ရုပ်သေး
Vol. 47 Ch. 4.217
"ဒါက သဘာဝရဲ့ အခင်းအကျင်း ပုံစံတစ်မျိုးပဲ...မင်းသမီးပိုင်လုံ မင်းအဒေါ်က ကံကောင်းသားပဲ.... သူသာ အတင်း သွားခူးလိုက်ရင် သေချာပေါက် သေလိမ့်မယ်"
လုရွှမ်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ကြီးမားသော ကြာရွက်များ လွင့်ပျံလာကာ ကြာရိုးအောက်ခြေရှိ နေရာကို ထုတ်ဖော် ပြသလာခဲ့သည်။
"တွေ့ပြီလား?!"
"ဝေါ့"
မိန်းကလေးတွေ အားလုံး ချက်ချင်းပဲ ထိုးအန်ကြတော့သည်။ ဒီလို လှပတဲ့ ပန်းတွေအောက်မှာ မြှုပ်နှံထားတဲ့ လူသေတွေ အများကြီးရှိမယ်လို့ မမျှော်လင့်ထားဘူးလေ။
“ကိုးရောင်ခြယ်ပန်းက အဆုံးစွန် ကိုးရောင်ရှိတဲ့ ပန်းတစ်မျိုးပဲ... ငါတို့ ရှေ့တိုးလိုက်ရင် အဲဒီ အရိုးတွေအတိုင်း အလောင်းကို သင်္ဂြိုဟ်ပြီးသား ဖြစ်သွားလိမ့်မယ်... ငါ့ခန့်မှန်းတာ မှန်ရင် ဒီအရိုးတွေက ဒီကြာပန်းကို အစာကျွေးနေပြီး ကြာပန်းရဲ့ အရောင် ကိုးရောင်ကို ရင့်လာစေတာပဲ"
ကြာပန်းသည် မွန်မြတ်သော်လည်း ရွှံ့ထဲတွင် ပေါက်နေတတ်သည်။ အရေးအကြီးဆုံးမှာ ၎င်းသည် သေခြင်းတရားနှင့် မကောင်းမှု၏ စွမ်းအင်ကို ဖယ်ရှားနိုင်ပြီး အသန့်ရှင်းဆုံးသော အာဟာရကို ပေးစွမ်းနိုင်သည်။
"ရွှေကျီးကန်းကို မင်းရဲ့တပည့်ကို ငှားလို့ရမလား?"
လုရွှမ် တစ်ချက် တွေးလိုက်သည်။ ဒီလိုနေရာမျိုးမှာ သဘာဝအတိုင်း အခင်းအကျင်း ဖွဲ့စည်းထားတာ။ ဖြိုဖျက်ဖို့က အချိန်နဲ့ သဘာဝအရင်းအမြစ်တွေ အများကြီး ယူရမယ်။
သို့သော် ကလေးမလေးသည် နိယာမဥပဒေမူဘောင်၏ နတ်သူငယ် ကလေးတစ်ဦး ဖြစ်ပြီး သူမကို နိယာမ ဥပဒေမူများက အထိခိုက် မခံနိုင်ဆုံး ဖြစ်သည်။ ဤအခင်းအကျင်း ဖွဲ့စည်းပုံများကို သူနားလည်ရန် မလိုအပ်သော်လည်း ၎င်းတို့ထဲမှ လွတ်လမ်းကို အလိုအလျောက် ရှာဖွေနိုင်ရမည် ဖြစ်သည်။
လူအချင်းချင်း နှိုင်းယှဥ်ခြင်းက လူကို ဒေါသထွက်စေကာ တစ်ခါတစ်ရံ လက်မခံနိုင်စရာလည်း ကောင်းလှသည်။
"တစ်ဝက်!"
လောဘကြီးတဲ့အတွက် ရွှေကျီးကန်းကို တိတ်တဆိတ် ကြိမ်းမောင်းခဲ့ပေမယ့် လုရွှမ်လည်း ဒါက ဆုံးရှုံးမှုတစ်ခုတော့ မဟုတ်ဘူးလို့ ဝန်ခံရမည်။
"ကောင်းပြီ"
"ခဏနေရင် ငါ့ ညီမလေးကို ခေါ်ထုတ်လိုက်မယ်... မင်းတို့ သိပ်မအံ့သြကြနဲ့"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ နတ်သူငယ် ကလေးမလေး ထွက်လာခဲ့လေသည်။
"အစ်ကိုကြီးလုရွှမ်?"
