← Chapters

ရုပ်သေးပညာ

Vol. 47 Ch. 4.218

ရုပ်သေးပညာ

Vol. 47 Ch. 4.218

ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားပြီးနောက် သူမ၏နောက်ရှိ ညီအစ်မနှစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။ လူမြင်ကွင်းမှာတောင် သက်ကြီးရွယ်အို အတော်များများက သူတို့ကို မျက်နှာချင်းဆိုင်တွေ့တဲ့အခါ သူတို့ဘယ်သူမှန်း သတိမပြုမိကြဘူး။

သို့သော် သူတို့ကို နာမည်ကြီး ထျန်းလုံကျောင်းအုပ်က သတိပြုမိသွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။

ထျန်းလုံကျောင်းအုပ်ဆီက ခြိမ်းခြောက်မှု အငွေ့အသက်သည် သူမ နှလုံးသားထဲတွင် အမြင့်ဆုံး အဆင့်သို့ ထိုးတက်သွားခဲ့သည်။ အမျိုးသမီးက လက်ပြလိုက်တဲ့အခါ ရုပ်သေးနှစ်ကောင် လှုပ်ခါလာကာ သူမနှင့် ဘေးချင်းကပ်ရပ် ရပ်လိုက်သည်။

ရုပ်သေးနှစ်ကောင်စလုံးသည် သူတော်စင်နယ်ပယ် အဆင့်၁ တွင်ရှိပြီး ၎င်းတို့သည် သူမ၏လေ့ကျင့်မှုမှ တစ်ဆင့် သူမအတွက် များစွာ အထောက်အကူ ဖြစ်ခဲ့​လေသည်။

ဒါပေမဲ့ သူတို့ သုံးယောက်က အရင်က အတူတူ မတိုက်ခိုက်ဖူးသလို အခုတော့ စမ်းကြည့်ဖို့လည်း နည်းနည်း စိတ်အားထက်သန်လာခဲ့သည်။ ရုပ်​သေးရုပ် နှစ်ကောင် အစွမ်းကုန် တိုက်ခိုက်လတဲ့အခါ ဘယ်လောက်တောင် အစွမ်းထက်မလဲ ဆိုတာ သိချင်လာသည်။

ဘာပဲဖြစ်ဖြစ် ရုပ်သေးကျောက်တုံးတွေ အများကြီး မကျန်တော့တဲ့ အတွက် ဒီထိုးနှက်ချက်က သူမရဲ့ နောက်ဆုံး အလောင်းအစားလည်း ဖြစ်သွားနိုင်သည်။

ထို့အပြင် အခြားသူများ မသိသော်လည်း သူမ ကောင်းစွာသိသည်။ သူမရောက်တာ နောက်ကျပေမယ့် လုရွှမ်ဟာ ရေထဲက ခုန်ဆင်းနေခဲ့တာကို သူမ တွေ့လိုက်ရ၏။ ကိုးရောင်​ခြယ် ပန်းပွင့်ရဲ့ ကျူ့ယန်အသီးကလည်း သူ့လက်ထဲ ရှိနေမှာ သိသာပါသည်။

“သတ်ပစ်လိုက်!” အမျိုးသမီးက အော်လိုက်၏။

ရုပ်သေးနှစ်ကောင်က ယိမ်းနွဲ့လာပြီး လုရွှမ်ရှေ့ကို ပြေးဝင်လာ၏။ သူတို့လက်များသည် လုရွှမ်ကို ဖမ်းဆုပ်ထားတော့မလို လက်သည်းများအား ထုတ်ပြလာသည်။ လက်သည်းများသည် အလင်းရောင်နှင့်အတူ တောက်ပြောင်နေပြီး လှုပ်ရှားမှုတိုင်းတွင် လေထုကို ကွဲအက်သွား​စေသည့် ခံစားချက်မျိုး ရှိနေသည်။

လုရွှမ် မျက်လုံးများသည် ဖျတ်ကနဲ လတ်သွားသည်။ ဤရုပ်သေး နှစ်ကောင်ကို ပိုမိုသန်မာစေသည့် အရာမှာ ၎င်းတို့၏ ခန္ဓာကိုယ် ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

