← Chapters

အနက်ရောင် စွမ်းအင်

Vol. 47 Ch. 4.213

အနက်ရောင် စွမ်းအင်

Vol. 47 Ch. 4.213

လုရွှမ် ဆိုလိုက်သော် အနက်ရောင် ရေခဲသားရဲက ညည်းညူလိုက်သည်။ သူ့ဉာဏ်ရည်က မမြင့်ပေမယ့် သူ့ရှေ့ကလူကို စိတ်အနှောင့်အယှက် သွားပေးလို့ မဖြစ်ဘူးဆိုတာကို သိတာမို့ နှလုံးသား မီးတောက်ထဲကို စိတ်လိုလက်ရ ခုန်ဆင်းလိုက်ရသည်။

"ဂုဏ်​ပြုပါတယ် အကြီးအကဲ!"

ယွင်ထျန်းရှန် နဲ့ ဟယ့်လွမ်ယင်းတို့က စိတ်လှုပ်ရှားစွာ အော်လိုက်ကြသည်။ လုရွှမ်ရဲ့ လုပ်ရပ်တွေကို သူတို့မျက်လုံးထဲမှာ သေချာ မြင်​နေရပြီး နှလုံးသားထဲက သဘောကျသွားကြသည်။

သူတို့ ဒီမှာ နှလုံးသားမီးသစ်သီးကို ခဏလောက် လိုက်ရှာနေပေမယ့် သဲလွန်စ မရှိခဲ့ဘဲ ဟယ့်လွမ်ယင်းပင် နှလုံးသားမီးထဲ နစ်ဝင်သွားခဲ့သည်။ သို့သော် အကြီးအကဲ သူ့စိတ်ဆန္ဒအတိုင်း နှလုံးသားမီးတောက်ထဲက လွတ်မြောက်ခဲ့ပြီး နှလုံးသားမီးသစ်သီးကိုလည်း အလွယ်တကူ ရှာတွေ့ခဲ့သည်။

နှလုံးသားမီးသစ်သီးကို လွယ်လင့်တကူ ရရှိလိုက်ခြင်းကြောင့် လုရွှမ်သည် သူ့စိတ်ထဲတွင် အနည်းငယ် ဝမ်းသာသွားသလို ခံစားလိုက်ရသည်။

"ဒီကနေ အရင်ထွက်ကြရအောင်"

ပြုံးပြုံးရွှင်ရွှင်နဲ့ ဆိုရင်း တခြားလူတွေလည်း အမြန် လိုက်ကာ လျှပ်စီးငှက်ဖြင့် ခပ်ဝေးဝေးသို့ ပြေးသွားကြသည်။ ချိုင့်တစ်ခုကို ရှာတွေ့ပြီးနောက် လုရွှမ် လိုဏ်ဂူကို တိုက်ရိုက်ဖြိုချပစ်ကာ လူတိုင်းကို ခေါ်ဆောင်သွားခဲ့သည်။

သူသည် အကြီးအကဲ တစ်ယောက် ဖြစ်သောကြောင့် အကြီးအကဲ၏ အပြုအမူမျိုး သဘာဝကျကျ ရှိသင့်သည်။ လူအနည်းငယ်၏ မျက်လုံးများတွင် သံသယများကို မြင်လိုက်ရသောအခါ လုရွှမ်လည်း သူ့စိတ်ထဲကအတိုင်း လမ်းညွှန်ပေးလိုက်သည်။

"သူတော်စင်တစ်ပိုင်း ကမ္ဘာက တိမ်ပင်လယ်နယ်မြေနဲ့ ဆက်စပ်နေပေမယ့် တိမ်ပင်လယ်နယ်မြေရဲ့ နိယာမတွေက မပြည့်စုံတဲ့အပြင် သူတော်စင်တစ်ပိုင်း ကမ္ဘာကလည်း အတူတူပဲ... ဒါပေမဲ့ သူတော်စင်တစ်ပိုင်း ကမ္ဘာက အခု တခြားကမ္ဘာနဲ့ တိုက်မိသွားပြီ... အခုမြင်နေရတဲ့ ကောင်းကင်က လျှို့ဝှက်ဆန်းကြယ်တဲ့ အပေါက်နဲ့ တူတယ်... နိယာမ ဥပဒေတွေ မပြည့်စုံသလို စည်းမျဉ်းတွေကလည်း မပြည့်စုံဘူး....တခြား နိယာမဥပဒေတွေပါ ညစ်ညမ်းနေရင် ဘယ်သူမှ မသိနိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်"

