ကိုးရောင်ခြယ်ပန်း
Vol. 47 Ch. 4.215
လုရွှမ် ယွင်ထျန်းရှန်ကို တွဲထူလိုက်ရင်း
"နိယာမ ဥပဒေစွမ်းအင် အကြောင်း နည်းနည်းလေး လမ်းညွှန်ပေးလိုက်ရုံပါပဲ... အနက်ရောင် စွမ်းအင်မှာပါတဲ့ နိယာမတွေက ညံ့နေသေးတယ်။ ခဏစောင့်ပြီး အနက်ရောင် စွမ်းအင်ကို ဆက်စုဆောင်းလိုက်.... ပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာပစ္စည်းတွေနဲ့ တောက်ကျင့်စဥ် အုတ်မြစ်ကို အပြီးသတ်ခိုင်မာအောင် လုပ်နိုင်ရမယ်"
ယွင်ထျန်းရှန်က ထပ်ပြီး ဂါဝရပြုချင်ပေမယ့် လုရွှမ်က ဆက်ပြောလာ၏။
"မင်းကိုငါ ဖုံးကွယ်ထားမှာ မဟုတ်ဘူး.... မင်းနဲ့ ဆက်ဆံရေးအရ မင်းက ငါ့ရဲ့ နောက်မျိုးဆက် ဂျူနီယာတစ်ယောက်ပဲ စီနီယာ အကြီးအကဲ တစ်ယောက်အနေနဲ့ ငါတို့တွေ့ပြီဆိုတော့ ငါမင်းကို ကူညီသင့်ပါတယ်.... မဟုတ်ရင် နောင်အနာဂတ်မှာ ယွီရှန်နဲ့တွေ့ရင် သူငါ့ကို ရယ်လိမ့်မယ်... ပြီးတော့ ဒါက မင်းရဲ့အခွင့်အရေးပဲ သူတော်စင်တစ်ပိုင်း ကမ္ဘာထဲကို ဝင်လာလိုက်တာ အတော်ပဲ ဖြစ်သွားတယ်... အခု ဒီကမ္ဘာက တခြားကမ္ဘာနဲ့ တိုက်မိပြီး နိယာမဥပဒေတွေ ပြည့်နှက်နေလို့ မဟုတ်ရင် ငါ့ကိုယ်ငါတောင် ကယ်နိုင်တော့မှာ မဟုတ်ဘူး.."
"ဒီအငယ်လေးက အကြီးအကဲရဲ့ ကြီးမြတ်တဲ့ ကြင်နာမှုကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"
ယွင်ထျန်းရှန် နားလည်သွားပေမယ့် လုရွှမ်ကို ကျေးဇူးတင်နေမိတုန်းပင်။
အတွင်းပိုင်း အခင်းအကျင်း ဖွဲ့စည်းပုံသည် ရုတ်တရက် ရွေ့လျားသွားပြီး ရော့ယိုး ထွက်လာခဲ့၏။
လူတိုင်းက ရော့ယိုးကို မသိစိတ်များဖြင့် ကြည့်နေကြပြီး ခဏကြာတော့ မျက်လုံးများ တောက်ပလာကြသည်။ သူမ၏ စိတ်နေစိတ်ထားသည် သိသိသာသာ ပြောင်းလဲသွားသော်လည်း အနည်းငယ် ကွဲပြားသည်ဟု ခံစားရသည်။
ပထမတစ်ချက်မှာ ကြည့်ရတာ အဆင်ပြေပေမယ့် ပိုကြည့်လေ ရော့ယိုးနဲ့ ပတ်သက်ပြီး အံ့သြစရာကောင်းတဲ့ အရာတစ်ခုရှိတယ်လို့ ပိုခံစားရလေပင်။
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး..."
