← Chapters

တစ်ယောက်ယောက်က အရင်ရောက်နေပြီ

Vol. 46 Ch. 4.209

တစ်ယောက်ယောက်က အရင်ရောက်နေပြီ

Vol. 46 Ch. 4.209

မင်ရှန်တောင်ကြား

၎င်းသည် စိတ်ဝိညာဉ်ကို ဖျက်ဆီးရာ နေရာဖြစ်သည်။

မင်ရှန်တောင်ကြားသည် သူတော်စင်တစ်ပိုင်း ကမ္ဘာတွင် ကျော်ကြား​ပေ၏။ မီးပင်လယ်အိုင်နဲ့ ငရဲဆိုတာ သူတော်စင်တစ်ပိုင်း ကမ္ဘာထဲကို ဝင်ဖူးသူ တော်တော်များများ ကြားဖူးနားဝ ရှိကြပြီး တောင်ကြားထဲကို နက်နက်နဲနဲ မဝင်ရဲကြချေ။

အမြင်ရဆုံး အရာမှာ မင်ရှန်တောင်ကြား (泯神谷)ဟု စာလုံးကြီးကြီး သုံးလုံးဖြင့် ကောက်ကွေးစွာ ရေးထားသော ကျိုးပဲ့နေသော ကျောက်ပြားတစ်ချပ်သာ ဖြစ်သည်။ သို့သော် မင်ရှန်တောင်ကြား၏ မူလအစကို လူများစွာဟာ မသိကြသလို အဘယ်ကြောင့် ၎င်းကို မင်ရှန်တောင်ကြားဟု ခေါ်ကြသလဲ ဆိုတာလည်း မသိကြပေ။

"အစ်ကိုကြီးလုရွှမ် မင်ရှန်တောင်ကြားဟာ အရမ်း အန္တရာယ်များပြီး အဲဒီထဲကို ဘယ်သူမှ မဝင်ရဲကြဘူးလို့ ကျွန်မကြားတယ်... ကျွန်မတို့ တကယ် အထဲကို ဝင်ကြမှာလား? ပြီးတော့ ရော့ယိုးရဲ့ စိတ်ဝိညာဉ်နှစ်ခု ရောဂါကို တကယ်ပျောက်ကင်းအောင် ကုသနိုင်မှာလား?"

လုံယင်သည် သူမ၏ ယခင် အတွေးများကို စွန့်လွှတ်လိုက်နိုင်ကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရပြီး သူမ စိတ်ကလည်း ပို၍ ရွှင်လန်းလာခဲ့သည်။

အစ်ကိုကြီး လုရွှမ်လို့လည်း တိုက်ရိုက် ခေါ်လိုက်ပြီ။ အရင်ကနဲ့ နှိုင်းယှဉ်ရင် သူမဟာ ပိုပြီး ငြိမ်သက်နေတာကို တွေ့ရလေသည်။ တခြားအမျိုးသမီး များကလည်း လှမ်းကြည့်၍ မင်ရှန်တောင်ကြား အမည်ကို ကြိမ်ဖန်များစွာ ကြားဖူးကြသော်လည်း အားလုံးက အတူတူပင် တွေးမိလိမ့်မည်။

မသွားရဘူး!

လုရွှမ်က အနည်းငယ် ပြုံးလိုက်ပြီး

"ဟုတ်တယ်... အဲဒီနေရာက တကယ်ကို အန္တရာယ်များတယ်... မီးပင်လယ်ရှိတယ် အပူချိန်က အလွန်မြင့်မားပြီး ကျင့်​ကြံသူတွေရဲ့ စိတ်ကို အရည်ပျော်လုနီးပါး ဖြစ်စေတယ်"

"ငါ့ရဲ့ ခန့်မှန်းတာသာ မှန်ရင် အဲဒီမီးတောက်ဟာ အရမ်းရှားပါးတဲ့ နှလုံးမီးတောက် ဖြစ်နိုင်တယ်... ဒါပေါ့ မင်းတို့အဲဒါကို ကံကြမ္မာမီးတောက် လို့လည်း ခေါ်နိုင်တယ်"

