← Chapters

သူတော်စင်တစ်ပိုင်းက သူတော်စင်ကို သတ်လိုက်ပြီ

Vol. 46 Ch. 4.200

သူတော်စင်တစ်ပိုင်းက သူတော်စင်ကို သတ်လိုက်ပြီ

Vol. 46 Ch. 4.200

လုရွှမ်ရဲ့ အရှိန် မြန်လာတာနဲ့အမျှ လေထဲတွင် ပွတ်တိုက်မှုများက ပိုမို မြန်ဆန်စွာဖြင့် အလင်းနှင့် အရိပ်ကို ဆွဲထုတ်လုနီးပါး ဖြစ်လာသည်။

မီးတောက်များသည် ချက်ချင်း ရုန်းကြွလာကာ စစ်သေနာပတိဟန်ကို လောင်ကျွမ်းစေခဲ့သည်။ သို့သော် လေပြင်းများ တိုက်ခတ်လာပြီး မီးတောက်များ ဖယ်ရှားလိုက်သဖြင့် စစ်သေနာပတိဟန်သည် ဖော်မပြ နိုင်လောက်အောင် ကျက်သရေရှိစွာ ရပ်နေတုန်းပင်။

လူအုပ်ထဲတွင် သူတော်စင်များစွာက တိတ်တဆိတ် ခေါင်းညိတ်​နေကြသည်။ စစ်သေနာပတိဟန် ဝမ်းနည်းဒေါသနှင့် အော်ဟစ် လိုက်သောအခါတွင် ငြိမ်သက်စွာ ရောက်ရှိလာကြပြီး သူတော်စင်တစ်ပိုင်းများ အပေါ် ဖိအားတစ်ခုက လွှမ်းခြုံသွားလေသည်။

သူတော်စင်များ အနေနှင့် သူတော်စင်နယ်ပယ်၏ ဖိအားကို လျော့ပါးစေမည့် သူတော်စင်တစ်ပိုင်း လူတစ်ယောက် အနိုင်ယူသွားမှာကို သဘာဝကျကျ မမြင်ချင်ကြပေ။ ဤအခိုက်တွင် စစ်သေနာပတိဟန် အသာစီးရသွားတာကို မြင်လိုက်ရသဖြင့် လူအများအပြား သက်ပြင်းချကာ ခိုးဝင်တိုက်ခိုက်မည့် အတွေးကို တိတ်တဆိတ် မျိုသိပ်ထားလိုက်သည်။

အဝေးတစ်နေရာ၌ ကျောင်းအုပ်ကြီး သုံးယောက်ဖြစ်တဲ့ ကျူးချွဲ့၊ ရွှမ်ဝူနဲ့ ပိုင်ဟူတို့လည်း တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နေကြသည်။

"ဒီကောင်လေးက တကယ် ထူးခြားတယ်... အခုသူ့ရဲ့ လျှို့ဝှက်နဂါးကြီး ပေါ်လာပြီ ဒါကြောင့် သူနဲ့ မတိုက်သေးတာ ကောင်းမယ်!"

ရွှမ်ဝူကျောင်းအုပ်က စိတ်လှုပ်ရှားမှုနဲ့ သက်ပြင်းချလိုက်ပြီး ကျန်ကျောင်းအုပ်ကြီး နှစ်ယောက်ဖြစ်တဲ့ ကျူးချွဲ့နဲ့ ပိုင်ဟူကို တစ်ချက် ကြည့်လိုက်သည်။

ပိုင်ဟူကျောင်းအုပ်၏ မျက်လုံးများသည် လေးနက်ပြီး လူသတ်ချင်သည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပါသည်။ ကျူးချွဲ့ကျောင်းအုပ်၏ မျက်လုံးများသည် အလင်းရောင်များ တောက်ပလျက် သူဘာတွေးနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။

ရွှမ်ဝူကျောင်းအုပ်ကတော့ အတွင်းစိတ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး

"ညီလေး... အစ်ကိုက မင်းအတွက် ဒါပဲ လုပ်ပေးနိုင်တာ.... အနာဂတ် လမ်းကြောင်းက မင်းရဲ့ကံကြမ္မာအပေါ်မှာ မူတည်သွားပြီ"

ထျန်းလုံ ဧကရာဇ်အင်ပါယာ၏ လျှို့ဝှက်နယ်မြေ တစ်ခုထဲတွင် မုတ်ဆိတ်မွေးဖြူနှင့် အဘိုးအို တစ်ဦးသည် နှစ်ပေါင်းများစွာ ကြာအောင် မြေမှုန့်ထဲတွင် ထိုင်ကာ ကျင့်ကြံနေခဲ့သည်။

