← Chapters

နှလုံးသားသစ်သီးကို ရယူခြင်း

Vol. 47 Ch. 4.212

နှလုံးသားသစ်သီးကို ရယူခြင်း

Vol. 47 Ch. 4.212

"ငါ့နောက်ကို အရင်လိုက်ခဲ့ကြ... မင်းရဲ့​ရောဂါကို ကုချင်ရင် ကောင်းကင်နဲ့ မြေကြီးထဲက ရတနာတချို့ လိုတယ်"

လုရွှမ်က ဆိုလေသည်။

ယွင်ထျန်းရှန်၏ ပြဿနာက အလွန် ပြင်းထန်သည်။ သူသည် ချို့ယွင်းချက်များဖြင့် မွေးဖွားလာခဲ့ပြီး အခြေခံအုတ်မြစ်ကို ပြန်လည် ပုံဖော်လိုပါက သူ၏မွေးရာပါ ချို့ယွင်းချက်များကို ပြန်လည် တည်ဆောက်ရန် လိုအပ်သည်။

မွေးရာပါ ကိုယ်ခန္ဓာ ချို့ယွင်းမှုသည် မိခင်၏ခန္ဓာကိုယ်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်၏။ ၎င်းသည် ကမ္ဘာမြေကြီး၏ စွမ်းအင်ဖြင့် ညစ်ညမ်းသွားသည် နှင့်အမျှ မွေးရာပါခန္ဓာကိုယ်သည် အလိုအလျောက် ပိတ်သွားမှာ ဖြစ်သည်။

ဇာတိပကတိ အတိုင်း နောက်ပြန်လှည့်ချင်ရင် သူတော်စင်တစ်ပိုင်း မပြောနဲ့ ကောင်းကင်ဘုံ အရှင်သခင်တောင်မှ ဒါကို မလုပ်နိုင်​​လောက်ဘူး။ အရင်တုန်းကတော့ လုရွှမ်မှာ ရွေးချယ်စရာ မရှိနိုင်ပေမယ့် အခုသူဟာ သူတော်စင်တစ်ပိုင်း ကမ္ဘာထဲကို ၀င်လာခဲ့ပြီ ဖြစ်သလို အထူးသဖြင့် ကောင်းကင်က အပေါက်ကို မြင်လိုက်ပြီမို့ အခွင့်အရေး ရခဲ့လေပြီ။

ယွင်ထျန်းရှန်နှင့် ဟယ့်လွမ်ယင်းတို့သည် လျင်မြန်စွာ ကျေးဇူးတင်စကား ဆိုကြပြီး လုရွှမ် ပနောက်တွင် တလေးတစား ရပ်ကာ မင်းသမီးပိုင်လုံ၊ အခြားမိန်းကလေးများနှင့် လျင်မြန်စွာ ရောနှောလိုက်ကြသည်။

တံခါးပိတ်ခဲ့သော ဘိုးဘေးများ၏ အခြေအနေဟာ အမျိုးသမီး အများအပြားကြား အတင်းအဖျင်း စကား ပြော​ဖြစ်သွားကြသည်။ တိမ်ပင်လယ် နယ်မြေ ပေါင်းစည်းသွားသောအခါတွင် အဓိကဂိုဏ်းခွဲများ အားလုံး ကွဲကွာသွားကာ ကျောင်းအသီးသီးကို ထူထောင်ခဲ့ကြသည်။

ဒါပေါ့။ ရှုံ့ချခံပြီး ရှင်သန်နိုင်တဲ့ သာမန်ဂိုဏ်းငယ်လေးတွေလည်း ရှိပါ၏။ သို့သော် ယခု ရွှမ်ယွီဂိုဏ်းသည် ၎င်း၏ခေါင်းဆောင်အဖြစ် ကြီးမြတ်သော ပညာရှင်တစ်ဦး ရှိနေပြီဖြစ်လို့ ကွဲပြားသွားတာ ထင်ရှား​လေသည်။ သူတို့ရဲ့ဘိုးဘေးတွေက အဲဒီနေရာမှာ ခိုင်မာတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ ထင်ရှားပါသည်။

သူတို့၏ အတင်းအဖျင်း နှလုံးသားများသည် ထိုအကြောင်းများကို ပြင်းထန်စွာ နှိုးဆွနေပြီ ဖြစ်သည်။

