မဟာသူတော်စင် အဘိုးကြီး
Vol. 46 Ch. 4.202
"ဒါက ပြောရရင် အရှည်ကြီးပဲ... ထျန်းလုံကျောင်းအုပ်က ဒီအကြောင်းကို မသိပေမယ့် ပိုင်ဟူကျောင်းအုပ် နဲ့ ရွှမ်ဝူကျောင်းအုပ်တို့ကတော့ သဲလွန်စတချို့ သိထားမှာပါ"
ပိုင်ဟူကျောင်းအုပ်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာပြီး
"ဒါဆို သူတော်စင်တစ်ပိုင်း ကမ္ဘာကို ဖွင့်လိုက်တာ နောက်ဆုံးအကြိမ်ပဲလို့ ခင်ဗျား ပြောနေတာလား?"
"ဟုတ်သလိုနဲ့ ဟုတ်လည်း မဟုတ်ဘူး!" ရွှမ်ဝူကျောင်းအုပ်က သက်ပြင်းချလိုက်ပြီး
"ဒါက သူတော်စင်တစ်ပိုင်း ကမ္ဘာကို နောက်ဆုံးအကြိမ် ဖွင့်လိုက်တာပဲ... ဒါပေမဲ့ ကောင်းကင်ပြင်က ပျက်စီးသွားတဲ့ ကမ္ဘာကြီး ပြိုကျနေတဲ့ကောင်းကင်ဘုံ အဖြစ်သို့ ပြောင်းလဲသွားပြီးရင်တော့..."
ရွှမ်ဝူကျောင်းအုပ်သည် နောက်ထပ် စကားလုံးများကို မပြောသော်လည်း အားလုံးက သူဘာကိုဆိုလိုသလဲ ဆိုတာကို နားလည်ကြသည်။ သူတော်စင်တစ်ပိုင်း ကမ္ဘာကြီးဟာ ပြိုကျနေတဲ့ကောင်းကင်ဘုံ အဖြစ်သို့ ပြောင်းလဲသွားသောအခါ ဝင်ရောက် လိုသူတိုင်းသည် သေခြင်းတရားကို မကြောက်သရွေ့ ဝင်ရောက်နိုင်သည်။
"ပြိုကျနေတဲ့ကောင်းကင်ဘုံက ကြောက်စရာကောင်းတယ်... တကယ်တော့ အဲဲဒါက ဒဏ္ဍာရီထဲကထက် ပိုကြောက်စရာကောင်းတယ်.. ဒီကမ္ဘာငယ်လေးက ပျက်ပြယ်သွားတာနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်။ ကောလဟာလတွေအရ မင်းမှာ လုံလောက်တဲ့ ခွန်အား ဒါမှမဟုတ်ရင် အခွင့်အလမ်း ကောင်းတွေရရင် ပြိုကျနေတဲ့ကောင်းကင်ဘုံထဲက မှော်ကမ္ဘာငယ်ထဲကိုလည်း ဝင်လို့ရတယ်..."
