← Chapters

ကံကောင်းခြင်း

Vol. 46 Ch. 4.207

ကံကောင်းခြင်း

Vol. 46 Ch. 4.207

လုရွှမ်သည် လေထဲတွင် ရပ်တန့်နေလျက် အောက်ခြေရှိ ထျန်းလုံကျောင်းတော်က ကျောင်းသားများကို ကြည့်နေသည်။

အောက်ဖက်တွင် ကျောင်းသားဦးရေ နှစ်ရာကျော် ရှိပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က ကျောင်းသားများ နုတ်ထွက် သွားခဲ့​ကြသည်။ သူတော်စင်တစ်ပိုင်း ကမ္ဘာရှိ ကြီးမားသော အန္တရာယ်များနှင့် အခွင့်အလမ်း ကောင်းများအကြောင်း ကောလာဟလများ ရှိသော်လည်း သူတို့ခွန်အားနဲ့ မစွန့်စားလိုကြချေ။

လုရွှမ်က သူတို့ကို မတားဘဲ ကျောင်းသားတွေအား ပါ၀င်ခွင့်ပြုထားသလို နောက်ဆုတ်ခွင့်လည်း ပေးထားသည်။ အခွင့်အလမ်းတွေ ရှိပေမယ့် အဲဒါတွေကို ဖမ်းဆုပ်နိုင်မလား ဒါမှမဟုတ် ဖမ်းဆုပ်နိုင်တဲ့ သတ္တိရှိမရှိ ဆိုတဲ့အပေါ်မှာလည်း မူတည်လေသည်။

သူ့ရှေ့က ကျောင်းသားတွေကို ကြည့်လိုက်တော့ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်က တော်တော် ကွာခြားနေ၏။ သူတို့ထဲက အများစုဟာ သူတော်စင်တစ်ပိုင်း အဆင့်၆ အထက်မှာ ရှိပေမယ့် တတိယအဆင့်မှာ ရှိတဲ့ ကျောင်းသားတွေလည်း ရှိနေသေးသည်။

သူတို့ရဲ့ ကျင့်​​ကြံမှုက မလုံလောက်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လုရွှမ်ကတော့ ဒီကျောင်းသားတွေရဲ့ အရှိန်အဟုန်နဲ့ ပတ်သက်ပြီး အထူး ကျေနပ်​နေခဲ့သည်။

ကျောင်းအုပ်ကြီး အနေဖြင့် လုရွှမ်သည် တော်တော်များများကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ယခင်က အသက်ကယ် ကတ်များနှင့်အတူ လုရွှမ်သည် သေးငယ်သော အခိုက်အတန့်တွင် အနည်းဆုံး ၎င်းတို့၏ အသက်များကို ကယ်တင်နိုင်စေမည့် အခင်းအကျင်း တံဆိပ်​ပြားများကို တစ်ခုပြီးတစ်ခု ပေးပို့ခဲ့သည်။

"သွားကြစို့!"

အမိန့်ပေးသံနှင့်အတူ ကျောင်းသားတစ်စု ဝိုင်းအုံလာကြသည်။ အချိန်အတော်ကြာ ပြင်ဆင်နေခဲ့သော မင်းသမီးပိုင်လုံနဲ့ မိန်းကလေး ၄ယောက်လည်း ရောက်လာခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ၎င်းတို့သည် ၎င်းတို့၏ လေ့ကျင့်မှုများကို အဆက်မပြတ် အားကောင်းလာ​စေကာ ပါမောက္ခလုရွှမ်မှ သင်ကြားပေးသည့် ပုံစံများကိုလည်း လေ့ကျင့်ခဲ့သည်။ သူတော်စင်များနှင့် မတွေ့ဆုံသရွေ့ လုရွှမ်သည် အမျိုးသမီးငါးဦးကိုပင် အကာအကွယ် ပေးနိုင်မည်ဟု ယုံကြည်ခဲ့၏။

လုရွှမ် အမျိုးသမီးငါးဦးကို ကြည့်လိုက်တော့ တင်းကြပ်သော အဝတ်အစားများ ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်တစ်ချောင်း ချိတ်ထားကာ ချောမောသော မျက်နှာဖြင့် သူရဲကောင်း ဆန်​နေ​ကြသည်။

