ဒေါသထွက်လာပြီ
Vol. 46 Ch. 4.204
လုရွှမ်သည် မဟာသူတော်စင် အဘိုးအိုကြီးအား လေးလေးစားစား ခေါင်းညိတ်ပြကာ ပျံသန်းသားရဲ၏ နံဘေးသို့ ရောက်လာခဲ့သည်။
လင်းယုန်ငှက် ဆယ်ကောင်သည် အဘိုးအို၏ နောက်တွင် နာခံမှုရှိစွာ ရပ်နေ၍ ၎င်းတို့ထံ နီးကပ်လာသောအခါ လုရွှမ်သည် အဖိုးအိုက သူ့ရဲ့ ကြီးမြတ်သော သူတော်စင် ဘုန်းတန်ခိုးအာနုဘော်ကို အသုံးပြု၍ လင်းယုန်ငှက်များကို နာခံမှုရှိစေရန် လုံးလုံးလျားလျား အသုံးပြုထားတာကို တွေ့ရှိခဲ့သည်။
ကိုယ့်အဆင့်ကို ချုပ်တည်းထားရင် သူတော်စင်တစ်ပိုင်းနဲ့ သူတော်စင်နယ်ပယ်တွေဟာ သူတော်စင်ကြီးရဲ့ အရိပ်အာဝါသကို မခံစားနိုင်ပေမယ့် လင်းယုန်ငှက်ဟာ ထိပ်တန်းအဆင့်မြင့် သူတော်စင်သားရဲမို့ သဘာဝအတိုင်း ပြတ်သားစွာ ခံစားနိုင်ကြသည်။
“လူလေး....ဒီအဘိုးကြီး လက်ကို လွှတ်လိုက်တော့မယ်နော်”
အဘိုးအိုက အော်ပြောပြီး သူ့လက်ကို ရွှေ့ကာ သူဖိနှိပ်ထားတဲ့ စွမ်းအင်ကို ရုတ်သိမ်းလိုက်သည်။ ထိုအချိန်တွင် လင်းယုန်ငှက်များ၏ အရှိန်အဟုန်သည် ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက် ခံရသကဲ့သို့ ချက်ချင်းပင် နိုးကြွလာကြသည်။
"သွားပြီ... ကျောင်းအုပ်ကြီး အစားခံရတော့မယ်"
"ဒီလူတွေက ရိုးရိုးရှင်းရှင်းကို အနိုင်ကျင့်နေကြတာပဲ"
"ဟေ့ မင်းမှာ အင်အားမရှိရင် လူတွေက မင်းကို အနိုင်ကျင့်မှာပဲ... အဲဒါက ဘာများ ပြောစရာရှိလို့လဲ? ငါတို့မတွေ့ခင်က ကျောင်းအုပ်ကြီးက အလောင်းအစား တစ်ခု လုပ်မယ်လို့ ပြောခဲ့ပေမယ့် သူတို့က လုံးဝ ဂရုမစိုက်ခဲ့ဘူး... အခု ကြည့်လိုက်ဦး"
ကောင်းကင်မှာ ဖြစ်ပျက်နေတာတွေကို အောက်ခြေက လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်တာကြောင့် အချင်းချင်း ပြောဆိုနေကြလေသည်။ တချို့သော သူများသည် လုရွှမ်ရဲ့ ကံဆိုးခြင်းကို နှစ်သက်ကြသော်လည်း တချို့ဂတော့ ဒေါသနှင့် ပြည့်နှက်နေသည်။
ယခင် ကျောင်းလေးကျောင်းကြား ပြိုင်ဆိုင်မှုတွင် လုရွှမ်၏ စွမ်းဆောင်ရည်သည် သူတို့၏ မျက်လုံးထဲတွင် အထင်ကြီးစရာ ဖြစ်ခဲ့သည်။ လုရွှမ်ဟာ သူတို့အတွက် ကာလရှည်ကြာ ဆုံးရှုံးခဲ့ရသော ဂုဏ်ကို ပြန်လည် ရရှိစေပြီး အချိန်အတော်ကြာ ပျောက်ကွယ်သွားသော သတ္တိကို သူ့နှလုံးသားထဲတွင် နေရာ ပြန်ယူစေလို့ ယာယီကျောင်းအုပ်ကြီးကို အသိအမှတ် ပြုနေပြီဖြစ်သည်။
ချင်းလုံအရှင်နဲ့ မှန်ကန်တဲ့ လမ်းပေါ် လျှောက်လှမ်းပြီး ကျောင်းဂုဏ်ကို မြှင့်တင်ဖို့ ထျန်းလုံကျောင်းတော်ကို ဦးဆောင်စေဖို့ မျှော်လင့်နေချိန်မှာပဲ ကောင်းတဲ့ အရာတွေက အမြဲတမ်း မကြာတတ်ဘူးဆိုတာ မှန်နေသည်။