ကျူးချွဲ့ကျောင်းအုပ်က စကားလုံးများကို ထိုနေရာ၌ ရပ်နားလိုက်သည်။ သူ့မျက်နှာသည် နက်နဲပြီး တောင့်တမှု အရိပ်အယောင်များ ပေါ်လွင်နေကာ သူ့မျက်လုံးများထဲတွင် သံသယ အရိပ်အယောင်များလည်း ရှိနေသည်။
"မှော်ကမ္ဘာငယ်လား?" ရွှမ်ဝူကျောင်းအုပ်ကလည်း ထပ်မေးလိုက်သည်။
"ဟုတ်တယ်....အဆင့်မြင့် ဧကရာဇ် အင်ပါယာမှာရှိတဲ့ လူတွေထဲမှာ ဒီကမ္ဘာ့အပြင်ကနေ လာတဲ့လူတွေ ရှိတယ်... ကျင့်ကြံမှုက ကောင်းကင်ထက် မြင့်တယ်လို့ ကြားဖူးတယ်... ဒါပေမဲ့ မှန်သလား မှားသလား ဆိုတာတော့ စိစစ်ရလိမ့်မယ်"
လုရွှမ်၏ မျက်လုံးများ တောက်ပလာ၏။ ဒီကမ္ဘာရဲ့ အပြင်ဘက်ကလာတဲ့ တစ်ယောက်ယောက်? ကျောက်စိမ်းပြားထဲက ရွှေကျီးကန်းက ဒီကောင်းကင်ရဲ့ အပြင်မှာ ကမ္ဘာတစ်ခုရှိတယ်လို့ ပြောထားပြီးသားဖြစ်ပြီး အခုသူရောက်နေတဲ့ ကမ္ဘာငယ်လေးကတော့ သမုဒ္ဒရာထဲမှာ ရေတစ်စက်မျှသာ ဖြစ်ပေသည်။
ဒီကမ္ဘာကြီးကနေ ထွက်သွားပြီး ပြိုကျနေတဲ့ကောင်းကင်ဘုံကို ထွက်သွားဖို့ ဖြစ်နိုင်သလို သဘာဝကျကျ တခြားကမ္ဘာက လူတွေကလည်း တိမ်ပင်လယ် နယ်မြေထဲကို ဝင်လာနိုင်၏။
"အစ်ကိုကျူးချွဲ့.. အရင် ကျောင်းအုပ်ကြီးက ပြိုကျနေတဲ့ကောင်းကင်ဘုံကို သွားဖူးတယ်လို့ ကောလဟာလတွေ ထွက်နေသလားလို?"
ပိုင်ဟူကျောင်းအုပ်က ရုတ်တရက် သတိရသွားတာကြောင့် ထအော်လိုက်သည်။ ကျူးချွဲ့ကျောင်းအုပ်ကလည်း မငြင်းဘဲ ခေါင်းညိတ်ပြီး
“လွန်ခဲ့တဲ့ အနှစ်၁၀၀ ကျော်က ကျုပ်က သူတော်စင်တစ်ပိုင်း သာသာပဲ ရှိသေးတယ်.. ကျုပ်ဆရာက ကမ္ဘာ့အပြင်ဘက်မှာ ရှိတဲ့ ပြိုကျနေတဲ့ကောင်းကင်ဘုံကို လိုက်သွားခဲ့တယ်...အဲ့နေရာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ အရမ်းကို မှော်ဆန်တဲ့ နယ်မြေတစ်ခုပဲ။ ဒါပေမဲ့လည်း အခွင့်အလမ်းတွေလည်း အပြည့်ရှိတယ်... တချို့လူတွေက အတွင်းပိုင်းကို ပိတ်ဆို့ထားကြတော့ တချို့က အသက်ဆုံးရှုံးကြရတယ်... ကံမကောင်းစွာပဲ ငါ့ရဲ့ ကျင့်ကြံမှု မလုံလောက်လို့ နက်နက်နဲနဲ မဝင်ရဲခဲ့ဘူး.... ဒါကြောင့် အပြင်ဘက်ကနေ သေသေချာချာ စုံစမ်းကြည့်နေတာ"
"ဆရာကြီးနဲ့ အကြီးအကဲ တချို့က ပြင်ပကမ္ဘာထဲကို နက်နက်နဲနဲ ဝင်သွားပြီးနောက် ဘယ်တော့မှ အပြင်ကို မထွက်လာတော့ဘူး"
ကျူးချွဲ့ကျောင်းအုပ်က လုရွှမ်ကို ရုတ်တရက် တစ်ချက်ကြည့်လိုက်ပြီး
"ကျုပ်ရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် အရင်ကျောင်းအုပ်ကြီးကလည်း ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာထဲကို ဝင်သွားနိုင်တယ်"