ကံကြမ္မာမီးတောက် ဆိုတဲ့ နာမည်ကို ကြားတော့ ကောင်မလေး ငါးယောက် ချက်ချင်း နားလည်သွားသည်။ ကံကြမ္မာမီးတောက်သည် ကျင့်ကြံသူတွေ အကြောက်ဆုံး မီးလျှံဖြစ်ပြီး စိတ်နှလုံးကို လောင်ကျွမ်းစေနိုငိသည်။

အကယ်၍ သင်သည် ဝိညာဥ်ခွဲနှစ်ခု လက္ခဏာစုကို ခံစားနေရပါက ကံကြမ္မာမီးတောက်ရဲ့ အကျိုးကြောင့် လောင်ကျွမ်းစေနိုင်လျှင် ၎င်းကို ပျောက်ကင်းစေမည်မှာ သေချာ​လေသည်။

"ဒါပေမဲ့?"

အမျိုးသမီးများသည် သံသယများ ရှိနေသေးသည်ကို သိသဖြင့် လုရွှမ်က ဇာတ်လမ်းကို ရိုးရိုးရှင်းရှင်း စတင် ပြောပြလာခဲ့သည်။

"ဝိညာဉ်ဆိုတာ မှော်ဆန်ဆုံးနဲ့ အပြင်းထန်ဆုံး အရာပဲ... ဒါပေမဲ့ အခိုင်မာဆုံး အရာလည်း ဖြစ်တယ်... ဝိညာဥ် အမြစ်မစွဲခင် အတွေးတစ်ခုနဲ့တင် ဖျက်ဆီးနိုင်ပေမယ့် စိတ်ထဲမှာ အမြစ်တွယ်လာရင်တော့ ဖျက်စီးရ ခက်လုနီးပါး ဖြစ်သွားပြီ"

လုရွှမ် ရော့ယိုးကို ကြည့်ပြီး

"ငါ့ရဲ့ ခန့်မှန်းတာသာ မှန်ရင် ရော့ယိုး... မင်းအမေက မင်းမှာ ညီမလေး ဒါမှမဟုတ် အစ်မ တစ်ယောက် ရှိတယ်လို့ ပြောခဲ့မယ်... ဒါပေမဲ့ သူက မမွေးရသေးခင်မှာပဲ သေသွားခဲ့တယ် ဟုတ်တယ်မလား?"

ရော့ယိုး အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ကလေးတွေက အရမ်းတွေးတတ်တယ် အရမ်းတွေးရင် အတွေးတွေက အမြစ်တွယ်လာလိမ့်မယ်... မင်း ငယ်ငယ်တုန်းက မင်းမိဘတွေက မင်းအပေါ် အရမ်းတင်းကြပ်တယ် မဟုတ်လား? ကစားရင်း မင်းက အစ်မတစ်ယောက် လိုချင်ခဲ့တယ်... မင်းရဲ့စိတ်ဝိညာဉ်ဟာ တဖြည်းဖြည်း ကွဲကွာလာပြီး နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ နောက်ဆုံး ဒီနေ့လို စိတ်ဝိညာဥ်ခွဲရောဂါ ဖြစ်လာတာ"

လုရွှမ်သည် သူ၏ယခင်ဘဝတွင် နက္ခတ်ဗေဒင်ပညာ၊ ပထဝီဝင်၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရာအားလုံးကို သိရှိခဲ့သည်။ တိမ်ပင်လယ် နယ်မြေရဲ့ အနှောင်အဖွဲ့တွေကနေ ရုန်းထွက်ဖို့အတွက် သူသည် လူသားများကြားတွင် ဆေးပညာကိုပင် မြှုပ်နှံထားခဲ့သည်။