ဤအခိုက်အတန့်တွင် ရုတ်တရက် သူ့မျက်လုံးများ ပွင့်လာပြီး သူ့မျက်လုံးများမှ အလင်းရောင်များသည် လေထုထဲ ထိုးဖောက် ဝင်ရောက်သွားသည်။ သူကြည့်နေသည့် ဦးတည်ချက်မှာ လုရွှမ်နှင့် စစ်သေနာပတိဟန်တို့ တိုက်ခိုက်နေသည့် နေရာကိုပဲ ဖြစ်​လေသည်။

အနက်ရောင်နီးပါး ခြောက်သွေ့နေသော နှုတ်ခမ်းများသည် အနည်းငယ် လှုပ်ရှားသွားကာ လှိုင်းအနည်းငယ်သည် ပြေပြေပြစ်ပြစ် ပျံ့နှံ့သွား၏။

လုရွှမ်ရဲ့ နားရွက်တွေ လှုပ်ခါသွားပြီး

"အသက်ရှင်ဖို့ တိုက်ခိုက်ရမယ်... မတိုက်ရင် အောင်နိုင်မှာ မဟုတ်ဘူး တိုက်ရင်လည်း သေလိမ့်မယ်"

ဒါပေါ့။ ထျန်းလုံဧကရာဇ် အင်ပါယာကို စောင့်ကြပ်နေတဲ့ အဘိုးကြီးတစ်ယောက် ရှိတယ်ဆိုတာ သူသိတယ်လေ။ လုရွှမ် နန်းတော်ဘက်ကို လျင်မြန်စွာ မော့ကြည့်လိုက်ပြီး သူသည် ထိုအဘိုးကြီးဆီ အသံလွှင့်နိုင်တဲ့အထိ လုံလောက်သော အင်အား မရှိပေ။

အဘိုးအိုရဲ့ အဓိပ္ပာယ်က ရှင်းပါသည်။ ယာယီအောင်ပွဲအတွက် တိုက်ပွဲဝင်ခြင်းက အခြေအနေ တစ်ခုလုံးကို ထိခိုက်စေနိုင်သည်။ တခြားနေရာက ရန်သူတွေ ဝန်းရံထားတဲ့ အခြေအနေမျိုးမှာ ရှုံးနိမ့်မှုက အခိုက်အတန့်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနိုင်ရုံ သာမက အခြားသူတွေရဲ့ သူတို့အပေါ် ကြောက်ရွံ့​နေမှုကိုပါ ဖယ်ရှားပစ်နိုင်သည်။

သေခြင်းတရားဆီ ရောက်တဲ့အထိ တိုက်ပွဲဝင်ခြင်းက ပို၍ကြီးမားသော အကျပ်အတည်းဆီသို့ ဦးတည်သွားမှာ သေချာပေ၏။ ဒါက အမှန်တရားပဲ မဟုတ်လား။

ဒါပေမဲ့ ဒီနေ့ အခြေအနေ အလုံးစုံက အနာဂတ်တွင် ဆုတ်ယုတ်မှု တစ်ခုမျှသာ ဖြစ်မှာ မဟုတ်ပေ။ ဒီနေ့ လိုက်လျောနိုင်တယ် မနက်ဖြန်မှာလည်း လိုက်လျောပေးရမည်။ ဒါဆိုရင် ဘယ်အချိန်ထိ သူက အဲဒီအဘိုးကြီး ဆန္ဒအတိုင်း လိုက်လျောပေးနေရမှာလဲ။

တိုက်ခိုက်နေပြီးပြီ ဆိုမှတော့ ဆက်ပြီး တိုက်ခိုက်ကြရုံပေါ့။

လုရွှမ် လေပူတစ်ချက် ရှူလိုက်သော် သူ့ဝိညာဥ် သွေးကြောများ ဖောင်းကားလာပြီး သူ့အတွင်းအင်္ဂါငါးခု အားကောင်းလာခဲ့သည်။ ရုတ်တရက် လုရွှမ် နှုတ်ခမ်းထက်မှ ဂုဏ်ယူသော အပြုံးတစ်ပွင့်နဲ့အတူ နဂါးဟိန်းသံက ထွက်ပေါ်လာ၏။

ဝူး!!!

