ကမ္ဘာပြင်ပမှ နတ်ဆိုးများ
Vol. 47 Ch. 4.214
"ဟင့်အင်း ငါ့စကားကို နားထောင်... ငါ့ရဲ့ ကျိုးပဲ့နေတဲ့ အခြေခံအုတ်မြစ်က နည်းနည်း တင်းမာနေတယ်လို့ ခံစားရတယ်... ဒါက နိယာမဥပဒေရဲ့ သက်ရောက်မှုပဲ.... ငါ့ဒဏ်ရာကို ပြုပြင်နိုင်မလားဆိုတာ ဒီဖြစ်ရပ်အပေါ် မူတည်တယ်"
ယွင်ထျန်းရှန်ကလည်း ပြန်အော်ပြောသည်။
"မင်း စိတ်ပူစရာ မလိုပါဘူး... ဒါ အကြီးအကဲပြောတဲ့ ငါ့ကိုယ်ငါ သဘောပေါက်စေချင်တဲ့ အရာ ဖြစ်မယ်"
ယွင်ထျန်းရှန်က ပြုံးပြ ခေါင်းညိတ်ပြပြီး အခင်းအကျင်းထဲက အေးအေးဆေးဆေး ထွက်သွားလေ၏။ ဟယ့်လွမ်ယင်း အနည်းငယ် စိုးရိမ်နေသော်လည်း မင်းသမီးပိုင်လုံတို့က သူမကို ဆွဲထားကြသည်။
"အစ်ကိုယွင် ပြောတာ မှန်တယ်.... ဒါ ကျောင်းအုပ်ကြီးရဲ့ ရည်ရွယ်ချက်လည်း ဖြစ်မယ်လို့ ထင်တယ်... မဟုတ်ရင် ကျောင်းအုပ်ကြီးက အစီအစဉ်တွေ အားလုံး ရှိပြီး အခင်းအကျင်း ဖွဲ့စည်းမှု နှစ်ခုကို စီစဉ်ထားစရာ မလိုဘူးလေ"
ဟယ့်လွမ်ယင်း စိတ်ပူပြီး စိတ်ရှုပ်သွားချိန် မင်းသမီးပိုင်လုံက ဒီလိုပြောလာတဲ့အခါ သူမလည်းပဲ တုံ့ပြန်လာခဲ့သည်။
လုရွှမ်သည် အခင်းအကျင်း အတွင်းစည်းထဲတွင် ရှိနေပြီး အပြင်မှ ထိုလူများစွာ၏ အသံများကို နားထောင်ရင်း သူ့နှုတ်ခမ်းပေါ်မှ ပြုံးနေလေသည်။ ယွင်ထျန်းရှန်ရဲ့ အရည်အချင်းက တကယ်ကို ထူးခြားတာပဲ။ သူ့ရဲ့ ရည်ရွယ်ချက် အမှန်ကို မြန်မြန်ဆန်ဆန်နဲ့ သဘောပေါက်သွား၏။
ပိုတန်ဖိုးကြီးတာက ဝိညာဉ်ရေးရာ လေ့ကျင့်ရေး နည်းလမ်းဖြစ်တဲ့ တာဝန်သိစိတ်ကို မင်းသမီးပိုင်လုံနဲ့ တခြားသူတွေ မသိပေမယ့် လုရွှမ်ကတော့ သေချာပေါက် သိပါ၏။ ဒါဟာ ယွီရှန် ဖန်တီးထားတဲ့ မိမိကိုယ်ကို သန့်စင်တဲ့ နည်းလမ်းပဲ ဖြစ်ပေသည်။
လုရွှမ်လည်း အဲဒီတုန်းက ရှက်နေခဲ့တဲ့ အရာပင်။ ဒီလိုမျိုး ပြောခဲ့ပေမယ့် သူမကတော့ တကယ်လက်ဆင့် ကမ်းသွားခဲ့တာသည်။
တိမ်ပင်လယ်နယ်မြေရဲ့ နယ်ပယ်တွင် ယွင်ထျန်းရှန်ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ဖို့က မဖြစ်နိုင်သလောက်ပင်။
သူတော်စင်တစ်ပိုင်း ဖြစ်လာပြီး တောက်ကျင့်စဥ် အခြေခံအုတ်မြစ် ခိုင်ခံ့လာခဲ့သည်။ အခုသူ့ရဲ့ ကျိုးပဲ့နေသော တောက်ကျင့်စဥ် ပုံသဏ္ဌာန်ပင် ပြောင်းလဲနေပြီ ဖြစ်သည်။
ထိုအရာကို ပြောင်းလဲချင်ရင် သူ့ရဲ့ကျင့်ကြံမှု ပျက်စီးသွားရင်တောင် မွေးရာပါ စွမ်းရည်က လုံးလုံးလျားလျား မပြုပြင်နိုင်ဘဲ ကြိုးစားအားထုတ်မှု အားလုံးကို ပျက်စီးစေလိမ့်မည်။
