← Chapters

နောက်ဆုံးတော့ သတင်းရသွားပြီ

Vol. 47 Ch. 4.211

နောက်ဆုံးတော့ သတင်းရသွားပြီ

Vol. 47 Ch. 4.211

လုရွှမ်ကို မြင်သောအခါ လူငယ်လေးရဲ့ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။ သူ့ရှေ့ကလူသည် ကျင့်​​ကြံမှုတွင် သူ့ထက် အဆပေါင်းများစွာ နိမ့်ကြောင်း သိသာထင်ရှားသော်လည်း ထိုလူသည် ရွယ်တူချင်း မဟုတ်သကဲ့သို့ ကြီးမားသော ဖိအားကို ပေးနေ၏။

ပိုလို့တောင် ကြောက်စရာ ကောင်းတာက ကျောင်းအုပ်ဆရာကြီးရဲ့ ဖိအားက ထျန်းလုံကျောင်းအုပ်လောက် မပြင်းထန်ဘူးလို့ ထင်နေရခြင်းပင်။ သူတို့ ကျောင်းအုပ်ကြီးက မဟာသူတော်စင်ကြီးပါ။

"ပြော!"

လုရွှမ်၏ မျက်လုံးများသည် ရွှေရောင်သန်းနေပြီး သူ့အရှိန်က မြင့်တက်လာဆဲပင်။

“ဒါက ကျွန်​တော်တို့ဂိုဏ်းက လျှို့ဝှက် သိုင်းကျမ်းပါ!”

လူငယ်က ထိန်းမနိုင်သိမ်းမရ တုန်လာပြီး လှမ်းအော်လိုက်သည်။ သူပြောပြီးသည့် နောက်တွင် ချွေးပုတီးလုံးကြီးများသည် သူ့နဖူးပေါ်မှ လှိမ့်ဆင်းကာ ပါးပြင်တစ်ခုလုံး ချက်ချင်း စိုရွှဲနေမှန်း သိလိုက်သည်။

"ဂိုဏ်းရဲ့ လျှိုဝှက်ချက်? မင်းက ဘယ်ဂိုဏ်းကလဲ"

သူ့အသံသည် အလွန်ကျယ်လောင်ပြီး စွမ်းအားများ ပြည့်​နေသဖြင့် လုရွှမ် လက်ထဲတွင် လဲကျနေသော အမျိုးသမီးပင် ချက်ချင်း နိုးလာခဲ့သည်။ သူမသည် မတ်တပ်ရပ်ရန် ရုန်းကန်ရင်း လုရွှမ်လက်ထဲ လဲလျောင်းနေသည်ကို မြင်သောအခါ လုရွှမ်အား ရိုက်ချဖို့ ပြင်လိုက်​တော့သည်။

ဟမ့်!

လုရွှမ်က ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားကို ဆွဲထုတ်လိုက်ရာ အမျိုးသမီး၏ စိတ်ကို တုန်လှုပ်သွားစေခဲ့သည်။ သူမ ခန္ဓာကိုယ် တုန်ခါသွားကာ သူမ နောက်တစ်ကြိမ် ခုန်ထွက်သွားသည်။ လုရွှမ်သည် အမျိုးသမီးအား အံ့အားသင့်စွာဖြင့် အမြန်ယူလိုက်သော လူငယ်လေးထံ တိတ်တဆိတ် ပစ်ချလိုက်သည်။

"မင်းတို့ရဲ့ ဘိုးဘေးက ဘယ်သူလဲ ပြောစမ်း!! မိုးရဲ့ ဘုရားသခင်အဖြစ် လေးစားခံရတဲ့ အမျိုးသမီးလား?"

ဤအခိုက်အတန့်တွင် မင်းသမီးပိုင်လုံတို့ မိန်းကလေး ငါးယောက်သည် လုရွှမ်ဆီက ဒေါသကို ခံစားလိုက်ကြသဖြင့် အားလုံး လုရွှမ်ဘက်သို့ ပြေးလာကြသည်။ မိုးနတ်ဘုရား သခင်မအကြောင်း ပြောတဲ့ လုရွှမ်ရဲ့ စကားများကို နားထောင်ရင်း အမျိုးသမီးများသည် အလွန်စိတ်ပျက်သွားကြသည်။

လူငယ်လေး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး “ခင်ဗျား ဘယ်လိုလုပ်သိလဲ” ဟု မှုန်ဝါးဝါးဖြင့် မေးလိုက်သည်။

"ဒါဆို သူမ အခု ဘယ်မှာလဲ?"

