သူတော်စင်တစ်ပိုင်းကမ္ဘာအတွင်း ရုတ်တရက်ပြောင်းလဲသွားခြင်း
Vol. 46 Ch. 4.201
"ကျောင်းအုပ်ကြီးကို ဂါဝရပြုပါတယ်!"
"ကျောင်းအုပ်ကြီးကို ဂါဝရပြုပါတယ်!"
ကျောင်းသား တစ်ဒါဇင်ကျော်သည် လူအုပ်ကြီးထဲမှ ထွက်လာပြီး အဆုံးအထိ ဦးညွှတ်ကာ ကြည်ညိုလေးစားမှု အပြည့်ဖြင့် သူတို့၏ မျက်လုံးများကို ဖော်ထုတ် ပြသလာခဲ့သည်။
"ကျောင်းအုပ်ကြီး ဒီသားရဲကို ကျောင်းအုပ်ကြီးရဲ့ နေအိမ်ဆီ သယ်ဆောင်ခွင့်ရတာ တကယ်ကို ဂုဏ်ယူမိပါတယ်"
လူတစ်ဒါဇင်ကျော်က တညီတညွတ်တည်း ပြောလာရာ လုရွှမ်လည်း သူ့လက်ကို ဝှေ့ယမ်းကာ ခေါင်းညိတ်ပြလိုက်သည်။ ဝမ်လင်က လမ်းကို ဦးဆောင်၍ လူတိုင်းလည်း အမြန် ထွက်သွားကြသည်။
လုရွှမ်သည် ဝမ်ကျောက် နှင့် ရူယန်းတို့နှင့်အတူ လေထဲတွင် ပျံဝဲသွားကာ အောက်ဖက်ရှိ လူတိုင်းကို နှုတ်ဆက်လိုက်သည်။
"ပြိုင်ပွဲကြီးမှာ တွေ့ကြတာပေါ့ !"
"ပြိုင်ကွင်းမှာ တွေ့မယ်!"
လူတိုင်းနီးပါးက လက်သီးတွေကို လေထဲမှာ မြှောက်ပြီး ကျယ်လောင်စွာ သဘောတူလိုက်ကြသည်။
"ဆရာ... ဆရာ့ရဲ့ ဂုဏ်သတင်းက အခု ထျန်းလုံမြို့မှာ နံပါတ်တစ် ဖြစ်နေပြီ မဟုတ်လား?"
ဝမ်ကျောက်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ လုရွှမ်သည် တိုက်ပွဲကို ကြည့်ရှုသူ အနည်းဆုံး ၉၀% က စိတ်ရင်းမှန်ဖြင့် ယုံကြည်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
"သတိထား.... ဒီလိုအခြေအနေမျိုးမှာ ရည်ရွယ်ချက်ဆိုး ရှိတဲ့သူတွေက ပိုလှုပ်ရှားလာတတ်တယ်"
ထျန်းလုံကျောင်းတော်သို့ ရောက်ရှိပြီးသော် သူတို့နှစ်ဦးအတွက် နေရာချပေးပြီးနောက် လုရွှမ်သည် ကျူးချွဲ့ကျောင်းအုပ် နှင့် တခြားကျောင်းအုပ်များ စောင့်ဆိုင်းနေပြီ ဖြစ်သော ဆိုင်းငံ့ထားရာ စင်မြင့်ဆီသို့ တိုက်ရိုက် ပျံသန်းထွက်လာခဲ့သည်။
"ထျန်းလုံကျောင်းအုပ် ခင်ဗျားက ထူးထူးခြားခြား အရည်အချင်း ရှိပြီး အစွမ်းထက်တဲ့ လူပဲ... ကျုပ် ခင်ဗျားကို လေးစားပါတယ်...ကျုပ် ခင်ဗျားရဲ့ အရွယ်တုန်းက ဟဲဟဲ... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ပဲ ရှိသေးတယ်"
ပိုင်ဟူကျောင်းအုပ်က ပြုံးပြုံးလေး ပြောပြီး သူ့ရင်ထဲမှာ ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အရိပ်အမြွက် အသံတွေ မရှိချေ။
