← Chapters

ရန်သူကို သိမ်းပိုက်မည်

Vol. 47 Ch. 4.219

ရန်သူကို သိမ်းပိုက်မည်

Vol. 47 Ch. 4.219

ကျူ့ယန်အသီးဟာ အပင်ကနေ ထွက်ခွာသွားတာနဲ့ တပြိုင်နက် သင်းပျံ့တဲ့ ရနံ့က သူ့အလိုလို ပျံ့သွားလိမ့်မယ်။ အနည်းဆုံး တစ်လခွဲအတွင်း လုံးဝ ဖျက်လို့ရမှာ မဟုတ်ပါဘူး။

ဤအရာသည် ကောင်းကင်နှင့် မြေကြီး၏ ထူးဆန်းပြီး ထူးခြားသော မှော်အတတ် တစ်ခုသာ ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ဖြင့် ပေါင်းစပ် ဖန်တီးထားတာကြောင့် တခြားသူများ ခူးဆွတ်ခဲ့ပါက ကောင်းကင်နှင့် မြေကြီး၏ ဘဏ္ဍာကိုကို ခိုးယူခြင်းပင် ဖြစ်သည်။

ထို့ကြောင့် အနံ့အသက် မပျောက်နိုင်ခြင်းသည် ကောင်းကင်မှ ပြစ်ဒဏ်တစ်မျိုးဟု ဆိုနိုင်​သည်။ အကယ်၍ လုံလောက်တဲ့ ခွန်အား မရှိဘူးဆိုလျှင် ခိုးရန် ကြိုးစားခြင်းက သေခြင်းသို့သာ ဦးတည်သွားလိမ့်မည်။

ဆေးဥယျာဉ်ထဲက ရှေးစာအုပ် တစ်အုပ်ထဲမှာ တွေ့စဥ်တုန်းက လုရွှမ်ဟာ ဒါကို လျှို့ဝှက်ဆန်းကြယ်တဲ့ စကားလို့သာ ထင်ခဲ့လေသည်။ ဒါပေမဲ့ သူတကယ်ပဲ ကျူ့ယန်သစ်သီးကို ကောက်ယူလိုက်တဲ့အခါ သူ့ ခန္ဓာကိုယ်ထဲက မွှေးရနံ့သင်းသင်းလေးကို ခံစားလိုက်ရ၏။

သူ့ချွေးပေါက်တွေကို ဘယ်လိုပဲ ပိတ်နေပါစေ သူ့တစ်ဝိုက်မှာ ထိုမွှေးရနံ့က ပျံ့နှံ့နေဆဲပဲ ဖြစ်သည်။

ကောလာဟလများ မှန်ကန်ကြောင်း သူ နားလည်လာခဲ့သည်။ ဒီလို အခြေအနေမျိုးတွင် သူ့နောက်ကို လူအနည်းငယ်သာ လိုက်ခိုင်းလိုက်ရင် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာပဲ ဖြစ်သည်။

"မင်း ကောင်းကင်ဖီးနစ်မီးကို မင်းခန္ဓာကိုယ်တစ်ဝိုက်မှာ ဖြန့်ထားလိုက်.... မွှေးရနံ့ကို နည်းနည်းလောက် ဖိနှိပ်ပြီး ပုန်းဖို့နေရာ ရှာနိုင်မလား လုပ်ကြည့်ပေါ့"

ရွှေကျီးကန်းက အကြံပြုလာသည်။ လုရွှမ်က အသာရယ်လိုက်ပြီး

"ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေကို လူတိုင်း ပိုင်တယ်တဲ့... သူတို့လိုချင်တယ် ဆိုမှတော့ သူတို့ရဲ့ ခွန်အားကို အလဲအထပ် လုပ်ရမှာပေါ့"

"ဒါဆို မင်းဘာဆက်လုပ်မှာလဲ?"

"ငါလူသတ်ချင်တယ်!"