အချိန်အကြာကြီး မပျော်ခဲ့ရတဲ့အပြင် တခြားဧကရာဇ် အင်ပါယာက လူတွေ သူတို့ကျောင်းအုပ်ကြီးကို အနိုင်ကျင့်ဖို့ ရောက်လာခဲ့၏။
သည်းမခံနိုင်ပေမယ့် သည်းမခံနိုင်တော့ရော ဘာလုပ်နိုင်မှာလဲ။
"ဆရာ... သတိထားပါ!"
မောင်နှမနှစ်ယောက် ဖြစ်တဲ့ ဝမ်လင်နှင့် ဝမ်ကျောက်က အော်ဟစ်ကာ သူတို့ မျက်ဝန်းတွေက စိုစွတ်နေ၏။ မြက်ခင်းပြင်က မီးကို ချက်ချင်း စတင်လိုက်သည့်နှယ် မီးပွားတစ်ခုကဲ့သို့ ထူးဆန်းသော အသံတစ်ခုက ထွက်လာခဲ့သည်။
"ကျောင်းအုပ်ကြီး သတိထား..."
မြစ်များသည် ပင်လယ်ထဲသို့ ပေါင်းစုံသွားသကဲ့သို့ အစပိုင်းမှ အဆုံးအထိ အသံရှင်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာပြီး ခိုင်ခံ့နက်နဲသော အသံများက “ ကျောင်းအုပ်ကြီး သတိထားပါ”ဟု ဆိုလာကြသည်။
လုရွှမ် လှည့်မကြည့်ဘဲ မနေနိုင်အောင် သူ့နှလုံးသားထဲတွင် နားမလည်နိုင်သော နွေးထွေးမှုတစ်ခုကို ခံစားရသည်။ သူက အောက်ကလူများဆီ လက်ကိုဝှေ့ယမ်းပြီး
"မင်းတို့ရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်... စိတ်မပူပါနဲ့ ငါက ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးပါ.... ဘယ်လိုလုပ် လွယ်လွယ်နဲ့ သေပါ့မလဲ? ဒါက သားရဲလေး အနည်းငယ်ပဲ မဟုတ်လား? သူတို့ကို နှိမ်နင်းဖို့ လွယ်ပါတယ်"
ရွှမ်ယင်နှင့် အခြားသူများ၏ မျက်နှာများသည် မှုန်ကုပ်နေကာ နှလုံးသားထဲအထိ ပို၍ မုန်းတီးလာကြသည်။ ကျူးချွဲ့ကျောင်းအုပ် နဲ့ ပိုင်ဟူကျောင်းအုပ်တို့က တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ရင်း နှစ်ယောက်လုံးရဲ့ မျက်လုံးတွေထဲမှာ ပျော်ရွှင်နေတဲ့ အရိပ်အမြွက်တွေကို တွေ့လိုက်ရ၏။
သူကြီးပြင်းခွင့် ရပြီးတာနဲ့ ထျန်းလုံကျောင်းတော်က သူတို့ကို ဆက်လက် လွှမ်းမိုးသွားလိမ့်မယ်။ ကံကောင်း ထောက်မစွာနဲ့ အခု ဒီကလေးက သေရမှာ သေချာသွားပြီ။ ဟုန်ရစ်ဧကရာဇ် အင်ပါယာရဲ့ ခေါင်းဆောင် သုံးယောက်ကို စော်ကားခဲ့တယ်လေ။ သူ့ရဲ့ ဆိုးသွမ်းတဲ့ အပြုအမူတွေ များလာလေလေ မြန်မြန်သေလေပဲ။
လုရွှမ်သည် လေးနက်သော ဟန်ဆောင်မှုဖြင့် ပျံသန်းနေသော လင်းယုန် တစ်ကောင်ထံသို့ ရောက်လာပြီး သူ့မျက်လုံးများက လင်းယုန်ရဲ့ မျက်လုံးကို စူးစူးစိုက်စိုက် ကြည့်ကာ လင်းယုန်ရဲ့ နှလုံးသားကို မြင်လိုသည့်အတိုင်း မျက်လုံးများက စူးရှနေသည်။
"ဟမ့်... မင်းဘာလုပ်နေတာလဲ ငှက်ကို မျက်စိလျှပ်စီးနဲ့ ပစ်နေတာလား?"
