ဗုဒ္ဓနှလုံးနေရောင်နည်းပညာ
Vol. 46 Ch. 4.210
လုရွှန်၏ စကားလုံးများသည် လူငယ်လေး၏ နားထဲတွင် ကောင်းကင်မှ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။ ထိုပေါက်ကွဲသံက အလွန်ထိတ်လန့် တုန်လှုပ်သွားစေတာကြောင့် သူတို့နှစ်ဦးသည် ချက်ချင်း ဖျော့တော့သွား၍ ခြေနှစ်လှမ်းလောက် ဆုတ်သွားပြီး လုရွှမ်ကို ထိတ်လန့်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်သည်။
"ဘာပြောလိုက်တယ်!"
အမျိုးသမီးက စူးရှသော အသံဖြင့် အော်လိုက်သည်။ သူမက လူငယ်လေစကို သမေရှေ့ကနေ တွန်းထုတ်လိုက်ပြီး နောက်က ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ဓားဖျားက လူသတ်ချင်စိတ်ပြင်းပြစွာဖြင့် လုရွှမ်ကို ညွှန်ထား၏။
"မင်းကြားတဲ့ အတိုင်းပဲ"
လုရွှမ် မျက်မှောင်ကြုတ်ပြီး မသိစိတ်က အသံတိုးသွားခဲ့သည်။
"အစ်ကိုထျန်းရှန်... သူ့စကားတွေကို နားမထောင်နဲ့.... သူက နှလုံးသားသစ်သီးကို လိုချင်နေလို့ ဒီစကားတွေနဲ့ အယုံသွင်းနေတာ... ချင်းလုံအရှင် ရှင်က အလယ်အလတ်ပဲရှိတဲ့ ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ကြီး အဖြစ်ပဲ သတ်မှတ်လို့ ရတယ်... အမြတ် နည်းနည်းလောက် ရလိုက်တာနဲ့ မကောင်းတဲ့ စကားပြောနေလိုက်တာ တကယ်ကို စက်ဆုပ်ရွံရှာစရာ ကောင်းတယ်"
လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ ဤအမျိုးသမီးသည် ထိတ်လန့်လုနီးပါး ဖြစ်နေပြီ။ သူမနဲ့အတူ ဒေါသလိုက်ထွက်နေရင် သူ့အနေအထားလည်း နိမ့်ကျသွားလိမ့်မည်။ ထို့ထက်မက တစ်ဖက်လူသည် သူတော်စင်နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသောကာက တစ်ခုမျှသာ ဖြစ်လို့ သူမျက်လုံးထဲတွင် လုံးဝ မထည့်ထားချေ။
သို့သော် သူက ဂရုမစိုက်ပေမယ့် လျှပ်စီးငှက်ပေါ်က မိန်းကလေး ငါးယောက်ကတော့ အရမ်းကို ဂရုစိုက်လေသည်။
"နင် ဘာတွေ ပြောနေတာလဲ? ကျောင်းအုပ်ကြီးက သဘောထားကြီးကြီးနဲ့ လူကြီးလူကောင်းကို အဆုံးအဖြတ် ပေးနေတာပဲ"
လုံယင်က ပထမဆုံး ဝင်ဟောက်လိုက်သည်။
လုရွှမ်သည် သူမတို့အသက်ကို ကယ်တင်ခဲ့ပြီး ရော့ယိုးကို ကုသပေးရန်လည်း သဘောတူခဲ့သည်။ သူမအမြင်အရ လုရွှမ်သည် မြင့်မြတ်သော သူတော်စင်တစ်ဦးပင် ဖြစ်ရာ နားမလည်နိုင်သော မိန်းမတစ်ယောက်၏ ဆဲဆိုခြင်းကို ခံရရန် မထိုက်တန်ပေ။
"အဲဒါက နင့်ယောက်ျားရဲ့ ရောဂါကြောင့်သာ မဟုတ်ရင် ယုံချင်ယုံ မယုံချင်နေ ငါနင်တို့ကို သတ်ပစ်မှာ"
မင်းသမီးပိုင်လုံက လှမ်းအော်သည်။ သူမ နှလုံးသားထဲက ခံစားချက်ကို ဖုံးကွယ်ထားနိုင်ပေမယ့် တခြားသူတွေကို ဆဲဆိုဖို့တော့ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး။