လုရွှမ် အသံက အေးစက်သွားသည်။

ဤရက်များတွင် လုရွှမ်သည် သူ၏ မကောင်းဆိုးဝါး စိတ်များကို တမင်တကာ ချုပ်နှောင်ထားခဲ့သည်။ ထျန်းလုံဧကရာဇ် အင်ပါယာကို ရောက်ရှိလာကတည်းက လုရွှမ် ကျင့်ကြံချိန် မရှိခြင်းကြောင့် သူ၏ ပင်ကိုယ်စရိုက်ကို ဖုံးကွယ်ထားခဲ့ရသည်။

ကျောင်းထဲက လူတိုင်းတွင် အရည်အချင်း မရှိသော်လည်း ၎င်းတို့၏ ချိတ်ဆက်မှု များကြောင့် မြင့်မားသော ရာထူးများကို သိမ်းပိုက်နိုင်ကြသည်။ တခြားကျောင်းတွေကလည်း သူတို့ရဲ့ ကျင့်ကြံမှု အဆင့်တွေနဲ့ လွှမ်းမိုးနိုင်ခဲ့သည်။

ထိုလူများသည် သာလွန် ကောင်းမွန်သည်ဟု ထင်သည့် ဟုန်ရစ်ဧကရာဇ် အင်ပါယာနှင့် ပူးပေါင်းသွားခဲ့သည်။ လုရွှမ် ထိုကျောင်းအုပ်များသည် သူ့ရဲ့ ထျန်းလုံကျောင်းတော်ကို ရောင်းချသွားပြီ ဆိုတာ စိတ်ကူးကြည့်ရုံဖြင့် သိနိုင်၏။

"ငါဒါကို သည်းခံနေတာ ကြာပြီ... အခု ငါသူတော်စင်တစ်ပိုင်း လောကထဲကို ဝင်လိုက်ပြီ... လောလောဆယ်တော့ သူတော်စင်တွေ မဝင်နိုင်သေးဘူး... အဲ့တော့ ဒါ ငါ့အတွက်က ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ.... ဒါ့ထက် နှလုံးသားမီးသစ်သီးနဲ့ ကျူ့ယန်သစ်သီးကို ရတာနဲ့တင် သူတော်စင်တစ်ပိုင်း ကမ္ဘာထဲကို ဝင်ရတာ တန်နေပြီ ..... အဲဒီလူတွေကို ငါ့ကိုရှာတွေ့ဖို့ကို စောင့်နေမယ့်အစား ဒီတစ်ခါ ကြီးကျယ်ခမ်းနားတဲ့ အခွင့်အလမ်းကို အသုံးချကြည့်တာပေါ့ "

လုရွှမ်မှ ဆိုလေ၏။

တကယ်တော့ လုရွှမ်ဟာ ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး နေရာကို လုံးဝ မကြိုက်ဘူး။ ဒါပေမဲ့ သူအဲဒီနေရာကို မတက်ထိုင်နေရင်တောင် တခြားသူတွေက သူ့ကို ဖယ်ရှားပစ်ဖို့ စိတ်ပိုင်းဖြတ်ထားကြပြီ။

လုရွှမ် သူတော်စင်တစ်ပိုင်း ကမ္ဘာထဲသို့ မဝင်မီကတည်းက ရှင်းရှင်းလင်းလင်း တွေးထားပြီးသား ဖြစ်သည်။ ဤအချိန်တွင် သူတော်စင်တစ်ပိုင်း ကမ္ဘာက ပြင်ပကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားပြီမို့ ဟုန်ရစ်ဧကရာဇ် အင်ပါယာက ဦးဆောင်လာသော လူတစ်စုအတွက် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်သည်။

ဘာအခွင့်အရေးလဲ? ထျန်းလုံကျောင်းတော်ကို ဖျက်ဆီးချင်တဲ့ အခွင့်အရေးပဲပေါ့!

