← Chapters

နတ်သမီး မြောင်ဝု

Vol. 47 Ch. 4.221

နတ်သမီး မြောင်ဝု

Vol. 47 Ch. 4.221

"ခဏနေဦး တစ်ခုခု မှားနေပြီ!"

ခေါင်းဆောင် သုံးယောက်အနက် အမျိုးသမီးက မျက်မှောင်ကြုတ်ကာ အော်လိုက်သည်။

"ဘာဖြစ်လို့လဲ နတ်သမီးမြောင်ဝု"

ကျန်လူနှစ်ယောက်ကလည်း မေးလာ၏။

နတ်သမီးမြောင်ဝုသည် သူတို့နှင့် တူညီသော်လည်း တိုက်ခိုက်ရေး စွမ်းအားအရ သူမသည် ၎င်းတို့ထက် နှစ်ဆပို၍ သန်မာသည်။ အကယ်၍ စိတ်ဝိညာဉ် သခင်များသည် ၎င်းတို့ထက် များစွာသော အရင်းအမြစ်များ လိုအပ်နေသောကြောင့်သာ မဟုတ်ပါက သူတို့က သူမနှင့် အရင်းအမြစ်များကို လုယူရန် အစမပြုခဲ့လျှင် တစ်ဖက်လူနှင့် ပူးပေါင်းဆောင်ရွက်ရန် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။

"တစ်ယောက်ယောက် ရှိနေသလိုပဲ.... ကျွန်မ တစ်ခုခုကို ထိတ်လန့်နေသလို ခံစားရတယ်"

နတ်သမီးမြောင်ဝုက သူမရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေကို ဖြန့်ကျက်၍ သူမ ပတ်ပတ်လည်ကို အကဲခတ် ကြည့်လိုက်သည်။

ကျန်လူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း နတ်သမီးမြောင်ဝုကို ကြောက်ရွံ့ နေကြဆဲပင်။ သူတို့နှစ်ဦးသည် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်မိဘဲ အန္တရာယ်တစ်စုံတစ်ရာ မခံစားရတာကြောင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

လူတစ်​​ယောက်​က မကူညီနိုင်​ဘဲ မေးလာ၏။

"နတ်သမီးမြောင်ဝု.... မင်း သိပ်​စိုးရိမ်​လွန်း​​နေတာ မဟုတ်ဘူးလား?"

နောက်တစ်ယောက်က ပိုလို့တောင် ရိုးရိုးသားသား ရယ်မောလိုက်ပြီး

“ကျင့်​ကြံသူလောကမှာ အောင်နိုင်မှုနဲ့ သတ်ဖြတ်မှု ရှိတာက သဘာဝပါပဲ.... မင်းမှာ လူတွေကို သတ်နိုင်တဲ့ အစွမ်းသတ္တိရှိရင် သတ်နိုင်တယ်.. ခွန်အားမရှိရင်တော့ မင်းကိုပဲ သတ်ပစ်လိမ့်မယ်.... အကျင့်စာရိတ္တနဲ့ အကျိုးတရားက အရေးမကြီးပါဘူး အဲဒီလူတွေ သေတာကို ဂရုစိုက်မနေပါနဲ့"

နတ်သမီးမြောင်ဝုကလည်း 'အင်း' အသံပြုလိုက်ပါသည်။ ထိုလူသည် ခွန်အားနည်းသည်။ စိတ်ယုတ်မာပြီး သတ္တိမရှိပေ။

သူမလည်း သူတို့နှစ်ဦးကို အာရုံစိုက်ရန် ပျင်းရိလွန်းလှသည်။ စိတ်ဝိညာဉ်သခင် ဖြစ်လာပြီးနောက် ထိုမရည်ရွယ်ဘဲ ရုတ်တရက် ဖြစ်ပေါ်လာသော ခံစားချက်များသည် အမှန်စင်စစ် ဘေးဥပဒ်၏ ရှေ့ပြေးနိမိတ်များ ဖြစ်​နေတာကို သူမကောင်းစွာ သိခဲ့သည်။

သူမသည် အစောတုန်းက သူမ၏ နှလုံးသားထဲတွင် နားမလည်နိုင်သော ရင်တထိတ်ထိတ် ဝေဒနာကို ခံစားခဲ့​ပြန်ရာ သူမ၏ မျက်လုံးများသည် ပိတ်မိ၍ သတ်ဖြတ်ခံခဲ့ရသော အောက်ဖက်ရှိ လူများထံ ကျရောက်သွားသည်။

ရုတ်​တရက်​ စိတ်​ထဲ ​တွေး​တောမိသည်​။ သူတို့နှစ်ယောက်ဟာ အရူးတွေဆိုတာ ရှင်းရှင်းလင်းလင်း သိပေမယ့် အခုအချိန်မှာတော့ သူတို့သုံးယောက် စလုံးဟာ နှံကောင်တွေဖြစ်နေပြီ ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် အားကိုးဖို့ လိုအပ်နေပါသေးသည်။

"ရှင်တို့နှစ်ယောက်... ပတ်ဝန်းကျင်မှာ ချထားတဲ့ အခင်းအကျင်း တံဆိပ်ပြားတွေကို စစ်ဆေးဖို့ ရှင်တို့လူတွေကို မေးကြည့်စမ်းပါဦး... သူတို့ရှိသေးလား?"

သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးပြီ ဖြစ်သည်။ တချို့သော အရာတွေက နတ်သမီးမြောင်ဝုလောက် လုံးဝနားမလည်နိုင်ဟု ခံစားမိသောကြောင့် ပတ်ဝန်းကျင်တွင် ဝှက်ထားသော အခင်းအကျင်း တံဆိပ်ပြားများ ရှိမရှိ စစ်ဆေးရန် ၎င်းတို့၏လူများကို အမိန့်ပေးလိုက်သည်။

လူခြောက်ဦး သို့မဟုတ် ခုနစ်ယောက်က ​လေထုထဲသို့ ပျံတက်သွားကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များသည် အပိုင်းပိုင်း ကွဲသွားကာ ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။

"ကျားဟောက်.... ကျန်းရိ..."

ထိုလူနှစ်ယောက်သည် တုန်လှုပ် ခြောက်ခြားသွားကာ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ စေလွှတ်လိုက်သော လူများ အားလုံးသည် သူတို့၏ လူယုံများ ဖြစ်ကြသော်လည်း ဒီလို ရှင်းရှင်းလင်းလင်းကြီး သေသွားရလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

၎င်းတို့ကို ပို၍ပင် အေးခဲသွားစေသည့်အချက်မှာ လူသတ် ဖွဲ့စည်းမှုများကို နေရာအနှံ့ ဖြန့်ကျက်ချထားခြင်း ဖြစ်နိုင်ပါ့မလား ဆိုတဲ့အချက်ပင်။

အရင်ကတော့ ဒီကိုရောက်လာသူတွေ အားလုံးကို သတ်ဖို့ လျှို့ဝှက် ဖွဲ့စည်းထားပေမယ့် အခုတော့ တခြားသူတွေလိုပဲ သူတို့က ပြန်ဆက်ဆံခံနေရပြီ။ အခုဒီမှာ သေရတော့မှာလား။

ကျားဟောက်၊ ကျန်းရိနှင့် တခြားသူများ၏ ရုတ်တရက် သေဆုံးသွားမှုကို မြင်တွေ့ခဲ့ရပြီး နားမလည်နိုင်သော သေဆုံးမှုသည် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ သတိပေးခြင်း သို့မဟုတ် ခုခံခြင်းမရှိဘဲ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသောကာကမှ လူတစ်ယောက်မှာ ဘယ်လိုလုပ် ချက်ချင်းကြီး သေသွားရပါ့မလဲ။

နှလုံးခုန်​​သံက လုံးဝကို မြန်နေပြီ!

"ပြေး!"

နောက်ဆုံးတွင် တချို့သော လူများသည် နားမလည်နိုင်သော ဖိအားကို မခံနိုင်ကြ၍ ကံကောင်းပါစေဆိုတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားကြ၏။ အခင်းအကျင်းက အပြည့်အဝ အသက်မဝင်သေးပေ။ ထို့ကြောင့် ခွန်အားရှိသမျှဖြင့် ကောင်းကင်သို့ ပျံတက်သွားသည်။

တချို့သော လူများ လှုပ်ရှား​နေသော်လည်း နောက်ထပ်လူများက ၎င်းတို့ရှိနေသည့် နေရာတွင် ရပ်နေကြဆဲ ဖြစ်သည်။ သူတို့က ငတုံး မဟုတ်ပေ။ ဤနေရာသည် စိတ်ပျက်ဖွယ်အခြေအနေ တစ်ခု ဖြစ်လာပြီ။ အရပ်ရပ်မှ ခြိမ်းခြောက်မှုများကလည်း ရှိနေ၏။

ရာနှင့်ချီသော မျက်လုံးအစုံတို့သည် စိတ်အား ထက်သန်စွာ စိုက်ကြည့် နေကြသော်လည်း ဤစိတ်ကူးကို စွဲကိုင်ထားသူ သုံးဦးသာ ပြေးထွက်သွားခဲ့သည်။

အော်ဟစ်သံလည်း မကြားရဘဲ လူသုံးယောက်စလုံးသည် ဤအန္တရာယ် ကြီးသောနေရာမှ ပြေးထွက် လွတ်မြောက်သွားသလို လူတိုင်းရဲ့ မျက်လုံးများထဲမှ ပျောက်ကွယ်သွား၏။

