← Chapters

လွယ်ကူတဲ့ လက်ဝါး

Vol. 46 Ch. 4.205

လွယ်ကူတဲ့ လက်ဝါး

Vol. 46 Ch. 4.205

"ကောင်လေး...မလွယ်ဘူးပဲ မင်းရဲ့ ဒီလေကာဒိုင်းက အရမ်းကောင်းတယ်"

အဘိုးအိုရဲ့ အသံက သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။

လုရွှမ် ဒေါသတကြီးဖြင့် ထိုလူကြီးအား တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူပြင်ဆင်ထားပေမယ့် ထိုမိန်းမရဲ့ ဒေါသကို မဆွချင်ပါဘူး။ သူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုကာလက ဘယ်လောက်ပဲ မာနထောင်လွှားနေပါစေ သူ့ကိုတော့ သတ်နိုင်သေးသည်။

တခြားသူများကို ဂရုမစိုက်သော်လည်း လုရွှမ်သည် ဤထူးဆန်းသော အဘိုးအိုကို အမြဲ အာရုံစိုက်ထားခဲ့ပြီး သူ့ထံမှထွက်လာသော ဝိညာဉ်စွမ်းအား၏ အပြောင်းအလဲကို ချက်ချင်းခံစားလိုက်ရသည်။

ရေဝဲက သူ့ဆီကို ကြဲချလိုက်တာကြောင့် လုရွှမ် ထိူအရာကို ဖြေရှင်းဖို့ သူ့အာရုံကို စိုက်ထားလိုက်သည်။

ဝုန်းကနဲ ပေါက်ကွဲပြီး စူးရှတောက်ပသော အလင်းရောင် တစ်ခုက ထွန်းလင်း တောက်ပလာကာ လူအများ၏ မျက်လုံးများကို ထိုးဖောက် သွားတာကြောင့် တည့်တည့်ပင် မကြည့်ဝံ့အောင် ဖြစ်သွားစေသည်။

အလင်းရောင် ပျောက်ကွယ်သွားပြီး လူတိုင်းသည် လုရွှမ် ရှိရာဆီသို့ လျင်မြန်စွာ ကြည့်လိုက်ကြသည်။ ဒါက သူတော်စင်နယ်ပယ်က လူတစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ တိုက်ခိုက်မှု တစ်ခုပဲ။ လုရွှမ်က သူတော်စင်တစ်ပိုင်း အဆင့်၃လေးပဲ ရှိတာမို့ ဘယ်လိုလုပ် ခံနိုင်ရည် ရှိပါ့မလဲ။

သို့သော် မူလနေရာ၌ မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသဖြင့် လူအများက အံ့အားသင့်သွားကြပြီး အနောက်ဘက်မှ ဒါဇင်အနည်းငယ် အကွာတွင် ချင်းလုံအရှင်သည် လေထဲတွင် လွင့်မျောနေဆဲ ဖြစ်တာကို တွေ့လိုက်ရသည်။

သူ၏ နဂိုအဝတ်အစားများနှင့် နီရဲနေသော မျက်နှာကို ကြည့်ပြီး ထိခိုက်ဒဏ်ရာ လုံးဝမရသွားတာကို သိလိုက်ရ၏။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

"ကျောင်းအုပ်ကြီး မသေဘူး.... ကျောင်းအုပ်ကြီး မသေသေးဘူးကွ!"

လူများစွာက မယုံကြည်နိုင်စွာ အော်ဟစ်ကာ အလွန် စိတ်လှုပ်ရှားနေကြ​​တော့သည်။

ကျူးချွဲ့ကျောင်းအုပ်နှင့် တခြား သုံးယောက်သည်လည်း လုရွှမ်ကို အံ့အားသင့်ပြီး စိတ်ရှုပ်သွားသော မျက်နှာများဖြင့် ကြည့်နေကြသည်။ လုရွှမ်သည် သာမာန်တတိယအဆင့် သူတော်စင်တစ်ပိုင်း မဟုတ်ကြောင်း သူတို့သိကြသည်။

သူတော်စင်ကို သတ်ခဲ့တဲ့ သူတော်စင်တစ်ပိုင်း ဆိုတဲ့ ကောလဟာလတွေ ရှိခဲ့ပေမယ့် အများဆုံးကတော့ ပထမအဆင့် သူတော်စင်နယ်ပယ် တစ်ယောက်ကို သတ်နိုင်ခဲ့တာဟု သတ်မှတ်ခံရသည်။ သို့သော် ကောင်းကျန့်ရဲ့ လက်ချောင်းသည် ကောင်းကင်နှင့် မြေကြီးထဲသို့ သူ​တောင်စင် စွမ်းအားများ အပြည့်အဝ ပေါင်းစပ်နေပြီ ဖြစ်သည်။