ယခုတစ်ကြိမ် သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ ဝင်ပေါက်သည် ထျန်းလုံဧကရာဇ် အင်ပါယာတွင် ပေါ်လာပြီး ၎င်းသည် ထျန်းလုံမြို့နှင့် တိုက်ရိုက် ဝင်ပေါက်တစ်ခုလို ဆက်စပ်ထားသည်။ အနာဂတ်တွင် သူတော်စင်တစ်ပိုင်း ကမ္ဘာက ပြိုကျနေတဲ့ကောင်းကင်ဘုံ သို့မဟုတ် ပြင်ပကမ္ဘာအဖြစ်သို့ ပြောင်းလဲ သွားသောအခါ ထိုကမ္ဘာထဲသို့ ဝင်ရောက်လိုပါက ထျန်းလုံဧကရာဇ် အင်ပါယာကို ဖြတ်သန်းရမည် ဖြစ်သည်။

ထိုသို့သော နေရာသည် အတော်လေး အချက်အချာကျပြီး ကောင်းမွန်သော ဆက်ဆံရေး ရှိရမည်။ အဲဒီလိုနေရာကို အလယ်အလတ် တန်းစား ဧကရာဇ်အင်ပါယာက ဘယ်လိုလုပ် နိုင်ထက်စီးနင်း ထိန်းချုပ်နိုင်တော့မလဲ။

အပေးအယူ လုပ်နိုင်ခဲ့လျှင် ထျန်းလုံဧကရာဇ် အင်ပါယာ တော်ဝင်မိသားစုကို ရုပ်သေးရုပ်များအဖြစ် သဘောထားနိုင်ဆဲ ဖြစ်သော်လည်း ထျန်းလုံကျောင်းတော်တွင်တော့ အဆုံးသတ် နှစ်ခုသာ ရှိသည်။

ကျောင်းတော် တစ်ခုလုံးကို ဖြိုချပြီး တခြားကျောင်းများက လုယက်သွားမည် ဖြစ်သည်။ ထျန်းလုံကျောင်းတော်ကလည်း အင်ပါယာနဲ့ ဆက်နွယ်နေတာကြောင့် အင်အားစု တစ်စုက ထိန်းချုပ်ထားတဲ့ ရုပ်သေးရုပ်လေး ဖြစ်သွားမည်။

ကျောင်းသားများသည် သူတို့ အသုံးပြုရန် ကိရိယာများ ဖြစ်လာကြပြီး ကြေကွဲဖွယ် ကမ္ဘာကြီးတွင် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြရလိမ့်မည်။

တကယ်တော့ ဒီကကျောင်းသားတွေဟာ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူတွေ ဖြစ်လို့ အများကြီး အသုံးမဝင်ပါဘူး။ အနည်းဆုံး အမြောက်စာအဖြစ် အသုံးချရန်လောက်သာ ရှိသည်။

ပြိုကျနေတဲ့ကောင်းကင်ဘုံဟာ မှော်ဆန်တဲ့ နေရာဖြစ်လို့ သူတော်စင်တစ်ပိုင်း ကမ္ဘာက ပြိုကျနေတဲ့ကောင်းကင်ဘုံ အဖြစ် ပြောင်းလဲသွားတာကလည်း ဘယ်လိုလုပ် ရိုးရှင်နိုင်ပါတော့မလဲ။

ကွဲပြားခြားနားတဲ့ နိယာမစွမ်းအင်များကြောင့် မှော်စွမ်းအင် အတတ်များစွာ မွေးဖွားလာလိမ့်မည်။ ဥပမာအားဖြင့် နှလုံးသား မီးတောက်နှင့် ကိုးရောင်​ခြယ် ပန်းပွင့်များ၏ အသီးအနှံများပင်။

အကယ်၍ ယခင် သူတော်စင်တစ်ပိုင်း ကမ္ဘာငယ်လေးမှ ကျူ့ယန်ပန်း ကဲ့သို့သော ရတနာတစ်ခုကို မွေးဖွားပေးနိုင်မည်ဟု ဆိုလျှင် ဘယ်သောအခါမှ ယုံလိမ့်မည် မဟုတ်ပေ။

ယခု သူသည် ထျန်းလုံကျောင်းအုပ် ဖြစ်လာပြီမို့ ကျောင်းကို ကာကွယ်ရမယ့် တာဝန်ကို ယူရမည်ဟု ခံစားမိသည်။

သူရဲ့တားမြစ်ထားတဲ့ အကန့်တစ်ခုကို အရိုက်ခံရနိုင်သလို အငေါက်ခံရနိုင်ပေမယ့် တခြားသူတွေ ဝင်ရောက် စွက်ဖက်ချင်တယ် ဆိုရင်တော့ အိပ်မက်မက်​နေလိုက်တော့!

