← Chapters

လူရိုင်းမျိုးနွယ်

Vol. 47 Ch. 4.216

လူရိုင်းမျိုးနွယ်

Vol. 47 Ch. 4.216

ပိုင်ရွှိဟာ ဝမ်းသာပီတိ ဖြစ်သွားပြီး ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူလည်းပဲ လျှပ်စီးငှက်ပေါ်တက်ပြီး ဦးတည်ရာကို ညွှန်ပြလိုက်သော် လျှပ်စီးငှက်သည်လည်း အလွန်လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။

များမကြာမီ တောင်နှစ်တောင် ကြားသို့ ရောက်လာကြသည်။ လျှပ်စီးငှက်သည် ရုတ်တရက် ရှည်လျားစွာ အော်ဟစ်ကာ အတောင်များ တုန်ခါ၍ မြေပေါ်သို့ တိုက်ရိုက် ​ပြုတ်ကျသွားခဲ့သည်။

လူတိုင်းလည်း ငှက်၏ နောက်ကျောပေါ်သို့ လျင်မြန်စွာ ပျံတက်ကြသော်လည်း သူတို့၏ ယွမ်စွမ်းအင် နှင့် စိတ်စွမ်းအားတို့သည် ဤနေရာတွင် ချိတ်ပိတ်ခံထားရလို လုံးဝ သုံးလို့ မရတော့တာကို သိလိုက်ရသဖြင့် တုန်လှုပ်သွားကြသည်။

"ဘာဖြစ်နေတာလဲ?"

ယွင်ထျန်းရှန်က အော်ပြောပြီး ပိုင်ရွှိကို ဆွဲကိုင်လိုက်ရင်း ​အော်မေးလိုက်သည်။

တခြားသူများသည် မိုးကြိုးငှက်၏ အမွေးအမှင်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။ သူတို့သည် ကောင်းကင်ယံ၌ ပျံဝဲပြီး မြေကြီးပေါ်တွင် ပုန်းအောင်းနေကာ မည်သည့်အရာကိုမဆို လုပ်ဆောင် နိုင်စွမ်းရှိသော သူတော်စင်တစ်ပိုင်းများ ဖြစ်သည်။

ယခုမူကား သူတို့ ကိုယ်ခန္ဓာ၌ရှိသော စွမ်းအင်များကို ချိတ်ပိတ်ထားပြီဖြစ်၍ သူသည် သေမျိုး သတ္တဝါနှင့် ဘာမှ မခြားတော့တာကို သဘောပေါက်သွားခဲ့သည်။

ဒီအတိုင်း ပြုတ်ကျသွားရင် သေလိမ့်မယ်။

"ဟမ့်.... လွှတ်စမ်း"

ပိုင်ရွှိက ရုတ်တရက် အော်လိုက်ပြီး ယွင်ထျန်းရှန်ကို တွန်းထုတ်လိုက်ကာ သူ့ခန္ဓာကိုယ်ကတော့ တုန်ခါလျက် လေထဲသို့ ပျံတက်သွားခဲ့သည်။ လဲကျနေသော လူများကို ဂုဏ်ယူစွာ ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်​လေသည်။

"ထျန်းလုံကျောင်းအုပ်ကြီး မထင်ထားဘူးမလား? မင်းရဲ့ခွန်အားက တကယ်ကြီးတယ် မဟုတ်ဘူးလား? ဒါပေမဲ့ မင်းငါ့ထောင်ချောက်ထဲ ရောက်သွားတာပဲလေ... မင်း ကောင်းကင် ရတနာတွေထဲက တစ်ခုကို ရွေးနိုင်ခဲ့တယ်... ဒါပေမဲ့ ပစ္စည်းတွေထက် မင်းက သေထိုက်တယ်"

အခြေအနေက ရုတ်ချည်း ပြောင်းလဲသွားသောအခါတွင် လူတိုင်းသည် လုရွှမ်အား ထိတ်လန့်စွာ ကြည့်ကာ နှလုံးသားထဲတွင်တော့ မုန်းတီးမှုများဖြင့် ပိုင်ရွှိကို ကျိန်ဆဲ​နေကြသည်။

"လှည့်ကွက်​​လေးပဲ!"

လုရွှမ် ရေရွတ်လိုက်ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်က ပျံတက်သွားခဲ့သည်။ သူက ပိုင်ရွှိကို ဖမ်းကိုင်လိုက်သည်။

လုရွှမ် သူ့နေရာအထိ ပျံသန်းလာနိုင်တာကို မသိခဲ့ပေ။ လုရွှမ် အဖမ်းခံလိုက်ရတော့မှ ခုခံရန် ပြင်းပြင်းထန်ထန် ကြိုးစားရ​တော့သည်။ ထိုမှသာလျှင် လုရွှမ်၏ ကျင့်​ကြံမှုမှာ လုံးဝ တားဆီးမခံရကြောင်း သူသဘော ပေါက်သွားခဲ့သည်။

"မင်းမှာ စွမ်းအင်တွေ ရှိသေးတယ်? မဟုတ်ဘူး မဖြစ်နိုင်ဘူး!!"

