လူကိုအနိုင်ကျင့်တယ်
Vol. 46 Ch. 4.203
လုရွှမ်က တခစ်ခစ်ရယ်ပြီး ဆက်ပြောလိုက်သည်။
'အဘိုးကြီး... ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူးလေ... ကျုပ်လို ထူးချွန် အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ဟာ သွားလေရာရာ အာရုံစူးစိုက်မှုရဲ့ ဗဟိုချက်ပဲ ဖြစ်နေတာ... လက်ရှိ အသွင်အပြင်ကို ပြောင်းလဲပြီး ကျက်သရေရှိတဲ့ ပုံရိပ်ကို ဖုံးကွယ်ထားရမယ်.... မဟုတ်ရင် ကျုပ်နောက်ကို ကောင်မလေးတွေ အရမ်းများလွန်းလို့ သူတို့ကို မရှောင်နိုင်ဘူးလေ!"
'ဟားဟား မင်းက စကားပြော ကောင်းသားပဲ... မင်းမှာငါ့ကို ဘာလို့ မကြောက်တာလဲ? မင်းက ငါ့ကို "စီနီယာ" လို့တောင် မခေါ်ဘူး'
အဘိုးအိုက ခပ်တည်တည်နဲ့ သူ့ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
လုရွှမ်သည် သူ့ထံမှ ကြီးမားသော ဖိအားကို ခံစားလိုက်ရသော်လည်း လူသတ်ချင်နေတဲ့ ရည်ရွယ်ချက်တော့ မရှိပေ။ အဘိုးအို၏ လေးနက် ဟန်ဆောင်သော မျက်လုံးများတွင် အပြုံးအရိပ်အယောင်များ ရှိနေသည်။
'မကြောက်ပါဘူး... အခု ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က ကျုပ်ထက် မြင့်နေပေမယ့် ကျုပ်ရဲ့ကျင့်ကြံမှု အဆင့်က ခင်ဗျားထက် မကြာခင်မှာ မြင့်လာနိုင်တာပဲလေ... အဲ့တော့ ကျုပ်ကို စီနီယာလို့ ခေါ်စေချင်တာလား? 'စီနီယာ'ဆိုတဲ့ စကားလုံးက သိပ်မဆိုးပါဘူး.. လေးစားမှုရှိဖို့ လိုတယ် အဲ့စကားလုံကို နှုတ်ခမ်းပေါ်မှာ မထားဘဲ နှလုံးသားထဲမှာ သိမ်းထားရမှာ... နောက်ပြီး ခင်ဗျားကို အဘိုးကြီးလို့ ခေါ်တာက အရမ်းနားထောင်လို့ ကောင်းတယ် မဟုတ်လား?'
အဘိုးအိုက ရယ်ပြီး ပြန်ပြောလာ၏။
'မင်းရဲ့သတ္တိက တကယ် သေးသေးလေးတော့ မဟုတ်ဘူးပဲ... မင်းမလို့ တွေးဝံ့တယ် ဒီအဘိုးကြီး ငါက အခု မဟာသူတော်စင် နယ်ပယ်ကြီးရဲ့ တတိယအဆင့်ကို ရောက်နေပြီ... ကောင်လေး မင်းက သူတော်စင်တစ်ပိုင်း အဆင့်၃ပဲ ရှိသေးတယ်.. ဒီအဆင့်နှစ်ခုရဲ့ ကွာဟချက်ကို မင်းသိလား? ဒါတောင်မင်းက ဒီအဘိုးကြီးကို အမီလိုက်ချင်သေးတယ်ပေါ့... မင်း အိပ်မက်တွေများ မက်နေတာလား?'
