ထိန်းချုပ်မှု
Vol. 47 Ch. 4.223
"မြောင်ဝု... မင်းရဲ့ လက်ရှိအနေအထားနဲ့ မင်းလက်အောက်က လူတွေက မင်းနောက်ကို ဆက်လိုက်နေဦးမယ်လို့ ထင်နေတာလား?"
မြောင်ဝုရဲ့ မျက်နှာက ဖြူဖျော့သွားပြီး သူမရဲ့လက်အောက် ငယ်သားများကို လှည့်ကြည့်လိုက်ကာ။
"မကြောက်နဲ့.... ငါတို့ ဒီနေရာကနေ အသက်ရှင်ကျန်ရစ်ခဲ့မှာ သေချာတယ်.... ငါတို့ စည်းလုံးရမယ်... မဟုတ်ရင် သေသွားတဲ့လူက ငါတို့ပဲ ဖြစ်သွားလိမ့်မယ်..."
"အကြီးအကဲသွမ့်မု... ကျွန်တော်က ခင်ဗျားနဲ့ လိုက်မယ်"
"အကြီးအကဲထျန်တုန့် ကျွန်တော်လည်း ခင်ဗျားနောက်ကို လိုက်မယ်"
စကားသံများစွာသည် နတ်သမီးမြောင်ဝုရဲ့ စကားကို တိုက်ရိုက် နှောင့်ယှက်သွားခဲ့ပြီး လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်က မတ်တပ် ထရပ်ကာ ၎င်းတို့နှစ်ဦးနောက်သို့ လျှောက်သွားခဲ့သည်။
"နင်တို့ လုပ်ရဲလား!! နင်တို့က ငါ့ကျွန်တွေပဲ.... ငါ့အဖေက ငါ့ကို ကာကွယ်ပေးဖို့ ဒီကို စေလွှတ်လိုက်တာ.... နင်တို့ဒီနေ့ ငါ့ကို သစ္စာဖောက်ဖို့ သတ္တိရှိတယ်ဆိုတာ အဖေသိသွားရင် နင်တို့ကို အပိုင်းပိုင်း ဖြတ်ပြီး နင်တို့မိသားစုကိုပါ သတ်ပစ်မှာပဲ!!"
သွမ့်မုနှင့် ထျန်တုန့်တို့သည် မြောင်ဝုကို အရူးတစ်ယောက်လို ကြည့်ပြီး ပို၍ ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။
သေချာတာပေါ့။ မြောင်ဝုရဲ့နောက်မှာ ရပ်နေတဲ့ လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ထရပ်ပြီး မြောင်ဝုရဲ့ ဟောက်သံကို လုံးဝ လျစ်လျူရှုကာ ဆန့်ကျင်ဘက်ကို လျှောက်သွားကြလေသည်။
"သတ်ပစ်!"
သွမ့်မုနှင့် ထျန်တုန့်တို့က တစ်ချိန်တည်းတွင် အော်ဟစ်ပြီး နှစ်ယောက်စလုံး မြောင်ဝုကို အတူတူ တိုက်ခိုက်ကြလေသည်။
"ငါတို့သေရင် အတူတူ သေကြရအောင်"
မြောင်ဝုကလည်း ပြတ်ဟောက်ပြီး သူမလက်ကို ဝှေ့ယမ်းပြီး ခရမ်းရောင် မီးလုံးနှစ်လုံး ထုတ်လွှတ်လိုက်သည်။ လုရွှမ်လည်း ထိုအရာသည် ခရမ်းရွှေမှ ပြုလုပ်ထားသော အပ် ဖြစ်ကြောင်း သေသေချာချာ သိလေသည်။ မထင်မှတ်ဘဲ မြောင်ဝုမှာ သုံးချောင်းတောင် ရှိနေခဲ့၏။
မြောင်ဝု ဒဏ်ရာရနေလို့သာ မဟုတ်ရင် သူတို့နှစ်ယောက် အနိုင်ယူဖို့ ခက်ခဲလိမ့်မည်။ လူနှစ်ဦးဆီက ပြင်းထန်စွာ ရိုက်နှက်ခံရပြီးနောက် မကြာမီမှာပင် ဒဏ်ရာများ ထပ်ခါထပ်ခါ ရလာခဲ့သည်။ ခြေလက်များ ကျိုးသွားတဲ့ နောက်မှာတော့ လုရွှမ်ရှေ့မှာ လဲကျသွားခဲ့သည်။
"ဒီလူနှစ်ယောက်က အလိုက်သိတဲ့ လူနှစ်ယောက်ပဲ" လုရွှမ်က ဆိုလိုက်သည်။
"ဒါပေမဲ့ အားလုံးသေရတော့မယ်"
အရာရာတိုင်းက တခြားသူရဲ့ လက်ထဲမှာ ရှိနေတဲ့ အချိန်မှာ ညှိနှိုင်းရမယ့်အစား တခြားသူတွေရဲ့ ဆန္ဒကို လိုက်နာပြီး စိတ်ရင်းနဲ့ လုပ်ဆောင်တာက ပိုကောင်းပါ၏။
မြောင်ဝုသည် ရန်သူဖြစ်လာပြီး သူရှင်သန်လိုပါက တစ်ခုတည်းသော နည်းလမ်းမှာ သူ့အသက်ကို ချမ်းသာပေးရန် မျှော်လင့်ပြီး တစ်ဖက်လူအား သေတဲ့အထိ သစ္စာစောင့်သိရန် ဖြစ်သည်။
"မင်းတို့ရဲ့ သိုလှောင်အိတ်တွေကို လွှဲပေးလိုက်!"