ပိုင်ရွှိက ဟစ်အော်လိုက်သည်။

လုရွှမ် လှောင်ရယ်လိုက်ကာ သူ့ခြေရင်းကနေ ပြင်းထန်သော သူတော်စင် စွမ်းအားတစ်ခုက လျှပ်စီးငှက်၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားသည်။ လျှပ်စီးငှက်သည် ရွှင်မြူးစွာဖြင့် ဟောက်ကာ အတောင်ပံများကို ခတ်လျက် နောက်တစ်ကြိမ် ပျံသန်းလာခဲ့​လေသည်။

လုရွှမ်၏ လမ်းညွှန်မှုကို ခံယူပြီးနောက် သူသည် ခဏမျှ ဘယ်ညာ ပျံသန်းသွားကာ သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး သားရဲ စွမ်းအင်အားလုံး ပြန်လည် ထွက်ပေါ်လာခဲ့သည်။

သူတို့ ခန္ဓာကိုယ်ထဲက ခွန်အားတွေကို ခံစားပြီး နောက်ကို ပြန်ကြည့်လိုက်တဲ့အခိုက် လူတော်တော်များများ သက်ပြင်းတစ်ချက် ချလိုက်ကြသည်။ အထွတ်အထိပ်မှာ ရပ်တည်နေတဲ့ အချိန် စွမ်းအင်တွေ ပျောက်ဆုံးသွားတဲ့ ခံစားချက်က အရမ်းကြောက်စရာ ကောင်းလွန်း။

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် လုရွှမ် ပိုင်ရွှိကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ တစ်ဖက်လူမှာ ကြိမ်ဖန်များစွာ ခုခံရန် ကြိုးစားသော်လည်း လုရွှမ်ဆီက အကြိမ်ကြိမ် ကိုင်ပေါက်တာကိုပဲ ခံခဲ့ရသည်။ သူ့တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းသွားကာ စိတ်ပျက်အားငယ်သော အကြည့်ဖြင့် လုရွှမ်ကို ကြည့်လိုက်သည်။

"ဘယ်လို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

လုရွှမ် တန်ခိုးကြီးမှန်း သိတဲ့ တခြား လူများစွာကလည်း လုရွှမ်ကို အံ့အားသင့်စွာ ကြည့်နေကြ၏။ ယခု လုရွှမ်ရဲ့ ကျင့်ကြံမှုဟာ သူတော်စင်တစ်ပိုင်း ဖြစ်နေပြီး သူ​တော်စင် စွမ်းအားနဲ့ ယွမ်ချီ နှစ်ခုစလုံးကို ချိတ်ပိတ်ခံထားရတာတောင် တိုက်ခိုက်နိုင်သေးသည်။

"ငါ့မှာ တခြား စွမ်းအားတွေ ရှိတယ်... ဒီလူ တစ်ခုခု မှားနေပြီ ဆိုတာ ငါမြင်​နေတာ ကြာပြီ"

လုရွှမ်က ပေါ့ပေါ့ပါးပါး ရှင်းပြ​လေသည်။ သူက ထိုလူကို တစ်ချက်ကြည့်လိုက်ပြီး

"ပိုင်ရွှိအစစ်က သေသွားလောက်ပြီ.... မင်းက ဒီသူတော်စင်တစ်ပိုင်း ကမ္ဘာက လူရိုင်းမဟုတ်လား?"

ပိုင်ရွှိရဲ့ ရုန်းကန် လှုပ်ရှားမှုတွေ ရုတ်တရက် ရပ်တန့်သွားပြီး

"မင်းဘယ်လိုလုပ် သိလဲ?"

"မင်းရောက်လာတဲ့ အချိန်ကတည်းက မင်းမှာရှိတဲ့ စွမ်းအားတွေက ငါတို့ရဲ့ နိယာမစွမ်းအင်နဲ့ မတူတာကို တွေ့လိုက်တယ်.... အဲဒါက သွေးနဲ့တူတဲ့ စွမ်းအားတွေ ဖြစ်နိုင်တယ် မဟုတ်လား"

လုရွှမ်သည် သူ၏ယခင်ဘဝက ကောင်းကင်ဧကရာဇ် နယ်ပယ်တွင် သခင်တစ်ဦး ဖြစ်ခဲ့သည်။ သူမသိတဲ့ ကျင့်စဥ်စွမ်းအင် ဆို​တာ ရှိပါ့မလား။

