← Chapters

သူတော်စင်တစ်ပိုင်းကမ္ဘာ ဖွင့်လှစ်ပြီ

Vol. 46 Ch. 4.206

သူတော်စင်တစ်ပိုင်းကမ္ဘာ ဖွင့်လှစ်ပြီ

Vol. 46 Ch. 4.206

'ဟမ်... ဒါက သေးငယ်တဲ့ ကျွမ်းကျင်မှု တစ်ခုပါပဲ... ဒီအဘိုးကြီးဆို အဲဒီကစားကွက်လေးကို ဟိုးနှစ်ပေါင်းများစွာ ကတည်းက မကစားတော့ဘူး'

မဟာသူတော်စင် အဘိုးအိုက ဒေါသတကြီး အသံလှိုင်းတစ်ခု ပြန်ပို့ခဲ့ပေမယ့် သူ့စိတ်ထဲမှာ အလွန်အံ့သြ နေခဲ့မိသည်။ ဒီစွမ်းရည်က တကယ်ကို လှပတယ်လေ။

ရွှမ်ယင်နဲ့ အခြား ၃ယောက်ကလည်း တစ်ယောက်နဲ့ တစ်ယောက် ရှုပ်ယှက်ခတ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြလေ၏။ လင်းယုန်ငှက်ကို နာခံလာအောင် လုရွှမ် ဘယ်လိုများ လုပ်လိုက်တာလဲ?

"အားလုံးပဲ... ကျုပ်က ချင်းလုံအရှင်ပါ... ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး.... အဝေးကလာတဲ့ မိတ်ဆွေတွေကို တွေ့ရလို့ ဝမ်းသာပါတယ်... အနားယူဖို့ ကျောင်းထဲကို ဝင်လာခဲ့ပါ... ပြီးမှ သူတော်စင်တစ်ပိုင်း ကမ္ဘာထဲကို ဝင်ကြမယ့် အခြေအနေတွေကို ဆွေးနွေးနိုင်ပါတယ် ဘယ်လိုလဲ ?"

အကယ်၍ လုရွှမ်သည် အိမ်ရှင်တစ်ဦး အနေဖြင့် ဤစကားများကို ယခင်က ပြောခဲ့မည်ဆိုလျှင် မည်သူမျှ သူ့ကို မျက်နှာသာ မပေးမှာ ကြောက်ရသည်။ ကောင်းကျန့်တို့ သုံးယောက်သည် ယခုအချိန်တွင် မပျော်မရွှင် ဖြစ်နေသော်လည်း လုရွှမ်၏ လုပ်သွားတဲ့ အသေးစိတ် အချက်အလက်များကို အချိန်အတော်ကြာ နားမလည်ခဲ့ကြပေ။

တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ထျန်းလုံကျောင်းတော်ဘက် လှည့်ထွက်သွားကြသည်။

"ဒုကျောင်းအုပ် နှစ်ယောက်.... မြန်မြန်သွားပြီး အဖွဲ့ခေါင်းဆောင် သုံးယောက်အတွက် လက်ဖက်ရည် တည်ခင်းပေးပါဦး... ဒီဧည့်သည်တွေက ထူးထူးခြားခြား ဧည့်သည်တွေ... မင်း သူတို့ကို လျစ်လျူရှုထားရင် မင်းတို့ရာထူးကို ဆုံးရှုံးရလိမ့်မယ်"

လုရွှမ် အဓိပ္ပာယ် တစ်မျိုးပါသော မျက်လုံးများဖြင့် လှမ်းအော်လိုက်သည်။

ဒုကျောင်းအုပ် နှစ်ဦးမှာ တုန်လှုပ်သွား၍ လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး နာခံမှုရှိရှိဖြင့် နှုတ်ဆက်ကာ ကျောင်းအတွင်း၌ အနားယူရန် ကြောက်ရွံ့စွာ ဖိတ်ခေါ်သဖြင့် သုံးယောက်သား ကောင်းကောင်း အနားယူကြလေသည်။