ပုံရိပ်ကို ပျက်စီးစေသည့် တစ်ခုတည်းသော အရာမှာ လူတစ်ဦးစီ၏ နောက်ကျောတွင် ဖောင်းပွနေသည့် ကျောပိုးအိတ်များပင် ဖြစ်သည်။

ဒီကမ္ဘာမှာက စွမ်းအင် လုံလောက်စွာမရှိ၍ ပရိဘောဂများ သိမ်းဆည်းရန် နေရာမရှိသောကြောင့် လုရွှမ်သည် ချောမောလှပသော အမျိုးသမီးများမှာ ခရီးဆောင်အိတ် အကြီးကြီး တစ်လုံးစီနှင့် ကောင်းကင်ယံ၌ ပျံဝဲနေသည့် မြင်ကွင်းကို တွေးမိတော့ အလွန် ရယ်စရာကောင်းတာကို တွေ့လိုက်ရသည်။

"ဘာရယ်တာလဲ"

ကောင်မလေး ငါးယောက်ထဲမှာ အသက် အကြီးဆုံးဖြစ်တဲ့ လုံယင်က အနည်းငယ် စိတ်ဆိုးစွာဖြင့် အော်လိုက်သည်။

၎င်းတို့သည် ထျန်းလုံဧကရာဇ် အင်ပါယာတွင် အရည်အချင်း အရှိဆုံး အမျိုးသမီး လေးဦးဖြစ်ပြီး ဟုန်ချင်းယွီသည် မြင့်မြတ်သော မင်းသမီးပိုင်လုံ ဖြစ်သည်။ နေရာတိုင်းမှာ အလေးပြု ခံရလေ့ရှိပေမယ့် အခုတော့ ထူးဆန်းနေသလို ခံစားနေရသည်။

သူ အနည်းငယ် စိတ်မချမ်းသာသော်လည်း လုရွှမ်က ပြုံးလိုက်သောအခါ လုံယင် မကျေနပ်သဖြင့် ပထမဆုံး အော်ဟစ်လာခဲ့သည်။

"ဘာမှမဟုတ်ပါဘူး... မင်းတို့ပုံစံတွေက ချစ်ဖို့ကောင်းတယ်လို့ ထင်မိလို့"

လုရွှမ်က သူ့ရယ်မောသံကို ထိန်းကာ ပြောလိုက်သည်။ မိန်းကလေး ငါးယောက်၏ လက်ကို ဆုပ်ကိုင်ကာ သတိထား၍ သူတော်စင်တစ်ပိုင်း ကမ္ဘာကြီးထဲသို့ အတူတကွ ခုန်ဆင်းလိုက်ကြသည်။

သူအရင်က ကြုံဖူးတဲ့ နေရာပြောင်း အစီအရင်လိုပဲ သူ့မျက်လုံးတွေက ရုတ်တရက် မည်းမှောင်သွားသည်။ ပြန်တောက်ပလာတော့ ပတ်ဝန်းကျင်မြင်ကွင်းက လုံးဝကို ပြောင်းလဲသွားပြီ။

သူ့ပတ်ဝန်းကျင်တွင် ဆူညံ ပွက်လောရိုက်နေသော လူအုပ်ကြီး ပျောက်ကွယ်သွားကာ ရှေ့ကို လှမ်းမျှော်ကြည့်လိုက်ရင် အဆုံးမဲ့ ကောင်းကင်နှင့် မြေကြီးရဲ့ ကျယ်ပြောလှတဲ့ မြင်ကွင်းကို မြင်ရလေသည်။

လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ဖြန့်ကျက်လိုက်ပြီး ပထမ အခိုက်အတန့်တွင် သူသည် ပတ်ဝန်းကျင်က မြင်ကွင်း အားလုံးကို သူ့စိတ်ထဲတွင် စွဲနေအောင် မှတ်ထားလိုက်သည်။

ကောင်းကင်ကြီးသည် နေဝင်ချိန် မတိုင်မီ နေဝင်ချိန်ကဲ့သို့ နီရဲတောက်ပနေသည်။ အရမ်းလှပေမယ့် လုရွှမ်ရဲ့ မျက်လုံးထဲမှာတော့ အထီးကျန်ဆန်တဲ့ ခံစားချက်တစ်ခု ရှိနေ၏။