ပြုံးနေသောလူကို ပါးရိုက်ပစ်ဖို့ မသင့်တော်တာကြောင့် လုရွှမ်လည်း ပြုံးကာ နှိမ့်ချသော စကား အနည်းငယ် ပြောကာ ရွှမ်ဝူကျောင်းအုပ်တို့နှင့် စကားစမြည် ပြောရန် အာရုံစိုက် ထားလိုက်သည်။ ဒီလိုမျိုး ကြီးကြီးမားမား အဖြစ်အပျက်မျိုးကို သူတို့ သုံးယောက်က သဘာဝကျကျ သိပြီးသားပဲ ဖြစ်မည်။
"ထျန်းလုံကျောင်းအုပ်က ကျောင်းသား အားလုံးအတွက် စံနမူနာယူစရာ ဖြစ်လာပါပြီ... အနာဂတ်မှာ ပါရမီရှင်တွေ အကြောင်း ပြောရင် ချင်းလုံအရှင် အကြောင်း ဘယ်သူကမှ မပြောဘဲ မနေရဲလောက်တော့ဘူး"
ကျူးချွဲ့ကျောင်းအုပ်က ပြုံးပြီး သူ့ပုံစံက ကြင်နာတဲ့ပုံ ပေါက်နေဆဲပင်။
လုရွှမ် ဂရုမစိုက်ဘဲ မနေဝံ့ပေ။ ပိုင်ဟူကျောင်းအုပ်ကို သူ သိပ်စိတ်မပူခဲ့ပေ။ ထိုလူသည် ဒေါသကြီးသော်လည်း သူသည် ဖြောင့်ဖြောင့်တန်းတန်း နေတတ်၏။ ကျူးချွဲ့ကျောင်စအုပ်က ကွဲပြားသောကြောင့် သူ့ကို အလွန် စိုးရိအ့သွားစေသည်။
"ကဲ ကျုပ်တို့အားလုံး ဒီကိုရောက်ပြီ ဆိုတော့ ပြိုင်ပွဲကို ဆက်ကြရအောင်"
ယနေ့ပြိုင်ပွဲသည် ယခင်နေ့များထက် ပိုမိုရိုးရှင်းပါသည်။ လူနည်းသော်လည်း ကြည့်ရှုရသည်မှာ ပိုပျော်စရာကောင်းသည်။
ပြိုင်ပွဲစင်မြင့် ၃၂နေရာ။ အဓိကအဆင့် သုံးဆင့်နှင့် နောက်ဆုံး ချန်ပီယံ ပြိုင်ပွဲအတွက် သန်မာသော ကျောင်းသား ၃၂ဦးတို့ ယှဉ်ပြိုင်ရန် နေရာရှိသည်။
အဖွဲ့လိုက် တိုက်ပွဲတစ်ခုတွင် ကျောင်းဂုဏ်သိက္ခာအတွက် လုရွှမ် ဝင်ရောက်စွက်ဖက်မည် ဆိုပါက အရေးမကြီးပါ။ တစ်ဦးချင်းတိုက်ပွဲတွင် လုရွှမ် သူဝင်ပါဖို့ မလိုအပ်ဘူးလို့ ခံစားရသည်။ ဤသည်မှာ စစ်မှန်သော တိုက်ခိုက်ရေး စွမ်းအားအဆင့်၏ စမ်းသပ်မှုပဲ ဖြစ်သည်။
ရလဒ်တွေက ညံ့ကောင်းညံ့နိုင်ပေမယ့် လုရွှမ်ကတော့ ဒါဟာ လက်ခံနိုင်လောက်တဲ့ ရလဒ်တစ်ခုလို့ ခံစားရတယ်။ အနာဂတ်မှာ သတ္တိမရှိဘဲ သေတာထက် အခုသွေးထွက်တာက ပိုကောင်းတယ်လေ။
လုရွှမ် မျှော်မှန်းထားသည့်အတိုင်း ထျန်းလုံကျောင်းတော်မှ ကျောင်းသားများသည် နောက်ကျလွန်းလှသည်။ တစ်ချိန်တည်းမှာပင် အခြားသော ကျောင်းများသည် တိုက်ပွဲတွင် ပို၍ အားကောင်းသည်မှာ သိသာ ထင်ရှားလှ၏။
တောက်ကျင့်စဥ် ပုံစံများကို ထိန်းချုပ်ခြင်းနှင့် သူတော်စင်စွမ်းအားကို အသွင်ပြောင်းခြင်းတို့တွင် ထျန်းလုံကျောင်းတော်မှ ကျောင်းသားများက နောက်ကျကျန်နေသည်။
