ရွှမ်ခုန်းတောင်
Vol. 47 Ch. 4.225
လုရွှမ် ရုတ်တရက် ဉာဏ်အလင်းရပြီး
"လတ်စသတ်တော့ အဲ့လိုကိုး... ရှုပ်နေတာတွေကို ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်... ကျွန်တော်က လုရွှမ်ပါ"
ဖက်တီးစုယွင်နဲ့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး စုဖုန်းတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြလိုက်ကြသည်။
"ညီလေး... ရိုးရိုးသားသား ပြောရရင် ဒီမှာက အရမ်းအန္တရာယ်များတယ် ငါတို့နှစ်ယောက်က ကျင့်ကြံမှု သိပ်မမြင့်ဘူး သူတော်စင် ပထမအဆင့်ပဲ ရှိတယ်.... ညီလေး မင်းရဲ့ ခွန်အားက ပိုဆိုးတယ်.... မင်းက တတိယအဆင့် သူတော်စင်တစ်ပိုင်းပဲ ရှိသေးတယ်... ဒီလိုခွန်အားနဲ့ မင်း ရွှမ်ခုန်းတောင်မှာ ရှင်သန်ချင်တယ် ဆိုရင်တော့ အရမ်းခက်ခဲတယ်"
"ဒါပေမဲ့ ငါတို့ ရွှမ်ခုန်းတောင်ကို သွားဖို့ အခွင့်ကြုံလာပြီ ဆိုတော့ ဒီအတိုင်း အချည်းနှီး ပြန်မသွားနိုင်ဘူး ဟုတ်တယ်မလား? လူတိုင်းမှာ ဒီလိုအတွေးတွေ ရှိနေမှာပဲလေ... ပြီးတော့ စုယွင်နဲ့ ငါက ထပ်တူထပ်မျှ တူညီတဲ့ စိတ်ထားရှိတဲ့ သူငယ်ချင်းလေးတွေနဲ့ ဆုံတွေ့ဖို့ မျှော်လင့်နေတာ.... ဟုတ်ပြီ သူငယ်ချင်းတို့ အားလုံး အတူတူ စူးစမ်းလေ့လာဖို့ ရွှမ်ခုန်းတောင်ကို သွားကြရအောင်... စည်းလုံးခြင်းက ခွန်အားပဲလေ ဟုတ်တယ်မလား? အခွင့်အလမ်းတစ်ခု တကယ် ကြုံတွေ့လာရင် လူတိုင်း တန်းတူရည်တူ မျှဝေကြမယ် ဘယ်လိုလဲ?"
ဒီလူနှစ်ယောက် ပြောတဲ့စကားနဲ့ ပတ်သက်ပြီး လုရွှမ် ၃% အများဆုံး ယုံကြည်ထားလေသည်။ သူတို့နှစ်ဦးမှာ ခွန်အားမရှိ၍ ဤနေရာတွင် စောင့်ဆိုင်းရန်ကလွဲ၍ ရွေးချယ်စရာ မရှိပေ။ လုရွှမ် ဒါကို ယုံကြည်သော်လည်း သူတို့နှစ်ဦးက သူနဲ့ မဟာမိတ်ဖွဲ့ပြီး အကျိုးအမြတ်များကို ညီတူညီမျှ ခွဲဝေပေးမယ်ဆိုလျှင် သူတို့က သူ့ကို အရူးတစ်ယောက်လို ဆက်ဆံနေခြင်းသာ ဖြစ်လိမ့်မည်။
လုရွှမ် သူ့စိတ်ထဲတွင် လျင်မြန်စွာ တွေးတောလိုက်သည်။ သူဒီနေရာမှာ ဘာမှ မသိသေးပေ။ အကယ်၍ သူတစ်ယောက်တည်း လှည့်ပတ်သွားလာပါက အန္တရာယ်အချို့ကို ကြုံတွေ့ရနိုင်သည်။
လုရွှမ် တခြားသူများနှင့် တိုက်ခိုက်နိုင်သော်လည်း သူတော်စင်နယ်ပယ် ပြီးပြည့်စုံသောကာလက လူနဲ့ ကြုံရပါက ဉာဏ်ပညာနှင့် အတွေ့အကြုံအရ သေခြင်းမှ လွတ်မြောက်နိုင်သော်လည်း အလွန်ဆိုးရွားတဲ့ အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
သူတို့နှစ်ဦးသည် ၎င်းတို့၏ နှလုံးသားထဲတွင် မကောင်းသော ရည်ရွယ်ချက်များကို ချုပ်နှောင်ထားပြီး သူတို့အတွက် လမ်းကြောင်းရှာသူအဖြစ် ဆောင်ရွက် စေလိုသော်လည်း အနည်းဆုံး သူတို့နှစ်ဦးဖြင့် အန္တရာယ်များစွာကို ရှောင်ရှားနိုင်ဦးမှာ ဖြစ်သည်။