ယခင် ထျန်းလုံကျောင်းအုပ်သည် ထူးထူးခြားခြား ပျောက်ကွယ်သွားပြီး အဖြစ်အပျက်ကို မည်သူမှ မသိခဲ့ပေ။ ဒါပေမဲ့ အန္တရာယ် တစ်ခုခု ဖြစ်နေတာလို့ ပြောရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး။
ယခင် ကျောင်းအုပ်ကြီးဟာ ပါရမီရှင်ဖြစ်ပြီး သူတော်စင်ထက် သာလွန်ပြီး အဆင့်မြင့် ဧကရာဇ် အင်ပါယာကြီးထဲမှာ ဘိုးဘေးတွေအဖြစ် လေးစားခံရနိုင်တဲ့ သူတော်စင်ကြီး ဖြစ်သွားတယ်လို့တောင် ကြားခဲ့ရသေးသည်။
အကြီးမားဆုံး ဖြစ်နိုင်ချေမှာ သူမသည် ကောင်းကင် အပြင်ဘက်က ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာသို့ အမှန်တကယ် ဝင်ရောက်သွားခြင်းပင် ဖြစ်မည်။
"တခြားအကြောင်းတွေ မပြောနဲ့.... ဘယ်သူလာလဲ ဆိုတာ အရင် ကြည့်ရအောင်"
ပိုင်ဟူကျောင်းအုပ်က ပြောလိုက်သည်။
ထိုအချိန်တွင် ထျန်းလုံမြို့ အပြင်ဘက်မှ သတင်းစကားများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ ထိုသူတို့သည် ထူးဆန်းသော သူတော်စင် သားရဲများကို မြင်လိုက်ရပြီး ထိုလူများ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ သူတော်စင်တစ်ပိုင်း ကမ္ဘာကြောင့် ဖြစ်နိုင်ကြောင်း ၎င်းတို့ လေးဦးမှ သိလိုက်ပြီ။
လုရွှမ်သည် စောစောကတည်းက ရောက်လာသော လူများကို အကဲခတ်နေပြီး အထူးသဖြင့် ဦးဆောင်သူများကို အာရုံစိုက်ထားခဲ့သည်။ အဆင့်မြင့်သော သူတော်စင်သားရဲ တစ်ကောင်ကို သူမြင်လိုက်ရသည်။
၎င်းတို့အားလုံးသည် ပျံသန်းနေသော လင်းယုန်ငှက်များ ဖြစ်ကြပြီး ဒုတိယတန်းစား သူတော်စင် သားရဲများ ဖြစ်သည်။ ၎င်းတို့သည် ကြမ်းတမ်းသောပုံ ပေါက်သော်လည်း သူတို့၏ ကိုယ်ရည်ကိုယ်သွေးသည် သိမ်မွေ့နေသောကြောင့် ၎င်းတို့ကို ယဉ်ပါးစေရန် အလွယ်ကူဆုံး ဖြစ်စေသည်။
လင်းယုန်ငှက်သည် အလွန်လျင်မြန်ပြီး ခရီးဝေးများ အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်လို့ လင်းယုန်သားရဲတိုင်းဟာ အဖိုးတန်ပေ၏။
မှန်ကန်စွာ ခန့်မှန်းကြည့်ပါက ၎င်းတို့သည် အဆင့်မြင့် ဧကရာဇ်အင်ပါယာမှ ဆင်းသက်လာဖွယ် ရှိသည်။
"ဒီရောက်လာတဲ့လူက အရမ်း အစွမ်းထက်တယ်.... အများစုက အထက် ဧကရာဇ်အင်ပါယာက လာကြတာ... ငါတို့ သူတို့ကို လျစ်လျူရှုထားလို့ မရဘူး... ပိုင်ဟူကျောင်းအုပ် ရွှမ်ဝူကျောင်းအုပ်.. သူတို့ကို မြန်မြန်နှုတ်ဆက်ရအောင်"
ကျူးချွဲ့ကျောင်းအုပ်က ဆိုပြီး မြို့ပြင်ကို အရင်ထွက်ပြေးသွားသည်။
ပိုင်ဟူကျောင်းအုပ်က ရယ်ကာ လုရွှမ်ကို စိုက်ကြည့်ပြီး အမြန်ပဲ ထိုနောက်သို့ လိုက်သွားခဲ့သည်။ ရွှမ်ဝူကျောင်းအုပ်ကတော့ ခါးသီးစွာပြုံးကာ သူ့လက်ကို ဖြန့်၍ ကူကယ်ရာမဲ့ အမူအရာ လုပ်ပြပြီး သူတို့နောက်သို့ လိုက်သွားခဲ့သည်။