လုရွှမ် ခပ်မြန်မြန် မေးလိုက်သည်။ သူ့မျက်နှာမှာ အပြုံးတစ်ခု ပွင့်လာပြီး နောက်ဆုံး မိုးနတ်ဘုရားမဆီက သတင်းကို ထပ်ကြားရတော့မယ်။

အနှစ်သုံးရာ။ ဒီအနှစ်သုံးရာကို သူမ ဘယ်လိုအသုံးချသွားမလဲလို့ တွေးမိတယ်။ မိုးနတ်ဘုရားမအကြောင်း သူတွေးလိုက်သောအခါ လုရွှမ်သည် အကြောင်းပြချက်မရှိဘဲ သူ့နှလုံးသားထဲတွင် အနည်းငယ် ချဉ်စူးသွားသလို ခံစားလိုက်ရသည်။

"ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာထဲကို ဝင်ရောက်သွားပါပြီ"

"သူမက ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာထဲကို ဝင်သွားတယ် ဟုတ်လား? အနှစ် နှစ်ရာကျော်ကြာပြီ ဆိုတော့ သူမရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ကောင်းကင်ဧကရာဇ် နေရာကို တက်နိုင်တာ သဘာဝကျပါတယ်... သူမ တိမ်ပင်လယ် နယ်မြေကို စွန့်ခွါပြီး အဆင့်အတန်း မြင့်တဲ့ ကမ္ဘာထဲကို ဝင်သွားတာကလည်း ပုံမှန်ပါပဲ"

လုရွှမ်သည် စိတ်သက်သာရာရမှု အရိပ်အမြွက်နှင့် ပြည့်နှက်၍ ခါးသီးသော အရိပ်အမြွက်ဖြင့် ညည်းညူလိုက်သည်။

သူ့အသံသည် နိမ့်သော်လည်း ဤလူများအားလုံးသည် သူတော်စင်တစ်ပိုင်းများ ဖြစ်သဖြင့် လုရွှမ်၏ စကားများကို သဘာဝအတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်ကြသည်။

လူငယ်လေးက အလွန် ထိတ်လန့်သွား၏။ လွန်ခဲ့သော အနှစ်သုံးရာက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စစ်ပွဲအပြီးတွင် လူတိုင်းက တိမ်ပင်လယ်နယ်မြေ တွင် ကောင်းကင်ဘုံသခင် တစ်ဆူတည်းသာ ရှိပြီး ၎င်းမှာ ဧကရာဇ်ကျိုးရန်ဟု လူတိုင်းက ထင်ခဲ့ကြသော်လည်း အမှန်တကယ်တွင် သူတို့၏ဘိုးဘေး ဖြစ်သော ကောင်းကင်ဘုံသခင် တစ်ပါးလည်း ရှိသေးသည်။

မင်းသမီးပိုင်လုံတို့ မိန်းကလေးများသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စကားမပြောနိုင် ကြတော့ချေ။ လုရွှမ်၏ အသုံးအနှုန်းကို ကြည့်လျှင် မိုးနတ်ဘုရား ဟုခေါ်သော လူမှာ လုရွှမ် နှစ်သက်သော လူဖြစ်နိုင်ပြီး သူ၏ လေ့ကျင့်မှုအဆင့်မှာ ကောင်းကင်ဧကရာဇ် အဆင့် ဖြစ်ပေသည်။

ကောင်းကင်ဧကရာဇ် ဆိုတာ ဘာလဲ။ တိမ်ပင်လယ် နယ်မြေကို စိုးမိုးထားတဲ့ ဧကရာဇ်ကျိုးရန်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ နယ်ပယ်ထဲမှာပဲ ရှိနေသူပဲလေ။

"အကြီးအကဲ!"

