်ရဲတော့ဘဲ သတိလစ်သွားဟန် ဆောင်လိုက်သည်။
"ဟမ့်! သေချင်ယောင် ဆောင်မယ်ပေါ့? ဟယ်စန်း.... မင်းလည်း အရွယ်ရောက်နေပါပြီ ငါ့ကို ဒီလိုလုပ်တုန်းပဲလား... မြန်မြန်ထစမ်း!! ယုံချင်ယုံ မယုံချင်နေ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အပေါက် ၃၆၀လောက် ဖြစ်တဲ့အထိ ထိုးပစ်မယ်!"
ဟယ်စန်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ခါကာ မြေပြင်မှ လျင်မြန်စွာ ခုန်ထလာခဲ့သည်။
"သခင်ဟန်.... ဘယ်ကသာ သေချင်ယောင် ဆောင်နေရမှာလဲ? ကျုပ် ခဏလေး မူးသွားလို့ပါ"
ပြောပြီး သူ့နဖူးကို တမင်ကိုင်ပြီး မူးနေဟန် ဆောင်ပြန်သည်။ စစ်သေနာပတိဟန်သည် မြင့်မားသော မြင်းပေါ်တွင်ထိုင်၍ လုရွှမ်အား အရိုအသေပေးသည့် အရိပ်အယောင် မရှိဘဲ နှင်တံကို ညွှန်လိုက်သည်။
"သူတို့က မင်းသားရဲ့ ဘဏ္ဍာတိုက်ကို ခိုးသွားတာလား?"
ဟယ်စန်း မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် နီရဲလာပြီး တုံ့ဆိုင်းသွားကာ လုရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။
ဖြောင်း!
နှင်တံရိုက်က သူ့နောက်ကျောကို ထိမှန်သွားပြီး မြေပြင်ပေါ်သို့ ပြန်လဲကျသွားခဲ့သည်။ ကျောဘက်ရှိ အဝတ်အစားများ စုတ်ပြဲသွားကာ နာကျင်မှုက အရိုးထဲအထိ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်လာခဲ့သည်။
"ဟုတ်ပါတယ်... အဲ ဟုတ်လည်း မဟုတ်ပါဘူး... ကျွန်တော်ဆိုလိုတာက ထျန်းလုံကျောင်းအုပ် မဟုတ်ပါဘူး....သူ့ သူ့ဘေးကလူပါ"
ဟယ်စန်းက လုရွှမ်ရဲ့ဘေးက ဝမ်ကျောက်ကို လက်ညိုးထိုးပြပြီး အော်ဟစ်လိုက်သည်။
လွန်ခဲ့သည့် လအနည်းငယ် အတွင်း ဝမ်ကျောက်၏ ဘဝသည် တည်ငြိမ်လာခဲ့ပြီး သူ့ခွန်အားလည်း ခုန်ပျံကျော်လွှား တိုးတက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှာတောင် ကြီးမားတဲ့ပြောင်းလဲမှုတွေကို ကြုံတွေ့ခဲ့ရပြီး အရင်ကလို ပိန်ပိန်ပါးပါးနဲ့ သာမန် လူငယ်တွေလို မဟုတ်တော့ချေ။
“ထွက်သွား!”
စစ်သေနာပတိဟန်က မြင်းကို ရှေ့သို့ တွန်းချလိုက်သည်။ ဟယ်စန်းလည်း ကြောက်အားလန့်အားဖြင့် လဲကျသွားတော့သည်။ နတ်ဘုရားတွေ တိုက်ခိုက်တဲ့အခါ သူတို့လို အညာတရလေးတွေ ဒုက္ခရောက်မှာ မလွဲပေ။
ဟယ်စန်း ချက်ချင်း ထပြေးတော့၏။
လုရွှမ်သည် ၎င်း၏မြင်းကို ရှေ့သို့ မောင်းနှင်လာနေသော စစ်သေနာပတိဟန်ကို တည့်တည့် ကြည့်လိုက်သည်။ ထိုလူ၏ ကျင့်ကြံမှုမှာ မြင့်မားပြီး သူတော်စင်နယ်ပယ် ဖြစ်နေပြီ။
"ထျန်းလုံကျောင်းအုပ်... ဒီလူက မင်းသားရဲ့ဘဏ္ဍာတိုက်ကို ခိုးယူမှုမှာ ပါဝင် ပတ်သက်နေတယ်.... သူက မင်းနဲ့ ဘာမှမဆိုင်ဘူး ဟုတ်တယ်မလား"
စစ်သေနာပတိဟန်က လုရွှမ်ကို ငုံ့ကြည့်ရင်း အော်ဟစ်လိုက်သည်။
လုရွှမ်၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံများသည် လေတိုက်ခြင်း မရှိဘဲ အလိုအလျောက် လှုပ်ရှားသွားကာ သူ့ကိုယ်ဟန် အနေအထားမှာ ဖော်မပြနိုင်လောက်အောင် ပြေပြစ်လေသည်။ စစ်သေနာပတိဟန်ကို တည့်တည့်ကြည့်ရင်း
"သူက ငါ့တပည့်ပဲ!"