“ဥပမာ ကြီးမားတဲ့ နှလုံးမီး​တောက် ပင်လယ်နဲ့ တောက်လောင်နေတဲ့ မီးတောက်တွေ ဆိုတာ တိမ်ပင်လယ်နယ်မြေမှာ ဘယ်တော့မှ မမွေးဖွားနိုင်ဘူး.... ဒါပေမဲ့ သေချာတာတစ်ခုက နှလုံးမီးဆိုတာ အတွင်း နတ်ဆိုးစိတ်တွေကို ဆွဲဆောင်နိုင်တာမလို့ တချို့နတ်ဆိုးတွေလည်း ရှိကောင်းရှိနိုင်တယ်.... အခုဒါက ဒီကမ္ဘာကြီးရဲ့ တစ်ပိုင်းတစ်ပိုင်းမို့လို့ မင်းတို့လုပ်သမျှကို ပိုသတိထားရမယ် နားလည်လား?"

အားလုံးက တညီတညွတ်တည်း တုံ့ပြန်လာကြသည်။

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖွဲ့စည်းမှုဒစ်များကို တစ်ခုပြီးတစ်ခု ဖန်တီးကာ ပုံစံနှစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက

"မင်းတို့အပြင်ကနေ အခင်းအကျင်းကို စောင့်ရှောက်ထား... ငါ ရော့ယိုးကို သူ့ရဲ့ဝိညာဉ်နှစ်ခု အရင်ပေါင်းစည်းအောင် ကူညီပေးလိုက်ဦးမယ်... ငါတို့မထွက်လာခင်အထိ မင်းတို့ဒါကို ပိတ်ဆို့ထားရမယ် သတိမထားလို့ မရဘူး.... နားလည်လား"

"ဟုတ်ကဲ့!"

မိန်းကလေး လေးယောက်က အနည်းငယ် စိတ်ရှုပ်ထွေးနေသေးပေမယ့် နားမလည်နိုင်သော ပြောင်းလဲမှုတစ်ခု ဖြစ်သွားသလို အားလုံးက နာခံကြသည်။

ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့သည် တုံ့ဆိုင်းမနေဘဲ သဘောတူခဲ့ကြသည်။ လုရွှမ်၏ ကျင့်​​ကြံမှုမှာ ၎င်းတို့အောက်တွင် ရှိနေဆဲဖြစ်သော်လည်း သူတို့ နှလုံးသားထဲတွင်တော့ လုရွှမ်ကို သူတို့ဂိုဏ်း၏ အကြီးအကဲအဖြစ် လုံး၀ မှတ်ယူခဲ့ကြပြီ။

လုရွှမ်သည် အခင်းအကျင်း အပြင်ဘက်ရှိ လူများ၏ လုပ်ရပ်ကို စောင့်ကြည့်ပြီးနောကိ စိတ်သက်သာရာ ရသွားခဲ့သည်။ ရော့ယိုး တင်ပျဉ်ခွေထိုင်ပြီး အသက်ရှုချိန် ညှိလျက် စိတ်လျှော့လိုက်ပြီးနောက် လုရွှမ်သည် လက်ဖဝါး ဖြန့်ကာ ခရမ်းရောင် မီးကို လျှို့ဝှက်ဆန်းကြယ်သော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲကာ နှလုံးသားမီးသစ်သီးကို လက်ဖဝါး တစ်ဖက်တည်းဖြင့် လှီးဖြတ်လိုက်သည်။

နှလုံးသားမီးသစ်သီး ပေါ်ရှိ မီးတောက်များ တုန်ခါသွားပြီး အပိုင်းအစ အနည်းငယ် ပြတ်တောက်သွားသည်။

"မျိုချလိုက်!"