ရော့ယိုး၏ စိတ်နေစိတ်ထားကို တစ်ချက် ကြည့်လိုက်တာနဲ့ အကြောင်းအရင်း အများစုကို သူ ခန့်မှန်းနိုင်ခဲ့သည်။

ရော့ယိုးရဲ့ အကြည့်ကို တွေ့တော့ လုရွှမ်ပြောတာ မှန်နေကြောင်း တခြားအမျိုးသမီး လေးယောက်လည်း သိလိုက်သည်။ သူတို့ စိတ်ထဲလည်း ဝမ်းသာသွားမိသည်။ အခု ရောဂါရဲ့ အကြောင်းရင်းကို ရှာတွေ့​​ပြီ ဆိုတော့ ဒီဆိုးကျိုးတွေကို ဖယ်ရှားဖို့ မခက်ခဲတော့ဘူးပေါ့။

"အခြားလူတွေအတွက် စိတ်ဝိညာဉ်ခွဲရောဂါက ပြင်ပဝိညာဉ် တချို့က ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်ရောက်လာတဲ့ အတွက် ဖြစ်လာတာ... အဲဲဒီအခါ တခြားဝိညာဉ်ကို သတ်ပစ်ကြတာများတယ်.... ဒါပေမဲ့ ရော့ယိုးကတော့ မတူဘူး.... မင်းမှာရှိတဲ့ ဝိညာဉ်နှစ်ခုလုံးက မင်းသုံးနေတဲ့ မင်းပဲလို့ ပြောလို့ရတယ်... မင်းတို့က တူညီတဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားကြတာ"

"ဒီလိုအခြေအနေမျိုးမှာ ဝိညာဉ်မှန်သမျှကို ချေမှုန်းပစ်တာက မင်းအတွက် အသက်အန္တရာယ်ကို ဖြစ်စေလိမ့်မယ်... တစ်ခုတည်းနဲ့ အပြည့်စုံဆုံး နည်းလမ်းကတော့ သူတို့ကို ပေါင်းစည်းပစ်ဖို့ပဲ... ပြီးတော့ မင်းရဲ့လက်ရှိ ရောဂါလက္ခဏာတွေနဲ့ ပေါင်းစပ်ဖို့က ပြင်ပစွမ်းအားတွေနဲ့ အတွင်းပိုင်း အချက်တွေ လိုတယ်"

လုရွှမ် သူ့ပတ်ဝန်းကျင်ရှိ အပူချိန်ကို ခံစားလိုက်ရသည်။ သူတို့ ရှေ့သို့ ရွေ့လာသောအခါတွင် လေထဲရှိ အပူချိန်က ပိုမိုမြင့်မားလာရာ မင်ရှန်တောင်ကြားနဲ့ သိပ်မဝေးတော့ဘူး ဆိုတာ သိလိုက်ကြသည်။

"နှလုံးသားမီးကို အတွင်းနတ်ဆိုးလို့လည်း ခေါ်လို့ရတယ်... ဒီအခက်အခဲကို ကျော်ဖြတ်ပြီးရင် အရာအားလုံးက ရှင်းသွားလိမ့်မယ်.... ဒါပေမဲ့ သာမန်အချိန်တွေမှာ အတွင်းနတ်ဆိုးကို နှိုးဆော်ဝံ့တဲ့သူ မရှိဘူး... ဒီနေရာကတော့ မတူဘူး ငါ့ရဲ့ အကာအကွယ်နဲ့ဆို ရော့ယိုး မင်းလည်း စိတ်ပိုင်းဖြတ်ထားတယ် ဆိုရင် ဝိညာဉ်နှစ်ခုကို ပေါင်းစည်းဖို့က မခက်ပါဘူး... နောင်ဒုက္ခတွေကို ရှောင်ရှားနိုင်မယ့် ဝိညာဉ်လမ်းညွှန်ချက် တစ်ခု ငါပေးမယ်"

"ကျေးဇူးတင်ပါတယ် အစ်ကိုလုရွှမ်"

ရော့ယိုး ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။ များသောအားဖြင့် သူမသည် စကား များများစားစား မပြောတတ်သော်လည်း စကားပြောသော အခါတွင်လည်း သူမသည် စိတ်ရင်းမှန်ဖြင့်သာ ပြောတတ်သည်။

"အစ်ကိုကြီးလုရွှမ်....ရော့ယိုးက စိတ်ခိုင်မာဖို့ လိုအပ်တယ်လို့ ပြောတယ်နော်..."

