← Chapters

မင်ရှန်တောင်ကြား

Vol. 46 Ch. 4.208

မင်ရှန်တောင်ကြား

Vol. 46 Ch. 4.208

လုရွှမ်သည် သူ့လက်များကို အေးဆေးစွာဝှေ့ယမ်းကာ ​ပြဿနာ မရှိကြောင်း ပြလာတာကို မြင်ရသောအခါ လုံယင်မှာ မပျော်မရွှင် ဖြစ်မိပြန်သည်။

ဒါပေမဲ့ ရုတ်တရက် တစ်ဖက်သားကို အော်ငေါက်ရဲတဲ့ သတ္တိမရှိတော့ဘူး ဆိုတာ သိလိုက်ရသည်။ လုရွှမ်ဟာ သူတော်စင်တစ်ပိုင်း ကမ္ဘာကို အလေးအနက် မထားဘဲ ကျောပိုးအိတ်ကိုတောင် မပြင်ဆင်လာတဲ့အတွက် အရင်က အပြစ်တင်ခဲ့ဖူးသည်။

တကယ်တော့ သူဟာ သူတို့ထက် အများကြီး ပိုပြင်ဆင်ပြီး စေ့စပ်သေချာတယ် ဆိုတာ တွေ့လိုက်ရလေ၏။

သူမဟာ ကြိုးကြိုးစားစားနဲ့ အများကြီး ပြင်ဆင်လာခဲ့ပေမယ့် တခြားတစ်ယောက်ကတော့ ပေါ့ပေါ့ပါးပါး လှုပ်ရှားပြီး သူမရဲ့ မာနတွေ လွင့်စင်သွားအောင် လုပ်ပစ်ခဲ့သည်။

ဒေါသနှင့် မကျေနပ်သော်လည်း ပိုအရေးကြီးသည်မှာ ချီးကျုးမိခြင်းနှင့် ရှက်စိတ်တို့သာ ဖြစ်သည်။ သူမ နည်းနည်းတော့ စိတ်ပျက်မိပါ၏။ ဒီလိုမျိုး အမြဲ တခြားသူတွေအပေါ် ဆက်ဆံတတ်တာလား။

ဒေါသမထွက်သင့်တာကို ရုတ်တရက် သိလိုက်ရပေမယ့် မထိန်းနိုင်ခဲ့ဘူး။

သူတော်စင်တစ်ပိုင်စ ကမ္ဘာသို့ မ၀င်ရောက်မီတွင် သူမသည် သက်ကြီးရွယ်အိုများထံမှ သူတော်စင်တစ်ပိုင်း လောကအကြောင်းကို အခြေခံအားဖြင့် နားလည်ခဲ့သည်။ ကောင်းကောင်း ပြင်ဆင်ထားပြီလို့ ခံစားမိပေမယ့် ဝင်လာတာနဲ့အမျှ ဆုံးရှုံးမှုနှစ်ခုကို ခံစားရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

အရင်က လည်နေတဲ့ ခံစားချက်ကို မပြောနဲ့တော့။ အဲဒါက အူတွေဗိုက်တွေကို ပွင့်ပွက် အန်လုမတတ် ဖြစ်သွားစေ၏။ သက်ကြီးရွယ်အိုများက အကြိမ်ကြိမ် ပြောသည်ကို ကြိမ်ဖန်များစွာ ကြားသိခဲ့ရသော်လည်း ကိုယ်တိုင်ကြုံတွေ့ ပြီးနောက်တွင် တုန်လှုပ် ချောက်ချားမှုနှင့် ဖော်မပြနိုင်သော ထိတ်လန့်မှုတို့ကိုသာ တွေ့ရှိခဲ့​တော့သည်။

သူတို့ ပြင်ဆင်ထားတဲ့ ဆေးတွေကို ထုတ်ယူဖို့တောင် ခွန်အား မရှိတဲ့အချိန် လုရွှမ်က အစောကတည်းက သူတို့အတွက် ဆေးလုံးတွေကို ပါဝင် ပြင်ဆင်ပေးလာခဲ့သည်။

အစောက နားမလည်နိုင်စွာ ပေါ်လာသော စွဲလမ်းမှု အကြောင်းကို တွေးလိုက်သောအခါ သူမကို ထိတ်လန့်သွားစေသည်။ ထိုအချိန်တွင် ရက်စက်ကြမ်းကြုတ်သော သားရဒတစ်ကောင်က လာရောက် တိုက်ခိုက်ပါက သေချာပေါက် အကုန်လုံး သေရပေလိမ့်မည်။

မကောင်းဆိုးဝါးပဲ!