အကောင်းဆုံး ရလဒ်မှာ မိမိအသက်ကို ကယ်တင်ခြင်းပဲ ဖြစ်သည်။ အနာဂတ်တွင် အခွင့်ကောင်းတစ်ခု ရလာပါက သူတော်စင်တစ်ပိုင်း ဖြစ်လာနိုင်ပြီး သေမျိုးဇာတိကို ရှောင်နိုင်သော်လည်း သူတော်စင်တစ်ပိုင်း အဖြစ်သာ ထာဝစဉ် အသက်ရှင်ရန် အလားအလာ ပိုများသွားနိုင်သည်။
သို့သော် ယခုအခါတွင် တိမ်ပင်လယ်နယ်မြေကို တခြားကမ္ဘာတစ်ခုမှ ကျူးကျော် ဝင်ရောက်လာသောကြောင့် တောက်ကျင့်စဥ် နိယာမ ဥပဒေသည် ပြီးမြောက်ရန် နောက်ထပ် အခွင့်အရေးတစ်ခု ရှိလာခဲ့၏။
ယွင်ထျန်းရှန်သည် ကောင်းကင်၏ အလိုတော်နှင့် ဆန့်ကျင်ပြီး သူ၏ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေး ယူနေပြီ။ လုရွှမ်အရင်က လုပ်ခဲ့သော အရာသည် ယွင်ထျန်းရှန် အတွက် စမ်းသပ်မှုတစ်ခုသာ ဖြစ်ပေသည်။
သူ ဘယ်လိုပေးဆပ် လုပ်ဆောင်ရမယ် ဆိုတာကို မသိသော အငယ်တန်းသာ ဖြစ်ပါက လုရွှမ် ဘယ်လောက်ပဲ အားစိုက်ထုတ်နေပါစေ အသုံးမဝင်နိုင်ပေ။
တခြားသူများက ကူညီလိုစိတ် ရှိရင်တောင် ၎င်းတို့တွင် ကူညီနိုင်သည့် တစ်စုံတစ်ရာ မရှိကြောင်းကို တခြားသူများအား သိမြင်စေရမည်။
အပြင်မှာ အနက်ရောင် စွမ်းအင်တွေက ထူးဆန်းနေပေမယ့် အခင်းအကျင်း အသွင်အပြင်ကို မဖြတ်နိုင်ပါဘူး။ ယွင်ထျန်းရှန်လည်း ထိုအနက်ရောင် စွမ်းအင်တွေကို ခုခံနိုင်သင့်တာမို့ သူ စိတ်ပူစရာ မလိုပါဘူး။
နောက်ကို ပြန်ကြည့်လိုက်တော့ ရော့ယိုးဟာ စိတ်ကူးယဉ် ကမ္ဘာထဲမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ လုရွှမ် ဝင်မစွက်ဖက်ချေ။ သူအစောကတည်းက ပြင်ဆင်မှုတွေ လုပ်ထားပြီးသားမို့ အခုကစပြီး သူမအပေါ်မှာပဲ မူတည်တော့လေသည်။
လုရွှမ် တိတ်တဆိတ် ထွက်လာပြီး ယွင်ထျန်းရှန်နဲ့ အနက်ရောင် စွမ်းအင်တို့ကြားက တိုက်ပွဲကို စောင့်ကြည့်ရန်အတွက် အခင်းအကျင်းဖြင့် သူ့အသွင်ကို ဖုံးကွယ်ရန် အသုံးပြုခဲ့သည်။
လုရွှမ်လည်း အနက်ရောင် စွမ်းအင်က ဘာလဲဆိုတာ မသိချေ။ မှန်းဆထားရုံသာ ရှိသည်။ အခု လုရွှမ်ရဲ့ နိယာမ စွမ်းအင်ဥပဒေတွေက ပြည့်စုံသွားပြီမို့ အနက်ရောင် စွမ်းအင်တွေမှာ ပါလာတဲ့ စွမ်းအင်တွေက တိမ်ပင်လယ်နယ်မြေက စွမ်းအင်နဲ့ မတူဘူးဆိုတာ ရှင်းရှင်းလင်းလင်း ခံစားနိုင်လေသည်။
နိယာမစွမ်းအင် ဥပဒေကို ခန္ဓာကိုယ်ထဲ ထည့်သွင်း ပြီးပြည့်စုံစေခြင်းသည် တောက်ကျင့်စဥ် အခြေခံအုတ်မြစ်ကို ခိုင်မာစေ၏။ တခြားသူများအတွက် ကောင်းခြင်းထက် ဘေးအန္တရာယ်တစ်ခုက ပိုများပေသည်။
သဘာဝနိယာမနှစ်ခု ထိပ်တိုက်တွေ့တဲ့အခါ သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာ အပြင်းအထန် ရတာတွေ ဖြစ်လာလိမ့်မည်။ သို့သော် ယွင်ထျန်းရှန် အတွက်ကတော့ လုံးဝကို ခြားနားပါ၏။ ယွင်ထျန်းရှန်က ဒီတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပြီး ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ထပ်မံချိုးဖျက်နိုင်ခဲ့မယ် ဆိုရင် ဒါဟာ သူ့အတွက် အခွင့်အရေးပဲ ဖြစ်သည်။