လုရွှမ်၏ ရုပ်သွင်သည် မြေကြီး တစ်ခုလုံး အထက်က ကောင်းကင်တွင် ရွေ့လျားကာ လွင့်မျော​နေခဲ့သည်။ နှလုံးနေရောင် သိုင်းပညာကို ကျင့်သုံးပြီး နှလုံးသားမီးကို နှိုးဆွနိုင်စွမ်း ရှိသော်လည်း သူတို့သည် နှလုံးသားမီးလျှံများထက် လွတ်လွတ်လပ်လပ် ပျံ့လွင့်ရန် ဘယ်သောအခါမှ မဝံ့ရဲကြပေ။

အဆိုပါ နှလုံးသား မီး​တောက်များကို မမြင်နိုင်သော်လည်း စိတ်ဝိညာဉ်၏ ခံယူချက်ဖြင့် ရှာဖွေတွေ့ရှိရန် စောင့်ဆိုင်းနေချိန်တွင် နှလုံးသားမီးများသည် အတွင်း နတ်ဆိုးစိတ်များကို နှိုးဆွနေပြီ ဖြစ်သည်။

တချို့သော သူတော်စင် မှော်လက်နက်များမှ လွဲ၍ အခြားသော မှော်လက်နက်များသည် နှလုံးသားမီးတောက်ကို ရပ်တန့်စေနိုင်ရန် မဖြစ်နိုင်သလောက်ပင်။

"အာ... ကျောင်းအုပ်ကြီး မီးလျှံထဲ ရောက်သွားပြီ"

အခု လုရွှမ်ရဲ့ အမှတ်အသားက ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးပါပဲ။ ဒီမိန်းကလေးတွေက အရမ်း ထက်မြက်​ကြသည်။ လုရွှမ်က သူ့အသွင်အစစ်ကို မထုတ်ပြတဲ့အတွက် လုရွှမ်ရဲ့ တခြားသော လက္ခဏာတွေကို သဘာဝကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိကြချေ။

လွမ်ယင်းတို့ နှစ်ဦးသည် အမျိုးသမီးငါးဦးနှင့် စကားစမြည် ပြောဆို​နေကြပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ် နှလုံးသားမီးလျှံများထဲက လွတ်မြောက်သွားတာကို တွေ့လိုက်ရတော့ အံ့သြသွားကြသည်။

လုရွှမ်သည် မီးတောက်များကို ကြီးစိုးနိုင်သည့် ကောင်းကင် ဖီးနစ်မီးကို ပိုင်ဆိုင်ထား၏။ နှလုံးသားမီးတောက်ကို နှိမ်နင်းရန် ပြင်းထန်သော စွမ်းရည် မရှိသော်လည်း အန္တရာယ်မရှိဘဲ သူ့ကိုယ်သူ အချိန်တိုအတွင်း ကာကွယ်နိုင်သည်။

ထို့အပြင် လုရွှမ်ဆိုတာက ဗုဒ္ဓနှလုံးနေရောင် သိုင်းပညာကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ ထိုသိုင်းပညာကို သူ ဖန်တီးထားတာကြောင့် နှလုံးသားမီးတောက် အပေါ် ထိန်းချုပ်ခြင်းနှင့် ရှောင်ရှားခြင်းတို့မှာ ထိုလူငယ်လေးတွေ စိတ်ကူးယဉ်နိုင်တာထက် ကျော်လွန်သွားခဲ့ပြီပဲ ဖြစ်၏။

နှလုံးသားမီးတောက်ကို ရှောင်ရန် မည်သူမဆို နောက်ကျလွန်းသွားပါက နှလုံးသား မီးကို တိုက်ရိုက် ရင်ဆိုင်ရဲရမည်။ သို့မဟုတ် နှလုံးသားမီး၏ မီးတောက်ထဲသို့ တိုက်ရိုက် ငုပ်သွားရလိမ့်မည်။

သူတို့ထဲက တချို့က အတင်းအဖျင်းပြောဖို့ စိတ်မ၀င်စားကြ​တော့ပေ။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ဝေးဝေးမှာနေပြီး လုရွှမ် မီးတောက်ကို ကျော်ဖြတ်နေတာကို စောင့်နေရင်း သူတို့ရဲ့ နှလုံးသား မီးတောက်တွေကိုလည်း အာရုံစိုက်နေကြရသည်။