ဟုတ်တယ်။ ကောင်းကင်ရဲ့ အပြင်မှာ ကမ္ဘာတစ်ခု ရှိသလို ကမ္ဘာ့အပြင်မှာ လူတွေရှိတယ်။ တစ်ဖက်လူနဲ့ ယှဉ်လိုက်ရင် သူမတို့မှာ တကယ့်ကို ကြီးမားတဲ့ ခြားနားမှုကြီး ရှိနေပေ၏။

လုရွှမ်သည် အမျိုးသမီးများစွာ၏ နှလုံးသားထဲတွင် သူ၏ပုံရိပ် တဖြည်းဖြည်း ပျက်ယွင်းလာနေသည်ကို မသိလိုက်ပေ။ ယခုအချိန်တွင် သူ အနည်းငယ် မျက်မှောင် ကြုတ်ထားမိသည်။

သူအရင်က ခံစားရသော ရှုပ်ထွေးမှုများသည် ပြီးပြည့်စုံသော နိယာမတရားများရှိသော ကမ္ဘာငယ်လေးတွင် ရှိသင့်သည့်အရာ မဟုတ်မှန်း သိသာ ထင်ရှားပါ၏။

လုရွှမ၏ မျက်လုံးများသည် လျှို့ဝှက်ဆန်းကြယ်သော အပေါက်ကို စူးစိုက်ကြည့်နေသည်။ ၎င်းသည် ဤအရာအားလုံး၏ အကြောင်းရင်း ဖြစ်သည်မှာ သိသာပြီး သူထင်ထားသည်ထက် များစွာ ပိုကြောက်စရာ ကောင်းနေပေမည်။

ဟုန်ရစ်ဧကရာဇ် အင်ပါယာမှ အဖွဲ့ခေါင်းဆောင် သုံးဦးစလုံးနှင့် တခြားကျောင်းအုပ်များသည် ဤကမ္ဘာငယ် ဖွင့်လှစ်ပြီးနောက် ပြိုကျနေတဲ့ကောင်းကင်ဘုံ ဖြစ်လာလိမ့်မည်ဟု ပြောဆိုခဲ့ကြသည်။ ဒါကို ကြားလေလေ လူတွေက တဖြည်းဖြည်း ပိုယုံကြည်လာလေပဲ။

ဤအခိုက်အတန့်တွင် လုရွှမ်သည် ရုတ်တရက် ထိုလူပြောတာ တစ်ခုခု မှားယွင်း​နေမည်ကို စိုးရိမ် ထိတ်လန့်သွားခဲ့သည်။ သို့တည်းမဟုတ် ထိုလူသည် လုံးဝ မမှားသော်လည်း အမှန်အတိုင်း မပြောခဲ့တာ ဖြစ်ပေမည်။

သူတော်စင်တစ်ပိုင်း ကမ္ဘာသည် သူထင်ထားသည်ထက် စောလျင်စွာ ပျက်စီးနေသောကမ္ဘာ သို့မဟုတ် ပြိုကျနေတဲ့ကောင်းကင်ဘုံ အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ မူလက သူတို့သည် သူတော်စင်တစ်ပိုင်း ကမ္ဘာ၌ သုံးလကြာနေနိုင်သော်လည်း ယခုအချိန်သည် အလွန် တိုတောင်းတော့မည့်ပုံပင်။

"အစ်ကိုကြီးလုရွှမ် ဘာကြည့်နေတာလဲ ဟေး... အဲဒါ ဘာလဲ?"