နဂါးကြီး၏ ဟိန်းဟောက်သံသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေတဲ့အထိ ကျယ်လောင်ပေသည်။

သူ့နောက်ကွယ်ရှိ စိမ်း​ပြာနဂါး၏ အသွင်သဏ္ဌာန်သည်လည်း နဂါးဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ နဂါးဟောက်သံနှစ်ခုသည် တစ်ပြိုင်နက်တည်း ပေါင်းစပ်ကာ ပိုမိုအားကောင်းလာပြီးရင်း အားကောင်းလာသည်။

စိမ်းပြာနဂါး၏ အရိပ်အယောင်သည် လုရွှမ် ခန္ဓာကိုယ်ပေါ် ဖြာကျလျက် နဂါးနှလုံးသည် သူ့ရင်ဘတ်တွင် ပြင်းပြင်းထန်ထန် ခုန်​ပေါက်နေသည်။ သူ့လက်ဝါးထဲ စိမ်းပြာနဂါး၏ စွမ်းအားလှိုင်းများ စိမ့်ဝင်လာ၏။

လက်ဝါးထဲက ပြေးထွက်လာတဲ့ စွမ်းအားဟာ စိမ်းပြာနဂါး တစ်ကောင်လို ​​ပြေးထွက်သွားသည်။

စိမ်းပြာနဂါးက လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်သွားတဲ့အခါ ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်သည် အရှိန်အပြည့်ဖြင့် တစ်ဖန် ပြန်ထလာခဲ့သည်။ ထိုအခိုက် သူ့ဆီဝင်လာတဲ့ ဓားရှည်သည် တခဏချင်း ကျိုးတော့မလို တဖြေးဖြေး ကွေးသွား​လေသည်။

စစ်သေနာပတိဟန်လည်း သူ့ခန္ဓာကိုယ် နောက်ကျောတွင် ရုတ်တရတ် အေးတိအေးစက် ချွေးများ စီးကျလာတာကို ခံစားလိုက်ရသည်။ အဆင့်မြင့် သတ္တဝါများကို မြင်လိုက်ရသောအခါတွင် အဆင့်နိမ့် သတ္တဝါများ၏ ဗီဇကဲ့သို့ပင် သူ့စိတ်ဝိညာဉ်မှ တုန်လှုပ်ခြောက်ခြားပြီး ကမောက်ကမ ဖြစ်သွားမှုကို မထိန်းနိုင်ခဲ့ပေ။

'ဘာလဲ? ဒါက စိမ်း​ပြာနဂါးရဲ့ စစ်မှန်တဲ့ စွမ်းအားလား... မဟုတ်ဘူး ငါ မယုံဘူး!!'

စစ်သေနာပတိဟန်သည် သူ့စိတ်ထဲက စကားများကို ထုတ်​မေးချင်သော်လည်း သူ့မျက်နှာကို လေပြင်းများ တိုက်ခတ်သွားသလို ခံစားလိုက်ရကာ ပြောဖို့တောင် ခွန်အား မရှိတော့ပေ။

သူ့လျှာကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်နှင့် ပြင်းထန်သော နာကျင်မှုကြောင့် နောက်ဆုံးတွင် ကြွယ်ဝသော သွေးအနှစ်သာရဟာ ပါးစပ်မှ ပေါက်ထွက်ကာ ဓားရှည်ကြီးပေါ်တွင် ပတ်ဖြန်းလိုက်သည်။

ရှည်လျားသော ဓားရှည်သည် တဖြည်းဖြည်း ဖြောင့်သွားသော်လည်း မကြာမီပင် ဆက်၍ ကွေးသွားခဲ့သည်။ စစ်သေနာပတိဟန်၏ မျက်နှာသည် သွေးများ နီရဲနေပြီး သူ့ဓားပေါ်မှ နောက်ထပ် သွေးတစ်လုတ်ကို ဖြန်းလိုက်ပြန်၏။

သူ ဒီတိုက်ပွဲကို အနိုင်ယူချင်တယ်!

သူ ရှုံးနေပြီ ဆိုတာကို သိသော်လည်း လက်မခံချင်ခဲ့ပေ။ သူသည် နောင်လာနောက်သားများအတွက် ဒဏ္ဍာရီဆန်ဆန် အရှက်ကွဲ ခံရမည့်အစား သေတဲ့အထိပဲ တိုက်ပွဲဝင်သွားမည်။

"မင်းဒီအတိုင်း ဆက်သွားရင် သေချာပေါက် သေလိမ့်မယ်.... မင်းအနိုင်ရရင်တောင် မင်းအသုံးမကျတဲ့လူပဲ ဖြစ်လာလိမ့်မယ်"

လုရွှမ်က အော်လိုက်သည်။ ဒီစစ်သေနာပတိဟန်ရဲ့ ရဲစွမ်းသတ္တိကတော့ တကယ့်ကို ချီးကျူးစရာပဲ။

စစ်သေနာပတိဟန်က စကားမပြောဘဲ ဓားရှည်ပေါ်မှ သွေးများနှင့် စွမ်းအင် အနှစ်သာရများကို ထပ်မံ သွပ်သွင်းနေ၏။ ဓားရှည်သည် နောက်ဆုံးတွင် ပြန်ကောင်းလုနီးနီး ဖြစ်နေပြီ ဖြစ်သည်။ မျှော်လင့်ချက်ကို မြင်လိုက်ရသလိုပင် သူ့မျက်လုံးများ တစ်ဖန် အလင်းပြန်ပြလာသည်။

ခေါင်းမာမယ်ပေါ့!