ဒီအနက်ရောင် စွမ်းအင်တွေနဲ့ ကြာကြာနေလေ သူ့အတွက် ပိုပြီးအထောက်အကူ ဖြစ်လေပင်။
ယွင်ထျန်းရှန်သည် သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ ဒဏ်ရာအနာတရ ဖြစ်သွားခဲ့သော်လည်း နောက်တစ်ကြိမ် ပြန်ထလာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ကျိုးပဲ့မတတ်ဖြစ်ကာ ကြမ်းပြင်တစ်ခုလုံး သွေးများ ပြန့်ကျဲသွားခဲ့သည်။ ယခုလို အလွန်အမင်း ပင်ပန်းသည့် အခြေအနေတွင် အရိုးကျိုးသွားသံကိုပင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။
အခင်းအကျင်းထဲမှ ကောင်မလေးများသည် အပြင်ဘက်ကို ကြည့်ရင်း မျက်ရည်များ စီးကျလာခဲ့သည်။ လုရွှမ် အမြန်ထွက်လာမည့် အချိန်ကို စောင့်မျှော်ရင်း သူမတို့ အနောက်က အခင်းအကျင်းထဲကို အခါအားလျော်စွာ ကြည့်နေကြ၏။
လုရွှမ် တိတ်တိတ်လေး ခေါင်းညိတ်လိုက်မိသည်။ ဒီလူငယ်လေး နှစ်ယောက်က စိတ်ကောင်းရှိပြီး အရည်အချင်းလည်း အရမ်း ရှိကြတာပဲ။ လုရွှမ် အခင်းအကျင်း အတွင်းမှထွက်၍ ယွင်ထျန်းရှန်ကို ဖမ်းရန် လက်ဆန့်သည်။
ယွင်ထျန်းရှန်ကို သူ့လက်ထဲတွင် ဖမ်းဆုပ်မိလိုက်တာနဲ့ အခင်းအကျင်းထဲသို့ ပြန်ပို့ပေးလိုက်သည်။
"ကျောင်းအုပ်ကြီး ထွက်လာပြီ"
"အစ်ကိုကြီးလုရွှမ်... အစ်ကို နောက်ဆုံးတော့ ထွက်လာပြီ"
မင်းသမီးပိုင်လုံက စိတ်လှုပ်ရှားစွာ အော်ပြောပြီးနောက် သူမ ပါးစပ်ကို အမြန်ဖုံးလိုက်သည်။ သူမသည် ယွင်ထျန်းရှန်နဲ့ ဟယ့်လွမ်ယင်း တို့ကို တစ်ချက် ကြည့်လိုက်တဲ့အခါ ဟယ့်လွမ်ယင်းသည် သူတို့ဘက်က အခြေအနေကို လုံးဝဂရုမစိုက်ဘဲ ယွင်ထျန်းရှန်ကိုသာ သူမရင်ခွင်ထဲတွင် ဆွဲပွေ့ထားလေသည်။
လုရွှမ်သည် အနက်ရောင် စွမ်းအင်၏ စွမ်းအားကို ခံစားခဲ့ရပြီး အနက်ရောင် စွမ်းအင်၏ ထိုးနှက်မှုကို ခံနိုင်ရည်ရှိခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း သူ့တွင် အလွန်ပြင်းထန်သော ခွန်အားမရှိပေ။
ဤအနက်ရောင် စွမ်းအင်သည် အမှီအခိုကင်းသော အသိဉာဏ် မရှိသော ဗီဇဖြင့်သာ လုံးလုံးလျားလျား တိုက်ခိုက်နေကြောင့် လုရွှမ် ရှင်းလင်းစွာ သိလိုက်ချိန် သူ့စိတ်ထဲမှာ ရွှေကျီးကန်းရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဟေး မင်းဘာလုပ်နေတာလဲ? ကောင်းကင်ပြင်ပက နတ်ဆိုးတွေ ရှိနေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ?"