လုရွှမ်ရဲ့ နောက်ကျောကို ကြည့်လိုက်ရင်း လုံယင်က ရုတ်တရက် ထူးထူးခြားခြား အရပ်မြင့်လာတယ်လို့ ခံစားလိုက်ရသည်။ လုရွှမ်ရဲ့ မျက်မှောင်ကြုတ်​နေသော မျက်ခုံးကို မြင်တော့ မေးခွန်းတစ်ခုကို မထုတ်ဘဲ မနေနိုင် ဖြစ်နေသည်။

လုံလင်သည် အလင်းတန်းများ လင်းထိန်နေပြီး ပျောက်ကွယ်တော့မလို ဖြစ်နေသည့် ကောင်းကင်ရှိ အပေါက်ဆီသို့ ညွှန်ပြနေသည်။ သူမစိတ်ထဲ အလွန် ထူးဆန်းနေပေသည်။

"ဒါက သူတော်စင်တစ်ပိုင်း ကမ္ဘာ ပျက်စီးသွားရတဲ့ အကြောင်းရင်းပဲ" လုရွှမ်က လေးနက်သော လေသံဖြင့်

"ပြိုကျနေတဲ့ကောင်းကင်ဘုံ ဆိုတာဘာလဲ မင်းတို့သိလား?"

အမျိုးသမီး ငါးယောက်က တညီတညွတ်တည်း ခေါင်းယမ်းလိုက်ကြသည်။ နောက်ဆုံးမှာတော့ သူမတို့သည် အလယ်အလတ်စား ဧကရာဇ်အင်ပါယာမှ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူမျှသာ ဖြစ်ကြလေသည်။ ထက်မြက်သော်လည်း အသိပညာ သိပ်မရှိကြပေ။

"ဒီနေရာက တိတ်ဆိတ်လွန်းတယ် အရင်ထွက်သွားရအောင်"

လုရွှမ် သူ့လက်ကို ဝေ့ယမ်းရင်း ပြောလိုက်တဲ့အခါ လျှပ်စီးငှက်သည် ကျောက်စိမ်း​ပြားထဲမှ ခုန်ထွက်လာ၏။

"ကူး.....!"

အပြင်ထွက်ချင်စိတ်ကို အချိန်အတော် ကြာအောင် ထိန်းထားရတဲ့ လျှပ်စီးငှက်သည် လုရွှမ်၏ ခန္ဓာကိုယ်နှင့် သူ့ခေါင်းကို စိတ်လှုပ်ရှားစွာ ပွတ်ကာ တိုးတိုးလေး စကား ပြော​နေသည်။

မိန်းကလေးငါးယောက် လန့်ဖျပ်သွားပြီး လုရွှမ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ ဒါက ဘယ်လိုမှော်ပညာမျိုးလဲ? လက်ဝေ့ယမ်းလိုက်တာနဲ့ သူတော်စင် သားရဲတစ်ကောင်က ဘယ်လိုလုပ် ရုတ်တရက် ထွက်လာတာလဲ။

"လာ... ငါတို့လမ်းလျှောက်ရင် စကားပြောရအောင်"

လုရွှမ်က ပြောလိုက်သည်။ မိန်းကလေးငါးယောက်သည် လုရွှမ်ကို နတ်ဘုရားတစ်ဆူလို မျှော်ကြည့်နေကြပြီး အားလုံးက နာခံကာ ခုန်ပေါက်၍ တက်လာကြသည်။

လုရွှမ် ဦးတည်ရာကို ညွှန်​ပြပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လျှပ်စီးငှက်သည်လည်း ကောင်းကင်သို့ တက်လာကာ အရှေ့ဘက်သို့ ပျံသန်းသွားခဲ့သည်။

"ဒါက ငါ့ရဲ့သားရဲ လျှပ်စီးငှက်... ငါ သူ့ကိုဘယ်လို အသွင်ပြောင်းတယ် ဆိုတာ အတိအကျ သိနေစရာ မလိုဘူး.... မင်းတို့ တခြားလူတွေနဲ့ တွေ့ရင် ငါသူ့ကို သူတောင်စင့တစ်ပိုင်း ကမ္ဘာထဲမှာ ဖမ်းမိသွားတယ်လို့ပဲ ပြော နားလည်လား?"