ရုပ်သေးပင်လယ်ဂိုဏ်းရဲ့ စွမ်းအားကို ယခင်က သူမြင်ဖူးခဲ့သည်မှာ အမှန်ပင်။ သူတော်စင်နယ်ပယ်က ရုပ်သေးရုပ်များကို မပြောနဲ့ မဟာသူတော်စင် နယ်ပယ်က ရုပ်သေးများစွာပင် ရှိသည်။

ထိုရူးသွပ်သော ဉာဏ်ကြီးရှင်များသည် အစွမ်းထက်သော ပစ္စည်းများ နှင့် ရုပ်သေးကျောက်များ မရှိတာတောင် ကောင်းကင်ဧကရာဇ် နယ်ပယ်က ရုပ်သေးများကိုပင် စမ်းကြည့်ချင်ခဲ့ကြသည်။

သူတို့ရဲ့ လုပ်ဆောင်ချက်တွေအရ အမျိုးအစားခွဲထားတဲ့ ရုပ်သေးရုပ် အမျိုးအစားများစွာလည်း ရှိပါသေးသည်။ ဥပမာအားဖြင့် တိုက်ခိုက်ရေး ရုပ်​သေးများ၊ ကစားစရာ ရုပ်သေးများ၊ အရန်ရုပ်သေးများနှင့် အခြားအရာ များစွာလည်း ရှိသည်။

တိုက်ခိုက်ရေး ရုပ်သေးများတွင်လည်း အမျိုးအစားများစွာ ရှိပြီး ခန္ဓာကိုယ်ကို အသုံးပြုသူများ၊ သဘာဝလွန် စွမ်းအားများ ပိုင်ဆိုင်ထားသူများ၊ အခင်းအကျင်း ဖွဲ့စည်းမှု သိတတ်သူများ စသည်ဖြင့် များပြားလှသည်။

အမျိုးသမီးဘေးနားရှိ ရုပ်သေးနှစ်​ကောင်ကို ကြည့်ရုံဖြင့် လုရွှမ်သည် ၎င်းတို့နှစ်ဦးဟာ တိုက်ပွဲဝင်ရန် ခန္ဓာကိုယ်အား လုံးလုံးအားကိုးနေရသည့် အဆင့်နိမ့် ရုပ်သေးများ ဖြစ်လေကြောင်း နားလည်သွားခဲ့သည်။

ထို့ကြောင့် သူမတို့တွင် သူတော်စင်နယ်ပယ် အဆင့်တစ် လူတစ်ဦး၏ ကျင့်ကြံမှု အဆင့်သာရှိပြီး ရုပ်သေးများအပေါ် ထိုအမျိုးသမီး၏ ထိန်းချုပ်မှုသည် အပေါ်ယံ ရုပ်သေးကျွမ်းကျင်မှု အပေါ်သာ မှီခိုနေရသည်မှာ ထင်ရှား​လေ၏။

တစ်ဖက်က ရုပ်သေးဖြစ်ပြီး သူ့အား တိုက်ခိုက်ရန် လေ့ကျင့်မှု အဆင့်ကို အသုံးပြုနေရဆဲဖြစ်ကြောင်း သိလိုက်သောအခါ လုရွှမ်အတွက် ဒါက အရူးတစ်ကောင် ချဉ်းကပ်လာသလိုသာ ဖြစ်​နေသည်။

လုရွှမ်ရဲ့ ခန္ဓာကိုယ်က မလှုပ်မယှက်ပင်။ သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားသည် ရုတ်ချည်းပင် ရုပ်သေးနှစ်ကောင် အပေါ် ရစ်ပတ်လိုက်သည်။ ထိုအချိန်တုန်းက ရုပ်သေးပင်လယ်ဂိုဏ်းသည် သူ့ကြောင့် ထိခိုက်မှု နည်းပါးခဲ့သည်။

အဆင့်နိမ့် ရုပ်သေးများကို မပြောဘဲ အဆင့်မြင့် ရုပ်သေးများပင်လျှင် သူ့ထိန်းချုပ်မှု အောက်တွင် ရှိနေခဲ့သည်။