ရော့ယိုး၏ မျက်လုံးများက နီရဲလာပြီး မျက်ရည်များ အပြည့်ဖြင့် လုရွှမ်ထံသို့ ရောက်ရှိလာပြီး ဦးညွှတ်လိုက်သည်။
လုရွှမ်လည်း သူမကို ခေါင်းညိတ်ပြရင်း မိန်းကလေးတွေက စိုးရိမ်တကြီးနဲ့ စကားတပြောပြောနဲ့ အမြန်ပဲ ရောက်လာကြလေသည်။
"အခု မင်းရဲ့ စိတ်ဝိညာဉ်နှစ်ခု ပေါင်းစပ်သွားတော့ မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေ အရမ်းတိုးလာပြီ.... အခင်းအကျင်း ပုံစံတွေကို လေ့ကျင့်နေပြီး မင်းရဲ့ စိတ်ဝိဥာဉ် စွမ်းအားကို မလေ့ကျင့်ခဲ့တာ သနားစရာပဲ... ငါမင်းကို နည်းစနစ်တစ်ခု သင်ပေးမယ် အနာဂတ်မှာ ကောင်းကောင်း လေ့ကျင့်ပေးမယ်လို့ စိတ်ပိုင်းဖြတ်ထားရင် သူတော်စင်နယ်ပယ် ဖြစ်လာဖို့ ဘာပြဿနာမှ မရှိဘူး"
လုရွှမ်က ရော့ယိုး မငြင်းခင်မှာ သူ့လက်ညှိုးကို ရော့ယိုးရဲ့ နဖူးပေါ်တင်လိုက်ပြီး ဉာဏ်ပညာအလက်း အနည်းငယ်က သူမဦးနှောက်ထဲ ထည့်သွင်းပေးလိုက်သည်။
"ရော့ယိုး ဂုဏ်ပြုပါတယ်"
မိန်းကလေးတွေက မြန်မြန်ဆန်ဆန် ချီးကျူး ဂုဏ်ပြုကြပြီး တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်လိုက်ကြသည်။ သူတို့ရင်ထဲ ပျော်ရွှင်မှုတွေနဲ့ မနာလိုစိတ်တွေ ခံစားရပြီး လုရွှန်ကို စိတ်အားထက်သန်စွာ ကြည့်နေကြလေ၏။
လုရွှမ်ကတော့ စိတ်ကောင်း ဝင်နေပါပြီ။ မိုးနတ်ဘုရား ယွီရှန်ရဲ့ သတင်းကို ရရှိပြီးနောက်တွင် သူ့ရင်ထဲ ဖိနှိပ်ထားခဲ့သော စိုးရိမ်မှုများကို နောက်ဆုံးတွင် စွန့်လွှတ်နိုင်ခဲ့သည်။
ဒါ့အပြင် နှလုံးသားမီးသစ်သီး လိုမျိုး ထိရောက်မှုရှိတဲ့ ရတနာကိုလည်း အခွင့်အခါသင့်သလို ရခဲ့သေးသည်။ ဒီလိုအခွင့်အရေးမျိုးက ရှားပါတယ်လေ။
ဒါကလည်း ယွင်ထျန်းရှန်နဲ့ ဟယ့်လွမ်ယင်းတို့နဲ့ အမြဲတမ်း ခင်မင်ရင်းနှီးခဲ့ စီနီယာတစ်ယောက်ရဲ့ အမှတ်သညာကို သတိရှိရှိ ခံယူခဲ့ရတဲ့ အကြောင်းရင်းလည်း ဖြစ်လေသည်။
"ကောင်းပြီ အားလုံး... လာခဲ့"
လုရွှမ် ပြုံးလိုက်သည်။
ဟယ့်လွမ်ယင်းနှင့် ယွင်ထျန်းရှန် အပါအဝင် လူတိုင်း၏ နဖူးထဲသို့ ဝိညာဉ်ရေး ကျင့်စဥ်နည်းလမ်းများ ထိုးဖောက် ဝင်ရောက်လာခဲ့သည်။ ဤကျင့်စဥ် အများစုသည် အဓိက ဂိုဏ်းပေါင်းစုံမှ ဆင်းသက်လာပြီး တချို့သော လျှို့ဝှက်ဂိုဏ်းတချို့၏ သီးသန့် လျှို့ဝှက် သိုင်းပညာများလည်း ပါဝင်သည်။
မိုးနတ်ဘုရားမ ယွီရှန်သည် ဤနေရာမှ ထွက်ခွာသွားပြီး ကောင်းကင် အပြင်ဘက်တွင်ရှိ ပြိုကျနေတဲ့ကောင်းကင်ဘုံသို့ ဝင်ရောက်သွားခဲ့ကြောင်း သိပြီးနောက် လုရွှမ်လည်း ဤတိမ်ပင်လယ် နယ်မြေကို တွယ်တာမှု များစွာ မရှိတော့ပေ။
ကျင့်ကြံမှု ပြီးသွားသည်နှင့် တိမ်ပင်လယ် နယ်မြေမှ ထွက်ခွာသွားမှာ မလွဲမသွေပင် ဖြစ်သည်။