ယခုနေရာသည် ထျန်းလုံမြို့ထဲက ထျန်းလုံကျောင်းတော်ပင်။ သူသည် ထျန်းလုံကျောင်းအုပ်ကြီး ဖြစ်လို့ ဒါက သူပိုင်ဆိုင်သည့် နေရာဖြစ်သည်။ ကျုးချွဲ့ကျောင်းအုပ်က သူ့ကို တိုင်ပင်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိချေ။
လုရွှမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ အပြုံးသည် အလွန်တည်ငြိမ်နေပြီး ကျူးချွဲ့ကျောင်းအုပ်၏ စကားကို လုံးဝ မကြားရသကဲ့သို့ပင်။
ဤနေရာသည် သူ၏နေရာ ဖြစ်သော်ငြားလည်း ဝိညာဉ်ရေး ကျင့်စဉ်လောကတွင် အောင်မြင်မှု ရရှိသူများသည် ပထမနေရာကို ဦးတည်မှန်းတော့ သူကောင်းကောင်း သိပါသည်။ တစ်ခုခု တကယ်ဖြစ်လာရင် ကျန်လူနှစ်ယောက်က ကျူးချွဲ့ကျောင်းအုပ်ရဲ့ ဦးဆောင်မှု နောက်ကို လိုက်ကြမှာ သေချာပါ၏။
ထို့အပြင် စိတ်စွမ်းအားကို ရိုးရှင်းစွာ ဖြန့်ကျက်လိုက်ရုံဖြင့် သူသည် ရောက်လာသော လူ၏ ကျင့်ကြံမှုအဆင့်ကို သူ ကောင်းကောင်း သိနိုင်သည်။
အဖွဲ့ခေါင်းဆောင်က သုံးဦးဖြစ်သည်။ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သည် မဟာသူတော်စင် သို့မဟုတ် သူတော်စင်နယ်ပယ်ကြီး အဆင့်ထက် မကျော်လွန်သော်လည်း ၎င်းတို့အားလုံးသည် သူတော်စင်နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလတွင် ရှိနေကြသည်။
ကျူးချွဲ့ကျောင်းအုပ်ရဲ့ ကျင့်ကြံမှုက ပြုစုပျိုးထောင်မှုသည် အားမနည်းသော်လည်း စွမ်းရည်နှင့် တိုက်ခိုက်ရေး စွမ်းရည်နှင့် ပတ်သက်လာလျှင် သူတစ်ယောက်တည်း ပြိုင်ဘက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
လုရွှမ်၏ မျက်လုံးများသည် ရုတ်တရက် လှည့်လာပြီး အဘိုးအိုတစ်ဦးပေါ် ကျသွားသည်။ အဖွဲ့ခေါင်းဆောင် သုံးယောက်တွင်သူက တော်တော် ငယ်ပုံရ၏။ သို့သော် ဒီလူကြီးက အသက်ကြီးလို့ တယောက်တည်း လာတာလို့ ပြောရရင်လည်း အရမ်းထူးဆန်းသလိုပင်။
သူ့တွင် နှင်းဖြူရောင် ဆံပင်၊ မုတ်ဆိတ်ဖြူ၊ ပွက်ပွက်ဆူနေသော မျက်နှာ၊ မျက်လုံး အနည်းငယ်က စွေနေပြီး သူ့မျက်နှာကလည်း ရှုံ့မဲ့နေသည်။ သူ၏ ကျင့်ကြံမှု အဆင့်သည် မမြင့်မားဘဲ သူတော်စင်နယ်ပယ် အဆင့်၇တွင် ရှိလို့ လူငယ်များကြားတွင် ထင်ရှားစွာ ပေါ်လွင်နေသည်။
ထိုအဘိုးကြီးသည် လင်းယုန်ငှက်ကို ထိန်းကျောင်းနေသော ကျွန်တစ်ဦးမျှသာ ဖြစ်နိုင်သည်ဟု မည်သူမဆို ခံစားမိကြပေမည်။ ဒါပေမဲ့ သူ့မျက်လုံးတွေက အဘိုးအိုကို ကြည့်လိုက်တဲ့ အချိန်မှာ လုရွှမ်ဟာ သူ့နှလုံးသားတွေ တုန်လှုပ်နေပြီး ရင်ဘက်က တုန်နေသလို ခံစားလိုက်ရသည်။