ရော့ယိုးက သံသယမရှိ တစ်ကျိုက်တည်း မျိုချလိုက်ပြီး သူမခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်လုံးတွေ ချက်ချင်း မှုန်ဝါးလာခဲ့သည်။ လုရွှမ် သူ့ရဲ့ အတွေ့အကြုံတွေ အတိုင်း ရော့ယိုးရဲ့ အသိစိတ်ထဲ ဝင်ရောက်လိုက်ကာ။

"ငါ့အသံကို နားထောင်ပြီး အသံနောက်ကို လိုက်လာခဲ့.... ဒါပေမဲ့ မင်းရဲ့ အတွင်းစိတ် ဇွဲလုံ့လနဲ့ အများကြီး သက်ဆိုင်တယ် နားလည်လား? မဟုတ်ရင် ဘယ်သူမှ မင်းကယ်နိုင်မှာ မဟုတ်ဘူး"

……

အခင်းအကျင်း အပြင်ဘက်ရှိ လူခြောက်ယောက်သည် သတိထားပြီး ဝိုင်းကြည့်နေကြသည်။ မကြာခင်မှာပဲ ကောင်းကင်နဲ့ မြေကြီးရဲ့ အရောင် ပြောင်းလဲသွားတာကို ရုတ်တရက် မြင်လိုက်ရပြီး အနက်ရောင် စွမ်းအင်တွေ အစုလိုက် အပြုံလိုက် ဟိုဘက်ဒီဘက် လှည့်ပတ်နေတာကို တွေ့လိုက်ရလေသည်။

သူတို့သည် လှိုဏ်ဂူ တစ်ခုထဲတွင် ထင်ရှားစွာ ရှိနေသော်လည်း အနက်ရောင် စွမ်းအင်များက ဂူကို လုံးဝ လျစ်လျူရှုကာ ဂူအတွင်းသို့ တိုက်ရိုက်ပျံ့နှံ့လာခဲ့သည်။

"အဲဒီ အနက်ရောင် စွမ်းအင်တွေက ကျောင်းအုပ်ကြီး ပြောသလို နားမလည်နိုင်တဲ့ အပြောင်းအလဲတွေများ ဖြစ်နိုင်လား?"

လုံယင် ဆိုလိုက်သော် မင်းသမီးပိုင်လုံနှင့် တခြားမိန်းကလေးများကလည်း အံ့ဩသွားကြသည်။

သူတို့သည် အလယ်အလတ်တန်းစား ဧကရာဇ် အင်ပါယာ ဖြစ်သည့် ထျန်းလုံဧကရာဇ် အင်ပါယာမှ ဆင်းသက်လာကြသူများ ဖြစ်သည်။ ၎င်းတို့၏ ကျင့်​ကြံမှုမှာ မလုံလောက်သလို အသိပညာကလည်း နည်းလေရာ

ဤလျှို့ဝှက် ဆန်းကြယ်သော အနက်ရောင်စွမ်းအင်သည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။

အနက်ရောင် စွမ်းအင်သည် အားကောင်းပြီး လူအနည်းငယ်သည် ၎င်းတို့ မနီးကပ်လာမီတွင် အခင်းအကျင်း ဖွဲ့စည်းမှု တည်ရှိနေသော်လည်း အနက်ရောင်စွမ်းအင်မှ ထွက်ပေါ်လာသော မကောင်းဆိုးဝါး ရောင်ဝါကို ခံစားနိုင်သေးသည်။

တစ္ဆေတစ်ကောင်လို ဆိုးဆိုးရွားရွား အော်ဟစ်နေတဲ့ အသံက ရှင်းလင်းပြီး ပြတ်သားလှသည်။ အဲဒီအသံတွေကို ကြားလိုက်ရတော့ သူတို့စိတ်နှလုံးတွေတောင် တုန်လှုပ်သွားခဲ့သည်။

အငွေ့အသက် အနည်းငယ်က မိန်းကလေးများ၏ မသိစိတ်အထဲ ပြည့်နှက်သွားပြီး သူတို့၏ မျက်လုံးများသည် မသိစိတ်အလျောက် အနည်းငယ် မှိန်သွားခဲ့သည်။ တစ်စုံတစ်ခုကို ပွေ့ဖက်ထားသလိုမျိုး သူ့လက်ဖဝါးကို ဖွင့်လျက် ရီပြုံးပြလျက် အခင်းအကျင်း အပြင်ဘက်ဆီသို့ လျှောက်သွား​ကြသည်။

"ထကြတော့!"