"ဒါဆို ကျွန်တော် အစ်ကိုနှစ်ယောက်ကို အားကိုးပါရစေ"
လုရွှမ်က လက်ခုပ်လေးကိုင်ပြီး ပြောလိုက်သည်။ စုယွင်နှင့် စုဖုန်းတို့သည် လုရွှမ်အား အလွန်ကျေနပ် အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဒီလူနှစ်ယောက်၏ ပုံပြင်များကို နားထောင်ပြီးနောက် လုရွှမ်သည် သူတို့နှစ်ဦးစလုံး ယွင်ဖုန်းနယ်မြေ ဟုခေါ်သော ကမ္ဘာငယ်လေးမှ ဆင်းသက်လာကြောင်း သိရှိလိုက်ရသည်။ တိမ်ပင်လယ် နယ်မြေနှင့် နှိုင်းယှဉ်ပါက ယွင်ဖုန်း နယ်မြေတွင် ကောင်းကင်နှင့် မြေကြီး၏ ပြီးပြည့်စုံသော နိယာမများနှင့် ဝိညာဉ်စွမ်းအင်များ ပေါများသောကြောင့် ကျင့်ကြံဖို့ နေရာကောင်းတစ်ခုဟု ယူဆနိုင်သည်။
ဒီကမ္ဘာငယ်လေးထဲက ကောင်းကင်ဘုံဧကရာဇ် ဟာ တခြားကမ္ဘာမှာ ဘာမှမဟုတ်ဘူး ဆိုတာကိုလည်း လူနှစ်ယောက်ဆီကနေ သင်ယူခဲ့သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အမြဲလိုလို ပျံသန်းနေကြပြီး တချို့သော ကမ္ဘာကြီးများက လူများသည် ၎င်းတို့မွေးပြီးသည်နှင့်ပင် သူတော်စင်များပင် ဖြစ်နေကြပြီး အရွယ်ရောက်သည်နှင့် သဘာဝအလျောက် နတ် ဖြစ်သွားကြသည်။
ယခုရွှမ်ခုန်းတောင်ကဲ့သို့ပင် ကျင့်ကြံမှု ကန့်သတ်ချက်များကြောင့် အနည်းဆုံး သူတော်စင်တချို့ ရောက်လာကြလိမ့်မည်။ သို့သော် ၁၀နှစ်လောက်သာ ရှိသေးတဲ့ အဲဒီလူငယ်တွေကို မထီမဲ့မြင် မပြုလိုက်လေနှင့် တစ်စုံတစ်ယောက်ကို မတော်တဆ စော်ကားမိသွားရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာလိမ့်မည်။
အဲဒီလို လူက နည်းနည်းပဲ ရှိပြီး ရွှမ်ခုန်းတောင်ကို သွားမယ့် လူ ၁၀,၀၀၀ ထဲမှာတောင် အနည်းငယ်ကိုတောင် တွေ့နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အရမ်း သတိထားရမယ်။ တစ်စုံတစ်ယောက်နဲ့ တွေ့ရင် မြန်မြန်သားပြေး။ မမပြေးနိုင်ရင်တော့ မျက်နှာကို ငုံ့ထားရမယ်။
လူနှစ်ယောက်ရဲ့ တုန်လှုပ် ချောက်ချားစရာ ကောင်းတဲ့ ရှင်းပြချက်များကို နားထောင်ရင်း လုရွှမ်သည် ဤလူနှစ်ယောက်ကို ထုတ်ဖော် ပြသချက်များအတွက် အနည်းငယ် ကျေးဇူးတင်နေသေးသည်။ ဒီစကားလေးကြောင့် သူ့အသက်ကို မရည်ရွယ်ဘဲ အခိုက်အတန့် တစ်ခုမှ ကယ်တင်နိုင်ခဲ့တယ်လေ။
"ငါတို့ပစ္စည်းတွေ အရင်ဝယ်ပြီး အဆင်သင့် ပြင်ထားရမယ်.... ညီလေး မင်းရဲ့ ခွန်အားက အဆိုးဆုံးမို့ သဘာဝအတိုင်း တခြားနေရာတွေမှာ လိုက်လုပ်ပေးရမယ်.... ကောင်းပြီ မင်း ဒီတစ်ခါ ဝယ်တဲ့ပစ္စည်းတွေ အတွက် ပေးချေရမယ် ကန့်ကွက်စရာ မရှိဘူးဟုတ်?"