ပိုင်ရွှိသည် မာနကြီးသူ ဖြစ်ကြောင်း သိသာထင်ရှားပြီး သူသည် ပေါ့ပေါ့ဆဆ ထောင်ချောက် ဆင်ထားခဲ့ပြီး သူ၏ ကျင့်​ကြံမှုအဆင့်ကိုပင် ဖုံးကွယ်ထားခြင်း မရှိပေ။

"ကောင်းပြီ....မင်းတကယ်ကို အစွမ်းထက်တယ်။ အဲဒီလူတွေ မင်းကို သတ်ဖို့ ကြံစည်နေတာ အံ့ဩစရာတော့ မဟုတ်ပါဘူး... သူတော်စင်တစ်ပိုင်း တတိယအဆင့်က သူတော်စင်တွေ အကြွင်းမဲ့ သတိထားနေရတဲ့လူ ဖြစ်နေလို့ မင်းဘာတွေ စွမ်းဆောင်နိုင်လဲတောင် ငါက သံသယ ဝင်နေမိတာ"

ပိုင်ရွှိဟာ သူ့ကံကြမ္မာကို မျှော်လင့်ထား​ပြီး​ပြီ ဖြစ်တာကြောင့် လုရွှမ်ဆီက သက်ညှာပေးပါလို့ တောင်းဆိုနေတာကို ရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

"ကောင်းပြီ.... မင်းငါ့ကို သတ်နိုင်ပေမယ့် ငါလည်းမင်းကို သတိပေးလို့ရတယ်.... မင်းတို့အားလုံး သူတော်စင်တစ်ပိုင်း ကမ္ဘာထဲကို ဝင်လာကြပြီ ဆိုရင်တော့ ထွက်သွားဖို့တောင် မစဉ်းစားနဲ့.... ငါနဲ့အတူ သင်္ဂြိုဟ်ခံရဖို့သာ စောင့်နေလိုက်တော့!!"

"မာနကြီးနေလိုက်တာ!"

လုရွှမ် သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်။ ပိုင်ရွှိသည် သူ့နှလုံးသွေး အတွင်းထဲကပါ ထိတ်လန့်စွာ ကြည့်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။ သူ့အမြင်တွေ မှုန်ဝါးလာသော်လည်း လုရွှမ် အမှန်တကယ် သူ့ကို သတ်ဝံ့မည်ဟု မမျှော်လင့်ထားပေ။

"အကြီးအကဲ?"

ယွင်ထျန်းရှန် အနည်းငယ် စိတ်မကောင်း ဖြစ်စွာ အော်လိုက်သည်။

"စိတ်မပူပါနဲ့... ဒီကထွက်ဖို့ ငါတို့ကိုယ်တိုင် လုပ်လို့ရတယ်.... သူတော်စင်တစ်ပိုင်း ကမ္ဘာမှာ အပြောင်းအလဲတွေ ရှိလာပြီ... ဒီလူရိုင်းမျိုးနွယ်စုတွေ အားလုံးမှာ ရည်ရွယ်ချက်တွေ ရှိလိမ့်မယ် ဒါပေမဲ့ သတိထားပါ သူတို့က ဘာပြဿနာမှ မဖြစ်လာနိုင်ပါဘူး"

လုရွှမ်က ကောင်းကင်က အပေါက်ကို ကြည့်ရင်း ပြောလိုက်ပါ၏။ ရက်အနည်းငယ် အတွင်းမှာ အပေါက်က နှစ်ဆ ပိုကြီးသွားပြီ။ အနက်ရောင် မဟုတ်တော့ဘဲ အထဲမှာရှိတဲ့ တိမ်တွေက အရောင်ပြောင်းသွားပြီး တောက်ပြောင်တဲ့ သတ္တဝါတချို့ ပြေးထွက်လာတာကိုတောင် မြင်တွေ့နေရပြီ။

"ငါတို့ အရှိန်မြှင့်ရမယ်"

လျှပ်စီးငှက်သည် ၎င်း၏ အထူးစွမ်းရည်ကို အပြည့်အဝ ပြသလာခဲ့သည်။ ၎င်း၏အမြန်နှုန်းသည် အလွန် လျင်မြန်ရာ ယခုအချိန်တွင် လုရွှမ်၏ အမြန်နှုန်းထက် မကွာလုနီးပါး ဖြစ်လာ၏။ လူအနည်းငယ်သည် အခင်းအကျင်း အတွင်း ဂရုတစိုက် ပုန်းကွယ်ကာ အလှတရားများ ပြည့်နှက်နေသည့် ကမ္ဘာကြီးကို လှမ်းကြည့်လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း သူတို့သည် အခြားလူများစွာနှင့်လည်း တွေ့ဆုံခဲ့ပြီး တချို့က သားရဲများနှင့် တိုက်ခိုက်ရန် ကြံရွယ်နေသူများ၊ အချို့က အကူအညီ တောင်းသူများ၊ တချို့လူများက သတ်ပစ်ချင်ကြသူများ ဖြစ်လေသည်။