'ဒါက မသေချာဘူးလေ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး.... အဘိုးကြီး ခင်ဗျားက ဒီနယ်ပယ်မှာ အတော်ကြာအောင် ပိတ်မိနေခဲ့ပြီးပြီ... ခင်ဗျားက အဆင့်ကို တမင်တကာ ဖိနှိပ်ထားပြီး သူတော်စင်တစ်ပိုင်း ကမ္ဘာထဲကို ဝင်ချင်နေတာ...ခင်ဗျားက ဒီနယ်ပယ်က အခွင့်အလမ်းတွေကို ရှာချင်နေတာမလား? ကျုပ် ခင်ဗျားကို ကူညီပေးနိုင်တယ်'
အဘိုးအိုက ရယ်မောရင်း
'ကောင်လေး မင်းရဲ့ အရှက်မဲ့တဲ့ပုံစံက ဒီအဘိုးကြီး ငါနဲ့ တော်တော်တူတယ်.... မင်းမှာ အရည်အချင်းရှိမရှိ ငါမပြောဘူး... မင်းရှေ့မှာရှိတဲ့ အခက်အခဲတွေကို မင်းအရင် ကျော်ဖြတ်နိုင်မှ ဆက်ပြောရအောင်"
လုရွှမ်လည်း စိတ်စွမ်းအားဖြင့် ဆက်သွယ်နေမှုမှ လျင်မြန်စွာ နိုးထလာခဲ့သည်။ ကျူးချွဲ့ကေိာင်းအုပ်နှင့် အဖွဲ့ခေါင်းဆောင် သုံးဦးသည် သူ့ထံသို့ ပျံသန်းလာခဲ့ကြပြီ။ ရောက်ရှိလာသော ငယ်ရွယ်သူများ အားလုံးသည် ထျန်းလုံကျောင်းတော် ကျောင်းဝင်းထဲသို့ အလိုလို ဆင်းသက်လာခဲ့ကြသည်။
"လူကြီးမင်းတို့ သုံးယောက်.... ဒီက အရည်အချင်း ရှိတဲ့သူကတော့ ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီး ချင်းလုံအရှင်ပါ... ထျန်းလုံကျောင်းအုပ် ဒီသုံးယောက်က ဟုန်ရစ်ဧကရာဇ်အင်ပါယာက ဦးဆောင်သူ အကြီးအကဲ သုံးယောက်ပါ... အဖွဲ့ခေါင်းဆောင် ရွှမ်ယင်၊ အဖွဲ့ခေါင်းဆောင်ကျန်းရှို့ နဲ့ အဖွဲ့ခေါင်းဆောင်ကောင်းကျန့်"
"အို... ဒါက ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီး ချင်းလုံအရှင်လား? တကယ့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာ ရှိတဲ့လူပဲ"
လုရွှမ် စကား မပြောသေးပေမယ့် အဖွဲ့ခေါင်းဆောင် ကောင်းကျန့်ကတော့ ပထမဦးစွာပဲ အော်ဟစ်လာခဲ့သည်။
သူမ ပါးစပ်ထောင့်မှာ ကဲ့ရဲ့နေသည့် အရိပ်အယောင်တွေ ရှိနေပြီး လုရွှမ်ကို အပေါ်အောက် ငုံ့ကြည့်ကာ ပြုံးပြလိုက်သည်။
"အမျိုးသမီး တစ်ယောက်ကပဲ ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ဖြစ်ရမယ်ဆိုတဲ့ ကောလဟာလတွေ ရှိလားလို့ပါ... ဘယ်လိုလုပ် ယောက်ျားတစ်ယောက်က ယာယီကျောင်းအုပ်ကြီး ဖြစ်နေတာလဲ? ပြီးတော့ သူတော်စင်တစ်ပိုင်း အဆင့်၃ပဲ ရှိတယ်... ဘာလဲ ထျန်းလုံကျောင်းတော်မှာ လူမရှိကြတော့လို့လား??"
"ဟာဟား... ကျောင်းအုပ်ကြီး သုံးယောက်က ငါတို့ရှေ့မှာ လာနှုတ်ဆက်ပေမယ့် အိမ်ရှင် ထျန်းလုံကျောင်းအုပ်ကတော့ အဝေးမှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေခဲ့တယ်... အိမ်ရှင်ရဲ့ အခွင့်ကောင်းကို အသုံးချပြီး ငါတို့ကို တိုက်ခိုက်ဖို့ ကြံစည်နေတာများလား?"