လုရွှမ်၏ မျက်လုံးများသည် ကောင်းကင်ရှိ အပေါက်ကဲ့သို့ အပေါက်တစ်ခုပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ ဤနေရာနှင့် ဝေးနေသေးသည်။ ၎င်းသည် သေးငယ်သော်လည်း အတွင်းမှ တိုးတိုးတိတ်တိတ် တိုက်ခတ်နေသော နားမလည်နိုင်သည့် လေပြင်းတစ်ခု ရှိနေသလိုပင်။

သူ ကောင်းကင်ဧကရာဇ် ခွမ်ကျွင်း (အရူးဧကရာဇ်) ဖြစ်စဥ်အချိန်က နယ်ပယ်အကျိုးအတွက် အဆက်မပြတ် စူးစမ်း ရှာဖွေနေခဲ့သည်။ အာကာသ ကန့်ဖုန်းဆိုတဲ့ စွမ်းအားကိုလည်း တွေ့ကြုံ ခံစားခဲ့ရဖူးသည်။

ဒါပေါ့ ဒီနေရာက ကန့်ဖုန်းက အရမ်းအားနည်းပြီး ထောက်လှမ်းလို့ မရနိုင်လောက်အောင် ရှိနေကြောင်း သူကြုံတွေ့ပြီးမှသာ သိလိုက်ရ၏။

အခြားသူများ၏ အမြင်တွင် ၎င်းသည် ကောင်းကင်နှင့် မြေကြီးကြားတွင် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုသာ ဖြစ်နိုင်သည်။

စဉ်းစားကြည့်ရရင် အဲဒါက သူတော်စင်တစ်ပိုင်း ကမ္ဘာရဲ့ အပြောင်းအလဲတွေကို ဖြစ်စေခဲ့တာပဲလေ။ ထိုအပေါက်သည် အတိုင်းအတာ တစ်ခုအထိ ဆက်လက် ချဲ့ထွင်လာသော အခါတွင် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများ တိုက်မိမှု အောက်၌ သူတော်စင်တစ်ပိုင်း ကမ္ဘာသည် သဘာဝအတိုင်း မထိန်းနိုင်ဘဲ ကောင်းကင် အပြင်ဘက်တွင် ပျက်စီးနေသော ကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားပေမည်။

ဒါဟာ အခြေအနေကောင်း တစ်ခုလို့ ယူဆထားနိုင်ပေမယ့် ပိုဆိုးတဲ့ အခြေအနေကတော့ ပြိုကျနေတဲ့ကောင်းကင်ဘုံဟာ ချဲ့ကားနေဆဲ ဖြစ်ပြီး သူတော်စင်တစ်ပိုင်း ကမ္ဘာ တစ်ခုလုံးကိုတောင် ပြိုလဲသွားစေနိုင်သည်။

အမှန်တော့ ဤဧကရာဇ် အင်ပါယာသည် အလယ်အလတ် တန်းစား အင်ပါယာ တစ်ခုသာဖြစ်ပြီး ၎င်း၏ စွမ်းအင်သည် အထက်တန်းစား ဧကရာဇ်အင်ပါယာထက် များစွာ ဆိုးရွားလှသည်။

ဝိညာဉ်စွမ်းအင် မလုံလောက်ပါက အုပ်ထိန်းရန် သခင်များ ရှိလိမ့်မည် မဟုတ်ပေ။ တာဝန်ယူရန် သခင်များ မရှိလျှင် ဤနေရာကို မည်သူမှ ကာကွယ်လိုစိတ် မရှိကြတာ သဘာဝအတိုင်းပင်။

လုရွှမ် တိတ်တိတ်လေး သက်ပြင်း ချလိုက်ပြီး သူ့အတွေးတွေကို ပြန်ရုတ်သိမ်းလိုက်သည်။ ထိုအရာများသည် ဝေးကွာလွန်းပြီး ကံကောင်းမှုများနှင့် ကံဆိုးမှုများသည် ၎င်းတို့အပေါ်တွင်သာ ရှိနေပါသည်။ တချို့အရာများသည် တခြား အပြောင်းအလဲများကို ဖြစ်စေနိုင်သောကြောင့် အတိအကျ မပြောနိုင်ပေ။