သို့သော် လုရွှမ် နောက်ထပ် အကြည့် အနည်းငယ်ကို လှမ်းကြည့်ဖို့ မထိန်းနိုင်ခဲ့ပေ။ ကြည့်နေလေလေ မရှင်းလင်းလေလေ ဖြစ်လာလေပင်။ သူ့နှလုံးသားထဲက လှုပ်ရှားမှု တစ်ခုနှင့်အတူ စိတ်ဝိညာဉ် စွမ်းအားကို တိတ်တဆိတ် ပျံ့လွင့်သွားရာ ထိုအဘိုးကြီးဟာ အနည်းငယ် ထိမိသဖြင့် ရုတ်တရက် ဆုတ်ခွာခဲ့ရသည်။
ဒီလူရဲ့ ကျင့်ကြံမှုဟာ နားမလည် နိုင်လောက်အောင် တည်ရှိနေသည်။ သူတော်စင်နယ်ပယ် အဆင့်၉ မဟုတ်ဘဲ ကြီးမြတ်သော မဟာသူတော်စင် ဖြစ်သည်မှာ ထင်ရှားလေသည်။ သို့သော် သူ့အဆင့်ကို ဖိနှိပ်ထားဖို့ ဘယ်နည်းလမ်းကို သုံးထားမှန်းတော့ မသိချေ။
အဘိုးအိုသည် ရုတ်တရက် သက်ပြင်းတစ်ချက်ချကာ လုရွှမ်ကို လှည့်ကြည့်ရင်း သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ရယ်မောလိုက်သည်။ လုရွှမ်လည်း သူ့အား စူးစူးစိုက်စိုက် ကြည့်နေပြီမို့ သူ့လုပ်ရပ်များကို ရှာတွေ့သွားပြီး ဖြစ်သောကြောင့် အဘိုးအိုက သူ့ကို အပြစ်မတင်ရန် မျှော်လင့်ကာ ပြန်ပြုံးပြခဲ့သည်။
ထွက်ပြေးရမလား?
အစွမ်းကုန် ကြိုးစားရင် သူတော်စင်နယ်ပယ်ရဲ့ လက်ကနေ လွတ်မြောက်နိုင်၏။ သို့သော် မဟာသူတော်စင် ရှေ့တွင် သူ၏ သေးငယ်သော လှည့်ကွက် အားလုံးသည် ပွင့်လင်းမြင်သာပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
'ကောင်လေး... မင်းက မရိုးရှင်းဘူးပဲ... ဒီအဘိုးကြီးရဲ့ အဆင့်ကိုတောင် တကယ် ရှာတွေ့နိုင်တယ်... နာမည်ဘယ်လိုခေါ်လဲ?'
မဟာသူတော်စင်ကြီးရဲ့ အသံက သူ့နားထဲမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူ့အသံတွင် ရန်လိုသော ရည်ရွယ်ချက် မရှိကြောင်းကို ကြားတော့ လုရွှမ် သက်ပြင်းချလိုက်ရင်း
"ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီး ချင်းလုံအရှင်... ဒီအဘိုးကြီးကို ဘယ်လိုခေါ်ရမလဲ?"
"ဟေး ကောင်လေး... ဒီလူကြီးက ဘယ်သူလဲလို့တောင် မေးရဲတယ်ပေါ့... မင်းရဲ့ကျင့်ကြံမှုက သိပ်မကောင်းပေမယ့် သတ္တိကတော့ မသေးဘူးပဲ.... ဟားဟား အံ့သြစရာကောင်းတယ် မင်းငါ့ကို စူးစမ်းဖို့ မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားကို အသုံးမပြုရင် မင်း ငါ့အမြင်ထဲကနေ ဝှက်ထားလုနီးပါး ဖြစ်သွားလိမ့်မယ် ငါပြောရမယ်ဆိုရင် မင်းရဲ့ ရုပ်ဖျက်နည်းက မလွယ်ဘူးနော်!"
သေချာပါတယ်။ ဒီရုပ်ဖျက်နည်းက သူ့ရဲ့ အစွမ်းသတ္တိကြောင့် ထူးထူးခြားခြား ဖြစ်ပေမယ့် မဟာသူတော်စင်ကြီးရဲ့ မျက်လုံးထဲကနေ ဖုံးကွယ်လို့ မရနိုင်ဘူး။