တီးတိုးသံနှင့်အတူ သူမက နဂါးဖြူဓားကို တိုက်ရိုက် ဆွဲထုတ်ကာ အားနည်းသည့် လက္ခဏာမပြဘဲ ထိုအမျိုးသမီးအား ဓားထိပ်ဖြင့် ထိုးညွှန်လိုက်သည်။
'ဟမ့်! နင်တစ်ယောက် ဓားဆွဲနိုင်တဲ့ လူလို့ ထင်နေလား? ငါ့မှာလည်း ဓားရှိတယ် ငါ့ဓားက အစ်ကိုလုရွှမ် ကိုယ်တိုင် သန့်စင်ပေးထားတာဟဲ့'
နှလုံးသားမီးဆိုတာ မမြင်နိုင်ပေမယ့် ပူလောင်တဲ့ မီးတောက်ကိုတော့ ခံစားမိနိုင်သည်။ နဂါးဖြူဓားကို လုရွှမ်က စိတ်နှလုံး အကြွင်းမဲ့ဖြင့် သန့်စင်ပေးထားပြီး ကောင်းကင်မှ မိုးခြိမ်းသံကို သူ့ခန္ဓာကိုယ်ထဲသို့ ဆွဲဆောင်ပေးနိုင်တဲ့အထိ အလွန်ထူးကဲလှသည်။
တောက်ပသော အဖြူရောင် အလင်းတန်းများ နှင့်အတူ လင်းလက် တောက်ပနေသော မင်းသမီးပိုင်လုံသည် သူမ၏ လက်ကောက်ဝတ်ကို ရွှေ့လိုက်စဉ် နဂါးဖြူဓားဆီမဗ ညည်းတွားသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
စွမ်းအင်တစ်ခုက ရစ်ပတ်လျက် ကြီးမားသော အရှိန်အဟုန်ကို ဖန်တီးလိုက်သည်။
စွမ်းအင်မီးတောက်များကို သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း တောက်လောင်နေသော အပူဒဏ်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ သူတို့နှစ်ဦးသည် ထိတ်လန့် တုန်လှုပ်သွားကာ နှလုံးသားမီး၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံစားလိုက်ရပြီး လျင်မြန်စွာ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။
အထူး သိုင်းပညာများကို လေ့ကျင့်ထားသောကြောင့် နှလုံးသားမီးတောက် ကဲ့သို့ စွမ်းအင်ကို ခုခံနိုင်သော်လည်း နှလုံးသားမီးတောက်ကို အမှန်တကယ် မနှိုးဆွနိုင်ချေ။ သတိမပြုမိပါက မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။
“နင်က ဘယ်သူလဲ? ဘာလို့ နင့်လက်ထဲမှာ အဆင့်မြင့် သူတော်စင် ဓားတစ်လက် ရှိနေတာလဲ?”
အမျိုးသမီးက စူးရှသော အသံဖြင့် မေးလိုက်သည်။ သူမ၏ မျက်လုံးများက သွေးစွန်းနေပြီး ရူးလုမတတ် ဖြစ်နေ၏။
လူငယ်သည်လည်း အံ့အားသင့်မှု အပြည့်ဖြင့် မင်းသမီးပိုင်လုံ၏ ဓားကို စိုက်ကြည့်နေသည်။ နှလုံးသားမီးကို နှိုးနိုင်တယ်။ အမျိုးသမီးများ၏ အမြင်တွင် နဂါးဖြူဓားသည် အထွတ်အထိပ်ဖြစ်သည်မှာ သေချာပါ၏။
သူတော်စင်တစ်ပိုင်း နယ်ပယ်မှ မိန်းကလေး တစ်ဦးသည် ပထမတန်း သူတော်စင် လက်နက်ကို အမှန်တကယ် အသုံးပြုခဲ့သည်။ သူမနောက်ခံက မရိုးရှင်းမှာ သေချာလေသည်။
"ထျန်းလုံဧကရာဇ် အင်ပါယာ၊ မင်းသမီးပိုင်လုံ.... ဒီဓားဟာ ငါ့အတွက် အစ်ကိုယွမ်ယန် သန့်စင်ပေးထားတဲ့ နဂါးဖြူဓားရှည်ပဲ!"