မိန်းကလေး ငါးယောက်မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ပြင်းထန်စွာ အော့အန်​နေ​ကြသည်။

တိမ်ပင်လယ် နယ်မြေ၏ စည်းမျဉ်းများသည် မပြည့်စုံဘဲ နေရာပြောင်းအစီအရင် ဆိုသည်မှာ သူတို့ တွေးတောင် မတွေးဖူးသော အရာတစ်ခု ဖြစ်သည်။ ဤကဲ့သို့ အာကာသဆိုင်ရာ ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှုများကို ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းသည် သူတော်စင်တစ်ပိုင်း အများစု သည်းမခံနိုင်သည့် အရာဖြစ်သည်။

မိန်းကလေး ငါးဦး၏ ကျင့်​​ကြံမှုအဆင့်သည် မလုံလောက်သဖြင့် ကူးပြောင်းလာမှုကို မခံနိုင်ကြချေ။

လုရွှမ် အစောကတည်းက ဆေးငါးလုံးကို ပြင်ဆင်ပြီး ကောင်မလေး ငါးယောက်ကို အပြုံးလေးနဲ့ ပေးလိုက်တယ်

"ဒီဆေးတွေ သောက်ပြီးရင် မင်းတို့ အများကြီး ပိုကောင်းလာလိမ့်မယ်"

မိန်းကလေး ငါးယောက်က ရှက်ရွံ့စွာဖြင့် လက်ခံလိုက်ကြသည်။ ထျန်းလုံ ဧကရာဇ်အင်ပါယာတွင် ၎င်းတို့သည် နတ်ဘုရားမ များကဲ့သို့ အမြဲတစေ နေခဲ့ကြသော်လည်း ယခုအခါ သူတို့၏ ပုံရိပ်သည် လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ဆေးသောက်ပြီးတာနဲ့ မြေပြင်ပေါ်မှာ ခဏထိုင်ပြီး အနားယူလိုက်သည်။ အမျိုးသမီး ငါးယောက် တစ်ယောက်နဲ့ တစ်ယောက် မတ်တပ်ရပ်ပြီး ကြည့်လိုက်တဲ့အခါ ဒီကမ္ဘာကြီးရဲ့ အလှကြောင့် သူတို့ချက်ချင်း ထိတ်လန့်သွားကြသည်။

လုရွှမ်ပင်လျှင် ထိတ်လန့်သွား၏။ ဤမှော်ကမ္ဘာငယ်လေး၏ နိယာမ စွမ်းအင်များသည် နဂိုအတိုင်း ဖြစ်နေပြီဟု သူခံစားနိုင်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ နိယာမများကို အပြည့်အ၀ ဖြည့်တင်းရန် နတ်ဆေးလုံးကို သန့်စင်ပြီးကတည်းက လုရွှမ်သည် တိမ်ပင်လယ် နယ်မြေက သူ့ကို ငြင်းပယ်နေသကဲ့သို့ မရေမတွက်နိုင်သော ခံစားချက်တစ်ခု ရှိ​နေခဲ့သည်။

အဲဒီခံစားချက်က အလွန်အားနည်းပြီး မှန်းဆလို့မရခဲ့ဘူး။ ဒါပေမဲ့ လုရွှမ်ရဲ့ ဒီနေရာကို ရောက်လာတဲ့ အခါမှာတော့ ခံစားချက်တွေက လေထုထဲက ပေါ်လာတာ မဟုတ်ဘူးဆိုတာ သဘာဝကျကျ သိလိုက်ပေ၏။

တစ်နည်းဆိုရသော် သူခံစားနေရတဲ့ ခံစားချကိက မမှားပေ။ သို့သော် ​ငြင်းပယ်ခံရသော ခံစားမှုသည် အားနည်းလွန်းသောကြောင့် တချို့သော ကျင့်ကြံသည့် အချိန်များတွင်သာ ၎င်းကို ဖျတ်ခနဲ သတိထားမိနိုင်သည်။