သူတို့သည် ထိုလက်ချောင်း တိုက်ခိုက်မှုကို ခုခံနိုင်သော်လည်း ငြိမ်သက်နေနိုင်မည် မဟုတ်ပေ။ လုရွှမ်၏ စွမ်းဆောင်မှုက သူတို့၏ နားလည်မှုကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရွှမ်ယင်နှင့် ကျန်းရှို့တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကောင်းကျန့်ကို အတူတူ ​ပြန်ကြည့်လိုက်ကြသည်။

ကောင်းကျန့်က ဒီမသိနားမလည်တဲ့ ကောင်လေးကို သင်ခန်းစာတစ်ခု သင်ပေးတာလို့ ထင်ခဲ့ပေမယ့် သူ့ကိုသတ်ပစ်ဖို့ ရည်ရွယ်ထားမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိလို့ပဲ ဖြစ်မလား။ ဒါပေါ့။ သူတော်စင်နယ်ပယ် ပြီးပြည့်စုံတဲ့ကာလက စီနီယာတစ်ယောက်ကို ဂျူနီယာလေးက ဘယ်လိုလုပ် ဒေါသထွက်အောင် လုပ်ရဲရတာလဲ။

ဒီမြင်ကွင်းကြောင့် သူတို့နှစ်ယောက် စိတ်ရှုပ်သွားပြန်သည်။ ထိုအချိန်တွင် ကောင်းကျန့်၏ မျက်လုံးများ ပြူးကျယ်လာပြီး လုရွှမ်ကို ကြည့်လိုက်သောအခါတွင် သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်သွားပုံဖြင့် ထိတ်လန့်သွားချေသည်။

လုရွှမ်သည် မဟာသူတော်စင် အဘိုးအိုအား ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အဘိုးအိုက သူ့ကို ကူညီခဲ့​သည်။ ယခုအချိန်တွင် လုရွှမ်၏ အကာအကွယ် လေကာဒိုင်းသည် ချက်ချ​င်း အငွေ့ပျံသွားကာ စွမ်းအင်အများစုကို ဖျက်စီးပစ်လိုက်သည်။

ဒါပေမဲ့ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေ အများကြီး ရှိနေသေးပြီး လေအကာကို ထိန်းသိမ်းဖို့ လုရွဗမ်ရဲ့ ခွန်အားတွေ အကုန် ကုန်သွားတဲ့အတွက် နောက်ဆက်တွဲကို တားဆီးဖို့ လက်ကျန်အင်အား မရှိတော့ပါဘူး။ သူမြင်လိုက်ရတာက နာကျင်စရာတွေချည်းပဲ။

ထိုအခိုက်တွင် ပျော့ပျောင်းတဲ့ ခွန်အားတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာပြီး နောက်ဆက်တွဲ တိုက်ခိုက်မှုတွေကို ချေမှုန်းပစ်လိုက်တော့သည်။လုရွှမ် မဟာသူတော်စင် အဘိုးကြီးက ဒီလုပ်ရပ်ကို ကျူးလွန်ကြောင်း သိလိုက်လေသည်။

'သဘောကောင်းလိုက်တာ'

သူ့စိတ်ထဲမှာ ညည်းညူမိပေမယ့် ပိုပိုပြီး အံ့သြလာခဲ့၏။ ဤလူသုံးယောက်သည် ကြီးမြတ်သော မဟာသူတော်စင် အဘိုးအိုဟာ ၎င်းတို့အဖွဲ့တွင် ပုန်းအောင်းနေမှန်း ရှင်းရှင်းလင်းလင်း မသိကြပေ။ ဆိုတော့ အခုလို ပုန်းအောင်းနေတဲ့ သူ့ရည်ရွယ်ချက်ကား ဘာများဖြစ်မလဲ။

"ဟမ့်.... မင်းက တော်တော် အရည်အချင်း ရှိသားပဲ"

ကောင်းကျန့်က အော်ဟစ်လိုက်သည်။ သူမလက်က တစ်ကြိမ် လွတ်သွားပေမယ့် နောက်ထပ် လွတ်မြောက်ဖို့ မသေချာတော့ဘူး။ သူ တိတ်တိတ်လေး ကျိန်ဆဲပြီး အဝေးကို ကြည့်နေလိုက်သည်။

ပိုင်ဟူကျောင်းအုပ်လည်း ရုတ်တရက် ချောင်းဆိုးလိုက်ကာ

"ထျန်းလုံကျောင်းအုပ်က တကယ်ကို အရည်အချင်း ရှိပါတယ်.... ကျုပ် ခင်ဗျားကို ချီးကျူးပါတယ် ချီးကျူးပါတယ်.... ကျုပ် ခင်ဗျားရဲ့ အရွယ်မှာဆို ဒါကို ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး.... ဒါပေမဲ့ အိမ်ရှင်တစ်ယောက်အနေနဲ့ ခင်ဗျား ဒီလင်းယုန်ငှက်တွေကို ဆွဲထုတ်ရဦးမယ်လေ... သူတို့ကို အောက်ဆင်းပြီး အနားယူခိုင်းပါဦးလား"

ဒီစကားလုံးတွေက အဆိပ်ပြင်းလွန်းတယ်!