"ဟုတ်ကဲ့!"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အိတ်သုံးလုံးကို အမြန် လွှဲပေးလိုက်သည်။
"သူမကို သတ်လိုက်!"
လုရွှမ်သည် မလှုပ်နိုင်ရုံမက အသက်ရှူရုံသာ ရှိတော့တဲ့ နတ်သမီးမြောင်ဝုကို လက်ညှိုး ထိုးပြလိုက်သည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် လက်နှစ်ဖက်ကို မြှောက်လိုက်သော်လည်း ဘယ်သူကမှ ဆက်မလှုပ်ရှားခဲ့ချေ။
လုရွှမ်က ရယ်မောပြီး သူတို့နှစ်ယောက်ကို ပြုံးပြလိုက်သည်။ နှစ်ယောက်သား ညည်းညူရင်း စကားတစ်ခွန်းမှ မပြောရဲဘဲ တစ်ချိန်တည်းမှာပင် သူတို့လက်ဖဝါးကို ရိုက်ချလိုက်တဲ့အခါ နတ်သမီးမြောင်ဝုရဲ့ ဦးခေါင်းဟာ အသွေးအသားတွေ အဖြစ် ပြောင်းလဲသွားပေ၏။
လုရွှမ် ဆေးလုံးနှစ်လုံးကို ထုတ်ပေးလိုက်သည်။ နှစ်ယောက်သား မစဉ်းစားဘဲ တစ်ကျိုက်တည်း မျိုချလိုက်သည်။
"ကောင်းပြီ.... မင်းတို့ အခုကစပြီး ငါ့နောက်လိုက် လုပ်ရမယ်.... ငါ့မှာ တောင်းဆိုချက် တစ်ခုပဲရှိတယ်.... သွားဖမ်း သွားသတ်ပစ်... ဒါပဲ"
လုရွှမ် အိတ်နှစ်လုံးကို ပြန်ပစ်ချ ပေးလာတဲ့အခါ အိတ်ထဲမှာ ဘာမှ မကျန်တော့တာကို တွေ့ရတော့ အံ့သြသွားရလေသည်။
ထျန်းလုံကျောင်းအုပ်မှာလည်း သိုလှောင်အိတ် တစ်လုံး ရှိနေလောက်တာ သေချာလေ၏။ လုရွှမ်ကတော့ အခင်းအကျင်း ဖွဲ့စည်းမှုကို ရုပ်သိမ်းလိုက်ပြီး ထွက်ခွာသွားခဲ့သည်။
"သွမ့်မု... ငါတို့ ဘာဆက်လုပ်ကြမလဲ"
ထျန်တုန့်သည် နောက်ဆုံးတွင် သူ့အသက်ကို ကယ်တင် နိုင်ခဲ့သော်လည်း သေခြင်းတရားက လွတ်မြောက်လာခြင်း အတွက် လုံးဝ မပျော်မရွှင် ဖြစ်နေ၏။ မြောင်ဝုကို သူတို့သတ်လိုက်ကြောင်း လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်သည်နှင့် သူတို့သည် မြှုပ်စရာ သင်္ချိုင်းမရှိအောင် ဖြစ်သွားလိမ့်မည်။
သွမ့်မုက အဝေးကို လှမ်းကြည့်ကာ တံတွေးထွေးလိုက်ပြီး အော်လိုက်ပေ၏။
"ငါတို့ ဘာလုပ်ရမှာလဲ? အဲဒီလူ ပြောတာကို နားထောင်တာအပြင် ငါ ဘာလုပ်လို့ ရဦးမှာလဲ"
ထျန်တုန့် နှုတ်ဆိတ်နေခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် အဆင့်မြင့် ဧကရာဇ် အင်ပါယာများမှ ဖြစ်ကြသော်လည်း ၎င်းတို့ကြားရှိ ကွာဟချက်က ကြီးမားလေသည်။ သူတို့ရှိနေသည့် ဧကရာဇ် အင်ပါယာများ၏ အင်အားကို ပေါင်းစပ်လျှင်ပင် မြောင်ဝုတို့ အင်ပါယာနှင့် မနှိုင်းယှဉ်နိုင်ပေ။ ဒီသတင်းတွေ ပျံ့သွားရင်တော့ သူတို့သေမှာ သေချာပါသည်။
နှစ်ယောက်စလုံး အံကြိတ်ကာ အဆိပ်ပုလင်းပေါင်းများစွာကို ထုတ်ယူလိုက်ကြသည်။ လူတစ်ဒါဇင် ကျော်လောက်ကို သတ်ပြီးနောက် လူတိုင်းကို အဆိပ် သောက်ခိုင်းမည်။
ရှင်ရင် အတူတူ ရှင်မယ် သေရင်လည်း အတူတူသေကြမယ်!