ဤတိမ်တိုက်ကမ္ဘာတွင် လုရွှမ်သည် သူ့မိခင် ခန္ဓာကိုယ်သို့ ပြန်ဝင်သွားသကဲ့သို့ သူ့ခန္ဓာကိုယ်သည် မူလအခြေအနေသို့ ပြန်ရောက်သွားသလို နားမလည်နိုင်သော ခံစားချက်ကို ရရှိနေတာကြောင့် အံ့သြသွားခဲ့သည်။

လုရွှမ် မျက်လုံးများကို မှိတ်ထားကာ ကောင်းကင်နှ င့်မြေကြီးကြားတွင် ပျံ့လွင့်နေသော တောက်ကျင့်စဥ် စွမ်းအင်များကို ဖြည်းညှင်းစွာ ခံစားလိုက်ရသည်။

"ဒါက သူတော်စင်တစ်ပိုင်း ကမ္ဘာပေါ့... အရမ်းလှတာပဲ!"

မိန်းကလေး ငါးယောက်သည် မြင့်မြတ်သော နယ်မြေ၏ လှပသော ရှုခင်းကြောင့် လျင်မြန်စွာ စွဲဆောင် ခံလိုက်ရသည်။ ငါးယောက်သား ဝိုင်းကြည့်ကာ ကျယ်လောင်စွာ ချီးမွမ်းခန်း ဖွင့်နေကြ​တော့သည်။

ရက်ပေါင်းတစ်ရာ ကြာအောင် တောက်ပနေသော ကောင်းကင်တွင် နဂါးငွေ့တန်း တစ်ခု ရှိနေပုံရသည်။ ကောင်းကင်မှာ အရောင်အသွေး စုံတဲ့ တိမ်တိုက်တွေနဲ့ ပြည့်နှက်နေပြီး တိမ်တိုက်တွေက အသက်ရှင်နေသယောင် လျင်မြန်စွာ ကူးခတ်သွားလာနေ၏။

ရံဖန်ရံခါ တိတ်ဆိတ်နေကာ တစ်ခါတလေ ကလေးငယ်တို့ရဲ့စကားသံကဲ့သို့ သာယာသော အသံများလည်း ထုတ်လွှတ်နေတာကြောင့် စိတ်ဝိညာဉ်ကို နှိုးဆွ ဆွဲဆောင်သွားကာ အလိုအလျောက် စွဲလမ်းမှု ဖြစ်​ပေါ်လာစေသည်။

"ထတော့!"

လုရွှမ်သည် ဤကမ္ဘာကြီး၏ အငွေ့အသက်တွေကို အာရုံခံနေစဥ် မိန်းကလေး ငါးယောက် ဒုက္ခရောက် နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ သူ ကောင်မလေးငါးယောက်ကို အမြန်နှိုးလိုက်သည်။

လုံယင်သည် မိန်းကလေး ငါးယောက်ထဲတွင် အသက်အကြီးဆုံး ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အသန်မာဆုံး ဖြစ်သည်။ သူမသည် စွဲလမ်းမှုမှ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာ၏။ လုရွှမ် သူ့ကို ကယ်တင်လိုက်ပြီဆိုတာ သိလိုက်ရတော့ သူမမျက်နှာက ကြက်သွေးရောင် ပြောင်းသွားသလို ဖြစ်သွားလေသည်။

တခြားအမျိုးသမီးတွေလည်း တစ်ယောက်ပြီး တစ်ယောက် နိုးလာပြီး တစ်ယောက်ကို တစ့ယောက် ထိတ်လန့်တကြားနဲ့ ကြည့်နေကြသည်။ တစ်ဆက်တည်း ဝမ်းသာသွားကြပြန်၏။

ကံကောင်း ထောက်မစွာနဲ့ သူတို့ဒီတစ်ကြိမ်မှာ လုရွှမ်နဲ့အတူ ရောက်လာခဲ့မိတာပဲ။ မဟုတ်ရင် တစ်ခုခုတော့ ဆိုးသွားနိုင်တယ် ဆိုတာ သိကြတာကြောင့် လုရွှမ်ကို မြန်မြန် ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

All Chapters