နောက်ဆုံးအဆင့် တစ်ဦးချင်း ယှဉ်ပြိုင်မှုတွင် ကျူးချွဲ့ကျောင်းတော်သည် အဆင့်သုံးဆင့်စလုံးတွင် ပထမနေရာ၊ ပိုင်ဟူကျောင်းတော်မှ ဒုတိယနေရာ ရရှိခဲ့ပြီး ရွှမ်ဝူကျောင်းတော် နှင့် ထျန်းလုံကျောင်းတော် တို့သည် သရေနေရာ၌ ရပ်တည်ခဲ့သည်။
မြင့်မြတ်သော ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဆုချသည်နှင့်အမျှ လုရွှမ့သည် ၎င်းတို့အား ငြိမ်သက်စွာ ကြည့်ကာ အခြားသူများထက် ပို၍စိတ်ဆင်းရဲနေပုံ ရနေ၏။
ယခုအကြိမ်သည် ထျန်းလုံကျောင်းတော်မှ ဦးစီးကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူတော်စင်နယ်ပယ်က ရှေးဟောင်း ပစ္စည်းများကိုလည်း ထောက်ပံ့ပေးခဲ့ရသည်။ ထျန်းလုံကျောင်းတော်မှ ကျောင်းသားများက အနည်းဆုံး ရရှိခဲ့သည်။
ထိပ်တန်းဆယ်ခုကိုသာ ဆုချီးမြှင့်ခဲ့ရာ သူတော်စင် လက်နက်သုံးဆယ်တွင် ထျန်းလုံကျောင်းတော်သည် စုစုပေါင်းငါးခုကို ရရှိခဲ့သည်။ အကြောင်းမှာ အဆင့်နိမ့်သည့် အဆင့်မှ လူသုံးဦးသည် ထိပ်တန်း ဆယ်ယောက်ထဲသို့ ရောက်သွားသောကြောင့်သာ မဟုတ်ပါက ဒီထက် နည်းသွားမှာ ဖြစ်သည်။
အဆင့်နိမ့် ကျောင်းသား သုံးဦးသည် ထိပ်တန်းဆယ်ဦး နေရာသို့ ဝင်ရောက်နိုင်တာ လုရွှမ်ရဲ့ ဉာဏ်ပညာကြောင့် ဆိုတာ လူအများစုက သိမြင်နိုင်ကြသည်။
စင်မြင့်ထက်က သူတော်စင်တစ်ပိုင်း ကျောင်းသားများသည် လုရွှမ်၏ သြဇာလွှမ်းမိုးမှု ပိုမိုရရှိပြီး ၎င်းတို့၏ အစွမ်းသတ္တိသည်လည်း အလွန် တိုးတက်လာခဲ့သည်။ အလယ်တန်းအဆင့်နှင့် အဆင့်မြင့်သော အဆင့်အကြား တိုးတက်မှုနှုန်းမှာ အတော်လေး ကွာခြားလှသည်။
ဆုလာဘ်များ ဖြန့်ဝေပြီးနောက် အရေးကြီးသည့် အချက်မှာ သူတော်စင်တစ်ပိုင်း ကမ္ဘာထဲသို့ ဝင်ရောက်ရန်အတွက် ခွဲတမ်းချခြင်း ဖြစ်သည်။
မှတ်တမ်းများအရ သူတော်စင်တစ်ပိုင်း ကမ္ဘာထဲသို့ ဝင်ရောက်ရန် လုံလောက်သော ခွန်အားရှိနေသရွေ့ အသက်တစ်ရာအောက် ဖြစ်လျှင်ပင် ပြဿနာမရှိပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုကမ္ဘာငယ်သို့ ဝင်ရောက်ခွင့် အခွင့်အလမ်းများ နည်းပါးလာပြီး ဆန့်ကျင်ဘက် အနေဖြင့် အန္တရာယ် ပိုများလာသည်။
သူတော်စင်တစ်ပိုင်း ကမ္ဘာသို့ ဝင်ရောက်ခြင်းဆိုင်ရာ စံနှုန်း သတ်မှတ်ချက်များသည် သဘာဝအားဖြင့် တိုးမြင့်လာခဲ့သည်။ မဟုတ်ရင် အထဲမှာ ကျောင်းသားတွေ လွှတ်လိုက်တာဟာ သေလမ်းရှာနေတာနဲ့ တူသွားလိမ့်မည်။