ယခုအချိန်တွင် သူတို့သည် လုရွှမ်ကို စိန်ခေါ်ရန် သတ္တိမရှိတော့ပေ။ သူသည် သူတော်စင်နယ်ပယ် အဆင့်၉ သခင်များကိုပင် စိန်ခေါ်ဝံ့သူ ဖြစ်​လေ၏။ သူတို့သည် အဲဒီလူနဲ့ သွားယှဥ်မိလျှင် သေခြင်းတရားကို လက်ယက် ခေါ်နေသူသာ ဖြစ်သွားချေမည်။

လူနှစ်ယောက်၏ နာခံမှုရှိသော အသွင်အပြင်ကို မြင်တော့ လုရွှမ်လည်း သူ့နှာခေါင်းကို ပွတ်သပ်ရင်း ထိုလူသုံးယောက် ရောက်လာခြင်းမှာ အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိခဲ့တာမျိုးတော့ မဖြစ်သွားခဲ့ပေ။

ကျူးချွဲ့နှင့် ပိုင်ဟူကျောင်းအုပ်တို့၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူတို့နေရာဆီသို့ ပြန်သွားခဲ့သည်။ လုရွှမ် နှင့် ရွှမ်ဝူကျောင်းအုပ်တို့က စကားအနည်းငယ် ပြော​ဖြစ်ခဲ့ကာ ရွှမ်ဝူကျောင်းအုပ်က လုရွှမ်ပုခုံးကို စိတ်လှုပ်ရှားမှုဖြင့် ပုတ်လျက် ရွှင်ပြုံးစွာ ထွက်ခွာသွားခဲ့သည်။

ကျောင်းကြီးများအကြား ပြိုင်ဆိုင်မှုမှာ မမျှော်လင့်ဘဲ ပြီးဆုံးသွားသဖြင့် ပြည်သူများသည်လည်း လူစုခွဲခဲ့ကြသည်။ သူတို့ ဒီနေ့မြင် တွေ့ခဲ့ရတာတွေကို တခြားသူတွေကို ဝေမျှဖို့ စိတ်လှုပ်ရှားနေကြပြီလေ။

လုရွှမ်က ဝမ်လင်နဲ့ ဝမ်ကျောက်တို့ မောင်နှမတွေကို နှုတ်ဆက်လိုက်သည်။ ဝမ်ကျောက်ရဲ့ အရည်အချင်းကို ထုတ်ဖော် ပြသခဲ့လို့ သူကတော့ လူတိုင်းရဲ့အမြင်မှာ ပါရမီရှင်တစ်ယောက် ဖြစ်နေပါပြီ။ ဝမ်ကျောက်ကို ကျောင်းမှာ လက်ခံဖို့ တညီတညွတ်တည်း မဲခွဲ ဆုံးဖြတ်ခဲ့သည်။

ရူယန်းရဲ့ ကျင့်ကြံမှုမှာ မလုံလောက်သော်လည်း လုရွှမ်နှင့် အတူနေထိုင်တာကြောင့် သူမလည်း စာသင်ကျောင်းသို့ ဝင်နိုင်ခဲ့သည်။ တခြားဘာမှ မလုပ်ဘဲ လုရွှမ်ဆီက ကောင်းမွန်တဲ့ သဘောတူညီချက် တစ်ခု ရရုံနဲ့ကို လက်ခံကြလေသည်။

ထို့ထက်မက ဤထင်ထင်ရှားရှား မရှိပုံရသော ကလေးမလေးသည် အံ့သြဖွယ် ကောင်းသော အလားအလာများ အဖြစ် ပေါက်ကွဲ ထွက်လာနိုင်တာကို ဘယ်သူ သိလိမ့်မလဲ။

လုရွှမ် အားလုံးကို ခေါ်၍ အတူတူ အစည်းအဝေး လုပ်ခဲ့သည်။ လုရွှမ်ကို တရားဝင် ကျောင်းအုပ်ကြီး အဖြစ် လူတိုင်းက တညီတညွတ်တည်း ထောက်ခံ ခဲ့ကြသော်လည်း လုရွှမ်က ငြင်းဆိုနေဆဲ ဖြစ်သည်။

သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ ဆင့်ကဲဖြစ်စဉ်သည် အခွင့်အလမ်းနှင့် အကျပ်အတည်း တစ်ခုဖြစ်သည်။ နောင်နှစ်ပေါင်း ဘယ်​လောက်ကြာရင် ထျန်းလုံဧကရာဇ် အင်ပါယာကြီး ဆက်လက် တည်ရှိနိုင်ဦးမည်လား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲ ဖြစ်သည်။