သူမက ဖြည်းညှင်းစွာ မတုံ့ပြန်ဘဲ လုရွှမ်ရဲ့ နာမည်ခွဲကို ခပ်မြန်မြန်ပဲ ဟစ်အော်လိုက်သည်။
"ယွမ်ယန်? ငါတစ်ခါမှ မကြားဖူးပေမယ့် ဓားကတော့ ဓားကောင်းပဲ... ဟမ့် ဒီဓားကလွဲရင် နင့်မှာတခြား ဘာရှိသေးလဲ?"
အမျိုးသမီးက မာနကြီးတဲ့ မျက်နှာနဲ့ ဂရုမစိုက်ဘဲ လျှပ်စီးငှက်ပေါ်က လူအုပ်စုကိုကြည့်ကာ ဟစ်အော်လိုက်သည်။ လုရွှမ် အနည်းငယ် မျက်မှောင်ကြုတ်မိ၏။ ဒီအမျိုးသမီးရဲ့ အခြေအနေက သိပ်မဟုတ်ပေ။
မိန်းကလေး၏ စိတ်သည် အလွန် ထိလွယ်ရှလွယ်သူ ဖြစ်သော်လည်း လုရွှမ်ကို ရုတ်တရက် တစ်ချက် ကြည့်လာပြီး
"ချင်းလုံအရှင်... ဒီနှလုံးသားသစ်သီးကို ကျွန်မတို့ အရှုံးမပေးနိုင်ဘူး... ရှင့်ရဲ့နာမည်ကို ကျွန်မတို့ ကြားဖူးပါတယ်... သူတော်စင်တစ်ပိုင်းက သူတော်စင်ကို သတ်နိုင်တယ် ဒီနေ့တော့ သင်ခန်းစာယူဖို့ အချိန်ရပြီပေါ့"
လုရွှမ်သည် ဤအမျိုးသမီးသည် အလွန်စိုးရိမ်နေမှန်း သတိထားမိ၏။ နှလုံးသားသစ်သီးကြောင့် သူမရဲ့ စိုးရိမ်စိတ်တွေက ဒေါသအဖြစ် ပေါ်ထွက်လာခဲ့သည်။
"အစ်ကိုထျန်းရှန်.... နှလုံးသားသစ်သီးက အစ်ကို့အတွက်ပဲ.. တခြားဘယ်သူမှ မရနိုင်ပါဘူး"
အမျိုးသမီးက ဟောက်ပြီး ဓားကို ဝေ့ယမ်းကာ လေထဲခုန်တက်လာခဲ့သည်။ အလင်းနဲ့ အရိပ်က ကောင်းကင်နဲ့ မြေကြီးကြားက လေထဲအလယ်မှာပဲ ရုတ်တရက် ပျောက်သွားလေ၏။
"ဗုဒ္ဓနှလုံး နေရောင်သိုင်းပညာ?"