လုရွှမ် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ထိန်းချုပ်ထားလို့ သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများ ပေါက်ထွက်သွားခြင်း မရှိပေ။ ဤနေရာသည် တဟုန်းဟုန်း တောက်နေသော နှလုံးသားမီးလျှံများထဲတွင် ရှိ​နေပြီး စိတ်ဝိညာဉ် စွမ်းအားကိုယ်တိုင်က နှလုံးသားမီးကို ဆွဲဆောင်နိုင်တဲ့ အလွယ်ကူဆုံးအရာ ဖြစ်သည်။

တိတ်ဆိတ် ငြိမ်သက်စွာဖြင့် နှလုံးသားမီး​တောက်သည် စိတ်ဝိညာဉ်စွမ်းအား နှင့်အတူ အတွင်းစိတ်ထဲသို့ ပြန်လည် ဖိနှိပ်ထားရမည် ဖြစ်သည်။

သတိမထားမိပါက နှလုံးသား မီးတောက်က ကျင့်ကြံသူ တစ်ယောက်ရဲ့ ဝိညာဉ်ကိုပါ အသက်ရှင်လျက် မျိုချသွားလိမ့်မည်။

​ကောင်းကင်ဖီးနစ်မီး အနည်းငယ်ကို ဆွဲထုတ်လိုက်သော် နှလုံးသားမီးလျှံထဲတွင် ငြိမ်သက်စွာ လောင်ကျွမ်းသွားသည်။ မကြာမီ သူ့ပတ်ဝန်းကျင်က ရောင်ဝါများ ပျောက်ကွယ်သွားကာ ပေါ်လာသည့် လေထု အတက်အကျများသည် လုရွှမ် စိတ်ထဲသို့ တဖြည်းဖြည်း ဝင်​ရောက်လာခဲ့သည်။

လုရွှမ်သည် သူ့စိတ်က အာရုံခံမိရာ နေရာဆီသို့ ခုန်ဆင်းသွားသည်။ ခဏအကြာတွင် သေးငယ်ပြီး ပွင့်ထွက်လုနီးပါး တောက်နေသော သစ်သီးတစ်လုံးသည် လုရွှမ် မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ နှလုံးသားသစ်သီးပဲ ဖြစ်ပေ၏။

တချို့အရာတွေက ဆုံးရှုံးသွားပြီးရင် အခွင့်ကောင်း ပြန်ရတတ်တယ်လို့ ပြောရမည်။ လုရွှမ် ယခင်ဘဝတွင် တိမ်ပင်လယ် နယ်မြေအနှံ့ ခရီးထွက်ခဲ့သော်လည်း နှလုံးသားမီးသစ်သီး၏ ထက်ဝက်ကိုပင် ရှာမတွေ့ခဲ့ပေ။

မထင်မှတ်ပဲ သူကြိုးစား အားထုတ်မှု အပြည့်ဖြင့် သူ့အရင်ဘဝတွင် ရှာမတွေ့ခဲ့သော ပစ္စည်းကောင်း တစ်ခုကို အခု တွေ့လိုက်ရပြီ။

ဤအရာသည် ထူးခြား ဆန်းကြယ်လှတဲ့ ရတနာမဟုတ်သော်လည်း အထူးအကျိုး သက်ရောက်မှုများအရ ၎င်းသည် သာမန် ထူးခြား ရတနာများထက် များစွာ ရှားပါး​လေသည်။

လုရွှမ် ဂရုမစိုက်ဘဲ မနေဝံ့ချေ။ ရှေးအချိန်ကတည်းက ကောင်းကင်နှင့် မြေကြီးရတနာများ၏ ပတ်ဝန်းကျင်ကို စောင့်ကြပ်နေသော ဝိညာဉ်သားရဲများနှင့် သူတော်စင် သားရဲများ ရှိတတ်ကြလေသည်။