ရုပ်သေးနှစ်ကောင်ကို ပတ်ပတ်လည် ရစ်ပတ်ထားသော စိတ်ဝိညာဉ် စွမ်းအားများက ၎င်းတို့၏ လှုပ်ရှားမှုများကို ရုတ်တရက် နှေးကွေးသွားစေကာ သူတို့ရဲ့ လက်သည်းများကို ရုတ်သိမ်း၍ လုရွှမ်အနားတွင် နာခံစွာ ရပ်နေလိုက်သည်။

“ရှင်…”

အမျိုးသမီးသည် လန့်ဖျပ်သွားပြီး သူမ၏ နှလုံးသားထဲတွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ လုရွှမ် အစောတုန်းက ရုပ်သေးရုပ် နှစ်ကောင်ရဲ့ အထောက်အထားများကို ထုတ်ဖော် ပြောဆိုခဲ့သော်လည်း သူမ အလေးအနက် မထားခဲ့မိပေ။

ထိုအချိန်က ရုပ်သေးပင်လယ်ဂိုဏ်း အကြောင်း သူမ သိခဲ့တာ သေချာသော်လည်း လွန်ခဲ့သော အနှစ်သုံးရာခန့်ကတည်းက ပျက်သုဉ်းသွားခဲ့ပြီ မဟုတ်ပါလား။

ရုပ်​​သေးရုပ်တွေကို ထိန်းချုပ်နည်းကို သိတဲ့လူ ရှိနေတယ်လို့ သူမ ဘယ်လိုလုပ် စိတ်ကူးယဉ်မိနိုင်ပါ့မလဲ?

အမျိုးသမီးက ကျယ်လောင်စွာ အော်ဟစ်ပြီး ထွက်ပြေးသွားတော့သည်။

လုရွှမ် ခေါင်းခါလိုက်ပြီး

"မင်းရုပ်သေးတွေပေါ်မှာ ယန္တရားတစ်ခု တပ်ဆင်ထားတာ ငါသိပါတယ်.... ဒါပေမဲ့ မင်းနားမလည်တာက နှမြောစရာကောင်းတယ် မင်းသူတို့ကို ဖျက်ဆီးစေချင်ရင်တောင် အဲဒါက ငါ့အတွက် လှည့်စားမှု​လေး တစ်ခုသာသာပဲ ရှိတယ်"

"ပြေးပါ.... မင်းလူတွေကိုသတ်ပြီး ရတနာတွေကို သိမ်းချင်တဲ့ စိတ်ရှိမှတော့ မင်းအသက်အတွက်လည်း အသင့်ပြင်ထားရမယ်.... သွား... သူမကို သတ်ပစ်လိုက်"

ရုပ်သေးရုပ် နှစ်ကောင်တွင် အလင်းတန်း တစ်ခု ပေါ်လာပြီး ယခုအခါ ၎င်းတို့သည် ယခင်က ပုံစံနှင့် နှိုင်းယှဉ်ပါက မဟာသူတော်စင် နီးနီးနီးနီး ဖြစ်နေလေပြီ။

“သတ်!”

ရုပ်သေးရုပ် နှစ်ကောင်က အော်ဟစ်သံများ ထွက်လာသည်။ အမျိုးသမီးသည် သူမ၏ နှလုံးသားထဲတွင် မနာလိုဖြစ်နေပုံ ရသော်လည်း ယခုရုပ်သေး၏ ပုံစံကြောင့် ပို၍ပင် ထိတ်လန့်သွားသည်။ ရုပ်သေးတွေရဲ့ အရှိန်က တဟုန်ထိုး တိုးလာခဲ့သည်။

သို့သော် တကယ့်တိုက်ပွဲဝင် ရုပ်သေးနှစ်ကောင်က ဘယ်လိုလုပ် လွတ်မြောက်ခွင့် ပေးပါ့မလဲ။ မကြာခင်မှာပဲ အဝေးက အော်ဟစ်သံ ထွက်လာပြီး ရုပ်သေးနှစ်ကောင်က နောက်ရောက်လာတဲ့အခါ တစ်ကောင်က အမျိုးသမီးရဲ့ ခေါင်းကို ထမ်းပြီး နောက်တစ်ကောင်က အမျိုးသမီးရဲ့ အိတ်ကို သယ်ဆောင်လာခဲ့လေသည်။