ယွင်ထျန်းရှန် ကျယ်လောင်စွာ အော်လိုက်ပြီး သူကိုယ်တိုင်လည်း ထိတ်လန့် တုန်လှုပ်သွားသည်။

ယွင်ထျန်းရှန်ရဲ့ အသံကြောင့် မိန်းကလေးများ တုန်လှုပ်သွားကာ သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပျော့ပျောင်းလာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဒါပေမဲ့ သူတို့စိတ်တွေ သတိတွေက ပြန်ဝင်လာပြီမို့ နဖူးက ချွေးတွေ စီးကျလာပြီး တစ်ယောက်ကို တစ်ယောက် ထိတ်လန့်စွာ ကြည့်နေကြ၏။

"အစ်ကိုယွင်... ဒီအနက်ရောင် စွမ်းအင်တွေက ဘာတွေလဲ?"

အမျိုးသမီးငယ်များသည် ထိတ်လန့်ကာ သတိမမူဘဲ မနေဝံ့ကြ​တော့ပေ။ ဟယ့်လွမ်ယင်းရဲ့ မျက်နှာပေါ်တွင်လည်း ထိတ်လန့်နေတဲ့ အသွင်အပြင်တွေ ရှိ​နေသည်။ ဤအနက်ရောင် စွမ်းအင်များသည် အတွင်း နတ်ဆိုးစိတ်များနှင့် ဆင်တူသည့် အရာဖြစ်လိမ့်မည်ဟု သူမ နားမလည်ခဲ့ပေ။

မူလက သူမ၏ ခွန်အားနှင့် စိတ်ဓာတ်အရ သူမသည် ဤအရာများကို တွန်းလှန်နိုင်သင့်သော်လည်း အတွင်း နတ်ဆိုးစိတ်များက သူ့ခန္ဓာကိုယ်ထဲသို့ မရောက်မီ နှလုံးသား မီး​​တောက်များက နိုးကြားလာသောကြောင့် အနက်ရောင် စွမ်းအင်များက အတွင်း နတ်ဆိုးစိတ်များကို ထပ်မံ နှိုးဆွပေးနိုင်ခဲ့သည်။

ယွင်ထျန်းရှန်သည် ကောင်မလေးများကို တစ်ချက် ကြည့်လိုက်သော် သူတို့အားလုံး ကြောက်ရွံ့နေဆဲ ဖြစ်သည်။ အနက်ရောင် စွမ်းအင်တွေ ဝင်လာပြီး အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့တယ် မဟုတ်ပါလား။

"မင်းတို့ အဖွဲ့လိုက်ထိုင်... လွမ်ယင်း သူတို့ကို အာရုံကြော လေ့ကျင့်ခန်း ရွတ်ဆိုနည်းကို သင်ပေးလိုက်"

ယွင်ထျန်းရှန်က အော်လိုက်သည်။ လွမ်ယင်းမှာ အနည်းငယ် တုံ့ဆိုင်းသွားသော်ငြား သူမမျက်လုံးတွေက ချက်ချင်းဆိုသလို ဆရာတူအစ်ကိုရဲ့ ဆုံးဖြတ်ချက်ကို နားလည်သွား၏။ သူက အမျိုးသမီး လေးယောက်ရဲ့ လက်တွေနဲ့ ချိတ်ဆက်လျက် ထိုင်ချလိုက်သည်။

မိန်းကလေးများကလည်း မတုံးကြတာကြောင့် လွမ်ယင်း ရွတ်သွားတဲ့ အသံအတိုင်း လျင်မြန်စွာ ရွတ်ဆိုနေတော့သည်။ မကြာမီတွင် သူမတို့စိတ်ထဲ အေးမြသော အသက်ရှုသံတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော မငြိမ်မသက်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး စိတ်ဝိညာဥ်က လုံးဝ ကြည်လင်သွားသည်။

အပြင်ဘက်ရှိ အနက်ရောင် စွမ်းအင်ကို တစ်ချက် ကြည့်လိုက်ရင်း ယွင်ထျန်းရှန်သည် ထိုအနက်ရောင် စွမ်းအင်အများစုသည် ပြင်ပကမ္ဘာမှ ဆင်းသက်လာကြောင်း သူ့စိတ်ထဲ နားလည်သွားသည်။

ကမ္ဘာနှစ်ခုမှာ မတူညီတဲ့ နိယာမဥပဒေတွေ ရှိတာကြောင့် နက်နဲတဲ့တောင်တွေကို ဘာမှအဖြစ် မရှိဘူးလို့ ယူဆသူတွေသာ သက်ရောက်မှုတွေကို နားမလည်သလို ထူးဆန်းနေပေလိမ့်မည်။

ဝုန်း!