ဒီတစ်ခါတော့ တကယ် လုပ်တော့မှာမို့ ကြီးကြီးကျယ်ကျယ် ဖြစ်သွားပါစေ လူတွေကို မှတ်လောက်သားလောက်အောင် နာကျင်အောင် ရိုက်ပြီး စည်းရုံးမှသာလျှင် သူက မာနကြီးပြီး တခြားသူတွေကို မထီမဲ့မြင် မပြုနိုင်တဲ့ အရာဆိုတာကို သိသွားလိမ့်မည်။

လုရွှမ်ဆိုတာ ဒေါသကြီးသူ ဖြစ်သည်။ ယခင်ဘဝတွင် သူသည် တန်ခိုးအာဏာနှင့် အဆက်အစပ် မရှိသော သေးငယ်သော နေရာမှ ရုန်းထွက်နိုင်ခဲ့ပြီး အမြင့်ဆုံးကို ဖော်ညွှန်းပြသသည့် ကောင်းကင်ဘုံသခင် အရူးဧကရာဇ် ခွမ်ကျွင်းဟု တင်စားခံခဲ့ရသည်။

သူ့မှာ မကုန်ခမ်းနိုင်တဲ့ ဇွဲလုံ့လတွေ ရှိတာကြောင့် အားနည်းနေရင် သန်မာလာအောင် လုပ်မယ်၊ သန်မာတဲ့လူနဲ့ တွေ့ရင် ထပ်ပြီး သန်မာလာအောင် လုပ်မယ်။

သူတော်စင်တစ်ပိုင်း ကမ္ဘာကြီးသည် လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်က ရုတ်တရက် ပေါ်လာခဲ့သည်။ မှတ်တမ်းများ အရ အလယ်အလတ်တန်းစား ဧကရာဇ်အင်ပါယာ လေးခုသည် လွန်ခဲ့သည့် အနှစ်၈၀အတွင်း ဖွံ့ဖြိုးလာသော်လည်း သူတော်စင်တစ်ပိုင်း ကမ္ဘာ တစ်ခုလုံးကို မစူးစမ်း ရသေးပေ။

ဤကမ္ဘာသည် အလယ်အလတ် တန်းစား ဧကရာဇ်အင်ပါယာ အနည်းငယ်ဖြင့် စူးစမ်းလေ့လာရန် အလွန်ကြီးမားသည်။ ကျောင်း၌ တွေ့ရခဲ့သော မြေပုံထဲတွင် သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းသုံးရာ အတွင်း ဤဧရိယာ၏ အနည်းဆုံး ငါးပုံတစ်ပုံကိုသာ စူးစမ်းလေ့လာနိုင်ခဲ့ကြောင်း ထင်ရှားစွာ တွေ့ရလေသည်။

တခြားဒေသများက ဤကမ္ဘာရှိ မျိုးနွယ်စုများက သိမ်းပိုက်ထားတာလား လုံးဝ မြုံနေတာလား မသိရချေ။ နေရာတိုင်းကတော့ အန္တရာယ်၊ အကျပ်အတည်းများနှင့် ပြည့်နှက်နေသည်။

စူးစမ်းလေ့လာခဲ့သည့် နေရာများတွင် အပြောင်းအလဲ တချို့ ကြုံလာရသည့် အခါတိုင်း သူတော်စင်တစ်ပိုင်း ကမ္ဘာသို့ ဝင်ရောက်သည့် အခါတိုင်း မှတ်တမ်း အသစ်များ ရှိလာနိုင်သည်။

ထို့အပြင် မစူးစမ်းရသေးသော နေရာများတွင်လည်း အန္တရာယ်များ အဆက်မပြတ် တိုးများလာ​ပေမည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကျော်က နယ်မြေ အများစုကို သူတော်စင်တစ်ပိုင်းများက တီထွင်ခဲ့ကြသော်လည်း အချိန်ကြာလာတာနဲ့အမျှ စူးစမ်း လေ့လာခဲ့ကြသည့် နေရာများတွင်ပင် ဘေးကင်းစွာ ဝင်ရောက်ဝံ့သူ သူတော်စင်တစ်ပိုင်း အဆင့်ရှိ အနည်းဆုံး ခြောက်ယောက်သာ ရှိ​တော့သည်။