"ဟမ် ဒါဆို မင်းသားသုံးပါးရဲ့ ရတနာတွေကို ခိုးယူထားတယ် ဆိုတာ ကျောင်းအုပ်ကြီးက ဝန်ခံလိုက်တာလား?"
စစ်သေနာပတိဟန်က ဟောက်လိုက်ရာ သူ့အသံက တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်ကြီးလို ထျန်းလုံမြို့ တစ်ခုလုံးကို ထိုးဖောက်လုနီးပါး ဖြစ်သွားသည်။
လုရွှမ်က ရယ်လိုက်သည်။ ကျယ်လောင်တဲ့ အသံရှိတာနဲ့ ဘာအဓိပ္ပာယ် ရှိမှာလဲ။ သူက ဝမ်ကျောက်ရဲ့ ပုခုံးကို ပေါ့ပေါ့တန်တန် ပုတ်လိုက်ပြီး
"ကြောက်လား?"
ဝမ်ကျောက်က "ကြောက်နေမယ် အားကြီး!"
"ငါ့တပည့်ပြောတာ ကြားလား ထွက်သွား!"
နောက်ဆုံးစကားလုံး 'ထွက်သွား' ဟူသည့် အသံသည် တဟုန်ထိုး အားကြီးသော ဒီရေလို ပျံ့နှံ့သွားသည်။ သတ်ဖြတ်ခြင်း အဓိပ္ပာယ်များ ပြည့်နှက်နေသော စစ်သေနာပတိဟန်၏ ယခင်အော်သံနှင့် မတူဘဲ အံ့သြထိတ်လန့်ဖွယ် ဖြောင့်မတ်ခြင်း ရောင်ဝါများ ပါဝင်နေသည်။
ဘုရင်တစ်ပါး၏ တရားအကျဆုံး နည်းလမ်းမှာ ရန်သူကို တိုက်ခိုက်ခြင်း မပြုဘဲ အောင်နိုင်ခြင်း ဖြစ်သည်။
အနီးနားရှိ ပြည်သူများ၏ ထိတ်လန့်တုန်လှုပ်ဖွယ် စိတ်များသည် အနည်းငယ် ငြိမ်ကျသွားသည် ။သူတို့သည် "ကျောင်းအုပ်ကြီး" ဟူသော စကားလုံး၏ ပါဝါကိုပါ ခံစားလိုက်ရသည်။
ဒီနေ့က ဘာနေ့လဲ။ ကျောင်းကြီး လေးခုကြားက ပြိုင်ပွဲနေ့ပဲလေ။ လုရွှမ်က ဘယ်လို လက္ခဏာမျိုး ရှိနေလဲ။ ယာယီကျောင်းအုပ်ကြီးပဲ။
စစ်သေနာပတိဟန် အလည်လာတာက သူသဘောထားနဲ့ ကွဲလွဲနေပြီ။ လုရွှမ်က ဘာအတွက် သူ့ဒေါသကို ထိန်းထားရမှာလဲ။ မဟုတ်ဘူးလား။
ထျန်းလုံအစောင့်များထဲ စစ်သေနာပတိဟန်ကလွဲရင် တခြားလူ အားလုံး လေပြင်းတစ်ချကိ တိုက်ခတ်သွားသလို ခံစားလိုက်ရသည်။ စစ်သေနာပတိဟန်၏ အသံသည် ကျယ်လောင်လွန်းပြီး သူ၏ အရှိန်အဝါသည် အလွန် အေးစက်နေသဖြင့် လူများကို ထိတ်လန့်သွားစေသည်။