လူငယ်က အော်လိုက်သည်။ ဒီအချိန်မှာတော့ လုရွှမ်ကို သက်တူရွယ်တူ လူတစ်ယောက် အနေနဲ့ မမှတ်ယူဝံ့တော့ဘဲ သူ့ကို စီနီယာတစ်ယောက်အနေနဲ့ ဆက်ဆံလာ၏။

လုရွှမ် အသက်ပြင်းပြင်းရှူပြီး ငြိမ်သက်သွားသည်။ တိမ်ပင်လယ် နယ်မြေက ထွက်သွားတော့ရော ဘာဖြစ်လဲ။ ကမ္ဘာကြီးရဲ့ အဆုံးကို ရောက်သွားရင်တောင် မိုးနတ်ဘုရားကို ပြန်ရှာပြီး ခေါ်လာခဲ့ဦးမှာပဲ။

"မင်းတို့က သူမရဲ့ မျိုးဆက်တွေမလို့ ဒါက မင်းတို့အတွက်​ အခွင့်​အ​ရေးပဲ"

လုရွှမ် စိတ်​​ကောင်း​ ဝင်လာခဲ့သည်​။ မိုးနတ်​ဘုရား ကျိုးရန်ဆီက အဆိပ်​ခံရမှာကို စိုးရိမ်​​နေ​ပေမယ့်​ အခု​တော့ သူ့စိုးရိမ်​မှု​တွေ ​ပျောက်​ကွယ်​သွားခဲ့ပြီ။

သူစကား ပြောနေစဉ်တွင် လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး မီးတောက်ကို သူ့လက်ထဲတွင် ငြိမ်သက်စွာ ထွက်ပေါ်လာစေခဲ့သည်။ သူ့လက်ကို နောက်ပြန်ပစ်​ခြင်းဖြင့် အမျိုးသမီး၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွား​စေခဲ့သည်။

ထို့နောက် သူ့လက်ဖဝါးသည် အမျိုးသမီး၏ အပ်စိုက်ကုထုံး အချက်ပေါင်းများစွာကို အဆက်မပြတ် ရိုက်နှိပ်လိုက်ရာ အမျိုးသမီး၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားကာ မျက်လုံးပြန် ဖွင့်လာတဲ့အခိုက် ပါးစပ်ထဲက တံတွေးနှင့် မီးခိုးဖြူများ ထွက်လာခဲ့သည်။

"နှလုံးသားမီးတောက်လား?"

လူငယ်က မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။ ဤအရာသည် လောင်ကျွမ်းနေသော နှလုံးမီး၏ အကြွင်းအကျန် ဖြစ်ပြီး သူကိုယ်တိုင်လည်း သဘာဝအတိုင်း မြင်နိုင်သည်။

"အမ်း.... ဆရာတူအကိုကြီး ကျွန်မ ဘာဖြစ်နေတာလဲ? ကျွန်မ နှလုံးသားသစ်သီးကို ကူကောက်ပေးမယ်လို့ ပြောထားတာ မမှတ်မိဘူးလား? ဘာဖြစ်လို့..."

လူငယ်လည်း ယခုအချိန်တွင် နားမလည်သေးပေ။ ဆရာတူညီမသည် နှလုံးသားမီးများ ပြည့်နှက်နေပြီး အတွင်းနတ်ဆိုးများ စွဲလန်းနေပြီဖြစ်ရာ ယခုတော့ သူမသည် ယခင်ကကဲ့သို့ မာနမကြီးဘဲ အသုံးမကျသည့်ပုံစံ ဖြစ်နေသည်။ သူက ဆရာတူညီမကို အမြန်ဆွဲကိုင်လိုက်ပြီး လုရွှမ်ကို ရိုသေစွာ ဦးညွှတ်ကာ

"ကျေးဇူးတင်ပါတယ် အကြီးအကဲ... အကြီးအကဲရဲ့ အကူအညီအတွက် ကျွန်တော်တို့ ဆရာတူ မောင်နှမတွေက အရမ်းကို ကျေးဇူးတင်ပါတယ်"

ထိုအချိန်တွင် အမျိုးသမီးသည် သူမ၏ ယခင်က မာနကြီးနေပုံဟာလည်း ပြောင်းလာလဲခဲ့သည်။ သူမ၏ အပြစ်ကင်းသော မျက်လုံးများတွင် သံသယ အရိပ်အယောင်များ ရှိနေသော်လည်း သူမသည် ဆရာတူအစ်ကိုဖြစ်သူ အတိုင်း လုရွှမ်ကို ဦးညွှတ်ကာ

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

လူငယ်က အရင်က ဖြစ်ပျက်ခဲ့တာတွေကို အမြန်ပဲ ပြန်ပြောပြလိုက်သည်။ မိန်းကလေးလည်း ထိတ်လန့်သွားပြီး နည်းနည်း ချစ်စရာကောင်းတဲ့ သူမရဲ့ ပါးစပ်လေးကို အုပ်ထားလိုက်မိ၏။

သူမသည် လုရွှမ်ထံ အမြန်လျှောက်သွားပြီး အဆုံးထိ ဦးညွှတ်ချလိုက်ကာ

"ကျေးဇူးတင်ပါတယ် အကြီးအကဲ... ကျွန်မ အသက်ကို ကယ်တင်ခဲ့တဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်!"