လုရွှမ်ကတော့ သူတို့နှစ်ယောက်ရဲ့ အတွေးတွေကို အလေးအနက် မထားပါဘူး။ သူတို့က ဉာဏ်ကောင်းတဲ့ လူတွေမလို့ ဘာလုပ်ရမယ်ဆိုတာ သိကြမှာပင်။
မြောင်ဝုရဲ့ လူတွေကို ထားခဲ့တာက သူတို့ဟာ အတော်လေး အစွမ်းထက်ကြပြီး ဝံပုလွေနှစ်ကောင်ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့ဟာ ဒီကမ္ဘာငယ်လေးမှာ ပြဿနာတချို့ကို တွန်းလှန် နိုင်လောက်ပေသည်။
ကျန်ရှိနေသော သိုလှောင်အိတ်သည် နတ်သမီးမြောင်ဝု၏ အပိုင်ဖြစ်ပြီး အထဲတွင် ပစ္စည်းကောင်းတွေ မနည်းချေ။ အထူးသဖြင့် တံဆိပ်ပြားတစ်ခု ဖြစ်ကာ အပေါ်တွင် မင်ယွဲ့နှင့် အောက်ခြေတွင် ဖန်းမိသားစုဟု ရေးထွင်းထားသည်။
မင်ယွဲ့ဧကရာဇ် အင်ပါယာကို သူ ကြားဖူးသည်။ တန်ခိုးကြီးသော ဧကရာဇ်အင်ပါယာဟု သတ်မှတ်ခံထားရကာ ကျိုးရန်ဧကရာဇ် အင်ပါယာလောက် မကောင်းပေမယ့် အဆင့်မြင့်ဧကရာဇ် အင်ပါယာတွေ ကြားမှာ အင်အားကောင်းနေဆဲပင်။
မြောင်ဝုတစ်ယောက် အရမ်း မာနကြီးနေတာ အံ့သြစရာတော့ မဟုတ်ချေ။ သူမ အမှန်တကယ်ပင် မာနထောင်လွှား နိုင်အောင် နောက်ခံကောင်း ရှိနေလေသည်။
သိုလှောင်အိတ်ထဲတွင် လုရွှမ်သည် ထျန်းလုံဧကရာဇ် အင်ပါယာက ရလာတဲ့ မြေပုံထက် ပိုမိုပြည့်စုံသောမြေပုံတစ်ခုကို တွေ့လိုက်သည်။ ထျန်းလုံဧကရာဇ် အင်ပါယာမှ အမှတ်အသား ပြုထားသည့် အရာများစွာရှိပြီး ပိုမိုလျှို့ဝှက် ဆန်းကြယ်သော တည်ရှိမှုများကိုလည်း မှတ်သားထားသည်။
ဥပမာအားဖြင့် အနောက်ဘက်တွင် အမှတ်အသား လုပ်ထားသော ရွှမ်ခုန်းတောင်တန်း တစ်ခုရှိသည်။ ၎င်းကို အနီရောင်တောက်တောက်ဖြင့် အမှတ်အသား ပေးထားပြီး ထိုနေရာတွင် ရတနာတစ်ခု ရှိကြောင်း အတိအကျ ဖော်ပြထားတဲ့ စာလုံးသေးသေးလေးကို ရေးထားသေး၏။
ထိုနေရာတွင် ရတနာတစ်ခု ရှိကြောင်း နားလည်ဖို့ လွယ်ကူသော်လည်း "သတိထားပါ" ဟူသော စကားလုံးကို ပေါင်းထည့်ထားခြင်းကြောင့် ထူးခြားတဲ့ အရာတစ်ခု ဖြစ်ကြောင်း သိသာသွားပြီ။ ရတနာတွေ ရှိတဲ့နေရာက ပိုသတိထားရမည်။
တစ်စုံတစ်ယောက်သည် ထိုနေရာကို သိသွားပြီး လူများစွာကလည်း ရတနာအတွက် တိုက်ပွဲဝင်နေကြခြင်း ဖြစ်နိုင်သလို အလွန်အစွမ်းထက်သော သားရဲတစ်ကောင် ရှိကောင်းရှိနိုင်တာကြောင့် သတိထားပါဟု ရေးထားခြင်း ဖြစ်လိမ့်မည်။