မူလက သူသည် ထိုဂိုဏ်းများ၏ သားစဉ်မြေးဆက်များကို ရှာဖွေပြီး ထိုကျင့်စဥ်ပညာများကို ထားခဲ့ရန် စီစဉ်ခဲ့သည်။ ကံမကောင်းစွာဖြင့် ယွမ့်လင် ဘာများမှားသွားလဲ မသိခဲ့ပေမယ့် အခုထိ ပေါ်မလာသေးပေ။
ဂိုဏ်းအမွေ ဆုံးရှုံးသွားသော တပည့်များအား သင်ကြားပေးရန်မှာ ကျင့်ဝတ်ဆိုင်ရာ တာဝန်ဝတ္တရား ဖြစ်သော်လည်း မဖြစ်မနေ တာဝန်တစ်ခုလည်း မဟုတ်ချေ။
"ကောင်းပြီ... ဟိုဘက်က လှုပ်ရှားသံတွေ ကြားတယ် တစ်ယောက်ယောက်တော့ မကြာခင် ဒီကို ရောက်လာတော့မယ့်ပုံပဲ တချို့ ငြင်းခုံမှုတွေက ရှောင်လွှဲလို့ မရဘူး အရင်သွားကြရအောင်..."
လုရွှမ် ပြောလိုက်သည်။
လူတိုင်းသည် လုရွှမ်ကို ၎င်းတို့၏ ကျောရိုးအဖြစ် လုံးလုံးလျားလျား တွေးတောထားပြီမို့ သူ့စကားကို ဘယ်လိုလုပ် ဆန့်ကျင်ကြပါ့မလဲ။
သေချာပါ၏။ သူတို့ လူအနည်းငယ် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ လူအုပ်စုကြီးတစ်စုက ရောက်လာခဲ့သည်။ ခဏလောက် လိုက်ရှာပြီးနောက် တိတ်တဆိတ်ပဲ ထွက်သွားကြလေသည်။
လုရွှမ်ဆီက ကျင့်စဥ်များကို ရရှိပြီးနောက် ကောင်မလေးများသည် အချင်းချင်း နှိုင်းယှဉ်ကာ ဟယ့်လွမ်ယင်း သင်ကြားပေးခဲ့သော အာရုံကြောသန့်စင်မှု စွမ်းရည်သည် လုရွှမ် သင်ကြားသည့် ကျွမ်းကျင်မှုထက် ပိုမိုအစွမ်းထက်ကြောင်း တွေ့သွားရာ အံ့သြသွားကြသည်။
အဆက်မပြတ် မေးခွန်းများ ထုတ်ပြီးနောက် ဒါဟာ တကယ်တော့ ရွှမ်ယွီဂိုဏ်းရဲ့ ဝိညာဉ်စွမ်းအား စိုက်ထုတ်ခြင်း နည်းလမ်းပဲဆိုတာ သိလိုက်ရ၏။ မိန်းကလေးများသည်လည်း ၎င်းကို မဖုံးကွယ်တော့ဘဲ ကျူ့ယန်ပန်း အကြောင်း သတင်းကို ဟယ့်လွမ်ယင်းတို့အား ပြောပြလိုက်သည်။
ဟယ့်လွမ်ယင်းလည်း ရုတ်တရက် စိတ်တည်ငြိမ်မှုများ ပျောက်ဆုံးသွားခဲ့သည်။ နှလုံးသားမီးသစ်သီးကို ရပြီးနောက် ကျူ့ယန်ပန်းကိုရဖို့က ကံကြမ္မာ အလိုကျ ဖြစ်သွားပြီ။ မယူနိုင်ပါကလည်း အရေးမကြီးချေ။ ထို့ကြောင့် အဖွဲ့ထဲတွင် နောက်ထပ် လူနှစ်ယောက် ထပ်ထည့်လိုက်ကြသည်။
လျှပ်စီးငှက်နှင့်အတူ သူတို့သည် အနောက်ဘက်သို့ လျင်မြန်စွာ ရွေ့လျားလာကြသည်။ လမ်းတစ်လျှောက်တွင် လုရွှမ်သည် ထိုလူအနည်းငယ်အား ကျင့်ကြံခြင်း အကြောင်းများ ပြောပြခဲ့ပြီး သူတို့အတွက်လည်း များစွာ အကျိုးရှိခဲ့သည်။
လမ်းတစ်လျှောက်တွင် အနက်ရောင် စွမ်းအင်များ ပျံ့လွင့်နေသဖြင့် လုရွှမ် အနက်ရောင် စွမ်းအင်၏ ဥပဒေတိုက်ခိုက်မှု အချို့ကို တွေ့ကြုံခံစားရန် မိန်းကလေးများကို အကြံပေးလိုက်သည်။
ဒါပေါ့ ယွင်ထျန်းရှန်လိုမျိုး ကိုယ့်အသက်ကို စွန့်စားဖို့ မဝံ့ရဲပါဘူး။ ဒါပေမဲ့ မိန်းကလေး တော်တော်များများရဲ့ ဆန္ဒတွေ တိုးတက်လာစေဖို့ အတွက် အစွမ်းထက်တဲ့ သက်ရောက်မှုကိုတော့ ရရှိခဲ့ကြသေး၏။
"ကယ်ကြပါဦး!"