ယခင်က သူသည် ဖီးနစ်မီးတောက် နှင့်အတူ လှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် သက်ရှိသတ္တဝါများအတွက် ထူးခြားသောလှိုင်းတစ်ခု ဖြစ်လို့ နှလုံးသားမီးသစ်သီးကို စောင့်ကြပ်နေသော သားရဲဖြစ်ကြောင်း သိသာပါ၏။

နှလုံးသားမီးသစ်သီး ရှိကြောင်း အတည်ပြုနိုင်လိုက်တဲ့ အချိန်က စောင့်ရှောက်သူ သူတော်စင် သားရဲရဲ့ အသက်ရှူချိန် အတက်အကျကိုလည်း ခံစားလိုက်ရသည်။

ထိုအငွေ့အသက်ကို ခြေရာခံ လိုက်လျှောက်ရင်း လုရွှမ်သည် နှလုံးသားမီးသစ်သီး ရှိကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပေ၏။

ခရမ်းရောင် တောက်နေသော မီးလျှံများသည် သူတော်စင် သားရဲ၏ ခိုးဝင်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်ထားလျက် ရှိသည်။ တစ်ဖက်က ဘယ်လို သူတော်စင် သားရဲမှန်း သူမသိသေးချေ။

လုရွှမ်သည် သူ၏ နှလုံးသားမီးလျှံ များ​ကြားထဲတွင် ရှိနေပြီမလို့ စိတ်ဝိညာဉ် စွမ်းအားကို မထုတ်ဝံ့တော့ပေ။ ဒါမှသာ လျှို့ဝှက် ဆန်းကြယ်သော သူတော်စင် သားရဲ ခိုးဝင်တိုက်ခိုက်ပါက သေသေချာချာနီးပါး ပစ်ခတ်နိုင်မည် ဖြစ်သည်။

အထူးသဖြင့် တစ်ဖက်သားရဲက အလွန် ထူးဆန်း​နေသည်။ ၎င်း၏ အငွေ့အသက်များ ပျောက်ကွယ်သွားလိုက် ပြန်ပေါ်လာလိုက် ဖြစ်နေရာ လုရွှမ်လည်း ထိုသားရဲ ဘယ်နေရာမှာ ပုန်းနေမှန်း မသေချာတော့ချေ။

သားရဲ ပုန်းအောင်းနေသည့် နေရာကို နားမလည်နိုင်ရာ လုရွှမ်လည်း ရိုးရိုးရှင်းရှင်းပဲ ကြည့်နေလိုက်သည်။ သူသည် နှလုံးသားမီးသစ်သီးကို သတိထားပြီး ချဉ်းကပ်လာရင်း လက်ဖဝါးများကို တိတ်တဆိတ် လှမ်း၍ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို အာရုံစိုက်ကာ သူ့စိတ်က အလွန်နိုးကြားနေလေသည်။

ဒုက္ခရဲ့ အရိပ်အယောင် အနည်းငယ် ရှိနေသရွေ့ သူ့အာရုံကို ဘယ်တော့မှ လွတ်ထားမှာ မဟုတ်ချေ။ ဒါပေါ့ သူ့လက်ဖဝါးက နှလုံးသားမီးသစ်သီးကို ထိလုနီးပါး ဖြစ်လာတဲ့ အချိန်မှာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်ရဲ့ လက်ဖဝါးဆီ မီးတောက်တစ်ခု ကျရောက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဧရာမမီးတောက် သားရဲကြီးသည် လုရွှမ်၏ နောက်ကျောဘက်မှ ထွက်ပေါ်လာ၏။

လုရွှမ် သူ့လက်ဖဝါးထဲက ခရမ်းရောင်မီးများ ပေါက်ကွဲသော်ငြား မီးတောက်ကို လျစ်လျူရှုပြီး နှလုံးသားမီးသစ်သီးကို တိုက်ရိုက် ဖမ်းယူလိုက်သည်။ ထို့နောက် နောက်ကျောကို ကာကွယ်ရန် အကာအကွယ် အခင်းအကျင်း တံဆိပိပြား တစ်ခုကို ပစ်ချလိုက်သည်။