သူတို့နှစ်ယောက်ကို ကြည့်ရင်း လုရွှမ်စိတ်ထဲ ရယ်စရာတွေ တွေ့လိုက်ရသလို ခံစားခဲ့ရပေမယ့် ပိုက်ဆံက ဘာမှမဟုတ်ပါဘူး။ ဘယ်လောက်ပဲ ပိုက်ဆံနဲ့ ဝယ်လို့ရနေပါစေ လုံခြုံမှုကို ပေးနိုင်ရင် တန်ပါတယ်။
"တခြားအရာတွေ မပြောသေးနဲ့ အရင်ဆုံး ငါတို့မှာ အကာအကွယ်နဲ့ တိုက်ခိုက်ဖို့အတွက် တစ်ခုခု ပြင်ဆင်သွားရမယ်... သေချာတာပေါ့ တချို့ဆေးတွေကလည်း မရှိမဖြစ် လိုအပ်တယ်.... အစ်ကိုစုဖုန်းနဲ့ ငါက ဒီနေရာမှာ နှစ်ရက်သုံးရက်လောက် နေခဲ့ပြီးပြီဆိုတော့ ဒီနေရာနဲ့ ရင်းနှီးတယ်... ညီလေး ငါတို့နောက်က လိုက်ခဲ့"
သူတို့နှစ်ယောက်က လုရွှမ်ကို တင်းကုပ်သေးသေးလေးဆီ ခေါ်သွားခဲ့သည်။ ဆိုင်ခန်းတွေမှာ ဓားရှည်တွေ ရောင်းချနေကာ တချို့ဓားတွေက ကြည့်မကောင်းတာကြောင့် ဝယ်ချင်စရာပင် မရှိချေ။
"ညီလေး ဒီပစ္စည်းတွေကို လျှော့မတွက်နဲ့နော်... မင်းဘာလို့ အရင် မကြည့်ကြည့်တာလဲ"
လုရွှမ်သည် ဓားရှည်တစ်ချောင်းကို သံသယရှိစွာ ကောက်ကိုင်လိုက်သည်။ ပထမခံစားမှုမှာ ရုပ်ဆိုးလွန်းသည်။ ဒုတိယခံစားမှုကတော့ ကြမ်းတမ်းသည်။ တတိယခံစားမှုမှာ ၎င်းသည် အလွန် ပြင်းထန်ကြောင်း ခံစားရပြီး စတုတ္ထခံစားမှုမှာ ထက်မြက်သည်ဟု ဆိုရမည်။
စိတ်ဝိညာဉ် စွမ်းအား ငြိမ်သက်စွာ ပျံ့နှံ့သွားတဲ့အခါ ဓားရှည်သည် စိတ်ဝိညာဉ် စွမ်းအားကို အမှန်တကယ် ခွဲထုတ် ထိန်းချုပ်သွားခဲ့သည်။ လုရွှမ် ထိတ်လန့်သွားပြီး စိတ်ဝိညာဉ် စွမ်းအားကို လျင်မြန်စွာ ပြန်လည် သိမ်းလိုက်ရသည်။
အရပ်ရှည်ရှည် ပိန်ပိန်နဲ့လူက ရယ်မောရင်း
"လုရွှမ် ဒီပစ္စည်းတွေက ရွှမ်ခုန်းတောင်က လာတာ... အပြင်ကအရာတွေနဲ့ မတူဘူး မင်းငါ့ကိုမယုံရင် မင်းရဲ့ သိုလှောင်အိတ်ထဲမှာ လက်နက်တွေ ရှိရမယ်.... အဲဒါတွေကို ထုတ်ယူပြီး စမ်းကြည့်ပါလား"
လုရွှန်သည် သူတို့နှစ်ယောက်၏ ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ်များကို မြင်ဖူးပြီးပြီမို့ ဂရုမစိုက်ဘဲ သူ့သိုလှောင်အိတ်ထဲမှ ဓားရှည်တစ်ချောင်းကို ထုတ်လိုက်သည်။
ရုတ်တရက် ရွှမ်းကနဲ အသံနှင့်အတူ ဓားရှည်သည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကြမ်းပြင်အတွင်းသို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားခဲ့သည်။