လုရွှမ်ကလည်း ပြုံးပြီး ခွင့်လွှတ်လိုက်ပါ၏။ ဘာပဲဖြစ်ဖြစ် ဒီမိန်းကလေးက စိတ်ကောင်းရှိတဲ့ ကလေးမလေးပဲလေ။

နှလုံးသားမီးသည် တောက်လောင်ကာ အတွင်း စိတ်နတ်ဆိုးများကို နှိုးဆွသော်လည်း သန့်စင်သော နှလုံးသားမီး​တောက်သည် ကျင်ကြံသူတို၏ စွဲလမ်းမှုကို ပိုမိုဆိုးရွားစေသည်။

ထို့ကြောင့် ထိုမိန်းက​လေးသည် လူငယ်ကို ကယ်တင်ရန် အသည်းအသန် ကြိုးစားနေသည်ကို မြင်ပြီးနောက် လုရွှမ်သည် အနည်းဆုံး ဤလူငယ် နှစ်ယောက်သည် လူဆိုးများ မဟုတ်ကြောင်း သိလိုက်သည်။

သူတို့နှစ်ဦးသည် အဆင့်မြင့် ဧကရာဇ်အင်ပါယာတွင် ရှိသော ဂိုဏ်းတစ်ခု၏ တပည့်များအဖြစ် လျင်မြန်စွာ မိတ်ဆက်ခဲ့ကြသည်။ ယောက်ျား​​လေး၏ အမည်မှာ ယွင်ထျန်းရှန် ဖြစ်ပြီး မိန်းကလေး၏ အမျိုးသမီးအမည်မှာ ဟယ့်လွမ်ယင်း ဖြစ်ကာ ၎င်းတို့ ကျောင်းအုပ်ကြီး၏ မြေးမ ဖြစ်​သည်။

ဂိုဏ်း၏အမည်မှာ ရွှမ်ယွီဂိုဏ်း ဖြစ်သည်။ ဤအမည်ကို ကြားတော့ လုရွှမ်သည် ဒါ သူတို့နှစ်ဦး၏ အမည်များ ဖြစ်ကြောင်း သိလိုက်၏။ ဧကရာဇ်ကျိုးရန်သည် တိမ်ပင်လယ် နယ်မြေကို ပေါင်းစည်းပြီးကတည်းက သူသည် ဂိုဏ်းဂဏခွဲရေးကို ဦးဆောင်နေခဲ့သည်။

ရွှမ်ယွီဂိုဏ်း ရှင်သန်နိုင်ခြင်း အကြောင်းရင်းမှာ မိုးနတ်ဘုရား ယွီရှန်ကို ကျိုးရန် ကြောက်ရွံ့​နေသောကြောင့် ဖြစ်နိုင်သည်။

ယွီရှန်သည် လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က တိမ်ပင်လယ် နယ်မြေမှ ထွက်ခွာသွားခဲ့ပြီမို့ ကျိုးရန်သည်လည်း ထိုမတိုင်မီက တိမ်ပင်လယ်နယ်ပယ်မှ ထွက်ခွာသွားလောက်ပြီ။

'ဟမ့် ဒီလူယုတ်မာက တကယ်ကို အခွင့်ကောင်းတစ်ခု ရနေတာပဲ... မင်း မာနကြီးပြီး နှစ်အနည်းငယ်ကြာအောင် ဆက်နေလိုက်ဦးပေါ့ မင်းကို မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ အပိုင်းပိုင်း ဖြတ်ပစ်မယ်!'

"အကြီးအကဲ ချင်းလုံ.... ခင်ဗျား ကျွန်တော်တို့ ဘိုးဘေးနဲ့ ဘယ်လို ဆက်ဆံရေးမျိုး ရှိလဲ?"