ထိုအခါ ရော့ယိုးက ရုတ်​တရက်​ ဝင်ဆိုလိုက်သည်။

"ကျွန်​​မအတွက် ဘာပြဿနာမှ မရှိပါဘူး"

လျှပ်စီးငှက်သည် အလွန်လျင်မြန်ပြီး မကြာမီတွင် လူတိုင်းကို မင်ရှန်တောင်ကြားသို့ သယ်ဆောင်လာခဲ့သည်။ ဤနေရာ၌ အပူချိန်သည် အလွန်မြင့်မားနေပြီး မီးခံပုတီးစေ့များဖြင့်ပင် အမျိုးသမီးများ ချွေးထွက်များနေဆဲဖြစ်သည်။

လျှပ်စီးငှက်သည် စိတ်အားထက်သန်ပြီး ငြိမ်သက်နေပုံရသည်။ ဤအပူချိန်သည် သူတော်စင် သားရဲများအတွက် ပြဿနာမရှိချေ။

"ရှေ့မှာ တစ်ယောက်ယောက် ရှိ​နေတယ် အားလုံး သတိထားကြ!"

လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် တဟုန်ထိုး တက်လာပြီး ပတ်ဝန်းကျင် အခြေအနေကို သအမြဲတစေ အာရုံစိုက်နေခဲ့သည်။ အရှေ့ရှိအရာ အားလုံးသည် လျစ်လျူရှု ထားပုံရသော်လည်း လုရွှမ်သည် တစ်စုံတစ်ယောက်၏ အရိပ်အယောင်ကို စူးစူးစိုက်စိုက် အာရုံခံမိနေသည်။

မိန်းကလေး ငါးယောက်ကတော့ ဒါကို လုံးဝသတိမထားမိပေမယ့် လုရွှမ်ဟာ တန်ခိုးကြီးပြီး သဘာဝလွန် စွမ်းအားတွေ ရှိတယ်ဆိုတာ အားလုံး သိကြပါ၏။ သူတို့ဟာ လျင်မြန်စွာ စိတ်တွေစုစည်းပြီး မတ်တပ်ရပ်လျက် လက်နက်များကို ထုတ်ကာ သတိမမူဝံ့ဘဲ စောင့်နေကြသည်။

လျှပ်စီးငှက်၏ ခေါင်းကို ညင်သာစွာ ပုတ်ပြီးနောက် လုရွှမ် လေထဲမှ ခုန်ဆင်းသွားသည်။

ဤသည်မှာ တောင်ကြားတစ်ခု သို့တည်းမဟုတ် မီးပင်လယ်လည်း ဖြစ်သည်။ ​လေထုသည် လူးလိမ့်နေသော ရေနှင့်တူပြီး အပူချိန်များ အဆက်မပြတ် ထွက်နေကာ ​ရေပူဖောင်းကြီးများ လွင့်ပျံလာကာ အချိန်မရွေး ပေါက်ကွဲသွားတော့မလိုပင်။

ထူထဲသော မီးခိုးမရှိဘဲ တောက်လောင်နေသော မီးတောက်မျှသာ ဖြစ်ပြီး အရောင်အသွေးကို မမြင်နိုင်ချေ။ ပူလောင်လှသော အပူချိန်ကိုသာ မခံစားမိပါက ဤနေရာသည် အမှန်တကယ်ပင် မီးပင်လယ် ဖြစ်သည်ကို ဘယ်သူမှ ယုံနိုင်ဖွယ်မရှိ။