ရက်အနည်းငယ် ကြာပြီးနောက် ကောင်းကင်ယံ၌ ပျံဝဲနေစဉ် သူတော်စင်တစ်ပိုင်း အဆင့်၉ ကျင့်ကြံသူ တစ်ယောက်သည် လုရွှမ်တို့ဆီသို့ စိုးရိမ်တကြီး ပျံသန်းလာသည်။
သူတော်စင်တစ်ပိုင်း ကမ္ဘာထဲသို့ သူတော်စင် သားရဲများကို သယ်ဆောင်လာလို့ မရချေ။ သားရဲတစ်ကောင်ကို စီးလိုပါက သူတော်စင်တစ်ပိုင်း ကမ္ဘာထဲသို့ ဝင်ရောက်ပြီးမှ ဖမ်းဆီးရမည်။
သို့သော် လုရွှမ်တို့က ဝင်ရောက်ပြီး မကြာမီတွင် ပျံသန်းနေသော သူတော်စင် သားရဲကို အမှန်တကယ် ပိုင်ဆိုင်ခဲ့ကြကာ ၎င်းသည် အလွန်ရှားပါးသော လျှပ်စီးငှက် တစ်ကောင်လည်း ဖြစ်နေ၏။ သိသိသာသာ အလွန် အစွမ်းထက်သော လျှပ်စီးငှက်လည်း ဖြစ်နေပြန်သည်။
"ကူညီကြပါ.... အားလုံးပဲ ကူညီပါဦး... ကျွန်တော်က ကျောင်ထျန်ကျောင်းတော်က ကျောင်းသားပါ... ဟေး ခင်ဗျားက ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင်မလား... ထျန်းလုံကျောင်းအုပ် ကျွန်တော်တို့ကို ကူညီပါဦး... ကျွန်တော်တို့ ကျောင်းက လူတွေအားလုံး အခင်းအကျင်းထဲမှာ ပိတ်မိနေကြတယ်"
ရောက်လာသော လူသည် တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေကာ အလွန်လည်း ရှက်ရွံ့နေပုံရသည်။ လုရွှမ်ကို မြင်သောအခါ သူ့မျက်လုံးများ တောက်ပလာ၏။ ဤပုဂ္ဂိုလ်သည် ထျန်းလုံဧကရာဇ် အင်ပါယာသို့ ရောက်ရှိလာပြီး ကျောင်းသားများ ကြားတွင် ကျော်ကြားလေသည်။
သူသည် မူလက ကျောင်းသား ဖြစ်ခဲ့သော်လည်း ကျောင်းအုပ်ကြီး ဖြစ်လာခဲ့သည်။ ထို့ပြင် သူတော်စင်တစ်ပိုင်း အဆင့်နှင့် သူတော်စင်ကို သတ်နိုင်သော ဒဏ္ဍာရီကိုလည်း ဖန်တီးခဲ့၏။ အားလပ်ချိန်တွေမှာ ဘယ်သူတွေပဲဖြစ်ဖြစ် ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင် အကြောင်း ပြောပြလိုက်တာနဲ့ သူတို့ အရမ်း သဘောကျသွားကြလိမ့်မည်။
ထျန်းလုံကျောင်းအုပ်ကို တွေ့တော့ သူတို့ကျောင်းက လူတွေ နောက်ဆုံးတော့ ကယ်တင်ခံရမှန်း သူသိလိုက်သည်။