ကလေးမလေးက ချစ်စဖွယ်အော်ပြီး လုရွှမ်ရဲ့ ရင်ခွင်ထဲကို ပစ်ဝင်လိုက်သည်။
"နိယာမအပေါ် စိုးမိုးမှုရှိတဲ့ နတ်သူငယ် ကလေး?"
ယွင်ထျန်းရှန် နဲ့ ဟယ့်လွမ်ယင်းတို့ဟာ လူတော်တော်များများကို မြင်ဖူးကြပြီး ကလေးမလေးရဲ့ လက္ခဏာကို တစ်ချက် ကြည့်လိုက်တာနဲ့ အံ့သြသွားကြသည်။
မင်းသမီးပိုင်လုံတို့ မိန်းကလေး ငါးဦးတွင် အတွေ့အကြုံ နည်းသော်လည်း နတ်သူငယ်ကလေး ကဲ့သို့သော သဘာဝဝိညာဉ် ကလေးများကို ကြားဖူးပါသည်။ သူတို့သည် ကလေးမလေးအား စူးစူးဝါးဝါး စိုက်ကြည့်ကာ ဤကလေးမလေး ဘယ်လို ထွက်လာတာလဲ ဆိုတာကို တွေးပြီး ပို၍ပင် အံ့သြသွားသည်။
သူတို့ထဲက ဘယ်သူကမှ ငတုံးတွေ မဟုတ်ကြတာကြောင့် လုရွှမ် သူတို့အားလုံးရှေ့မှာ ဒီကလေးမလေးကို ထုတ်ပြခဲ့တာက သူတို့ကို ယုံကြည်လို့ဆိုတာ သဘောပေါက်ကြသည်။ ထို့ကြောင့် တစ်ယောက်ချင်းစီက နတ်သူငယ်ကလေးမ အကြောင်း ဘာမှ မပြောဖို့ စိတ်ပိုင်းဖြတ်လိုက်ကြသည်။
ကလေးမလေးသည် အပြင်လူများကို အလွန်ကြောက်နေသေးပြီး လုရွှမ်ရဲ့ လက်ကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။သူမ၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်း အဆင့်၉သို့ ရောက်နေပြီ ဖြစ်သော်လည်း ကလေးတစ်ယောက်လိုပင်။
လုရွှမ်က မဝေးလှသော နေရာက ကိုးရောင်ခြယ် ပန်းပွင့်အကြောင်း ပြောပြလိုက်သည်။ ကလေးမလေးသည် နာခံမှုဖြင့် ခေါင်းညိတ်ပြကာ ပေါ့ပေါ့ပါးပါး ကြာပန်းရွက်ပေါ် လှမ်းတက်လိုက်သည်။
"လူတိုင်း လက်ကိုင်ထားပြီး ရားရား နောက်ကိုလိုက်သွား... ခြေရာတွေ ချန်မထားခဲ့နဲ့ နားလည်လား??"
ကောင်မလေးတွေ စကားမနာခံဘဲ မနေဝံ့ကြဘူးလား။ တန်းစီပြီး လက်ကို ဆုပ်ကိုင်ကာ ကြာပန်းရွက်ပေါ် လျှောက်သွားရင်း ကိုးရောင်ခြယ် ပန်းပွင့်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။
လုရွှမ် လွန်စွာ စိတ်လှုပ်ရှားနေသည်။ မိန်းကလေးများက အရှေ့အနောက်ကို လှည့်ကာ စက်ဝိုင်းများစွာ လှည့်ပတ်ပြီးနောက် နောက်ဆုံးတွင် ကိုးရောင်ခြယ် ပန်းပွင့်ဆီသို့ ရောက်လာခဲဲ့သည်။
ရားရားသည် ကျောက်စိမ်းပြားထဲသို့ ထပ်မံ ဝင်ရောက်သွားခဲ့ရာ လူတိုင်း ထိတ်လန့်သွားကြ သော်လည်း သံသယများကို သူတို့ နှလုံးသား ထဲတွင်သာ မြှုပ်နှံထားလိုက်ကြသည်။
မိန်းကလေးများသည် လုရွှမ် ဘယ်လောက် သာလွန်ထူးခြားတယ် ဆိုတာကို မြင်ဖူးကြသော်လည်း ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်း တို့သည် ဤလျှို့ဝှက် ဆန်းကြယ်သော အကြီးအကဲ မှော်ဆရာ၏ ထူးထူးခြားခြား မှော်ဆန်မှုကို အလွန် သဘောကျလာကြ၏။
"တစ်ယောက်ချင်းစီ အတွက် တစ်ပွင့်စီပဲ ယူ... နားလည်လား?"