ထို့ကြောင့် ရှည်လျားသော လေ့လာခဲ့မှု လုပ်ငန်းစဉ် အတွင်း ကျောင်းလေးကျောင်းသည် အသက်ကယ် တံဆိပ်ပြားကို ပူးပေါင်း ဖန်တီးလာခဲ့သည်။ စုစုပေါင်း နှစ်ရာကျော်သယ ဝင်နိုင်မည်။
အသက်ကယ်တံဆိပ်ပြားတွင် သူတော်စင်တစ်ပိုင်း ကမ္ဘာမှ လက်ခံနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများ ပါရှိသည်။ အသက်အန္တရာယ်နှင့် ကြုံတွေ့ပါက ၎င်းသည် တံဆိပ်ပြား ပိုင်ရှင်ဖြစ်သူအား အလိုအလျောက် လှုံ့ဆော်ပေးနိုင်ပြီး လုံလောက်သော အမွှေးတိုင် တစ်ဝက်စာ အချိန်ဖြင့် အကာအကွယ် ပေးထားနိုင်သည်။
ဤနည်းဖြင့်ပင် အန္တရာယ်မှ မလွတ်မြောက်နိုင်ပါက သေခြင်းတရားကိုသာ စောင့်ဆိုင်းရတော့မည်။
နှစ်များတစ်လျှောက် အသက်ကယ် တံဆိပ်ပြားများသည် သူတော်စင်တစ်ပိုင်း ကမ္ဘာရဲ့ စွမ်းအားကြောင့် ကျဆင်းသွားသဖြင့် ယခု ရာဂဏန်းမျှသာ ကျန်တော့သည်။
ရရှိသည့်ဆုများအရ ကျူးချွဲ့ကျောင်းတော်မှ ၃၄ခု၊ ပိုင်ဟူကျောင်းတော်မှ ၂၆ခု၊ ရွှမ်ဝူကျောင်းတော်မှ ၂၁ခု နှင့် ထျန်းလုံကျောင်းတော်မှ ၁၉ခု ရရှိခဲ့သည်။
ယခင် အခေါက်နှင့် နှိုင်းယှဉ်ပါက ထျန်းလုံကျောင်းတော်သည် များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
လုရွှမ်သည် သူ့လက်ထဲက အသက်ကယ် တံဆိပ်ပြား တစ်ဒါဇင်ကျော်ကို ကောက်ယူပြီး ဂရုတစိုက် စိုက်ကြည့်သည်။ သိပ်မကြာခင်မှာပဲ သူမတတ်နိုင်စွာ သက်ပြင်းချမိ၏။ ဒီတံဆိပ်ပြားရဲ့ သန့်စင်မှုက အရမ်းကြီးနေတာလည်း မဟုတ်ချေ။
၎င်းတွင် မှော်အစွမ်းတစ်မျိုး ပါဝင်နေတာတော့ သိသာထင်ရှားသည်။ လုရွှမ်လည်း ၎င်းသည် သူတော်စင်တစ်ပိုင်း ကမ္ဘာက စွမ်းအားဖြစ်မည်ဟု မှန်းဆထားသောကြောင့် အကာအကွယ် သက်ရောက်မှုတော့ ရှိနိုင်သည်။
နောက်ကို ပြန်လှည့်ကြည့်တော့ ထျန်းလုံကျောင်းတော် အတွင်းရှိ အကြီးအကဲများ၏ စွဲမက်နေသော မျက်လုံးများကို မြင်လိုက်ရသည်။ သေချာသလောက် အသက်ကယ် တံဆိပ်ပြားကို ဝေမျှဖို့အတွက် နောက်ထပ် အငြင်းပွားစရာ တစ်ခု ဖြစ်တော့မည်။