လုရွှမ် ရွတ်လိုက်သည်။
သူ့ကို အံ့အားသင့်စေနိုင်တဲ့ အရာတွေ အများကြီး မရှိပေမယ့် ဗုဒ္ဓနှလုံးနေရောင် သိုင်းပညာဟာ သူကိုယ်တိုင် ဖန်တီးခဲ့တဲ့ လျှို့ဝှက် သိုင်းပညာတစ်ခုပဲ ဖြစ်သည်။ အစပိုင်းတွင် သူသည် နေရာတိုင်းက ဂိုဏ်းအမျိုးမျိုးမှ လျှို့ဝှက် သိုင်းပညာများကို လေ့ကျင့်ခဲ့သော်လည်း နောက်ပိုင်းတွင် ကြီးမားသော အန္တရာယ်များကို မသိလိုက်ဘဲ ထားခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ရှင်သန်ချင်သည့် အတွင်းစိတ် ဝိညာဉ်များသည် သူ့နှလုံးသားထဲတွင် ကြီးထွားလာနေချိန် သူသည် အန္တရာယ်များသော နေရာများစွာသို့ သွားရောက်ကာ ကာလ ကြာရှည်စွာ ပျောက်ဆုံးနေသော ဗုဒ္ဓနှလုံးနေရောင်သိုင်းပညာကို ဖန်တီးခဲ့သည်။ အတွင်း စိတ်နတ်ဆိုးများကို ထိန်းချုပ်ရန် အထူး အသုံးပြုထားသည့် ထိုလျှို့ဝှက် သိုင်းပညာများကို ဖန်တီးရန် သူ၏ အံ့သြဖွယ် စွမ်းရည်များကို အားကိုးခဲ့ရသည်။
နှစ်သုံးရာလောက် ကြာပြီးနောက် သူ့ရဲ့ ဗုဒ္ဓနှလုံးနေရောင် သိုင်းပညာကို တခြားသူတွေဆီမှာ ထပ်တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး။
"ကျောင်းအုပ်ကြီး သတိထား!"
လုရွှမ်၏ ထိတ်လန့် တုန်လှုပ်မှုနှင့် ခုခံမှု ကင်းမဲ့သွားပုံကို မြင်လိုက်ရသဖြင့် လူငါးယောက်က တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
အမှောင်ထဲတွင် ပုန်းနေသော အမျိုးသမီးသည် သူမ၏ နှလုံးသားထဲတွင် လှောင်ရယ်နေ၏။ ဗုဒ္ဓနှလုံးသား နေရောင်သိုင်းပညာကို နားမလည်သော်လည်း ယခုအချိန်တွင် သူမ၏ ပြိုင်ဘက်အတွက် ကြောင်မှိန်းနေစေရန် အကောင်းဆုံးဖြစ်သည်။
အလင်းစီးကြောင်း ကဲ့သို့ သဲလွန်စမရှိဘဲ အမျိုးသမီး တစ်ဖန်ပေါ်လာသော အခါတွင် သူမသည် လုရွှမ်၏ နောက်တွင်ရှိနေပြီ ဖြစ်ပြီး လုရွှမ်ထံသို့ ဓားဖြင့်ထိုးလိုက်သည်။
အနိုင်ရဖို့ သေချာတယ်လို့ တွေးလိုက်ချိန်မှာပဲ အမျိုးသမီးမှာ သူမဓားဟာ လက်နှစ်ချောင်းကြားထဲမှာ ဖမ်းမိသွားတာကို တွေ့လိုက်ရလေ သူမရှေ့မှ ထျန်းလုံကျောင်းအုပ်သည် သူမကို သတိမထားမိခဲ့သလို အေးဆေးသော အမူအရာဖြင့် လှည့်ကြည့်လာသည်။
“ရှင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အမျိုးသမီးက သူမဓားကို ပြန်ရယူဖို့ ကြိုးစားခဲ့ပေမယ့် ရှေ့ကို တစ်လက်မပင် မရွေ့နိုင်ခဲ့ပေ။ လုရွှမ်သည် လက်ဖဝါးကို ဆန့်တန်းကာ အမျိုးသမီး၏ နဖူးကို လက်ညှိုးဖြင့် ထိလိုက်သော် အမျိုးသမီးမှာ မျက်လုံးမှိတ်ပြီး သတိလစ်သွားလေ၏။