အမျိုးသမီးများသည် တစ်ယောက်ပြီး တစ်ယောက် ရှေ့တိုးလာကာ ပွင့်ချပ်များကို ခွာ၍ ပါးစပ်ထဲ အမြန်မျိုချလိုက်သည်။ အပွင့်များသည် နူးညံ့ပြီး မိခင်အပင်မှ ထွက်ခွာပြီးနောက် လျင်မြန်စွာ ကြွေကျသွားတတ်သည်။ အကောင်းဆုံး အကျိုးသက်ရောက်မှုမှာ ဆေးကို တိုက်ရိုက်မျိုချခြင်းပဲ ဖြစ်သည်။
ပြီးနောက် မူလလမ်းကြောင်း အတိုင်း ပြန်လာခဲ့ကြသည်။ လုရွှမ် သူတို့ ကမ်းပေါ်တက်လာသည်ကို ကြည့်ပြီး ရုတ်တရက် သူကတော့ ရေကန်ထဲသို့ ပြုတ်ကျသွား၏။
ကိုးရောင်ခြယ်ပန်း ဖြစ်ပေါ်လာတာက ကျူ့ယန်ပန်းနဲ့လည်း ပတ်သက်နေလိမ့်မည်။
လုရွှမ် သူ့မျက်လုံးများကို ဖွင့်ကာ ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ် ပုံသဏ္ဌာန်က ပြောင်းလဲသွားပြီး သူ့ပတ်ဝန်းကျင်မှာ ရေကန် မရှိတော့ဘဲ စိမ်းလန်းတဲ့ ကမ္ဘာငယ်လေးထဲကို ရောက်ရှိနေလေ၏။
"ပုံရိပ်ယောင်ကမ္ဘာ?"
လုရွှမ်သည် သူ၏ခန္ဓာကိုယ်ထဲက ယွမ်စွမ်းအား၊ သူတော်စင် စွမ်းအား၊ နဂါးစွမ်းအား၊ စွမ်းအားသုံးရပ်ကို ပေါင်းစပ်လိုက်တဲ့အခါ နတ်မျက်စိအမှတ်ရဲ့ စွမ်းအားက တစ်ဟုန်ထိုး တက်လာပြီး သူ၏မျက်လုံးများမှ နတ်အလင်းရောင်များ ထွက်ပေါ်လာသည်။
စိမ်းလန်းတဲ့ ပုံရိပ်ယောင် ကမ္ဘာငယ်လေးဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်က ရေကန်ထဲကို ပြန်ရောက်သွားပြန်၏။ သူ့ရှေ့မှာ အစိမ်းဖျော့ဖျော့ လုံးဝန်းတဲ့ ပုံသဏ္ဌာန်နဲ့ သစ်သီးက ထွန်းလင်းတောက်ပနေသည်။
လုရွှမ် ကျူ့ယန်သစ်သီးကို ခူး၍ ကျောက်စိမ်းပြားထဲ ထည့်ထားလိုက်သည်။
ကိုးရောင်ခြယ် ပန်းပွင့်များ ကွယ်ပျောက်သွားတာကြောင့် ဤကန်၏ အခင်းအကျင်းဟာလည်း သဘာဝအတိုင်း တိတ်တဆိတ် ကွယ်ပျောက်သွားခဲ့သည်။
လုရွှမ်ရဲ့ ခန္ဓာကိုယ် ရေထဲမှ ထွက်လာသောအခါ ရေကန်၏ ရေမျက်နှာပြင် ပြောင်းလဲမှုကြောင့် လူတိုင်း အံ့အားသင့်သွညယခဲ့ကြသည်။ နောက်ဆုံး ကြာရွက် နှစ်ရွက်ကလည်း ရေကန်ထဲကို နစ်မြှုတ်သွား၏။
ထိုအချိန်တွင် လက်သည်းကြီးသည် လေထုအလယ်မှာ ရုတ်တရက် ပေါ်ထွက်လာပြီး ကျန်ရှိနေသေးသော ပန်းပွင့်နှစ်ပွင့်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
လုရွှမ်လည်း လက်ဖဝါး စွမ်းအင်ဖြင့် ရိုက်ချလိုက်တဲ့အခါ ဧရာမလက်သည်းကို ထိသွားလေသည်။ အရွက်နှစ်ရွက်မှာ ရေကန်ထဲသို့ နစ်မြုပ်နေပြီ။
"အတင့်ရဲလိုက်တာ!"