"ကောင်းကင်ပြင်ပက နတ်ဆိုး?"
"အိုး..အဲဒါက ဒီလိုစွမ်းအင်လေးကိုး"
ရွှေကျီးကန်းက ထွက်လာပြီး နောက်ပြန် ဆုတ်သွားသည်။
"ဒီအနက်ရောင် စွမ်းအင်က ကောင်းကင်ပြင်ပ နတ်ဆိုးစွမ်းအင်ရဲ့ အနိမ့်ဆုံးအဆင့်ပဲ.. သူ့မှာ ကိုယ်ပိုင် အသိဥာဏ် မရှိသလောက်ပဲ ပြီးတော့ သူ့ရဲ့ဗီဇက အရာအားလုံးကို ဖျက်စီးပစ်ချင်တာ"
လုရွှမ် အရင်က သူ့စိတ်ထဲတွင် သံသယများ ရှိနေခဲ့ပြီ ဖြစ်သော်လည်း ယခု ရွှေကျီးကန်းမှ အတည်ပြုလိုက်ပြီးနောက် သူ စိတ်သက်သာရာရသွားသည်။ ပြောစရာမလိုအောင် ဒီအနက်ရောင် အငွေ့တွေဟာ ကောင်းကင်က အပေါက်ကနေ စီးဆင်းလာခဲ့တာ ဖြစ်ပေသည်။
အပေါက်ကြီး ပိုကြီးလာသည်နဲ့အမျှ ဒီအနက်ရောင် အငွေ့တွေက ပိုများလာကာ အရည်အသွေးကလည်း မြင့်မားလာမှာ ဖြစ်သည်။ နောက်ဆုံးတွင် အပြင်မှ နတ်ဆိုးအစစ်အမှန်များ ဝင်ရောက်လာနိုင်သည်။
ထိုအချိန်တွင် သူတော်စင်တစ်ပိုင်း ကမ္ဘာသည် အကျပ်အတည်းများနှင့် အခက်အခဲများ ပြည့်နှက်နေသော တခြားကမ္ဘာတစ်ခု ဖြစ်လာမှာ ဖြစ်ပြီး သာမန် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ များ ဝင်ရောက်၍ အခွင့်အလမ်းများ ရှာဖွေနိုင်သည့် နေရာ မဟုတ်နိုင်တော့ချေ။
အနက်ရောင် စွမ်းအင်သည် ကြီးမားတဲ့ ခြိမ်းခြောက်မှု မဟုတ်သောကြောင့် လုရွှမ်သည် အနက်ရောင် စွမ်းအင်ကို ဖယ်ထုတ်လိုက်ပြီး ဘောလုံးတစ်လုံးအဖြစ် ဆုပ်ချေလိုက်ကာ အခင်းအကျင်းထဲသို့ ဝင်သွားခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး ဟယ့်လွမ်ယင်းမှာ လုရွှမ်ကို နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဆရာတူအကို ယွင်သည် ကြိုးကြိုးစားစားဖြင့် အနက်ရောင် စွမ်းအင်ကို ခုခံခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။
မမျှော်လင့်ဘဲ ကျောင်းအုပ်ကြီး ဖြစ်တဲ့ ချင်းလုံအရှင်ကတော့ အကြိမ်အနည်းငယ် ကြာအောင် ပေါ့ပေါ့ပါးပါး ပွတ်သပ်ပြီးနောက် ဖယ်ရှားပစ်နိုင်ခဲ့လေသည်။
ယွင်ထျန်းရှန်မှယ မေ့မြောနေဆဲ ဖြစ်ပြီး အနက်ရောင် စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်နေသည်။ အနက်ရောင် စွမ်းအင်၏ ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာများကို မြင်တွေ့ပြီးနောက် အမျိုးသမီးများသည် ကမောက်ကမ ပြုမူဝံ့တော့မည် မဟုတ်ပေ။