ငါ့ရဲ့ စွမ်းဆောင်နိုင်ရည်တွေကို လျှော့မတွက်သင့်ဘူး!

လုရွှမ် ခေါင်းခါလိုက်ပြီး ထိုလူ့အတွက် မျှော်လင့်ချက် မဲ့သွား​ပြီ။ သူ့နဂါးနှလုံး ခုန်သံသည် ပြင်းထန်စွာ ခုန်နေပြီး အားကြီးသော စိမ်း​ပြားနဂါး၏ စွမ်းအားသည် ရှေ့သို့ တိုးဝင်သွားတဲ့အခါ စစ်သေနာပတိဟန်လည်း ခုခံနိုင်စွမ်း မရှိတော့ပေ။

ဖြောင်း!

ကွဲအက်သွားတဲ့ အသံနဲ့အတူ စစ်သေနာပတိဟန်ရဲ့ လက်ထဲမှ ဓားရှည်သည် ကျိုးသွားကာ ဓားဖျားကို လုရွှမ် တောက်ချလိုက်တာနဲ့ တစ်ဖက်လူရဲ့ နှလုံးသားထဲသို့ နက်နဲစွာ ထိုးဖောက်သွား​တော့သည်။

နောက်ဆုံးတော့ ပါးစပ်က သွေးတွေ ထွက်ကျလာရင် စစ်သေနာပတိဟန်ရဲ့ ခန္ဓာကိုယ်ဟာ လေထဲမှ ပြင်းပြင်းထန်ထန် ပြုတ်ကျလာပြီး ဗုန်းကနဲ အသံကြီးပင် ထွက်ပေါ်လာခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြောင့် မြေပြင်မှာ တုန်လှုပ်သွား၍ မီးခိုးမြူမှုန်များ ပြန့်ကျဲသွားသည်။ စစ်သေနာပတိ ဟန်သည် မြေပြင်ပေါ်တွင် လဲလျောင်းလျက် ဒွိဟပေါက် ခုနစ်ပေါက်မှ သွေးများ ထွက်ကျကာ မျက်လုံးများ ပြူးကျယ်လျက် ငြိမ်သက်စွာ အသက်ချုပ်သွားခဲ့၏။

လုရွှမ် ကောင်းကင်မှ ဆင်းသက်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အင်အားတစ်ခုက စစ်သေနာပတိဟန်၏ မျက်လုံးများကို မှိတ်ပေးလိုက်သည်။

ထိုလူမှာ နောင်တရစရာ အရိပ်အယောင်တွေ ရှိခဲ့ပေမဲ့ လုရွှမ်ကတော့ နောင်တရစရာ မရှိပါချေ။ မဟုတ်ပါက ကြင်နာမှုကို အားနည်းချက် အဖြစ် မှတ်ယူပြီး ထိုကြင်နာမှုသည် သစ္စာဖောက်ခြင်းဆီသို့သာ ဦးတည်သွားမှာ ဖြစ်​ပေသည်။

"ထျန်းလုံအစောင့်တွေ မင်းတို့တပ်မှူးရဲ့အလောင်းကို သယ်သွားတော့"

လုရွှမ်က ဆိုလိုက်သည်။

ဤအခိုက်အတန့်တွင် သူ့​စွမ်းအားများ အပြည့်အ၀ ပေါ်လွင်လာခဲ့ပြီ။ လုရွှမ်ရဲ့ စကားကိုကြားတော့ ထျန်းလုံ အစောင့်တပ်သားများက သူ့အား မနာခံဘဲ မနေဝံ့ဘဲ ရှေ့သို့ လျင်မြန်စွာ ချီတက်ကာ စစ်သေနာပတိဟန်၏ အလောင်းကို ကောက်ယူကာ အမြန်ပဲ ထွက်ခွာသွားကြသည်။

သူတော်စင်တစ်ပိုင်းက သူတော်စင်ကို သတ်လိုက်တာလား????