ရောက်လာသူကိုတော့ ပိုင်ရွှိ လို့ခေါ်ပြီး သူတော်စင်တစ်ပိုင်း အဆင့်အထိ ကျင့်ကြံထားသူပင်။ ကျောင်ထျန်ကျောင်းတော်ကို လုရွှမ် တစ်ခါမျှ မကြားဖူးသော်လည်း ၎င်းသည် အလယ်အလတ် ဧကရာဇ်အင်ပါယာက ကျောင်းတစ်ကျောင်း ဖြစ်မည်ဟု သူထင်သည်။
"ကျောင်းအုပ်ကြီး ကျောင်ထျန်ကျောင်းတော် အကြောင်း ကျွန်မ ကြားဖူးတယ်.... ကျွန်မတို့ ထျန်းလုံဧကရာဇ် အင်ပါယာနဲ့ သိပ်မဝေးတဲ့ အလယ်အလတ်တန်းစား ဧကရာဇ်အင်ပါယာ တစ်ခုပဲ.... ကျွန်မတို့နဲ့ သဘာဝကျကျ ဆက်ဆံရေးကောင်းတယ်"
မင်းသမီးပိုင်လုံသည် အဓိက ဧကရာဇ်အင်ပါယာများ အကြားက ဆက်ဆံရေးကို အကောင်းဆုံး သိလေသည်။
"ဟုတ်တယ်... မင်းသမီးပိုင်လုံ မင်းကိုလည်း ငါတွေ့ဖူးတယ်.... ငါတို့ကျောင်းကို တစ်ခေါက်လောက် ကယ်တင်ဖို့ တောင်းဆိုပါတယ်.... ငါတို့ရဲ့ ဆရာတွေနဲ့ ခေါင်းဆောင်တွေ စုစုပေါင်း လူတစ်ရာကျော် အခင်းအကျင်းထဲမှာ ပိတ်မိနေကြတာ... ငါလည်း အပြင်မှာရှိနေခဲ့လို့ မဟုတ်ရင် အဲဒီထဲမှာ ပိတ်မိနေလောက်ပြီ"
ပိုင်ရွှိက လုရွှမ်ရှေ့မှာ ဒူးထောက်ပြီး စိတ်ရင်းမှန်နဲ့ အထပ်ထပ် အခါခါ ဦးတိုက်နေတော့သည်။
လုရွှမ်ကို ကြည့်ကာ အမျိုးသမီးတစ်ဦးမှ စကားမပြောရဲကြချေ။ မင်းသမီးပိုင်လုံပင်လျှင် မနှောက်ယှက်တော့ဘဲ သူမ စိတ်ထဲမှာသာ ပြောစရာတွေ ရှိနေခဲ့၏။ ထျန်းလုံ ဧကရာဇ်အင်ပါယာနှင့် ကျောင်ထျန်ဧကရာဇ် အင်ပါယာတို့သည် ရင်းနှီးသော ဆက်ဆံရေးရှိကာ အိမ်ထောင်ရေးအရလည်း အနည်းငယ် ဆက်စပ်နေပါသည်။
ဤလူ၏ မျိုးရိုးအမည်မှာ 'ပိုင်' ဖြစ်တာကြောင့် သူသည် တော်ဝင်မိသားစုမှ ဖြစ်နိုင်သည်။
သို့သော် ဤကမ္ဘာသည် သူတော်စင်တစ်ပိုင်း ကမ္ဘာတစ်ခုဖြစ်ပြီး ၎င်းတွင် အန္တရာယ်များစွာ ရှိသည်။ ကျောင်ထျန်ကျောင်းတော်မှာ လူတစ်ရာကျော်ရှိပြီး အထဲမှာ ပိတ်မိနေပြီး လုရွှမ်နဲ့ တခြားသူတွေက သူတို့နောက်ကို လိုက်သွားတော့ရော ဘာထူးမှာလဲ။
သူတပါးကို ကယ်တင်ဖို့အတွက် ကိုယ်တိုင်ပါဝင် ပိတ်မိသွားရင် ဟာသ ဖြစ်သွားမှာပေါ့။ ဒီစကားလုံးကိုတော့ သူမ ဘယ်တော့မှ ဖွင့်ပြောမှာ မဟုတ်ပေ။
"ကောင်းပြီ သွားကြည့်ရအောင်!"
လုရွှမ် ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။