လက်ရှိတွင် ဧကရာဇ်အင်ပါယာ အများအပြားမှ ပူးပေါင်းရှာဖွေသည့် နေရာများတွင် စုစုပေါင်းတားမြစ်နယ်မြေ ၁၃ ခု၊ အန္တရာယ်ရှိသော နေရာ ၂၀ ကျော်နှင့် စူးစမ်း လေ့လာနိုင်သော နေရာရာပေါင်းများစွာကို စာရင်းပြုစုထားသည်။

လုရွှမ် မြေပုံကိုကြည့်ကာ ခဏလောက် စဉ်းစားပြီးနောက် သဲဖြူမြစ် ဟုခေါ်သော နေရာကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။

မြေပုံပေါ်ရှိ မှတ်တမ်းများအရ သဲ​ဖြူမြစ်၏ စိုးရိမ်ရသည့် အခြေအနေသည် အလွန်မြင့်မားခြင်း မရှိပေ။ ဒါပေမဲ့ အဲဒီနေရာက အပြောင်းလဲဆုံး နေရာတစ်ခုလည်း ဖြစ်ပေသည်။ သူတော်စင်တစ်ပိုင်း ကမ္ဘာ အနှစ်၂၀တိုင်း တစ်ကြိမ် ဖွင့်လှစ်လိုက်တဲ့အခါ သဲဖြူမြစ်ဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရတတ်တဲ့ နေရာတစ်ခုပဲ ဖြစ်လေ၏။

သဲဖြူမြစ်မှ ထွက်သော ရွှေသဲသည် ပမာဏများပြားပြီး အရည်အသွေး မြင့်မားတာကြောင့် သူတော်စင်နယ်ပယ်က လက်နက် ပစ္စည်းများကို သန့်စင်ရန်အတွက် အခြေခံအဖြစ် ရှားပါးပစ္စည်း ဖြစ်သည်။

မသန်မာသော ကျင့်ကြံသူ များစွာတို့သည် သူတော်စင်တစ်ပိုင်း လောကထဲသို့ ဝင်ရောက်ပြီးနောက် ဤနေရာ၌ အချိန်အများစုကို ကုန်ဆုံးကြလိမ့်မည်။

လုရွှမ် ဦးတည်ရာကို သတ်မှတ်ပြီးနောက်တွင် သူသည် အရှိန်ကို ထိန်းမ​နေတော့ဘဲ သဲဖြူမြစ်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်လာခဲ့သည်။

"အား……"

"ကူညီကြပါဦး..."

"မင်းတို့ဘာလို့ ဒီလိုလုပ်ရတာလဲ..."

တစ်ချိန်က ကြည်လင် ပြတ်သားသော သဲဖြူမြစ်သည် ယခုအခါ သွေးမြစ် ဖြစ်နေလေပြီ။ အလောင်းများနှင့် ဦးခေါင်း​ပြတ်များသည် သဲဖြူမြစ်ထဲတွင် မျောပါနေပြီး အဝေးကလည်း လှိမ့်ဆင်းလာကြသည်။

ရံဖန်ရံခါတွင် ငါးသေးသေးလေးများသည် သွေးရောင်များဖြင့် ပြည့်နေသော ရေထဲမှ ထွက်လာပြီး ထိုခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် အသားများကို ဝါးမြိုသွားကြသည်။

ကောင်းကင်တွင် အနက်ရောင်၊ အနီ၊ အစိမ်း ၀တ်စုံကြီးများ​ဖြင့် အဖွဲ့များသည် ဧရိယာတစ်ခုလုံးကို ဝိုင်းရံထားပြီး ရေများသည် အရှေ့ဘက်ရှိ ကွက်လပ် တစ်ခုထဲမှသာ စီးဆင်းနေ၏။

All Chapters