ရုတ်​တရက်​ ​အော်​ဟစ်​သံ​တွေ ဆွေးနွေးသံတွေ ကျယ်​​လောင်​လာ​လေသည်​။

ဆယ်စုနှစ်များ သို့မဟုတ် နှစ်ရာနှင့်ချီ ကြာသည့်တိုင် သူတော်စင်တစ်ပိုင်းက သူတော်စင်နယ်ပယ် တစ်ဦးကို သတ်နိုင်ခဲ့တဲ့ မြင်ကွင်းကို မြင်တွေ့နိုင်ခဲ့ပြီ။ ဒါက သူတို့ရဲ့ သားစဉ်မြေးဆက်အား ဂုဏ်ယူစွာ ပြောရတော့မယ့် ဂုဏ်သတင်းတစ်ပုဒ် ဖြစ်တော့မည်။

လူများစွာသည် အလွန် စိတ်လှုပ်ရှားသွားကြပြီး လုရွှမ်ကို ပို၍ပင် ရိုသေလေးစား လာကြသည်။

"ကျောင်းအုပ်ကြီးချင်းလုံ... ချင်းလုံအရှင်!"

ဘယ်သူက စအော်လိုက်တယ်မသိ လူတိုင်းက သူတို့ လက်သီးတွေကို မြှောက်ပြီး ချင်းလုံအရှင်ရဲ့ နာမည်ကို ကျယ်လောင်စွာ အော်ဟစ်နေကြလေသည်။

လူအုပ်ထဲရှိ သူတော်စင်များစွာသည် ၎င်းတို့၏ လူသတ်ချင်သော ရည်ရွယ်ချက်များကို ထိန်းထားပြီး တိတ်တဆိတ် ထွက်ခွာသွားကြသည်။ ယနေ့ ​ထျန်းလုံမြို့တော်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် မကြာမီ ပြန့်နှံ့သွားတော့မှာ ဖြစ်ပေ၏။

သူတော်စင်တစ်ပိုင်းက သူတော်စင်ကို သတ်ပစ်လိုက်ပြီ။

အဝေးတွင်ရှိ ရွှမ်ဝူ၊ ကျူးချွဲ့နှင့် ပိုင်ဟူကျောင်းအုပ်တို့ သုံးဦး၏ မျက်နှာပေါ်၌ မတူညီသော အမူအရာများ ရှိ​နေ​ကြသည်။ ထို့နောက် ကျူးချွဲ့ကျောင်းအုပ်နှင့် ပိုင်ဟူကျောင်းအုပ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အဝေးသို့ ထွက်ခွာသွားခဲ့သည်။

ရွှမ်ဝူကျောင်းအုပ်ကတော့ သူ့မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ပွင့်ကို ပြုလုပ်လိုက်ကာ။

"ညီလေးရေ.... မင်း အခု ပြဿနာ တက်တော့မယ်"

ပိုင်ဟူကျောင်းအုပ် လုရွှမ်အပေါ် ထားရှိတဲ့ လူသတ်အကြည့်မျိုး ရှိနေတာကို ရှင်းရှင်းလင်းလင်း မြင်​​နေရပြီး ပိုကြောက်စရာ ကောင်းတာက ကျူးချွဲ့ကျောင်းအုပ်ပင်။

သူ့ မျက်နှာက တည်ငြိမ်နေပေမယ့် မျက်လုံးတွေက ကြည်ကြည်လင်လင်နဲ့ ကြည့်မိတဲ့ အကြိမ်ပေါင်းတိုင်း သွေးတွေနဲ့ ပြည့်နေတဲ့ ပင်လယ်ထဲ ရောက်သွားသလိုပင်။

ထျန်းလုံဧကရာဇ် အင်ပါယာ၏ တော်ဝင်လျှို့ဝှက် နယ်မြေထဲက အဖိုးအိုဟာ လှောင်ပြောင် ရယ်မောရင်း

"လူငယ်တွေ လူငယ်တွေ.... ထျန်းလုံဧကရာဇ် အင်ပါယာမှာ သူတော်စင်တစ်ပိုင်းက သူတော်စင်ကို သတ်နိုင်တယ် ဆိုတာ ငါတို့အတွက် ကောင်းလား ဆိုးလားတောင် မပြောတတ်တော့ဘူး"

လုရွှမ်လည်း သူ့စိတ်ထဲ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူတော်စင်တစ်ပိုင်းက သူတော်စင်ကို သတ်လိုက်ပြီလေ။

သူ့အရင်ဘဝက အတွေ့အကြုံအရ အခက်အခဲတွေကို အကောင်းဆုံး သိထားပြီးပြီ။ ဒီဘဝရဲ့ ခွန်အားက အရင်ဘဝကထက် အများကြီး ပိုသန်မာလာတယ်လေ။

All Chapters