လုရွှမ်နှင့် သူ့အဖွဲ့သည် လုံးဝ မရပ်ဘဲ ကျူ့ယန်ပန်းဆီသို့ ပြေးသွားခဲ့သည်။ သူတို့၏ ဦးတည်ရာအတိုင်း လျှပ်စီးငှက်ကလည်း ပျံသန်းနေ၏။

နောက်သုံးရက် အကြာတွင် သူတို့အဖွဲ့သည် ၎င်းတို့၏ ဦးတည်ရာသို့ ရောက်ရှိလာခဲ့သည်။

မင်းသမီးပိုင်လုံက အနီးပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရှုလိုက် မြေပုံပေါ်ရှိ မျဉ်းကြောင်းများကို နှိုင်းယှဉ်လိုက်ဖြင့် နေ့တစ်ဝက် အလုပ်လုပ်ပြီးနောက် နောက်ဆုံးတွင် ကြာပန်းကန်သို့ ရောက်လာခဲ့သည်။

ပန်းပွင့်ချပ် ကိုးချပ်ပါသော ပန်းသည် ရေကန်ပေါ်တွင် ဂုဏ်ယူစွာ ပွင့်လန်းနေ၏။ ကြာပန်းများသည် ကြီးမားသော်လည်း အ​ရောင် ကိုးရောင်ရှိသော ပန်းက ပို၍ပင် တောက်ပနေပါသည်။ သင်းပျံ့သော ရနံ့တစ်ခုက တိတ်ဆိတ်ငြိမ်သက်စွာ လွင့်ပျံလာပြီး နူးနူးညံ့ညံ့လေး အသက်ရှုသွင်းလိုက်ရုံဖြင့် စိတ်ဝိညာဥ်ကိုပါ လန်းဆန်းသွားစေသည်။

"ဒါက ကျူ့ယန်ပန်းလား? အရမ်းလှတာပဲ"

မိန်းကလေးများက တညီတညွတ်တည်း ချီးကျူးလိုက်ကြသည်။

ထိုကြာပန်းများသည် လှပလွန်းလှသည်။ ရေကန်ထဲမှ ဝိညာဉ်စွမ်းအင် သဲလွန်စတစ်ခုက လှိုင်းထလာပြီး ၎င်းတို့၏ ခန္ဓာကိုယ်တွင်းရှိ ချွေးပေါက်ပေါင်း ၃.၆ သန်းလောက် ပွင့်သွားသကဲ့သို့ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း အလိုအလျောက် စိမ့်ဝင်သွားခဲ့သည်။

ဒီလို နွေးထွေးတဲ့ နှစ်သိမ့်မှုမျိုးက လူတွေကို စိတ်ချမ်းသာစေ၏။

သို့သော် ကိုးရောင်ခြယ် ပန်းပွင့်နဲ့ နှိုင်းယှဥ်လိုက်ရင် တခြားကြာပန်းတွေဟာ ပိုးစုန်းကြူးရဲ့ အလင်းရောင်လောက်သာ ရှိတော့သည်။ ခဏလောက်တော့ ကိုးရောင်​ခြယ် ပန်းလေးပေါ်မှာ အာရုံစူးစိုက်မှု အပြည့် ရှိသွားခဲ့တဲ့ မိန်းကလေးတွေက စတင် ခုန်ပေါက်ကြတော့သည်။

"ဒီမှာ ပျံသန်းလို့ မရဘူး!"

လုရွှမ် လှမ်းအော်လိုက်သည်။ ကောင်မလေးတွေရဲ့ စိုးရိမ်စိတ်တွေကို အလောတကြီး ပြေးခူးချင်တဲ့ စိတ်ကူးတွေကို ဖျောက်ပစ် ခိုင်းလိုက်သည်။

လုရွှမ် ပန်းပွင့်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် အသိစိတ် ပြန်ဝင်လာခဲ့သည်။ ရယ်စရာကောင်းတာက ဒီပန်းတွေဟာ တကယ်ကို လှပပြီး သူတို့ရဲ့ နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာနဲ့ သနားခြင်း ကရုဏာတွေကို ခံစားမိစေတဲ့ အသွင်အပြင်က နားမလည် နိုင်လောက်အောင် ထူးခြားလေ၏။

သို့သော် လုရွှမ်သည် သူ၏ယခင်ဘဝတွင် ကောင်းကင်ဘုံသခင် ဖြစ်ခဲ့ပြီး မည်သည့်အရာကိုမျှ မမြင်ဖူးခဲ့တာ မရှိပေ။ ကိုးရောင်ခြယ် ပန်းကိုတွေ့ပြီး မေ့မျောသွားမယ် ဆိုရင် ရှက်စရာ မကောင်းဘူးလား။

All Chapters