လုရွှမ် လုံးဝမတွန့်ဆုတ်ဘဲ ဦးတည်ရာကို သတ်မှတ်ကာ ရွှမ်ခုန်းတောင်ဆီသို့ အမြန် ပြေးသွားခဲ့သည်။ ဤကာလ၌ သူတော်စင်တစ်ပိုင်း ကမ္ဘာသည် သူတော်စင်တစ်ပိုင်း ကမ္ဘာ ဖြစ်ဆဲဖြစ်သော်လည်း ရက်ပိုင်းအတွင်း သူတော်စင်နယ်ပယ်များ ဝင်လာနိုင်တာကြောင့် သွေးချောင်းစီးတော့မှာ သေချာလေသည်။
သူတော်စင်နယ်ပယ်များ ဝင်လာတာကို မစောင့်ဘဲ ဤနေရာရှိ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများသည် ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အရေးများကို ရှာဖွေပြီး သူတော်စင်နယ်ပယ် ဖြစ်လာရန် ကြိုးစားပေမည်။ လုရွှမ် ယခင်က သူတော်စင်များကို သတ်ခဲ့ဖူးသော်လည်း ဤနေရာသို့ ဝင်ရောက်လာသူ အားလုံးကို သတ်နိုင်မည် မဟုတ်ချေ။
လုရွှမ်မှာ သူတော်စင်တစ်ဦးကို သတ်ရာတွင် ပြဿနာ မရှိသော်လည်း သူတော်စင်နယ်ပယ် နှစ်ယောက် သုံးယောက် ဆိုရင်တော့ သေခြင်းတရားကို တောင်းဆိုနေရလိမ့်မည်။
ထို့ကြောင့် ရွှမ်ခုန်းတောင်ကို အမြန်ဆုံး သွားရမည်။
လုရွှမ်ရဲ့ အရှိန်က အလင်းစီးကြောင်းလို မြန်လှသည်။ လမ်းတစ်လျှောက်မှာ လူတော်တော်များများကလည်း ထိတ်လန့် ထိတ်လန့်နေကြသည်။ အဲဒီလိုအရှိန်နဲ့ ရောက်နိုင်တာက သူတော်စင်တစ်ယောက် ဆိုတာ သိသာပါ၏။
လုရွှမ် ရပ်ပြီး သူတို့ပစ္စည်းများကို လုယူသွားမှာ စိုးရိမ်သဖြင့် တစ်ယောက်ပြီး တစ်ယောက် အလျင်အမြန် ရှောင်သွားကြသည်။ ပစ္စည်းပျောက်ရင် တော်သေးပေမယ့် အသက် ဆုံးရှုံးရရင်တော့ ကြေကွဲစရာ ဖြစ်သွားနိုင်သည်။
သုံးရက် အကြာတွင် လုရွှမ်တစ်ယောက် နောက်ဆုံးတွင် သူသွားလိုရာသို့ ရောက်ရှိလာခဲ့သည်။ သို့သော် တွေ့ရှိလိုက်ရတဲ့ နေရာကြောင့် အံ့အားသင့်သွားခဲ့သည်။ ဤနေရာတွင် တောင်များနှင့် မြစ်များ မရှိပေ။ ၎င်းသည် စျေးကွက်မြို့ဖြစ်နေပြီး မြို့နာမည်က ရွှမ်ခုန်းတောင် ဖြစ်လေသည်။
ဈေးက လွန်စွာ စည်းကားလေသည်။ ပြင်ပကမ္ဘာက ဈေးအတိုင်းပင်။ ကျင့်ကြံသူ မဟုတ်တဲ့ သာမန်လူတွေနဲ့ အဆင့်မြင့် ကျင့်ကြံသူတွေက အတူတူ ပေါင်းစည်းနေထိုင် နေကြသည်။
လုရွှမ် ရပ်တန့်သွားပြီး သူ့ခန္ဓာကိုယ်က လေးလံလာခဲ့သည်။
ဒါက ဆွဲငင်အားလား?
ဤနေရ၏ ဆွဲငင်အားသည် ပြင်ပကမ္ဘာထက် အနည်းဆုံးဆယ်ဆ ပိုလေးလေသည်။ လုရွှမ် ခဏတာမျှ သူ့ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ ဆယ်မီတာကျော် လျှောဆင်းပြီးနောက် နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။