လူတိုင်းရဲ့ နားထဲကို ကျယ်လောင်တဲ့ အော်ဟစ်သံက လှိုင်းထန်သွား၏။ လက်သည်းကြီးသည် ရုတ်တရက် ကြွတက်လာပြီး အနက်ရောင် အရိပ်တစ်ခုက ကောင်းကင်နှင့် နေကို ဖုံးလွှမ်းသွားကာ လူတိုင်းကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
လုရွှမ် သူ့လူတွေကို ကာကွယ်ဖို့အတွက် လက်ဝါးကို ဝှေ့ယမ်းကာ ကမ်းစပ်သို့ ပြန်သွားခဲ့သည်။ အရိပ်ဆီသို့ လှမ်းကြည့်လိုက်ရာ ၎င်းသည် ပျံသန်းနေသော လင်းယုန်ကြီး တစ်ကောင်ဖြစ်ကြောင်း မြင်လိုက်ရသည်။ ဟုန်ရစ်ဧကရာဇ် အင်ပါယာမှ ထွက်လာသော လင်းယုန်ငှက်များထက် နှစ်ဆပိုကြီးလေသည်။
လင်းယုန်ငှက် မြေပြင်ပေါ်သို့ ဆင်းသက်စဥ် အမျိုးသမီး သုံးဦးသည် လင်းယုန်ပေါ်မှ ခုန်ဆင်းကာ လက်များကို ဆန့်တန်းလိုက်တဲ့အခါ လင်းယုန်သည် တဖြည်းဖြည်း သေးငယ်လာပြီး ရင်ခွင်ထဲသို့ သယ်ဆောင်သွားနိုင်သည့် ငှက်ငယ်လေးအဖြစ် ပြောင်းလဲသွားသည်။
"ရုပ်သေးပင်လယ်ဂိုဏ်းရဲ့ ရုပ်သေးပညာ?"
လုရွှမ် အံ့သြစွာ ရွတ်ဆိုလိုက်သည်။
ယခင်က သားရဲကြီးသည် ကွက်ကွက်ကွင်းကွင်း မြင်နေရသဖြင့် ၎င်းသည် ရုပ်သေးရုပ် ဖြစ်သွားသည်ကိုပင် သူခဏတာမျှပင် သတိမထားမိခဲ့ပေ။
အမျိုးသမီး သုံးယောက်မှာ ရုပ်ရည် အနည်းငယ် ဆင်တူကြပြီး ပင်ကိုယ်စရိုက်ကလည်း အနည်းငယ် တူညီသည်။ သူတို့ သုံးဦးစလုံးသည် အနီရောင် ၀တ်စုံများ ဝတ်ဆင်ထားကြပြီး ခေါင်းပေါ်တွင် ဆံပင်ရှည်များ လွင့်လူးနေကာ လွန်စွာ ကြီးစိုးနေဟန်ရှိသည်။
“ပစ္စည်းကို ထုတ်ပေး!”