စကားများ ထွက်လာသည်နှင့် တပြိုင်နက် ရွှမ်ဝူကျောင်းအုပ်သည် ပိုင်ဟူကျောင်းအုပ်အား ရှုတ်ချမှု အပြည့်ဖြင့် မျက်လုံးများ ဖွင့်ကာ စိုက်ကြည့်နေသည်။ ကျူးချွဲ့ကျောင်းအုပ်ကတော့ သူနဲ့ဘာမှမဆိုင်သလို ဆိတ်ဆိတ်နေပြီး ဒီအဖြစ်အပျက်ကို မြင်ရသဖြင့် သူ့စိတ်က ပျော်နေပုံရသည်။

တစ်နည်းဆိုရသော် ပိုင်ဟူကျောင်းအုပ်၏ စကားများသည် သူနှင့် ဆွေးနွေးခဲ့သည့် အရာများသာ ဖြစ်သည်။

ရွှမ်ယင် နှင့် ကောင်းကျန့်တို့သည် အဖြစ်အပျက်ကို မြင်ရ၍ သဘာဝအတိုင်း ပျော်ရွှင်နေကြသည်။ ကောင်းကျန့်သည် သူတို့ကို မျက်နှာပျက်စေခဲ့သည်လေ။

လုရွှမ် တိတ်တဆိတ် ကျိန်ဆဲလိုက်သော်လည်း သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ကျူးချွဲ့နှင့် ပိုင်ဟူကျောင်းအုပ်ကို အပြုံးတစ်ခုဖြင့် စိုက်ကြည့်ပြီးနောက် လင်းယုန် အနားသို့ လျှောက်သွားပြန်သည်။

ဤတစ်ကြိမ်တွင် သူသည် စိုက်ကြည့်တာတွေ စကားပြောတာတွေ မလုပ်ဘဲ လင်းယုန်ငှက်၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် တိုက်ရိုက် ထိလိုက်သည်။

"သေချင်နေပြီလား!"

လင်းယုန်သည် မလှုပ်ရှားပေ။ လုရွှမ်ကို ထိတွေ့ခွင့် မပေးတာတွေ လုပ်မယ့်အစား ၎င်းသည် ၎င်း၏ဦးခေါင်းကို အလွန်ရင်းနှီးစွာ လိမ်၍ လျှာကိုထုတ်ကာ လုရွှမ်၏ လက်ဖဝါးကို နမ်းရှုတ်ကာ ညုတုတုနှင့် တေးဆိုနေလေသည်။

လူအုပ်ထဲတွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

"အိုး.... ငါက ငတုံးပဲ လင်းယုန်ငှက်တွေက သိမ်မွေ့ပေမယ့် သူစိမ်းတွေနဲ့ တွေ့တဲ့အခါ အရက်စက်ဆုံး ပြုမူတတ်တယ်... သူစိမ်းတွေက သူ့ရှေ့မှာ စိုက်ကြည့်ပြီး စကားပြောခွင့် တောင်းနေတာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ? ထျန်းလုံကျောင်းအုပ်က အခု လင်းယုန်သားရဲကို ယဥ်ပါးအောင် လုပ်လိုက်တာလား?"

အသံသည် သာလွန်နေသေးသော်လည်း ၎င်းသည် ယခင်အသံနှင့် လုံးဝမတူချေ။

လုရွှမ် ဒေါသတကြီး မျက်လုံးကို မှိတ်ထားကာ ထိုစကားများကို မဟာသူတော်စင် အဘိုးကြီး ပြောနေမှန်း သိလိုက်သည်။

အားလုံးက တခဏတာ အံ့အား သင့်သွားကြပြီး ရုတ်တရက် သဘောပေါက်သွားကြသည်။ ရွှမ်ယင်နဲ့ တခြားသုံးယောက်တောင်မှ သူတို့မျက်နှာမှာ နားလည် သဘောပေါက်တဲ့ အမူအရာတွေ ရှိလာခဲ့ကြကာ အရင်က ဒီလိုဟာသကို ကြည့်ဖူးပြီးသား ဖြစ်နေသလိုမျိုး တုံ့ပြန်မှု လုံးဝမရှိခဲ့ချေ။

ဒီကလေးက တော်တော် စိတ်ကူးယဉ်တာပဲ!