"အရင် ကျောင်းအုပ်ကြီးက ကမ္ဘာကို အံ့ဩဖို့ ကောင်းလောက်အောင် အစွမ်းထက်ခဲ့တယ် သူထွက်သွားပြီးတာနဲ့ ထျန်းလုံကျောင်းတော်က လုံးဝကို ကျဆင်းသွားခဲ့တယ်.... တကယ်ကို စိတ်မကောင်း စရာပဲ"
လုရွှမ် စကားမပြောမီတွင် အဖွဲ့ခေါင်းဆောင် သုံးဦးစီက သူ့ကို မညှာမတာ ကဲ့ရဲ့ကြလေသည်။
လုရွှမ် ရုတ်တရက် နားလည်လိုက်သည်။ ဤလူသုံးယောက်သည် ထျန်းလုံမြို့သို့ တိုက်ရိုက် မဝင်ရောက်ခဲ့တာ အံ့ဩစရာတော့ မဟုတ်ပေ။ အရင်ကတော့ လုရွှမ်က ဒီလူသုံးယောက်ဟာ သူတို့ရဲ့ တိုက်ခိုက်ရေးပုံစံကို အနည်းဆုံး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နေတယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ သူ နားလည်သွားပြီ။
သူတို့က အရင်ကျောင်းအုပ်ကြီးကို ကြောက်နေတာကြောင့် ပေါ်လာခဲ့တာပဲ။
လုရွှမ် လူသုံးယောက်ကို ကြင်နာမှု မပေးချင်ပေမယ့် တံစက်မြိတ်အောက်မှာ ခေါင်းကို ငုံ့ထားခဲ့မလို့ပဲ။ မမျှော်လင့်ဘဲ လူသုံးယောက်က သူ့ကို ပြက်ရယ်ပြုဖို့ စိတ်အား ထက်သန်နေခဲ့ပြီ ဆိုတော့ လုရွှမ်ဘက်က ယဉ်ကျေးသိမ်မွေ့မှုလို့ ခေါ်တာကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
"ကျွန်တော်တို့ သုံးယောက် အလောင်းအစား လုပ်ကြမလား"
လုရွှမ် ဒေါသထွက်မှု သို့မဟုတ် ရှက်စရာ အရိပ်အယောင်တို့ တစ်ခုမျှ မပြဘဲ ငြိမ်သက်နေသော မျက်နှာဖြင့် ရုတ်တရက် ထပြောလိုက်သည်။ အဖွဲ့ခေါင်းဆောင် သုံးယောက် အံ့အားသင့်သွား၏။
ဒါက ဘယ်လိုကြီးလဲ?
လုရွှမ်ရဲ့ ခန့်မှန်းချက်က မှန်ကန်လေသည်။ ၎င်းတို့ သုံးဦးကို ယခင် ကျောင်းအုပ်ကြီးမှ သင်ခန်းစာတစ်ခု ပေးခဲ့ပုံရသည်။ ဒီလိုနဲ့ ဒီတစ်ကြိမ် သတင်းရပြီး နောက်မှာတော့ ထျန်းလုံဧကရာဇ် အင်ပါယာထဲက ကမ္ဘာငယ်လေးဟာ ပြိုကျနေတဲ့ကောင်းကင်ဘုံ ဖြစ်သွားတော့မယ် ဆိုတော့ သူတို့သုံးယောက် ဒီကို ရောက်လာခဲ့သည်။
ထျန်းလုံကျောင်းအုပ် ရှေ့မှာ သူတို့မျက်နှာကို ပြန်ရချင်ကြသည်။ မမျှော်လင့်ဘဲ ထျန်းလုံကျောင်းအုပ် နေရာက အစားထိုး ခံလိုက်ရတာကြောင့် ဆက်ခံသူအပေါ် ဒေါသတွေ အားလုံးကို သဘာဝအတိုင်း ပုံချချင်လာကြသည်။
"အလောင်းအစား? မင်းက ထိုက်တန်လို့လား?"