ကောင်းကျန့်က ရယ်မောလိုက်သည်။ သူမသည် ထျန်းလုံကျောင်းတော်ကို အမုန်းဆုံး ဖြစ်သည်။ ထိုအမျိုးသမီးနှင့် တွေ့သောအခါတွင် သူမသည် သင်ခန်းစာ တစ်ခု သင်ပြခံခဲ့ရသည်။ သူမ၏ မိသားစုနောက်ခံကို အားကိုးထားခြင်း မရှိပါက သူမဓားအောက်မှာ အသတ်ခံရလောက်ပြီ။
ယခုအချိန်တွင် သူမ၏ ကျင့်ကြံမှုသည် သူတော်စင်နယ်ပယ် ပြီးပြည့်စုံသောကာလတွင် မဟာသူတော်စင် နယ်ပယ်သို့ မဖြတ်ကျော်နိုင်ခဲ့ပေ။ ထျန်းလုံကျောင်းအုပ်သည် သူမ၏ အတွင်းစိတ်ဝိညာဉ်ဆိုး ဖြစ်လာခဲ့သည်။
လောလောဆယ်မှာတော့ သူမကို မသတ်နိုင်သေးတဲ့အတွက် စိတ်ဝင်စားမှု အတချို့စုဆောင်းဖို့ အဲဒီလူရဲ့ အမွေဆက်ခံသူကို သတ်ပစ်လိုက်မည်။
"မဟုတ်ဘူး... ငါက လင်းယုန်ငှက် နဲ့ ဆက်သွယ်နေတာ"
လုရွှမ်က တည်ငြိမ်စွာပဲ ပြန်ပြောသည်။
"ဟားဟား... လူတွေက သားရဲတွေနဲ့ ဆက်သွယ်နေတယ် ဟုတ်လား? သားရဲပြောတာကို နင်က နားလည်မှာလား? ဒါမှမဟုတ် နင်က လူ့အရေပြားခြုံထားတဲ့ သားရဲမလို့လား?"
ကောင်းကျန့်က အော်လိုက်သည်။ လုရွှမ်ရဲ့ ဂရုမစိုက်တဲ့ အကြည့်ကို မြင်လိုက်ရတော့ ဘာကြောင့် ဒေါသတွေ ထွက်နေမှန်း မသိ ဒေါသထွက်လာတော့သည်။
ထိုအမျိုးသမီးသည် ယခင်ကလည်း ထိုနည်းတူ အေးစက်ပြီး မာနကြီးကာ ဘယ်သူ့ကိုမှ ဂရုမစိုက်သလိုမျိုး လုပ်တတ်သည်။
ကောင်းကျန့်နဲ့ အတူ လိုက်ပါလာတဲ့ လူနှစ်ယောက်တောင် မျက်မှောင် ကြုတ်လိုက်ကြသည်။ ကောင်းမိသားစုသည် တော်ဝင်မိသားစုမှ လွဲ၍ ဟုန်ရစ်ဧကရာဇ် အင်ပါယာတွင် အင်အားအကြီးဆုံး မိသားစုဖြစ်ပြီး ၎င်းတို့၏ မိသားစုနောက်ခံမှာ ထူးခြားသောကြောင့် ကောင်းကျန့်ကို ရှိန်ကြသည်။
သို့သော် သူတော်စင်နယ်ပယ်၏ ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားသော စီနီယာ တစ်ဦးအနေနှင့် ၎င်းတို့၏ အမွေးအတောင်များကို သဘာဝအတိုင်း အလွန်မြတ်နိုးကြသည်။
"ဟေး... ငါပြောတာကို သားရဲက နားမလည်ဘူးထင်တယ်!"