အပြင်ကမ္ဘာကို ဖွဲ့စည်းပြီးသည်နှင့် အဆုံးမဲ့သခင်များ ရောက်ရှိလာနိုင်သည်။

အရင်တုန်းကတော့ လုရွှမ်ဟာ တော်ဝင်အင်ပါယာမှာ အားနည်းမှုတွေ မရှိပေမယ့် သူ့ရဲ့ ကျင့်​ကြံမှုတွေ တဖြည်းဖြည်း တိုးတက်လာတာနဲ့အမျှ လုရွှမ်လည်း သူ့အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာလောက်က လူတွေနဲ့ တွေ့ဆုံနိုင်ဦးမယ် ဆိုတာ ကောင်းကောင်း သိပါသည်။

ယခုမူ ဤနေရာကို ဧကရာဇ်ကျိုးရန်က လုံးဝ လွှမ်းမိုးထားသည်။ တစ်စုံတစ်ဦးမှ သူ့ကို အသိအမှတ် ပြုတာ ဒါမှမဟုတ် သူနဲ့ပတ်သက်တဲ့ သံသယ အနည်းငယ် ရှိလာတာနဲ့ အဆုံးမရှိ ပြဿနာများ ရှိလာလိမ့်မည်။

ထိုအချိန်တွင် ထျန်းလုံကျောင်းတော်နှင့် သူ့ကြားက ဆက်ဆံရေးသည် ထျန်းလုံကျောင်းတော်ကို ကြီးမားသော ဘေးဥပဒ်များ ယူဆောင်လာစေမှာ ဖြစ်သည်။

ထို့အပြင် ဤအချိန်တွင် သူသည် သူတော်စင်တစ်ပိုင်း ကမ္ဘာသို့ ထွက်ခွာသွားရန် စိတ်အားထက်သန်လာခဲ့ပြီ။ သူအဲဒီထဲက ထွက်လာရင်လည်း ကောင်းကျန့် နှင့် အခြား ၃ ယောက် မပြောနဲ့ ကျူးချွဲ့ကျောင်းအုပ်နဲ့ ပိုင်ဟူကျောင်းအုပ် သူ့ကိုသတ်ကြမှာ သေချာလေသည်။

မဟာသူတော်စင် အဘိုးကြီးကတော့ ထားပါ။ အရာရာတိုင်း အတွက် မိမိကိုယ်ကိုသာ အားကိုးရမည်။ ဤအချိန်သည် သူတော်စင်တစ်ပိုင်း ကမ္ဘာထဲသို့ ဝင်ရောက်ခြင်းမှာ သူ့အတွက် လွတ်မြောက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။

လုရွှမ် ယွမ့်လင်ကို ဘယ်တုန်းကမှ မတွေ့ခဲ့ရလို့ အနည်းငယ် နှမြောသလို ခံစားလိုက်ရသည်။ သူမ ဘယ်သွား​နေမှန်းလည်း မသိဘူး။ သူသည် ထိုဂိုဏ်းများ၏ သားစဉ် မြေးဆက်များကို ရှာတွေ့ပြီး အန္တရာယ်တွေကို ရှောင်ရှားနေရပြီလား။

နောက်​ရက်​ အနည်းငယ်​တွင်​ လုရွှမ်သည်​ ​ကျောင်းသားများအား စီစဉ်​​ပေးပြီး သူတော်စင်တစ်ပိုင်း ကမ္ဘာထဲသို့ ဝင်​သွား​ရမည့် ​ကျောင်းသားများအားလည်း စီစဉ်​​ပေးသည်​။ သူတော်စင်တစ်ပိုင်း ကမ္ဘာသည် ပြိုကျနေတဲ့ကောင်းကင်ဘုံ ဖြစ့တော့မည် ဆိုသော သတင်းသည် ပျံ့နှံ့သွားပြီမလို့ ဖုံးကွယ်၍လည်း မရပေ။