ကောင်းကျန့်က အော်ဟစ် ရယ်မောလိုက်ပြီး ကျန်နှစ်ယောက်ကလည်း ရယ်မောကာ အမျိုးသမီးရဲ့ အသံကို ပဲ့တင်ထပ်သွားစေသည်။
လုရွှမ်လည်း ရယ်လျက်။
"တကယ်တော့ မထိုက်တန်ပါဘူး... သူတော်စင်နယ်ပယ် ပြီးပြည့်စုံတဲ့ကာလက လူတစ်ယောက်နဲ့ အလောင်းအစား လုပ်ပြီး ရန်ဖြစ်ရတာ ကျုပ်အတွက်လည်း အရှက်မရှိဘူး"
"မိုက်မဲတဲ့ ချင်းလုံအရှင်!! မင်း ကြုံရာကျပန်း ပုတ်ခတ်ပြောနေတာ ရပ်လိုက်!! အဖွဲ့ခေါင်းဆောင် သုံးယောက်က ဘယ်လောက် အဆင့်မြင့်လဲ မင်းသိလား? ဟုန်ရစ်ဧကရာဇ် အင်ပါယာရဲ့ ဂုဏ်ယူဝံ့ကြွားတဲ့ သူတွေအားလုံးက အဝေးကနေ လာကြတာ... အိမ်ရှင်အနေနဲ့၊ အဝေးကလာတဲ့ ဧည့်သည်တွေကို ကြိုဆိုဖို့ အစားအသောက်နဲ့ သေရည်ကို အရင် ပြင်ထားရမယ် မဟုတ်ဘူးလား?"
ကျူးချွဲ့ကျောင်းအုပ်က အေးတိအေးစက်နဲ့ ကျယ်လောင်စွာ အော်လိုက်သည်။
"အဲဒါတင် မဟုတ်သေးဘူး ဒီအဆင့်မြင့် သူတော်စင် သားရဲတွေကို ဂရုစိုက်ပေးရမယ်... ဒီသားရဲတစ်ကောင်ချင်းစီက ထူးထူးခြားခြား အဖိုးတန်တာမမို့ မင်း သူတို့ကို သေချာ ဂရုစိုက်ရမယ်..."
ကောင်းကျန့်က တခစ်ခစ်ရယ်ပြီး ရုတ်တရက် ကြားဖြတ် ဝင်ပြောလိုက်သည်။
"လင်းယုန်ငှက်တွေက အဝေးကြီးကနေ ပျံသန်းလာခဲ့ရတော့ အရမ်းပင်ပန်းနေပြီ မင်းသွားပြီးတော့ သူတို့ကို အစေခံ သားရဲခန်းမထဲကို အရင်ခေါ်သွားပြီး ကောင်းကောင်း အနားယူ ခိုင်းလိုက်ပါ.... အဘိုးကြီးဟူ လင်းယုန်ကို ထျန်းလုံကျောင်းအုပ်ဆီ ပေးလိုက်ပါ?"
"ကောင်လေး....ဒီလင်းယုန်က ဒုတိယတန်းစား သူတော်စင် သားရဲနော် အရမ်းရက်စက်တယ်.. ဒါတော် မင်းကို သတိပေးထားမယ် မင်း အဆင်ပြေတယ်မလား"
ရွှမ်ယင်ကလည်း ထပ်ပြောလိုက်သည်။
"ကျောင်းအုပ်ကြီး ဒီအကောင်တွေကို ကျွန်တော်တို့ ထိန်းထားလိုက်ပါမယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက် အမြန်ပြေးလာပြီး လုရွှမ်ဆီ လေးလေးစားစား တင်ပြလာ၏။
အဖွဲ့ခေါင်းဆောင် သုံးဦးသည် လုရွှမ်ကို အရှက်ခွဲရန် စိတ်ပိုင်း ဖြတ်ထားသော်လည်း ၎င်းတို့၏ အသံကို လုံးဝ မထိန်းထားရာ ထျန်းလုံကျောင်းတော်မှ ဆရာများနှင့် ကျောင်းသားများ အားလုံး ရှင်းရှင်းလင်းလင်း ကြားနေရသည်။