လုရွှမ်၏ မျက်လုံး အရောင်များသည် ကြည်ကြည်သာသာ ရှိပြီး နှလုံးသားမီး​တောက်သည် သူထင်သည်ထက် ပိုမိုပြင်းထန်လာခဲ့သည်။

"ထွက်လာခဲ့တော့... ငါတို့အစောကတည်းက မင်းတို့ကို သတိထားမိနေတာ ကြာပြီ"

လုရွှမ် လေထုထဲက တစ်နေရာကို ညွှန်ပြလိုက်သည်။ ထိုအခိုက် လေထုက အနည်းငယ် လှုပ်ရှားလာကာ ဖုံးကွယ်ထားတဲ့ အခင်းအကျင်းထဲက ယောက်ျားတစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် ထွက်ပေါ်လာ၏။

သူတို့နှစ်ဦးသည် လူငယ်များ ဖြစ်ကြသော်လည်း ထက်မြက်သူများ ဖြစ်ကြတာ သိသာပေသည်။ မိန်းကလေးမှာ ရုပ်ရည်ချောမောပြီး မျက်လုံးများ ပူလောင်နေရာ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။

အမျိုးသားသည် မျက်နှာစိမ်းစိမ်းနှင့် အတွေ့အကြုံ မရှိသော်လည်း အမျိုးသမီး၏ ရှေ့တွင် ရပ်နေ​​သေးသည်။

"မင်းတို့က ငါဘယ်သူလဲဆိုတာ သိ​နေပုံရတယ်"

လုရွှမ် ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။

သူတော်စင်နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသောကာလ ဖြစ်ကာ ဤအစွမ်းသတ္တိသည် ကြီးမားသော ကျောင်းကြီး လေးကျောင်းကြားတွင် ဒုတိယမရှိသော ဖြစ်တည်မှု ဖြစ်လေ၏။

လုရွှမ်မှာ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေ သူ့ဦးနှောက်ထဲမှာ မရှိလို့ အဆင့်မြင့် အထက်ဧကရာဇ် အင်ပါယာတွေက ဆင်းသက်လာကြတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းမိလိုက်သည်။

"ထျန်းလုံကျောင်းအုပ်... ချင်းလုံအရှင်"

မိန်းကလေးက ဆို၏။ သူမ၏ အသံတွင် စိတ်လှုပ်ရှားမှုများ ရောပါလာတာကို ကြားလိုက်ရသည်။

လုရွှမ် ကောင်မလေးကို လျစ်လျူရှုကာ လူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"မင်းတို့ သွားတော့... ဒီနေရာက မင်းတို့အတွက် မသင့်တော်ဘူး.... ဒီနေရာရဲ့ နှလုံးသားမီးတောက်က တကယ်ကောင်းတယ်... နှလုံးသားသစ်သီး ထွက်လာအောင်လည်း ထိန်းပေးနိုင်တယ်... ဒါပေမဲ့ ရပ်တန့်နေတဲ့ အရာကို ဖြတ်ကျော်ဖို့ သူလိုအပ်တာက နှလုံးသားမီးတောက်ရဲ့ စမ်းသပ်မှု မဟုတ်ဘူး.... သူ့ရဲ့ ကြံ့ခိုင်မှုက မသန်မစွမ်း ဖြစ်နေလို့ပဲ... ဒီမှာ ဆက်နေလည်း အားလုံးက အလကားပဲ ဖြစ်နေမှာ"

"မွေးရာပါ ချို့ယွင်းမှု... အတင်းအကြပ် လေ့ကျင့်မှု... အခြေခံအုတ်မြစ် မတည်မငြိမ်ဖြစ်မှု... ဒါတွေက ကျင့်​ကြံမှု အဆင့်မြင့်မားလေ သေခြင်းတရားနဲ့ ပိုနီးကပ်လာလေပဲ"

All Chapters