လုရွှမ်အသံသည် စိတ်ဝိညာဉ်ကို တိုက်ရိုက်ထိခိုက်စေပြီး နှလုံးသားကိုပါ တုန်လှုပ်သွားစေခဲ့သည်။ စစ်သေနာပတိဟန်သည် သူတော်စင်နယ်ပယ် ကျင့်ကြံမှုရှိပေမယ့် သူ့နောက်ကွယ်က လက်အောက် ငယ်သားများမှာ ထိုအရည်အချင်း မရှိသဖြင့် ယခင်က စိတ်ဓာတ် အများစုမှာ ပျောက်ဆုံးသွားခဲ့သည်။
"ကျောင်းအုပ်ချင်းလုံရဲ့ ခွန်အားက တကယ့်ကို ထူးထူးခြားခြား ရှိနေတာပဲ"
စစ်သေနာပတိဟန်က လေးနက်စွာ ပြောပြီး သူ့ရင်ထဲမှာ အနည်းငယ် ဝမ်းနည်းနေမိသည်။ သူတော်စင်တစ်ပိုင်း တတိယအဆင့်မှ ဂျူနီယာတစ်ဦးက ဒီလောက် အရည်အချင်း ရှိနေမည်ကို မမျှော်လင့်ထားချေ။ သူသည် ဤမျှလောက် အစွမ်းထက်ပြီး သူ့စိတ်ကလည်း အလွန်ခိုင်မာနေသဖြင့် တုန်လှုပ်စေဖို့တော့ ခက်ခဲလေသည်။
သူ လုရွှန်ကို ဘာမှမလုပ်ချင်ခဲ့ဘူး။ လုရွှမ်ဟာ သူတော်စင် တစ်ယောက်ရဲ့ စွမ်းအားကို သုံးပြီး သူ့ရဲ့မာနကို နင်းချေလိုက်ပြီ။ ယခုမူ သယ၏ ဦးတည်ချက်သည် ရတနာသူခိုးကို ဖော်ထုတ်ရမှာထက် ကျော်လွန်သွားပြီ ဖြစ်သည်။
"စစ်သေနာပတိဟန်က ငါ့တပည့်ကို လမ်းမပေါ်မှာ သူခိုးလို့ စွပ်စွဲနေတယ်.... ဟားဟား မင်းငါ့ကို ရှင်းပြဖို့ လိုမယ်ထင်တယ်"
"ဟမ့်... ငါက ထျန်းလုံအတွင်းမြို့ရဲ့ လက်ထောက်တပ်မှူးပဲ.... အထူးသဖြင့် တော်ဝင်ဂုဏ်နဲ့ ပတ်သက်တဲ့ ရာဇ၀တ်ကောင်တွေကို ဖမ်းဖို့ အမိန့်ပေး ခံထားရတာ... ကျောင်းအုပ်ကြီးက တပည့်တွေကို သေသေချာချာ မသင်ပြပေးဘဲ သူ့တပည့်တွေ ခိုးယူနေတာကို ခွင့်လွှတ်ထားတယ်.... ဘယ်လို ရှင်းပြမလဲ ဟုတ်လား? ငါ့ကို ရှင်းပြသင့်တာက ကျောင်းအုပ်ကြီးပဲ မဟုတ်ဘူးလား?"
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စစ်သေနာပတိဟန်သည် သူ၏ ဆုံးဖြတ်ချက်က ခိုင်မာလာသည်။ သူသည် ယာယီကျောင်းအုပ်ကြီး ဖြစ်မဖြစ် အရေးမကြီးချေ။ နောက်ဆုံးတွင် သူတော်စင်တစ်ပိုင်း တတိယအဆင့်မှ ဂျူနီယာတစ်ယောက်သာ ဖြစ်သည်။
သူ့လိုလူက ဂျူနီယာ တစ်ယောက်ကို ကြောက်နေရမှာလား?