မိန်းကလေး ငါးယောက်ကလည်စ ခေါင်းညိတ်ပြကြသည်။ လုရွှမ်က သူတို့ကို ယုံကြည်တဲ့အတွက် သူတို့ရှေ့မှာ လျှပ်စီးငှက်ကို ပြခဲ့ပြီးမို့ သူတို့ဖက်ကလည်း သဘာဝကျကျ လျှို့ဝှက်ထားပေးရမည်။

ကြီးမားလှသော စိတ်ဝိညာဉ် စွမ်းအား၏ ပံ့ပိုးမှုဖြင့် လုရွှမ်သည် လှည့်ပတ်ကြည့်ရှုပြီး လမ်းကြောင်း အားလုံးကို မှတ်ထားခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ အန္တရာယ်များကို အာရုံစိုက်နေစဉ်တွင် ထိုကမ္ဘာကြီး အကြောင်း အမျိုးသမီးငါးဦးအား သူပြောပြနေခဲ့သည်။

ပြိုကျနေတဲ့ကောင်းကင်ဘုံ လောကကြီး ရောက်ရှိလာပြီး အရပ်ရပ်မှ ကျွမ်းကျင်သူများ ရောက်ရှိလာသည်နှင့် တပြိုင်နက် မိန်းကလေးငါးယောက်သည် ဤအရာများကို အနှေးနဲ့အမြန် သိလာမှာပဲ ဖြစ်သည်။ သူတို့ကို စောစောစီးစီး ပြောပြခြင်းက အန္တရာယ်တချို့ကို ရှောင်ရှားနိုင်စေမည်။

ထိုမိန်းကလေး ငါးယောက်သည် သူ့စကားကို ကြားသောအခါ အံ့အား သင့်သွားကြသည်။ သူတို့အားလုံးသည် ကောင်းကင်ဘုံ၏ ဂုဏ်ယူစရာကောင်းသော မိန်းကလေးများ ဖြစ်ကြသည်။ သို့သော် နယ်မြေ ဒေသအလိုက် ကန့်သတ်ထားတာတော့ သိပ်မသိခဲ့ကြချေ။

လုရွှမ်၏ ရှင်းပြချက်ကို ကြားလိုက်ရခြင်းသည် အမျိုးသမီးငါးဦး အတွက် လုံးဝကို တုန်လှုပ်သွား​စေခဲ့သည်။

လုရွှမ် ဒီမိန်းကလေးတွေကို ဂရုစိုက်နေတုန်းပဲ။ သူတို့က ထက်မြက်ပြီး စိတ်အားထက်သန်​ကြတယ်။ သူမတို့ သူ့ကိုကူညီနိုင်ရင် သူ့ဖက်ကလည်း လက်တစ်ဖက် ကမ်းပေးမှာပင်။

ယင်းစကားများသည် ယခင်က လျစ်လျူရှုမှု၊ အမျိုးသမီးငါးဦး၏ စိတ်နှလုံးအတွင်း၌ ထင်ယောင်ထင်မှား ဖြစ်မှုများကို တိတ်တဆိတ် ဖယ်ရှားပေးသည့် ငြိမ်သက်မှုတစ်ခု ဖြစ်​စေခဲ့ကြောင်း သူအနည်းငယ်မျှပင် မသိခဲ့ပေ။

သူတို့ဟာ တစ်ကမ္ဘာတည်းက မဟုတ်ဘူး ကွာဟချက်ကလည်း အရမ်းကြီးလွန်းတယ်လေ။

လှပသော အမျိုးသမီးများသည် သူရဲကောင်းများကို နှစ်သက်ကြပြီး ၎င်းတို့အနားတွင် ရှိနေရခြင်း အတွက် ဂုဏ်ယူနေမည် ဖြစ်သည်။ သို့သော် လှပသော အမျိုးသမီးများသည် နတ်ဘုရားကို နှစ်သက်ကြပြီး နတ်ဘုရားကို ကိုးကွယ်ကြမည် မဟုတ်သော်လည်း ထိုနတ်ဘုရားကို ချစ်ကြမည်တေ့ မဟုတ်ပေ။

မိန်းကလေးတွေဟာ တိတ်တဆိတ် ခိုးကြည့်လိုက်တော့ တစ်ဖက်က သူမတို့အား လုံးဝ အရေးမစိုက်တာကို တွေ့လိုက်ရတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားပြန်သည်။

"စကားမစပ် မင်းတို့မှာ မြေပုံရှိသင့်တယ် မဟုတ်လား"

လုရွှမ်က မေးလာသည်။

"ရှိတယ်!"