လုရွှမ်သည် အခြားလင်းယုန် တစ်ကောင်ဆီသို့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်သွားပြီးနောက် မျက်လုံးများကို လင်းယုန်နှင့် မျက်လုံးချင်း ဆုံစေလိုက်သည်။
ကောင်းကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"အဓိပ္ပာယ် မရှိတာ!! မင်းပြောနေတာတွေကို သားရဲက နားမလည်နိုင်ဘူးလေ... ဟားဟား ဒါက ထျန်းလုံကျောင်းအုပ် မဟုတ်လား? ဟိုအရင်က သူက အရာရာကို သိပြီး အရာရာကို စွမ်းဆောင်နိုင်သူလို့ ပြောကြတယ်.. သားရဲနဲ့ ဆက်သွယ်နေတဲ့ ကောင်လေး... မင်းရဲ့ကြိုးစားအားထုတ်မှုက မလုံလောက်ဘူး ထင်တယ်"
တစ်စုံတစ်ယောက်က ခိုးရယ်လိုက်၏။ ရယ်မောသံက လျှပ်တပြက်အတွင်း ကွယ်ပျောက်သွားသော်လည်း လူအများ၏ ရယ်မောချင်မှုကို နှိုးဆွလိုက်ပုံဖြင့် တစ်ယောက်ပြီး တစ်ယောက် ရယ်မောကြတော့သည်။
ရွှမ်ယင်နှင့် ကျူးချွဲ့ကျောင်းအုပ်တို့သည် ပါးစပ်ကို တင်းတင်းကြပ်ကြပ် စေ့လျက် အကျယ်ကြီး မရယ်ဝံ့ပေ။
"ဟာဟား ဒီလူတွေက မင်းကို ငတုံးဆိုပြီး ရယ်နေကြပြီ"
ကောင်းကျန့်က ပိုပိုပြီး မာနကြီးလာပြီး ရွှင်လန်းစွာ ရယ်မောလိုက်သည်။
"ဟားဟားဟား"
ရယ်သံတွေက ပိုပိုပြီး ကျယ်လောင်လာကာ ဟုန်ရစ်ကျောင်းတော်က ကျောင်းသားတချို့တောင် ကို လှောင်ပြောင်တဲ့ မျက်လုံးတွေနဲ့ ကောင်းကျန့်ကို ကြည့်ပြီး ကျယ်လောင်စွာ မရယ်ရဲပေမယ့် ကြိတ်ရယ်နေကြလေသည်။
ရုတ်တရက် အသံက တိတ်တိတ်ဆိတ်ဆိတ် ထွက်လာခဲ့သည်။
"တကယ် ငတုံးပဲ... ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင်ပြောတာကို သားရဲက ဘယ်လိုလုပ် နားလည်မှာလဲ?"
အသံက လူအုပ်ထဲ အလင်းစီးကြောင်း တစ်ခုလို လျင်မြန်စွာ ပျံ့လွင့်သွားသည်။ ထိုစကားသံ ထွက်လာတော့ ဘယ်သူကမှ ဆက်မပြောနိုင် ကြတော့ဘူး။
ကောင်းကျန့် အံ့အားသင့်သွားပြီး ရုတ်တရက် တုံ့ပြန်လိုက်မိသည်။
"မင်းက ငါ့ကို သားရဲလို့ ခေါ်နေတယ်ပေါ့!"