ထျန်းလုံကျောင်းအုပ်ကို ပြန်ကြည့်လိုက်တဲ့ ရွှမ်ယင်နဲ့ ကျန်းရှို့တို့ရဲ့ မျက်လုံးများတွင် ရှုတ်ချမှုများ လျော့နည်းသွားသည်။ ယခင်ကတော့ သူတို့တို့သည် ဤလူ၏ ထူးကဲသော အရည်အချင်းများ အကြောင်း ကျောင်းအုပ်ကြီး နှစ်ဦးပြောတာကို ကြားဖူးသော်လည်း မယုံကြသေးပေ။

ဝေးလံခေါင်သီသော နေရာများတွင် အနည်းငယ် သာလွန်ထူးခြားသူများကို ပါရမီရှင်များဟု မှတ်ယူကြသည်။ အထက် ဧကရာဇ်အင်ပါယာများတွင် ထိုသို့သော လူများစွာ ရှိသော်လည်း လောကကြီးကို မမြင်ဖူးသူ အချို့မှာတော့ အလွန် မာနကြီးတတ်​ကြသည်။

ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့နှစ်ယောက်က ပိုလို့တောင် စိတ်ရှုပ်သွားသလိုပင်။ အစောက စကားပြောခဲ့တဲ့ အသံရှင်က ဘယ်သူလဲ? ပထမ အကြိမ်တုန်းက ဂရုမစိုက်ခဲ့မိပေမယ့် အခုအချိန်မှာ အာရုံ စူးစိုက်မှု အပြည့်ရှိပေမယ့် အသံထွက်လာတဲ့ အခါမှာတော့ သဲလွန်စလေးတောင် မရခဲ့ချေ။

အဲဒီလူက အရမ်းကြောက်စရာ ကောင်းလှသည်။ အဲဒီလူသာ လူသတ်ချင်ရင် သူတို့ကိုယ်တိုင်လည်း လွတ်မြောက်ဖို့ ခက်မယ်ဆိုတာ ကောင်းကောင်း သိလိုက်ကြ၏။

ဒီနေရာက ဘာလဲ? နတ်ဆိုးလေး တစ်ကောင် ပေါ်လာပြီး အခုတစ်ခါ နတ်ဆိုးကြီးတစ်ကောင် ထပ်ပေါ်လာပြန်ပြီလား။ သူတော်စင်တစ်ပိုင်း ကမ္ဘာ ဒီမှာပွင့်လာတာ အံ့ဩစရာတော့ မရှိပါဘူး။ ဒီနေရာမှာ တစ်ခုခု ရှိနေတာပဲ။

"မင်း.... ဒီလင်းယုန်တွေကို အနားယူဖို့ ခေါ်သွားလိုက်"

လုရွှမ်ကတော့ ဒီလူတွေ တွေးနေတာကို ဂရုမစိုက်ဘဲ ထျန်းလုံကျောင်းတော်က ကျောင်းသားတစ်ယောက်ကို ပေါ့ပေါ့ပါးပါးနဲ့ ခေါ်ပြီး ပြောလိုက်သည်။

ကျောင်းသားသည် ဂုဏ်ယူစွာဖြင့် ရှေ့သို့ ပြေးသွားကာ လုရွှန်အား ရိုသေစွာ ဦးညွှတ်ကာ လင်းယုန်ငှက်ကို မြေပြင်သို့ ပို့ဆောင်ကာ သားရဲခန်းမထဲသို့ ​ခေါ်သွားခဲ့သည်။

နောက်ထပ် ဆူညံသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ထျန်းလုံကျောင်းအုပ်သည် အဆိုပါ လင်းယုန်ငှက်များကို နာခံအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ကျောင်းသားမှာ ထိုစွမ်းရည်မျိုး မရှိခဲ့ပေ။

သူတော်စင်တစ်ပိုင်း ကျောင်းသားတစ်ယောက်၏ စကားကို နာခံနိုင်သော အဆင့်မြင့် သူတော်စင်တစ်ပိုင်း သားရဲတစ်ကောင်ကို ပြုလုပ်နိုင်ခြင်းကြောင့် ၎င်းသည် သဘာဝအတိုင်း လုရွှမ်၏ လက်ရာသာ ဖြစ်​ချေသည်။

လူတိုင်းရဲ့ မျက်လုံးထဲမှာတော့ လုရွှမ်ရဲ့ပုံရိပ်က ပိုမြင့်လာပြန်၏။

"ဟေး အဘိုးကြီး ဘယ်လိုလဲ? ဒီလက်ဝါးချက်က အဆင်ပြေရဲ့လား?"

လုရွှမ် သူ့မျက်နှာပေါ်က အပြုံးနဲ့ အဘိုးကြီးဘက်ကို လှည့်ကာ ဆိုလိုက်သည်။

All Chapters