မင်းသမီးပိုင်လုံက အမြန်ပြောပြီး မြေပုံကို ထုတ်ယူပြီး လွှဲပေးလိုက်သည်။

မင်းသမီးပိုင်လုံသည် ဤမြေပုံကို စျေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူရန် တော်ဝင်မိသားစု၏ သြဇာကို အသုံးပြုကာ နေရာများစွာကို လွှမ်းခြုံထားခဲ့ရသည်။ အန္တရာယ်များတဲ့နေရာ၊ ဘေးကင်းတဲ့နေရာ၊ အခွင့်အလမ်းတွေ ရှိတဲ့နေရာ စတာတွေကို ​မြေပုံမှာ မီးမောင်းထိုးပြထား၏။

အရေးကြီးဆုံးကတော့ သဘာဝအတိုင်း ကျူ့ယန်ပန်းတွေရဲ့ တည်နေရာပင်။ မင်းသမီးပိုင်လုံသည် ကျူ့ယန်ပန်း၏ တည်နေရာကို လျင်မြန်စွာ ထောက်ပြလာခဲ့သည်။

"စိတ်မပူပါနဲ့... တစ်နေရာကို အရင်သွားကြရအောင်"

လုရွှမ် သူ့စိတ်ထဲ အမြန်တွက်ချက်ပြီး ရော့ယိုးကို ကြည့်ကာ

"မျှော်လင့်ထားသလိုပဲ... မင်ရှန်တောင်ကြားက ဒီနေရာနဲ့ သိပ်မဝေးဘူး... ရော့ယိုး မင်းရဲ့ စိတ်ဝိညာဥ်ခွဲကို ကုစားနိုင်လိမ့်မယ်"

ရော့ယိုး တခဏလောက် ထိတ်လန့်သွားပေမယ့် တခြားမိန်းကလေးတွေကလည်း လှိုက်လှိုက်လှဲလှဲ အော်ဟစ်ပြီးနေပြီ။ သူတို့သည် ရော့ယိုး၏ အမွှာဝိညာဉ် လက္ခဏာများ အကြောင်းကို သဘာဝကျကျ သိထားကြသည်။ နေ့စဉ်ဘ၀တွင် ရော့ယိုး၏ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲမှုများကြောင့် သူတို့လည်း မကြာခဏ စိတ်ပူပန်နေရသည်။

ပြဿနာများစွာကို ဖြေရှင်းပေးနိုင်သည့် သူတော်စင်တစ်ပိုင်း ကမ္ဘာတစ်ပိုင်း၌ အခွင့်အလမ်းကောင်းတစ်ခု ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ ဤစာကြောင်းကို အကြိမ်ပေါင်းများစွာ ဖြန့်ဝေခဲ့သော်လည်း မည်သည့်ပြဿနာကို ဖြေရှင်းနိုင်သည်ကို မည်သူမျှ မသိကြပေ။

အကယ်၍ သူမသည် သူတော်စင်တစ်ပိုင်း ကမ္ဘာထဲသို့ ဝင်ခဲ့ပါက ၎င်းကို စမ်းသပ် ကြည့်လိုသည်။ ဒါပေမဲ့ လုရွှမ်က ဒါကို ယုံကြည်မှု အပြည့်နဲ့ ဆိုလာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။

သူ့နာမည်အရ ရော့ယိုးသည် လုံယင်လို ပြင်းထန်သော သတ္တိမရှိသလို ဖုန်းမင်လို ဘုန်းအာနုဘော်လည်း မရှိချေ။ သူမသည် ထျန်းယင် ကဲ့သို့ ရိုးရိုးရှင်းရှင်းလည်း မဟုတ်ပေ။

အရည်အချင်းရှိသော အမျိုးသမီး လေးယောက်ထဲတွင် သူမသည် အတိတ်ဆိတ်ဆုံး ဖြစ်ပြီး မိမိကိုယ်ကို အားကိုးရဆုံးလည်း ဖြစ်သည်။

ယခုအချိန်တွင် လုရွှမ်၏ စကားကို ကြားတော့ သူမမျက်လုံးများက နီရဲလာပြီး မျက်ရည်များပင် စီးကျလာခဲ့သည်။

"အစ်ကိုကြီးလုရွှမ် ကျေးဇူးတင်ပါတယ်"

"မင်းတို့ ငါ့ကို အကိုကြီးလို့ ခေါ်မှတော့ တစ်ခုခု လုပ်​ပေးရမှာပဲ"

All Chapters