ယွင်ထျန်းရှန် နှင့် အခြားသူများမှာ အစပိုင်းတွင် မယုံနိုင်လောက်အောင် ဖြစ်​နေသော်လည်း လျင်မြန်စွာပဲ သိရှိလာကြသည်။ ထျန်းလုံကျောင်းအုပ်သည် လွန်ခဲ့သော နှစ်ပေါင်းသုံးရာကျော်က မိုးနတ်ဘုရားမနှင့်ပင် ဆက်စပ်နေတာကြောင့် လူများကို ရုပ်သေးများအဖြစ် ထိန်းချုပ်ထားနိုင်တာက မအံ့သြလည်း မဟုတ်တော့ပေ။

အမျိုးသမီးရဲ့ ဦးခေါင်းကို ရေကန်ထဲကို ပေါ့ပေါ့တန်တန် ပစ်ချလိုက်ပြီး လုရွှမ်က ပြောလာ၏။

"အတော်ပဲ.... ဒီရုပ်သေးနှစ်ကောင်နဲ့ မင်းတို့ကို တိမ်ပင်လယ် နယ်မြေထဲက ထွက်သွားလို့ရပြီ... တိမ်ပင်လယ် နယ်မြေမှာလည်း အပြောင်းအလဲတွေ ဖြစ်လာပြီလို့ ခံစားရတယ်.... သူတော်စင်နယ်ပယ်တွေတောင် မကြာခင်မှာ ဒီထဲကို ဝင်လာနိုင်တယ်”

မင်းသမီးပိုင်လုံတို့ မိန်းကလေး ငါးယောက်ကလည်း သူတို့ မသန်မာဘူးဆိုတာ သိကြ၏။ သူတို့သာ လုရွှမ်နဲ့ ဆက်နေမယ်ဆိုရင် သူ့ကို လုံးလုံးလျားလျား ဟန့်တား​စေမိနိုင်သည်။ ဒါကြောင့် သူတို့သည် လုရွှမ်နဲ့ ယွင်ထျန်းရှန်တို့ကို နှုတ်ဆက်ပြီး ရုပ်သေးနှစ်ကောင်ရဲ့ အကာအကွယ်နဲ့ လျှပ်စီးငှက်ကို စီး၍ တိမ်ပင်လယ်နယ်မြေရဲ့ ထွက်ပေါက်ဆီ ဦးတည်၍ ထွက်သွားကြလေသည်။

"မင်းတို့နောက်ထပ် ဘာတွေ စီစဉ်ထားလဲ? မင်းတို့မှာ လုပ်စရာတွေ ရှိသေးလား? မင်းတို့ ငါ့နောက်က လိုက်မယ်ဆိုရင် မင်းတို့ရဲ့ ပြဿနာတွေကို အရင်ဖြေရှင်းလိုက်တာ ကောင်းမယ်"

ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်း တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့ ဒီနေရာကို ဝင်ရောက်လာရခြင်းရဲ့ ရည်ရွယ်ချက်မှာ ယွင်ထျန်းရှန်အား ကယ်ဆယ်ရန် နည်းလမ်းရှာဖို့ ဖြစ်သည်။

ယခုအခါ အရာအားလုံးသည် ဤမှော်ဆရာ လုရွှမ် လက်ထဲတွင် ဖြေရှင်းပြီးသွားပြီမို့ သဘာဝအတိုင်း လုရွှမ်နောက်က လိုက်ချင်ကြသည်။

သို့သော် လုရွှမ်သည် သူ့ဂိုဏ်း၏ အကြီးအကဲတစ်ဦးနှင့် တူသော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် အရှက်ကင်းမဲ့သူများ မဟုတ်ပေ။ ယ သူတို့ကို စိတ်နှလုံး အကြွင်းမဲ့နဲ့ ကူညီသွားတာက သူတို့ဂိုဏ်းရဲ့ တကယ့် အကြီးအကဲ တချို့တောင်မှ မလုပ်နိုင်တဲ့ အရာပင်။

လုရွှမ်နဲ့ တွဲစားဖို့ အသားတွေ ရှိပေမယ့် ဒီလိုစားရတာ နည်းနည်းတော့ ရုပ်ဆိုးလွန်းလေသည်။