လူများစွာသည် ဒေါသစိတ်များနှင့် ပြည့်နှက်နေသော်လည်း တိတ်တဆိတ်သာ ဒေါသထွက်နိုင်သည်။ တစ်ဖက်လူရဲ့ အင်အားက ပြင်းထန်လွန်းသဖြင့် ထွက်တိုကိရန် အရည်အချင်း မရှိကြပေ။
ဒုကျောင်းအုပ် နှစ်ယောက်နှငိ့ အကြီးအကဲ အများအပြားသည် ၎င်းတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာများဖြင့် လျှို့ဝှက်စွာ အကြည့်ချင်း ဖလှယ်နေကြသည်။
ကံကောင်း ထောက်မစွာဖြင့် သူတို့သည် ယာယီကျောင်းအုပ်ကြီး ဖြစ်မလာခဲ့ချေ။ မဟုတ်ပါက သူတို့သည် ယနေ့တွင် စားစရာ ဘာမှမရှိတော့ဘဲ အမှန်တကယ် လျှောက်သွား နေရလိမ့်မည်။ သူတို့၏အမြင်တွင် ချင်းလုံအရှင်ဟာ လူသေဖြစ်နေပြီ ဖြစ်ပြီး မသေဆုံးမီတွင် အရှက်တရားများစွာကို ကြံ့ကြံ့ခံရတော့မည်။
ခုခံရန် အရည်အချင်း လုံးဝမရှိပေ။ ခုခံနိုင်လေလေ သူ့ရဲ့ သေခြင်းတရားမှာ ပိုဆိုးလေပဲ ဖြစ်သည်။
လုရွှမ်သည် ယခုအချိန်တွင် ကျောင်းထဲက တစ်စုံတစ်ယောက်ဟာ သူ့အတွက် အမှန်တကယ် မတ်တတ် ရပ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ဆရာနှစ်ယောက်ကို ကြည့်လိုက်တော့ လုရွှမ်စိတ်ထဲ အကောင်းမြင်စိတ် အနည်းငယ် ဝင်လာခဲ့သည်။
"ဆရာတို့... ခင်ဗျားတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျုပ်ကိုယ်တိုင်ပဲ လုပ်လိုက်ပါမယ်... စိတ်မပူပါနဲ့ ကျုပ်ကိုယုံပါ"
လုရွှမ်လည်း စိတ်အား ထက်သန်နေသော ဆရာနှစ်ယောက်ကို ဘေးကို အသာ တွန်းထုတ်လိုက်သည်။
သူတို့က ခွန်အားသည် မပျော့ညံ့ပေ။ သူတော်စင်နယ်ပယ် အဆင့်၉သို့ ရောက်ရှိသွားသော်လည်း ဤအဆင့်ဖြင့် လင်းယုန်ငှက်ကို ဆွဲထုတ်ရန် ကြိုးစားပါက အကြီးမားဆုံး ဖြစ်နိုင်ခြေမှာ လင်းယုန်ငှက်သည် အခင်းဖြစ်နေရာမှ ပျံတက်သွားလိမ့်မည်။
အဘိုးအိုက အပျော်တွေကို ကြည့်နေသလိုပဲ ဘေးထွက်နေ၏။ လုရွှမ်လည်း ထိုအဘိုးအိုကို လှုပ်ရှားခိုင်းဖို့ မစဥ်းစားထားပါဘူး။ အဘိုးကြီးအား ကောင်းကျန့်မှ ခေါ်လိုက်သံကို ကြားပြီးနောက်တွင် ဤလူသုံးယောက်သည်လည်း အဘိုးကြီး၏ အမည်ကို မသိကြောင်း ထင်ရှားလေသည်။
ယခုအချိန်တွင် အဘိုးအို၏ အမည်ကို တိုက်ရိုက် အမည်ပေးခြင်း သို့မဟုတ် အကူအညီတောင်းရန် တိတ်တဆိတ် အသံပို့ခြင်းသည် ခေါင်းကိုက်ရမှာ သေချာပါ၏။ ဘာအကျိုးမှ မရဘဲ မဟာသူတော်စင်၏ ဒေါသကို နှိုးဆွမိလိမ့်မည်။