နှလုံးသားမီးသည် အလွန်ထူးဆန်းပြီး တိတ်ဆိတ်နေချိန် ပိုစွမ်းပေသည်။ သို့သော် လုရွှမ် ၎င်းကို သတိပြုမိပြီး ကောင်းကင်ဖီးနစ်မီးနှင့် ထိပ်တိုက် တွေ့သောအခါ နှလုံးသားမီး၏ ခြိမ်းခြောက်မှုမှာ ပိုမိုသေးငယ် သွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အခင်းအကျင်း တံဆိပ်ပြားက သားရဲ၏ တိုက်ခိုက်မှုကို ခေတ္တ ဆီးတားနိုင်လိုက်သည်။ လုရွှမ်၏ လက်ဖဝါးသည် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး သူ့လက်ထဲရ နှလုံးသားမီး သစ်သီးကို ဆုပ်ကိုင်ကာ ကောင်းကင်သို့ ပျံတက်လာခဲ့သည်။

မီးတောက်များ ပေါက်ကွဲပြီး လုရွှမ်လည်း မီးပင်လယ်ကို ဖြတ်ကာ ကောင်းကင်သို့ ပျံတက်သွား၏။

ရုတ်တရက် အောက်ခြေမှ အိမ်နီးချင်း တစ်ဦးဖြစ်တဲ့ သူတော်စင် သားရဲတစ်ကောင် ပြေးထွက်လာ​ပြန်သည်။ ၎င်း၏ပါးစပ်ကို ဖွင့်လိုက်ရာ အေးစက်သော အသက်ရှုသံက လုရွှမ်ဆီသို့ ပြေးဝင်လာခဲ့သည်။

"အိုး... အဲဒါက အနက်ရောင် ရေခဲသားရဲ ဖြစ်မယ်... နှလုံးသားမီးတွေ ကြားထဲ ရှင်သန်နိုင်တာ အံ့သြစရာတော့ မရှိပါဘူး"

လုရွှမ် သူ့စိတ်ထဲက ခံစားချက်ကို အရိပ်အမြွက်ကို ထုတ်မပြောဘဲကို မနေနိုင်လိုက်ချေ။ ဒီကမ္ဘာကြီးထဲမှာ အရာအားလုံးက အပြန်အလှန် မှီခိုနေကြတာပဲ။

အနက်ရောင် ရေခဲသားရဲသည် သူတော်စင် သားရဲများထဲတွင် ချီ အနိမ့်ဆုံးရှိသော သားရဲအဖြစ် မှတ်ယူနိုင်သည်။ ၎င်းသည် ဗီဇအပေါ်အခြေခံ၍ လုံးဝ ရွေ့လျားနိုင်သည်။ မှော်စွမ်းအားသည် စိတ်ဝိညာဉ်ကိုပင် အေးခဲသွားစေသည့် ဆန်းကြယ် ရေခဲစွမ်းအင် ဖြစ်သည်။

လုရွှမ် တစ်ချိန်က အနက်ရောင် ရေခဲသားရဲ တစ်ကောင်ကို ဖမ်းမိခဲ့သော်လည်း ဘယ်ဝိညာဉ်ကိုမှ ရှာမတွေ့နိုင်ခဲ့ပေ။ ထိုအချိန်တွင် ရေခဲစွမ်းအင်၏ လေးလံသော ကာကွယ်မှုအောက်တွင် သားရဲ၏ ဝိညာဉ်သည် ဖောက်ထွက်လုနီးပါး ဖြစ်နေပြီ ဖြစ်သောကြောင့် ၎င်းသည် နှလုံးသားမီးလျှံများ ​ကြား​ထဲတွင် ရှင်သန်နေနိုင်တာ ဖြစ်​​ပေသည်။

လုရွှမ် အနက်ရောင် ရေခဲသားရဲ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ ထို့နောက်တွင် ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး နဂါးပျံ လက်သီးတစ်ချက် ထိုးထွက်လာကာ အနက်ရောင် ရေခဲသားရဲ နှလုံးသား တည့်တည့်သို့ ထိုးချလိုက်သည်။

"ကျေနပ်ပါတော့.... ဒီနှလုံးသားမီးသစ်သီးရဲ့ စွမ်းအားက အရမ်းကြီးမားတယ်... အနှစ်တစ်ရာအတွင်းမှာ နောက်ထပ် တစ်လုံး သီးနိုင်မှာ သေချာပါတယ်.... ဒီတစ်ခုကတော့ ငါ လိုချင်တယ်"

All Chapters