နောက်အခိုက်အတန့်မှာ လူတိုင်းက သူတို့ထွက်သွားဖို့ အခွင့်အရေး ရှိတယ်လို့ ထင်လာခဲ့သည်။ သို့သော် အလောင်း ၃ လောင်းသည် တစ်ဖန် လဲကျသွားပြီး အသားလုံး အပိုင်းအစများ ဖြစ်ကြသည်။ ယခင်က သေဆုံးသွားခဲ့သော ကျားဟောက်၊ ကျန်းရိတို့နှင့် နှိုင်းယှဉ်ပါက အနည်းဆုံး လူနည်းစုသည် သူတို့၏ လူသားအသွင်အပြင်ကို မြင်နေရဆဲ ဖြစ်သည်။

"ဒီလျှို့ဝှက် အခင်းအကျင်းထဲမှာ ဘယ်သူ ပုန်းနေတာလဲ? ထွက်လာခဲ့!”

ခေါင်းဆောင် နှစ်ယောက်လုံး အထိတ်တလန့် ဖြစ်သွားကြသည်။ သူတို့အဖွဲ့သည် အခင်းအကျင်းထဲ ပိတ်မိနေကြောင်း အခိုင်အမာ ယုံကြည်နေပြီ ဖြစ်သည်။ ယခု အခင်းအကျင်း ဖွဲ့စည်းပုံများ၏ ထူးဆန်းမှုကို သုံးသပ်ကြည့်လျှင် သူတို့လုပ်ခဲ့သော အခင်းအကျင်းထက် ပိုမိုစွမ်းအား ကြီးမား​လေသည်။

လုရွှမ်သည် သူ့မျက်နှာပေါ်တွင် ဘာမှမထူးခြားသော အကြည့်ဖြင့် တဖြည်းဖြည်း ပေါ်လာခဲ့သည်။ ထိုအခိုက် အတန့်တွင် လူတိုင်း၏ မျက်လုံးများမှာ သူ့ကို တွေ့လိုက်ရတာကြောင့် အံ့သြ ထိတ်လန့်သွားပုံရသည်။

“ဒီက…”

အကြီးအကဲဟု ပြောချင်ပေမယ့် လုရွှမ်ရဲ့ ကျင့်ကြံမှုအဆင့်က သူတော်စင်တစ်ပိုင်း တတိယအဆင့်ပဲ ရှိတယ် ဆိုတာ သိလိုက်ရသည်။

ဤကျင့်ကြံမှုအဆင့်သည် လွန်စွာနိမ့်၍ ယေဘုယျအားဖြင့် ဤအဆင့်မြင့်သော ကျင့်ကြံသူများ သူတော်စင်တစ်ပိုင်း လောကထဲသို့ ဝင်လိုလျှင်ပင် ပစ္စည်းကောင်း တစ်ခုခုကို ရှာတွေ့သည်နှင့် လျင်မြန်စွာ ထွက်ခွာသွားကြသည်။

သူတော်စင်တစ်ပိုင်း အဆင့်၃က သူတော်စင်တစ်ပိုင်း အဆင့်၉ ကျင့်ကြံသူတွေကို ထောင်ချောက်ဆင် သတ်ဖြတ်ဖို့ ဘယ်ကနေများ သတ္တိတွေ ရလာခဲ့တာလဲ။

သူတို့သည် သတ္တိရှိပြီး သဘာဝကျကျ တုံးအနေသူတွေလည်း မဟုတ်ကြပေ။ ခဏလေးအတွင်းမှာပင် ဤလျှို့ဝှက် ဆန်းကြယ်သော တတိယအဆင့် ကျင့်ကြံသူက ဘယ်သူလဲ ဆိုတာကို လူအတော်များများ သိသွားကြသည်။

ထျန်းလုံကျောင်းတော်၏ ကျော်ကြားသော ကျောင်းအုပ်ကြီး ချင်းလုံအရှင်မှလွဲ၍ တခြား ဘယ်သူကများ ဒီလိုလုပ်ရဲတဲ့ သတ္တိရှိပါဦးမလဲ။

"ရှင်က ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင်မလား??"