အနီရောင် အလင်းတန်းများက သူ့လက်ချောင်းထိပ်များပေါ်မှ ထွက်လာကာ လုရွှမ်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
ရယ်သံက ပိုလို့တောင် ကျယ်လောင်သွား၏။
လုရွှမ်ကတော့ သူ့စိတ်ထဲကနေ လှောင်ရယ်နေပေမယ့် သူ့မျက်နှာကို အပြစ်ကင်းတဲ့ အကြည့်နဲ့ လုပ်ရင်း
"မင်းပြောနေတာ ငါနားမလည်ဘူး... ခေါင်းဆောင်ကောင်းကို သားရဲတစ်ကောင်လို့ ဘယ်သူ ပြောတာလဲ? အသက် မရှင်ချင်တော့ဘူးလား?"
"လူငယ်လေး.... မင်းက လူမိုက် ဟန်ဆောင်ရဲတယ်ပေါ့... ကောင်းပြီ သွားသေလိုက်တော့!"
ကောင်းကျန့် အော်ဟစ်ပြီး သူ့လက်ညှိုးကို ဝေ့ယမ်းကာ လုရွှမ်ဆီသို့ အနီရောင် အလင်းတန်းတစ်ခု ပစ်ခတ်လိုက်သည်။
သူ့လက်ထဲက အနီရောင် အလင်းတန်း ထွက်လာတာနဲ့ တပြိုင်နက် ရေငွေ့တွေလို အငွေ့အသက်နဲ့ သွေးတွေ ပြန့်ကျဲလာပြီး ပြင်းထန်တဲ့ ဝိညာဉ်ဆိုးတွေလို လုရွှမ်ဆီကို ပြေးထွက်သွားတော့သည်။
လုရွှမ် သူ့လက်များကို ဝှေ့ယမ်းလိုက်သော် အလင်းတန်းများ အောက်တွင် သူကြိုတင်ပြင်ဆင်ထားသည့် အခင်းအကျင်း တစ်ခု ထွက်ပေါ်လာခဲ့၏။
ဒီလိုအခြေအနေမျိုးမှာ ယေဘူယျအားဖြင့် ပြောရရင် ဘယ်သူမှ လှုပ်ရှားလာမှာ မဟုတ်ဘူး။ နောက်ဆုံးတော့ မျက်နှာပျက်ပြီး ဒေါသထွက်လာရင် ဆုံးရှုံးမှုကြီး ဖြစ်လာလိမ့်မယ်လေ။
ဒါပေမဲ့ တစ်ဖက်လူကို ရူးနေတဲ့ မိန်းမဟု မှတ်ယူထားသော လုရွှမ်သည် ဒုတိယလက်ဖြင့် ပြင်ဆင်မှုများ ပြုလုပ်ပြီး အစောကတည်းက အခင်းအကျင်း များကိုလည်း ပြင်ဆင်ထားပြီးသား ဖြစ်သည်။
ယခုအချိန်တွင် လုရွှမ်သည် သူ့ရှေ့တွင် ဖွဲ့စည်းထားသော တံဆိပ်ပြားများကို လျင်မြန်စွာ ချထားလိုက်တယကြောင့် သူ့ ခန္ဓာကိုယ် တစ်ဝိုက် အဖြူရောင် ဒိုင်းကားများက ပိတ်ဆို့ထားလေသည်။
လုရွှမ်သည် ကျူးချွဲ့ကျောင်းအုပ် သို့မဟုတ် ပိုင်ဟူကျောင်းအုပ်တို့ လက်က လွတ်မြောက်ရန် စောစောကတည်းက ပြင်ဆင်ထားသော်လည်း ဟုန်ရစ်ဧကရာဇ် အင်ပါယာကြီး ရုတ်တရက် ပေါ်လာမယ်လို့ သူ မမျှော်လင့်ထားပေ။
လုရွှမ်သည် ဤဖွဲ့စည်းပုံ အခင်းအကျင်းများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပြီး တခြားလုပ်ဆောင်မှု ထိုးနှက်ချက်များကို ခံနိုင်ရည်ရှိရုံသာ ရှိသည်။ အကျိုးသက်ရောက်မှုက အလွန်ပြင်းထန်လို့ ယခု ထိုးနှက်ချက်ကို တားဆီးရန် ပြဿနာမရှိဟု ယုံကြည်ထားလေသည်။