လူငယ်သည် မြန်မြန်ဆန်ဆန် ချဉ်းကပ်ချင်သော်လည်း သတ္တိက မရှိနေပေ။
"ထျန်းလုံကျောင်းအုပ် ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး သက်ညှာပေးပါ.... လွမ်ယင်းအတွက် အကျိုးဆက် အားလုံးကို ကျွန်တော် ကျေကျေနပ်နပ်ကြီး လက်ခံပါ့မယ်.. သူမ သူမက ပုံမှန်ဆို ဒီလိုမျိုး မဟုတ်ပါဘူး"
လူငယ်လေး၏ မျက်နှာသည် ဖြူဖျော့လာပြီး တိုးတိုးလေး တောင်းပန်လာသည်။
လူနှစ်ယောက်၏ နှလုံးသားမီးကို သုံးတတ်သော အထူးကျွမ်းကျင်မှုကို ထျန်းလုံကျောင်းအုပ်မှ အလွယ်တကူပဲ ဖျက်စီးပစ်ပြီး နှလုံးသားမီးတောက် အပေါ် အသုံးချမှုမှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်ကြောင်း ထင်ရှားလေသည်။
"ဟာဟား.... မင်းတို့ရဲ့ အရည်အချင်းကို လွန်လွန်ကဲကဲ တွက်ဆပြီး ငါတို့ ထျန်းလုံကျောင်းအုပ်ရှေ့မှာ နှလုံးသားမီးတောက်နဲ့ ကစားချင်နေတယ်ပေါ့လေ... ဟမ့် ငါတို့ ကျောင်းအုပ်ကြီးမှာ ထူးကဲတဲ့ အရည်အချင်းတွေ ရှိတယ်ဆိုတာ အားလုံးကို သိတယ်.... အရာအားလုံးကို သူ သိတယ် နှလုံးသားမီးတောက်လို့ မပြောနဲ့ ထူးဆန်းတဲ့မီး၊ နတ်မီး၊ သူတော်စင်မီး.... ငါတို့ ကျောင်းအုပ်ကြီးက သူအလိုရှိရင် ဘယ်မီးကိုမဆို ကစားနိုင်တယ်!"
မင်းသမီးပိုင်လုံသည် ကလဲ့စားနိုင်ပြီဟု ယူဆကာ ကျယ်လောင်စွာ ကဲ့ရဲ့ လှောင်ပြောင်ရင်း ထိုနှစ်ယောက်ကို အဆုတ်ပွင့်မတတ် အော်ဟစ်နေသည်။
လူငယ်ယောက်ျားနှင့် မိန်းကလေးကို ရင်ဆိုင်ရချိန်မှာ မင်းသမီးပိုင်လုံတို့ မိန်းကလေး ငါးယောက်အတွက် သိမ်ငယ်စိတ် မရှိဘူးဟု ပြောလျှင် မှားလိမ့်မည်။ သူတို့အားလုံးသည် အသက်အရွယ် တူညီပုံရသော်လည်း တစ်ဖက်က သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံမှုအဆင့်တွင် ရှိနေကာ သူမတို့က တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်တွင်သာ ရှိနေသေးသည်။
မိန်းကလေးများသည် တူညီသော မုန်းတီးမှုကို မျှဝေသည့် အနေဖြင့် မင်းသမီးပိုင်လုံအတွက် ကျယ်လောင်စွာ ထောက်ခံ အားပေးခဲ့ကြသည်။
"ပြော! ဗုဒ္ဓနှလုံးနေရောင် သိုင်းပညာကို ဘယ်မှာသင်ခဲ့တာလဲ"
လုရွှမ်၏အသံမှာ အနည်းငယ် တုန်ယင်နေကာ ပူလောင်နေသော မျက်လုံးများဖြင့် သူတို့နှစ်ဦးကို စိုက်ကြည့်နေသည်။ အစပိုင်းမှာတော့ ဒီလျှို့ဝှက် ကျွမ်းကျင်မှုကို သူ့ဘာသာသူ လေ့ကျင့်တဲ့ အပြင် မိုးနတ်ဘုရားကိုလည်း မြည်းစမ်းကြည့်ဖို့ ပေးခဲ့ဖူးသည်။