နတ်သမီးမြောင်ဝုက တိုက်ရိုက် အော်​မေးလိုက်သည်။

"ဟုတ်တယ် ငါပဲ.... မင်းတို့ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်တယ်"

အစောတုန်းက ဒီလူများတွေ တခြားလူများကို ထောင်ချောက်ဆင် သတ်ဖြတ်ခဲ့တာကို ရပ်ကြည့်နေခဲ့တာက သူသည် လုံလောက်အောင် မသန်မာသောကြောင့် အသတ်ခံရပါက သူ့အသက်ပဲ ပေးလိုက်ရလိမ့်မည်။

သို့သော် အဲဒီလူတွေကို သတ်ပြီးရင်တော့ အလောင်းတွေကို ဖယ်ထားလိုက်ရမည်။ ၎င်းတို့၏ အရင်းအမြစ် တချို့အတွက်ကြောင့် အလောင်းများကို အပိုင်းပိုင်း ခွဲပစ်ရင်တော့ ကြည့်မကောင်းဘူး မဟုတ်ပါလား။

လုရွှမ်ကို အထင်ကြီးစေခဲ့တာက သူတို့လုပ်ခဲ့တဲ့ အတိုင်း ဒီအလောင်းတွေကို ငါးစာတိုက်ရိုက် ကျွေးလိုက်တာပင်။ သူတို့ကို ဖမ်းထားပြီး သူတော်စင် သားရဲတွေကို အစာကျွေးလို့ ရသလို အလောင်းတွေကို ရုပ်သေးရုပ်တွေ ဖြစ်အောင် လေ့ကျင့်ပေးလို့လည်း ရ၏။

အစကတော့ ဒီလူတွေကို သတ်ပြီး သိုလှောင်အိတ်ကို လုယူလိုက်ရုံဖြင့် လုံလောက်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ဒီလူတွေ လုပ်ခဲ့တာကို ​ပြန်စဥ်းစားပြီးနောက် လုရွှမ် စိတ်ပြောင်းသွားသည်။

"ချင်းလုံအရှင်... ငါတို့အားလုံးက အဆင့်မြင့် ဧကရာဇ် အင်ပါယာက လာကြတယ် ဆိုတာ ရှင်နားလည်ထားရမယ်... ကျွန်မတို့ကို စော်ကားဖို့ ရှင့်အနေနဲ့ မလုပ်နိုင်ပါဘူး"

နတ်သမီးမြောင်ဝုက အော်ပြောလိုက်သည်။

"ဟာဟား.... ငါအကြောက်ဆုံးက တခြားသူတွေ ခြိမ်းခြောက်တာကိုပဲ... ဘာလို့လဲဆိုတော့ ငါ့ပတ်ဝန်းကျင်က လူတွေပါ ဒီလို ခြိမ်းခြောက်ခံရမှာကို စိုးရိမ်နေလို့လေ... ဒီခြိမ်းခြောက်မှုတွေကို အနာဂတ်မှာ ဖြစ်မလာအောင် ဖယ်ရှားပစ်ဖို့အတွက် မင်းတို့ဒီနေ့ ဒီမှာပဲ သေရလိမ့်မယ်"

လုရွှမ်ရဲ့ အသံက အေးစက်သွားသည်။

"လူသတ်တဲ့ သူတွေကလည်း အမြဲတမ်း အသတ်ခံရလိမ့်မယ်!"

"ဒါဆို ရှင်ပဲ အရင်နေခဲ့လိုက်တော့"

နတ်သမီးမြောင်ဝုကလည်း ဆိုလိုက်သည်။ သူမမျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ ပွင့်လန်းနေပုံရပြီး ခရမ်းရောင်ရွှေရောင် အလင်းတန်း တစ်ခုကို လုရွှမ်ဆီသို့ ပစ်ခတ်လိုက်သည်။

အမြန်နှုန်းက အလွန် လျင်မြန်လှပြီး အာကာသအတွင်းသို့ ထိုးဖောက် ဝင်ရောက်လုနီးပါးပင်။ နတ်သမီးမြောင်ဝုသည် ချစ်စရာကောင်းသော အသွင်အပြင် ရှိသော်လည်း သူမရဲ့ တိုက်ခိုက်မှုက အလွန် ရက်စက်လှသည်။

လုရွှမ်ကလည်း ဝိညာဉ်သခင်ပဲမို့ နတ်သမီးမြောင်ဝု၏ လှုပ်ရှားမှုများကို အစောကတည်းက သတိပြုမိပြီးပြီ။ သူမစကား အစောက ပြောနေတဲ့ အချိန်မှာ တစ်ဖက်လူကို လုပ်ကြံဖို့ ကြံစည်နေပြီ ဖြစ်သည်။

ဤသည်မှာ မြွေနှင့် ကင်းမြီးကောက်ကဲ့သို့ အဆိပ်ရှိသော အမျိုးသမီးဖြစ်ပြီး အစားစားရင်တောင် အရိုးများကို ထွေးမထုတ်ဘဲ ကိုက်စားပစ်မည့် လူမျိုးဖြစ်သည်။ မတိုင်ခင်က အခင်းအကျင်း ပုံစံတွေ ချထားတာကလည်း ဒီအမျိုးသမီးရဲ့ အကြံပဲ ဖြစ်လိမ့်မည်။

All Chapters