"အကြီးအကဲ... အကြီးအကဲရဲ့ အကူအညီအတွက် ကျွန်​တော်တို့အရမ်းကို ကျေးဇူးတင်တယ်.... ဒါပေမဲ့ ကျွန်တော်တို့ နည်းနည်းတော့ ရှက်မိပါတယ် အကြီးအကဲ ကျွန်တော်တို့ကို လုပ်စေချင်တဲ့ အရာတစ်ခုခုများ ရှိလား မသိဘူး... ကျွန်တော်တို့က မသိနားမလည်တဲ့ လူတွေမဟုတ်သလို အကြီးအကဲ စိတ်ပူရအောင်လည်း မလုပ်ရဲပါဘူး"

ယွင်ထျန်းရှန် ဒီစကားတွေကို ပြောပြီးနောက် သူ့ရင်ဘတ်မှာ တင်းတင်းကျပ်ကျပ် ဖြစ်နေတာတွေ မရှိတော့ဘူးလို့ ခံစားလိုက်ရသည်။

လုရွှမ်မှာ မရယ်ဘဲ မနေနိုင်ခဲ့ချေ။ ဒီကောင်လေးက တော်တော် စဥ်းစားတတ်တဲ့ ကောင်လေးပဲ။

ဒီလောကမှာ အကြောင်းပြချက် မရှိတဲ့ ချစ်ခြင်းမေတ္တာ မရှိသလို အကြောင်းပြချက်မရှိဘဲ မုန်းတီးခြင်းလည်း မရှိနိုင်ပေ။ "စီနီယာ အကြီးအကဲ" ဟုပြောရုံဖြင့် သူတို့သည် တာဝန်တစ်ခုကို ရောင့်ရဲစွာ စောင့်ဆိုင်းနေနိုင်သည်။

ဤကဲ့သို့သော စိတ်ထားမျိုးဖြင့် ဤဘေးဆိုးကြီးမှ လွတ်မြောက်နိုင်သော်လည်း နောင်တွင် ဒုက္ခရောက်လာနိုင်သည်။

"အရမ်းကောင်းတယ်.... မင်းက နားလည်လွယ်သားပဲ... အခု မင်းရဲ့ပြဿနာတွေကို မင်းနားလည်သွားပြီလို့ ငါထင်တယ်.... မင်းငါ့နောက်ကို လိုက်ခဲ့မယ်ဆိုရင် လွတ်လပ်မှု မရှိဘူး... အန္တရာယ်များလွန်းတယ် မင်းကိုယ်တိုင်က အနက်ရောင် စွမ်းအင်တချို့ကို မင်းတို့ကိုယ်တိုင် သွားရှာနိုင်တယ်... လွမ်ယင်း မင်းက မင်းရဲ့စိတ် လေ့ကျင့်... ထျန်းရှန်က မင်းရဲ့ ကြွက်သားတွေကို ထက်မြက်အောင် လုပ်ထား"

"ထျန်းရှန် ထိခိုက်ဒဏ်ရာရမှာကို မကြောက်ပါနဲ့.... ဒါပေမဲ့ ပိုသတိထားရမယ်.... လမ်းတစ်လျှောက်မှာ လျှို့ဝှက် အမှတ်အသားတွေ ထားခဲ့ပါ.... ငါဒီဘက်မှာပြီးတဲ့အခါ မင်းတို့ကို လာရှာမယ်.... ပြီးတော့ ရွှမ်ယွီဂိုဏ်းကို သွားကြည့်တာပေါ့"

လူနှစ်ယောက်က မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး လေးလေးစားစား နှုတ်ဆက်ကာ ထွက်သွားကြသည်။

"ကောင်လေး.... မင်း အန္တရာယ်ရှိနေတယ်လို့ မခံစားရဘူးလား?"

ရွှေကျီးကန်းရဲ့ အသံက သူ့စိတ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာ၏။

လုရွှမ်လည်း ဒေါသတကြီး အသံပြုလိုက်သည်။ နောက် ဘာဆက်ဖြစ်မယ် ဆိုတာ သူသိတာပေါ့။ ကျူ့ယန်သစ်သီးက ကျူ့ယန်ပန်းနဲ့ မတူဘူး။ သူ့ကို ကျောက်စိမ်းပြားထဲ ထည့်ထားပေမယ့် သူ့ရဲ့ ထူးခြားတဲ့ ရနံ့ကိုတော့ ဖုံးကွယ်ထားလို့ မရဘူးလေ။

All Chapters