အနီရောင် ၀တ်စုံဖြင့် ဦးဆောင်သူ အမျိုးသမီးက အော်လိုက်သည်။ သူမသည် ကျန်နှစ်ယောက်ထက် အသက်ပိုကြီးပုံရသည်။ ကျန်နှစ်ယောက်က စကားမပြောဘဲ သူမ၏ ဦးဆောင်မှုကို လိုက်နေပုံရသည်။
လုရွှမ်လည်း အေးစက်စွာ လှောင်ပြောင်လိုက်သည်။ မိန်းမတွေက မပျော့ညံ့ဘူးပဲ။ သူတော်စင်တစ်ပိုင်း လောကထဲကို ရောက်ပြီး သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်ဟာ သူတော်စင်တစ်ပိုင်း လောကကို ဖြတ်သွားခဲ့ပြီးပြီ။
အခုတစ်ခါ သူတော်စင်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်နဲ့ တိုးပြန်ပြီ။
“သေလမ်းကို ရှာနေတာပဲ!”
အမျိုးသမီးက လက်ကိုဝှေ့ယမ်းကာ အလင်းတန်းတစ်ခု ဖန်တီးကာ အော်လိုက်သည်။
ခရမ်းရောင် မီးတောက်သည် လုရွှမ်ရဲ့ လက်ဖဝါးပေါ်တွင် ပျံ့နှံ့လာပြီး အလင်းတန်း တစ်ခုအဖြစ် ပြေးထွက်သွားသည်။ အလင်းတန်း နှစ်ခု တိုက်မိရာ ကျယ်လောင်သော ပေါက်ကွဲသံနှင့် အလင်းရောင်များ ဖြာထွက်သွားလေသည်။
လုရွှမ်သည် သူ့နေရာတွင်ပင် အခိုင်အမာ ရပ်နေသည်ကို တွေ့လိုက်ရသော အချိန်တွင် အမျိုးသမီး၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားကာ သူမ၏ မျက်ခုံးများ ပင့်တက်သွားသည်။
"ရှင်က ဘယ်သူလဲ?"
လုရွှမ် အခြားလက်ဖဝါးကို ဖြန့်လိုက်ရာ နဂါးပုံသဏ္ဌာန် သူတော်စင် စွမ်းအားတစ်ခု ထွက်လာသည်။ ထိုအမျိုးသမီးသည် တူညီသော လက်ဖဝါး စွမ်းအင်ဖြင့် ကဲ့ရဲ့ရှုံ့ချကာ သူမ၏နှလုံးသားသည် အထင်အမြင် သေးခြင်းများဖြင့် ပြည့်နှက်လာခဲ့သည်။
မိမိ၏စွမ်းအားကို ခံနိုင်ရည်မရှိသော သူတော်စင်တစ်ပိုင်း တတိယအဆင့် ကျင့်ကြံသူ တစ်ယောက်က အမှန်တကယ်ပင် မာနကြီးဝံ့ပေသည်။
နူးညံ့သော လှောင်ပြောင်သံများ ထွက်ပေါ်လာပြီး လူနှစ်ယောက်၏ ခွန်အားများက တစ်ယောက်ကို တစ်ယောက် တရစပ် တိုက်ခိုက်သော်လည်း ပျောက်ကွယ်သွားပြန်သည်။
"ရှင်က ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးပဲ!"
အမျိုးသမီးက ရုတ်တရက် အော်လိုက်၏။ ထို့နောက် သူမက ရယ်မောပြီး
“သူတော်စင်ကို သတ်နိုင်တဲ့ သူတော်စင်တစ်ပိုင်း လူသတ်သမားကို မြင်ရပြီပေါ့... နာမည်နဲ့ ထိုက်တန်လား? ဒါမှမဟုတ် ဂုဏ်သိက္ခာနဲ့ လိုက်လျောညီထွေနေဖို့ အရမ်းနာမည် ကြီးနေတာလားဆိုတာ ကြည့်ရသေးတာပေါ့”
လုရွှမ်သည် ထိုအမျိုးသမီး၏ နောက်ကွယ်မှ အမျိုးသမီး နှစ်ဦးအား လက်ညှိုး ထိုးပြလိုက်ကာ။
"မင်းရဲ့ရုပ်သေး နှစ်ကောင်ကို လွှတ်လိုက်.... မဟုတ်ရင် မင်းမှာ အခွင့်အရေး မရှိတော့မှာကို ကြောက်ရတယ်"
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး ချမ်းတုန်သွားသလို ဖြစ်သွားသည်။ သူမ သွားများကြိတ်ကာ လုရွှမ်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
"ကောင်းပြီ!"