"စိတ်မပူပါနဲ့.... ဒီအနက်ရောင် စွမ်းအင်တွေက ကြောက်စရာ ကောင်းတယ်။ မင်းတို့ရဲ့ စိတ်တင်းကျပ်မှုတွေကို တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတာ... မင်းတို့ စိတ်တွေကို ပေါ့ပေါ့ပါးပါး လွှတ်ထားနိုင်သမျှ သူတို့က မင်းတို့အတွက် အန္တရာယ် မရှိသလောက် ဖြစ်သွားလိမ့်မယ်"
လုရွှမ်က ဆိုလိုက်သည်။
အမျိုးသမီးများ၏ အံ့အားသင့်မှုအောက်တွင် လုရွှမ်သည် အနက်ရောင် စွမ်းအင်လုံးကို ယွင်ထျန်းရှန်ရဲ့ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။
သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီးနောက် ခရမ်းရောင် မီးတောက်ကို ယွင်ထျန်းရှန်ရဲ့ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားစေပြန်သည်။ ခဏကြာတော့ အနက်ရောင် စွမ်းအင်တွေ လွင့်ထွက်သွားပေမယ့် သူ့မျက်နှာက နီရဲလာခဲ့လေ၏။
သူ့ခန္ဓာကိုယ်က အကြိမ်ပေါင်းများစွာ ဆက်တိုက် တုန်ရီနေပြီး ယွင်ထျန်းရှန်လည်း နိုးလာသည်။ မယုံကြည်နိုင်စွာနဲ့ သူ့ခန္ဓာကိုယ်ကို ထိလိုက်မိတော့ ဒဏ်ရာက တကယ်ပဲ သက်သာသွားခဲ့ပြီဆိုတာ သိလိုက်ရသည်။
ဒါ့အပြင် သူ့ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်က အနည်းငယ် လျော့ရဲသွားပုံရတာကို ခံစားမိတာကြောင့် အလွန် ဝမ်းသာသွားခဲ့သည်။ လုရွှမ်ကို မြင်တဲ့အခါ လျင်မြန်စွာ ဒူးထောက်ကာ တစ်ဖန် ဂါဝရပြုလိုက်ပြန်တော့သည်။
သူ့အခြေနေကို သဘာဝကျကျ သိလိုက်ပြီ။ အကြီးအကဲက သူ့ရဲ့ တောက်ကျင့်စဥ် အခြေခံအုတ်မြစ်က ခိုင်မာနေပြီ ဖြစ်ပြီး တောက်ကျင့်စဥ် အုတ်မြစ်ကို ထပ်မံ မဖြေရှင်းဘဲ ကောင်းကင်ရဲ့ အလိုတော်နဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ချင်ကြောင်း တစ်ချိန်က ပြောခဲ့ဖူးလေသည်။
ဒါပေမဲ့ တောက်ကျင့်စဥ် အခြေခံအုတ်မြစ်ကို ဖြေဖျောက်ဖို့က အရမ်းခက်ခဲရာ နည်းနည်းလေး သတိမထားမိတာနဲ့ အသက်ပါ ပေးလိုက်ရလိမ့်မည်။
ယခုမူ တောက်ကျင့်စဥ် အခြေခံအုတ်မြစ်သည် များစွာလျော့ရဲလာပြီး ခန္ဓာကိုယ်အပေါ် သက်ရောက်မှု မရှိတော့ပေ။ သူ၏ ကျင့်ကြံမှုမှာ အားနည်းသွားသော်ငြား သူ၏ စိတ်တွေ လုံးဝ တည်ငြိမ်နေတာက အံ့သြဖွယ် ကောင်းလှသည်။