လုရွှမ်ဆီက စိုက်ကြည့်တာကို ခံလိုက်ရသောအခါ သူတို့အားလုံးသည် ဂုဏ်ယူဝံ့ကြွားခြင်း မရှိတော့ဘဲ အကြည့်များကို လျင်မြန်စွာ ဖယ်ခွာသွားကြသည်။ လုရွှမ် လမ်းမပေါ်၌ သူတော်စင်ကို သတ်ပစ်ခဲ့တဲ့ သတင်းက ပြန့်နေပြီမို့ သူတော်စင်နဲ့ ယှဉ်နိုင်တဲ့ ခွန်အားတွေ ရှိနေပြီဆိုတာ သူတို့ သိပါ၏။
အကြွင်းမဲ့ ခွန်အားနှင့် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့၏ ယခင်က နည်းလမ်းများသည် ရှက်ဖွယ်ကောင်းသော လှည့်ကွက်များသာ ဖြစ်လာတော့သည်။
စတုတ္ထအကြိမ်မြောက် ပြိုင်ပွဲတွင် တိုက်ခိုက်ရေး ခွန်အား ပြိုင်ဆိုင်မှု၊ စိတ်စွမ်းအား ပြိုင်ဆိုင်မှု၊ အဂ္ဂိရတ်ပြိုင်ပွဲ အစရှိသည်တို့ အပါအဝင် အရာများစွာ ပါဝင် ယှဥ်ပြိုင်ခဲ့သည်။
ထိုအခိုက်တွင် မိုးကုပ်စက်ဝိုင်း အထက်တွင် အနီရောင် တိမ်တိုက်များ ရုတ်တရက် ပေါ်လာပြီး အလင်းခုနစ်ရောင် ထွန်းလင်းကာ အဆင့်နိမ့်သော ရောင်ဝါများကို လွင့်စင်သွားစေလေသည်။
"ဒါ သူတော်စင်တစ်ပိုင်း ကမ္ဘာပဲ.... ဘာလို့ သူတော်စင်တစ်ပိုင်း ကမ္ဘာကို ကြိုဖွင့်လိုက်တာလဲ?"
လူများစွာက တစ်ပြိုင်နက်တည်း အော်ဟစ် လိုက်ကြသည်။ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများသည် လေထဲသို့ ပျံတက်လာကြပြီး ထိုကမ္ဘာငယ်၏ ဦးတည်ရာဆီသို့ မျှော်ကြည့်နေကြသည်။
မိုးကုတ်စက်ဝိုင်းတွင် သူတော်စင် သားရဲများ ပျံသန်းလာကြသည်။ ၎င်းတို့အပေါ်တွင် လူအုပ်ကြီးများက ထူထပ်စွာ ရပ်နေရင်း ထျန်းလုံမြို့ အပြင်ဘက်သို့ လျင်မြန်စွာ ဆင်းသက်လိုက်ကြသည်။
လုရွှမ် ကျောင်းအုပ်ကြီး သုံးဦးထံ လှမ်းကြည့်လိုက်သောအခါ ကျူးချွဲ့ကျောင်းအုပ်ကြီးရဲ့ မျက်နှာမှာ ထူးထူးခြားခြား ထိတ်လန့်သွားတဲ့ အမူအရာကို မြင်လိုက်ရသည်။ သူလည်း ဤကဲ့သို့ မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်မည်။
"သူတော်စင်တစ်ပိုင်း ကမ္ဘာကြီး ပျက်တော့မယ်ဆိုတဲ့ ကောလဟာလတွေက အမှန်တွေ ဖြစ်နေတာလား? ဒါက နောက်ဆုံးအကြိမ် ဖွင့်လှစ်တာများလား"
ကျူးချွဲ့ကျောင်းအုပ် ထိုစကားတွေကို ပြောပြီးတာနဲ့ ကျန်ကျောင်းအုပ်ကြီး နှစ်ယောက်က သူ့ကို ကြည့်လာကြသည်။
"ကျူးချွဲ့ကျောင်းအုပ် ခင်ဗျား ဘာပြောချင်တာလဲ?"
ကျူးချွဲ့ကျောင်းအုပ်မှာ သူတော်စင်တစ်ပိုင်း ကမ္ဘာငယ်ကို စူးစူးစိုက်စိုက်စိုက် ကြည့်နေ၏။
"ကောလဟာလတွေသာ မှန်ကန်ရင် သူတော်စင်တစ်ပိုင်း ကမ္ဘာငယ်က ပြိုကျနေတဲ့ကောင်းကင်ဘုံ ဖြစ်လာလိမ့်မယ်!"