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် စွမ်းအင်များသည် အခင်းအကျင်းကို တစ်ဖန် တရစပ် တိုက်ခိုက်ပြန်သည်။

သို့သော်လည်း မျဉ်းကြောင်းများသည် အပိုင်းပိုင်း ကွဲနေပုံရပြီး အနက်ရောင် စွမ်းအင်၏ နောက်ထပ်လှိုင်း၏ သက်ရောက်မှုကို ခံနိုင်ရည် မရှိသည့် ပုံပေါ်လာသည်။

"ဒီအတိုင်းဆို ငါတို့ တွန်းလှန်နိုင်မှာ မဟုတ်ဘူး... လွမ်ယင်း မင်း သူတို့ကို စောင့်ရှောက်ထား... ငါထွက်ပြီး သူတို့ကို တားထားမယ်။"

ယွင်ထျန်းရှန်က လေးနက်သော မျက်လုံးများဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။

သူက အလွန်ထက်မြက်သူ ဖြစ်သည်။ သူ့မွေးရာပါ ချို့ယွင်းချ က်ရှိသော်လည်း အတင်းအဓမ္မ ကျင့်ကြံမှုအား မှီခိုအားထားခြင်းဖြင့် သူ၏ လက်ရှိ အခြေအနေအထိ အလုံးစုံ ပြုစုပျိုးထောင်နိုင်မည် မဟုတ်ပေ။

ထိုပြောင်းလဲမှု လှိုင်းလုံးများက သူ့ကို ရုတ်တရတ် တုန်တုန်ယင်ယင် ခံစားရစေကာ သူ့ကိုယ်တွင်းရှိ တောက်ကျင့်စဥ် လိုင်းများက တရိပ်ရိပ်နဲ့ ဆွဲငင်ခံနေရသည်။ အကြီးအကဲ ချင်းလုံက ဒီစွမ်းအင်ရဲ့ သက်ရောက်မှုကို အခံရဆုံး ဖြစ်မည်ဟု သူ ရုတ်တရက် သဘောပေါက်လိုက်သည်။

လုရွှမ် အခင်းအကျင်းကို စတည်ကတည်းက ဒီဖွဲ့စည်းပုံကို သူမြင်ဖူးပြီးသားပင်။ အနည်းဆုံးတော့ သူ့ရဲ့ လက်ရှိအင်အားနဲ့ ဖွဲ့စည်းမှုကို ချိုးဖျက်ဖို့ မပြောနဲ့ အခင်းအကျင်း လှုပ်ခတ်သွားအောင် လုပ်ဖို့တောင် အင်အား မရှိတာကို သူကောင်းကောင်း သိပါ၏။

အနက်ရောင် စွမ်းအင်သည် မကောင်းသော်လည်း တန်ခိုးအာနုဘော်ကြောင့် စိတ်ဝိညာဉ်အပေါ် သက်ရောက်စေသည်။ ၎င်းတွင် ပြင်းထန်သော တိုက်ခိုက်ခြင်း အကျိုးသက်ရောက်မှု မရှိပေ။ ၎င်းသည် နိယာမဥပဒေများကို လုံးဝတိုက်ခိုက်ခြင်းသာ ဖြစ်သည်။

ဒါတွေက တခြားလူတွေ အတွက် ကြီးစွာသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်သော်လည်း သူ့ကိုယ်သူ အတွက်ကတော့ အခွင့်အလမ်း ဖြစ်သွားနိုင်၏။

"အစ်ကိုယွင်ရှန်... အစ်ကို ဘာပြောလိုက်တာလဲ? ညီမ အစ်ကိုနဲ့ လိုက်ခဲ့မယ်"

လွမ်ယင်း ခပ်မြန်မြန်ပဲ အော်ဟစ်လိုက်သည်။

All Chapters