"ဆိုတော့ မင်းက စွပ်စွဲချင်တာလား? ငါ့တပည့်က ခိုးမှုကျူးလွန်တာ ဟုတ်မဟုတ် ငါကောင်းကောင်း သိတယ်... သူများတွေ ဝင်စွပ်စွဲနေတာကို ခွင့်မပြုနိုင်ဘူး"
စစ်သေနာပတိဟန်က သူ့လက်ဖဝါးကို ဆန့်လိုက်ပြီး စုတ်ယူတဲ့ တွန်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
"ကျောင်းအုပ်ကြီးက ဒီလို မဟုတ်ဘူးလို့ ပြောပေမယ့် ကျုပ်ကိုတော့ စစ်ဆေးခွင့် ပေးနိုင်တယ်မလား?"
ဝမ်ကျောက်သည် သူ့ခန္ဓာကိုယ်က ငြိမ်မနေနိုင်တော့ဘဲ စစ်သေနာပတိဟန်ဆီသို့ ပျံသန်းသွားတော့မလို ဖြစ်နေသည်။
လုရွှမ်က ဝမ်ကျောက်ရဲ့ ပခုံးပေါ် သူ့လက်ဖဝါးကို တင်လိုက်သည်။ ချက်ချင်း ဝမ်ကျောက် ခန္ဓာကိုယ်ပေါ်က စုပ်ယူမှုအား များစွာလျော့ကျသွားပြီး သူ့ခန္ဓာကိုယ် တည်ငြိမ်သွားတာကို ခံစားလိုက်ရသည်။
"အိုး ဂုဏ်သတင်းနဲ့ လိုက်လျော ညီထွေနေဖို့က တကယ်ကို ခက်ခဲတာပဲ.... ကျောင်းအုပ်ကြီးချင်းလုံက ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ကျုပ်ကြည့်ချင်ပါသေးတယ်"
စစ်သေနာပတိဟန်က သူ့လက်ဖဝါးကို ဝေ့ယမ်းလိုက်ရာ သူတော်စင်သားရဲက ခြေနှစ်ချောင်းကို မြှောက်၍ လုရွှမ်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးသွားခဲ့သည်။
လုရွှမ် ဝမ်ကျောက်ကို သူ့လက်ဖြင့် ညင်သာစွာ တွန်းထုတ်လိုက်သည်။ သူ့လက်ဖဝါးထဲ ကြည်လင်သော အလင်းရောင်များ စိမ့်ဝင်လာပြီး စစ်သေနာပတိဟန်၏ ထိုင်ခုံအောက်ရှိ သူတော်စင်သားရဲဆီသို့ ဖိနှိပ်လိုက်သည်။
စစ်သေနာပတိဟန်သည် သူတော်စင်နယ်ပယ်က လူတစ်ဦး ဖြစ်လာသော်လည်း သူတော်စင်အဆင့်တွင်သာ ရှိပြီး ထိပ်တန်း သူတော်စင် သားရဲတစ်ကောင်ကို ဖမ်းဆုပ်ထားရန် မဖြစ်နိုင်ပေ။
ယခုအချိန်တွင် သူ့ထိုင်ခုံအောက်မှ သားရဲသည် သူတော်စင် အဆင့်၇ သားရဲတစ်ပိုင်းမျှသာ ဖြစ်သည်။ ၎င်းသည် သာလွန် ကောင်းမွန်သောပုံ ပေါက်သော်လည်း ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားမှာ အကောင်းဆုံး ဟူသည့် အရာနှင့် ဝေးကွာနေပါသေးသည်။
သူတော်စင် သားရဲသည် အလွန်လျင်မြန်စွာ ရောက်လာပြီး လုရွှမ်ရဲ့ လက်ဖဝါးဖြင့် ဝင်တိုက်ပစ်လေသည်။
လူကိုမသတ်ခင် မြင်းတွေကို အရင်ပစ်ရတယ်။ သူ့ထိုင်ခုံအောက်က သူတော်စင် သားရဲ မရှိတော့ရင် ဒီလူဘယ်လောက် မာနထောင်လွှား နိုင်ဦးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့။
လုရွှမ် ရှောင်တိမ်းဖို့ ငြင်းဆိုနေတာကို မြင်တော့ စစ်သေနာပတိဟန်က သူ့အစွမ်းအစကို လွန်ကဲစွာ ထုတ်လိုက်၏။
ဝုန်း!
ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး လုရွှမ်၏ လက်ဖဝါးသည် စစ်သေနာပတိဟန် ထိုင်နေသော သူတော်စင်သားရဲ၏ နဖူးကို ဖိထားလိုက်တော့သည်။