ချီတုံချတုံ ဖြစ်ပြီးနောက် ယွင်ထျန်းရှန်က မမေးဘဲ မနေနိုင်တာကြောင့် ထုတ်မေးလိုက်တော့သည်။

ဟယ့်လွမ်ယင်းက ဘာမှမပြောဘဲ လုရွှမ်ကို စိတ်အားထက်သန်စွာ ကြည့်​နေသည်။ အရင်က လုရွှမ်ရဲ့ စွမ်းဆောင်မှုက သိသာထင်ရှားလွန်းတယ်။ ငတုံးမဟုတ်တဲ့ သူတိုင်း သူတို့နှစ်ယောက်ကြားက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရမယ်လို့ မြင်ကြမှာပင်။

လုရွှမ်၏ ကျင့်ကြံမှု အဆင့်သည် နိမ့်ကျလွန်းသောကြောင့်သာ မဟုတ်ပါက အသက်ကွာခြားမှုသည် နှစ်သုံးရာနီးပါး ဖြစ်သောကြောင့်သာ မဟုတ်ပါက အတင်းအဖျင်း အမျိုးမျိုးတို့သည် သူတို့၏ နှလုံးသားထဲတွင် လွင့်မျောနေပေလိမ့်မည်။

"မင်းတို့ ဒါကိုသိဖို့ မလိုပါဘူး.... နောင်အချိန်ရရင် မင်းတို့ရဲ့ဂိုဏ်းကို ငါသွားဖြစ်မှာပဲ"

လုရွှမ် ယွင်ထျန်းရှန်ကို ကြည့်ကာ

"ထားပါတော့ မင်းရဲ့ရောဂါကို ငါကုသပေးမှာပါ.... အနာဂတ်မှာ ယွီရှန်နဲ့ တွေ့ရင် သူမငါ့ကို ရယ်လိမ့်မယ်"

ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်း တို့သည် အစပိုင်းတွင် အံ့အားသင့်ခဲ့ကြပြီး တစ်ဆက်တည်း ဝမ်းသာသွားကြသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲချင်းလုံ!"

ယွင်ထျန်းရှန် လျင်မြန်စွာ ဦးညွှတ်ချလိုက်သည်။ ဟယ့်လွမ်ယင်းလည်း ဝမ်းသာအားရ မျက်နှာထား၊ မျက်ရည်များ နှင့်အတူ သူမခေါင်းကို ငုံ့ကာ နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။

ဆရာတူအကိုကြီး ရောဂါရဲ့ မူလဇစ်မြစ်က ဘာလဲဆိုတာ သူတို့သိတယ်။ ဂိုဏ်းထဲမှာ အကြီးအကဲတွေရှိလို့ ရောဂါအမည် တပ်ပေးတဲ့သူတွေ ရှိ၏။ သို့သော်လည်း မွေးရာပါ ချို့တဲ့မှုနှင့် အတင်းအကြပ် ကျင့်​ကြံမှုတို့ကြောင့် အခြေခံအုတ်မြစ်များ ပျက်စီးသွားခဲ့သည်။

လုရွှမ် ယခင်က ပြောခဲ့သည့်အတိုင်း ကျင့်​ကြံ​မှုအဆင့် မြင့်မားလေ သေဆုံးနိုင်မှုမှာ ပိုများလေ ဖြစ်သည်။

သူတို့သည် ဤအမှန်တရားကို သိကြသော်လည်း ကျင့်​ကြံ​မှုသည် ဤနေရာအထိ တည်ရှိနေပြီး သေခြင်းတရားကို တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်း နေရသောကြောင့် ကူကယ်ရာမဲ့ ဖြစ်နေချိန် အခွင့်အရေးကို ရယူလိုသည်မှာ သဘာဝပင်ဖြစ်သည်။

ထို့ကြောင့် ထျန်းလုံဧကရာဇ် အင်ပါယာ၏ တိမ်တိုက်ပင်လယ် နယ်မြေအပေါ် အပြောင်းအလဲများ အကြောင်းကို ကြားသိပြီးနောက်တွင် ဆရာတူမောင်နှမ နှစ်ယောက် အင်ပါယာမှ လျှို့ဝှက်စွာ ထွက်လာကြပြီး အခွင့်အလမ်းများ ရှာဖွေရန် ဤနေရာကို လာခဲ်ကြသည်။

မထင်မှတ်ပဲ အခု တကယ်ကောင်းတဲ့ အခွင့်အရေး တစ်ခုကို သူတို့ တွေ့လိုက်ရသည်။

All Chapters