တချို့သော စာရင်းဇယားများ ရှင်းပြီးနောက် ထျန်းလုံကျောင်းတော်မှ ကျောင်းသား ၃၀၀ ကျော်သည် သူတော်စင်တစ်ပိုင်း ကမ္ဘာငယ်သို့ ဝင်ရောက်လိုကြပြီး အများစုမှာ သူတော်စင်တစ်ပိုင်း အဆင့်၇ အထက် ကျောင်းသားများ ဖြစ်​ကြသည်။

လုရွှမ် အသက်ကယ် ကတ်တွေကို ထုတ်ပေးလိုက်သည်။ သူတို့နှလုံးသားထဲမှာတော့ အသက်ကယ် ကတ်တွေက အသုံးမ၀င်ဘူး ဆိုတာ ဘယ်သူမှ သေချာ မသိကြပါဘူး။

သူတော်စင်တစ်ပိုင်း ကမ္ဘာမှ ထုတ်လွှတ်သော အလင်းရောင်သည် ပို၍ပို၍ ပြိုးပြိုးပြက်ပြက် တောက်ပလာပြီး အဝေးမှပင် လှမ်းမြင်နိုင်သည်။ ဝင်ရောက်လိုသူများသည် ထျန်းလုံမြို့ထဲ လျင်မြန်စွာ စုရုံးလာကြသည်။

အဘယ်ကြောင့်ဆိုသော် ထျန်းလုံမြို့ထဲတွင် သူတော်စင်တစ်ပိုင်း ကမ္ဘာသို့ ဝင်ရန် တိုက်ရိုက်ဝင်ပေါက် ရှိနေသောကြောင့် ဖြစ်သည်။

ဤရက်များတွင် လုရွှမ်သည် အရပ်ရပ်မှ လာသော လူများကို နှုတ်ဆက်ရင်း အလုပ်များ​နေခဲ့သည်။ ကြီးကျယ် ခမ်းနားသော အင်ပါယာကြီးများမှ လူအများအပြား ရောက်ရှိလာကြပြီး သူတော်စင်တစ်ပိုင်း ကမ္ဘာရှိ အပြောင်းအလဲများနှင့် သိသာထင်ရှားစွာ ရင်းနှီးနေကြပြီ ဖြစ်သည်။

ဆိုလိုသည်မှာ သူတော်စင်တစ်ပိုင်း ကမ္ဘာသို့ ဝင်ရောက်ပြီးနောက် အန္တရာယ်များ ပိုမိုမြင့်မားလာမည် ဖြစ်သည်။ အရင်တုန်းကတော့ အန္တရာယ် အရှိဆုံး အရာတွေက သူတော်စင်တစ်ပိုင်း ကမ္ဘာမှာရှိတဲ့ သားရဲတွေ ဖြစ်ခဲ့ကြပေမယ့် အခုတော့ လူသားတွေ ဖြစ်လာခဲ့ပြီ။

အရင်က စာရင်းသွင်းတဲ့ ကျောင်းသား သုံးရာက တနေ့တခြား လျော့ကျလာခဲ့သည်။ အတွင်းပိုင်း အန္တရာယ်တွေနဲ့ သူတို့မှာလည်း ခွန်အားမရှိတာကို သိထားတာကြောင့် ဝင်ခွင့်ကို စွန့်လွှတ်လိုက်ကြလေသည်။

အဆင့်မြင့်နှင့် အလယ်အလတ်တန်းစား ဧကရာဇ် အင်ပါယာများမှ ကျောင်းသားများလည်း လာခဲ့ကြပြီး တချို့သော ဂိုဏ်းငယ်များပင် လာကြသည်။ ဒါပေါ့ ခွန်အားက တခြားအဓိက ကျောင်းတွေထက် အများကြီး နိမ့်ကျပေမယ့် ထူးခြားပါသေးသည်။

လုရွှမ် ထိုလူများကို တန်းတူရည်တူ ဆက်ဆံခဲ့သည်။

ဧကရာဇ်ကျိုးရန်သည် ဂိုဏ်းအားလုံးကို ဖြိုခွဲပြီး ဂိုဏ်းကြီးတစ်ခုစီ၏ သခင်များကို စာသင်ကျောင်းထဲသို့ တွန်းပို့ကာ ဆရာများ ဖြစ်လာ​စေခဲ့သည်။ ဂိုဏ်းကို မကြိုက်တော့ဘဲ လူတိုင်းက တခြားသူတွေ သိမှာကြောက်လို့ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို စောင့်ထိန်းနေကြ၏။

လုရွှမ်ကတော့ ဒါကို အရမ်း ချီးကျူးနေတုန်းမိပင်။ သူက အဲဒီဂိုဏ်းတွေရဲ့ ယုတ်မာတဲ့ စည်းကမ်းတွေကို သိတယ်။ သူတို့က အဲ့စည်းကမ်းအတိုင်း တပည့်တွေကို သင်ပေးတယ်၊ ဆရာကို သေတဲ့အထိ အစာ အငတ်ထားပြီး နှိပ်စက်တတ်သေးသည်။

လုရွှမ်သည် ဂိုဏ်းခြောက်ခုသို့ ဝင်ရောက်ပြီး ၎င်းတို့၏ သိုင်းပညာများကို လျှို့ဝှက်စွာ သင်ယူသောအခါ ဤဂိုဏ်းများ၏ စည်းမျဉ်းများကို သဘော မတူချသောကြောင့်လည်း ဖျက်သိမ်းချင်ခဲ့သည်။

ယခုမူ ကျိုးရန်သည် သူ့ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်တာကို မြင်လိုက်ရတော့ သူ့စိတ်ထဲတွင် ပို၍ပင် ရယ်ချင်လာခဲ့သည်။

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ အလင်းသည် နောက်ဆုံးတွင် အားပျော့သွားကာ ကမ္ဘာငယ်လေး ပွင့်တော့မည်ကို လူတိုင်း သိလိုက်ကြသည်။

ရက်အနည်းငယ် ကြာသောအခါ မြို့အထက် ကောင်းကင်တွင် အက်ကြောင်းတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာတာကို လူတိုင်း မြင်လာရသည်။ အက်ကြောင်းက တဖြည်းဖြည်း ပိုကြီးလာသည်။

အဓိက ကျောင်းအုပ်ကြီး လေးယောက်ဖြစ်သည့် လုရွှမ် နှင့် ကျူးချွဲ့၊ ပိုင်ဟူ၊ ရွှမ်ဝူတို့က ဆရာများအဖွဲ့ကို ဦးဆောင်ကာ မှော်လက်နက်များဖြင့် အက်ကြောင်းများကို ပြုပြင်ပေးခဲ့သည်။

အက်ကြောင်းသည် တဖြည်းဖြည်း တောင်တံခါးအဖြစ်သို့ ပြောင်းလဲသွားသောအခါ သူတော်စင်တစ်ပိုင်း ကမ္ဘာဟာ တရားဝင် ဖွင့်လှစ်ခဲ့လေပြီ။

အရင်တုန်းကတော့ ထိုလောကထဲကို ဝင်တဲ့အခါမှာ ပြောစရာ စကားတွေ အများကြီး ရှိပေမယ့် အခုကတော့ အဓိပ္ပာယ်မဲ့သွားပြီ။ သူတော်စင်တစ်ပိုင်း ကမ္ဘာထဲကို ဝင်ချင်သူတွေက သေဖို့ဆုံးဖြတ်ထားပြီးသား ဖြစ်ရမည်။

သူတော်စင်တစ်ပိုင်း ကမ္ဘာကို တရားဝင် ဖွင့်ပြီးတဲ့ နောက်မှာတော့ အားလုံး စုရုံးရောက်ရှိလာကြပါတော့သည်။

"ဆရာ... ဆရာ ထွက်သွား​တော့မှာလား?"

ရူယန်းရဲ့ အိမ်ခန်းမှာ ဝမ်လင်နဲ့ သူမမောင်တို့ဟာ လုရွှမ်ကို မျက်ရည်တွေဝဲပြီး ကြည့်နေကြသည်။ သူတို့ မောင်နှမ နှစ်ယောက်ဟာ မမိုက်မဲကြပါဘူး။ လုရွှမ်ရဲ့ အားထုတ်မှုတွေကို အခုရက်ပိုင်းမှာ မြင်ခဲ့ရပြီး လုရွှမ် ထွက်သွားတော့မယ် ဆိုတာကိုလည်း မြင်နိုင်ကြသည်။

"ကြိုးစားပြီး လေ့ကျင့်ထား... နောက်ကျ ပြန်လာခဲ့မယ်"

All Chapters