"သူတို့က ကောင်းကင်နဲ့ မြေကြီးဆိုင်ရာ ရတနာတွေ ဒါမှမဟုတ် အဆင့်မြင့် သူတော်စင်လက်နက်တွေ မဟုတ်ရင် တခြားပစ္စည်းတွေက ဒီမှာရှိတဲ့ မှော်စည်းမျဉ်းတွေကို လုံးဝ မခံနိုင်ဘူး.... သိုလှောင်အိတ်ထဲက ထွက်သွားတာနဲ့ လေကို ထိတွေ့မိသရွေ့ မြေကြီးထဲကို စုပ်သွားလိမ့်မယ်... အပြင်မှာ အဲဒါတွေက သေချာပေါက် ကောင်းတယ်ဆိုပေမယ့် ဒီနေရာမှာတော့ လုံးဝကို အသုံးမကျဘူး”
ပိန်တဲ့သူက ဝတဲ့လူနဲ့ ယှဉ်ရင် စိတ်ရှည်ပြီး သိသိသာသာ စိတ်သက်သာရာ ရစေ၏။
"ဘာလို့ ဒီလောက် အပိုစကားတွေ ပြောနေတာလဲ? လုရွှမ် သူ့ဘာသာ သတိထားပါ့လိမ့်မယ်... အရင်ဆုံး ဓားကို ဝယ်ရအောင် လမ်းရောက်မှ စကားပြောကြမယ်"
ကြမ်းကြမ်းတမ်းတမ်း လုပ်ထားတဲ့ ဓားရှည်တစ်ချောင်းဟာ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို တကယ် ကုန်ကျခဲ့လေသည်။ ကံကောင်းစွာနဲ့ပဲ နတ်သမီးမြောင်ဝုဟာ သူမရဲ့ သိုလှောင်အိတ်ထဲမှာ အလုံအလောက် ထည့်ထားတာာကြောင့်သာ မဟုတ်ရင် လုရွှမ် လုံးဝ မတတ်နိုင်မှာ ကြောက်ရသည်။
ခဏအကြာတွင် သူတို့သုံးဦးသည် မိုင်းတွင်းလုပ်သားများ၏ အဝတ်နှင့်တူသော အဝတ်အစားများကို ဝတ်ကာ ရှည်လျားသော လမ်း၏ အဆုံးဆီသို့ လျှောက်သွားကြသည်။ လူဝကြီးသည် အလွန်စကား ပြောတတ်ပြီး ဇာတ်လမ်း တစ်ခုလုံးကို ပြောပြနေသည်။
လုရွှမ်လည်း ဂရုတစိုက် နားထောင်နေပြီး ရွှမ်ခုန်းတောင် အကြောင်း တဖြည်းဖြည်း နားလည်လာခဲ့သည်။
အဘိုးအိုရွှမ်ဟွမ်ရဲ့ အမွေလို့ ခေါ်တဲ့ အခွင့်အလမ်းဆိုတဲ့ အရာက ဒီအနီးနားက လူတွေကြားမှာ အတော်လေး ကျော်ကြားပါသည်။ ဒဏ္ဍာရီအရ သူဟာ ပင်မကမ္ဘာထဲကို ဝင်ရောက်လုနီးပါး ဖြစ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အဆုံးမှာ ပြုတ်ကျသွားခဲ့သည်။
သို့သော် သူသည် ၎င်း၏အမွေကို ချန်ထားခဲ့ကာ အမွေဆက်ခံမည့်သူအား စောင့်ဆိုင်းနေခဲ့သည်။ ထိုအမွေ ဆက်ခံသူက သူ၏ တစ်သက်တာဆန္ဒကို ဖြည့်ဆည်းပေးဖို့ ပင်မကမ္ဘာထဲသို့ ဝင်ရောက်ရမှာ ဖြစ်သည်။
ပင်မကမ္ဘာသည် ဤစကြဝဠာ၏ ဗဟိုဖြစ်ပြီး ကမ္ဘာငယ်လေး အားလုံးကို ပင်မကမ္ဘာနှင့်ချိတ်ဆက်ထားသော နေရာငယ်များ အဖြစ် မှတ်ယူနိုင်သည်။ သို့သော်လည်း နိယာမဥပဒေများ ပေါင်းစပ်မှုကြောင့် အဓိကကမ္ဘာကြီးမှ ပိုမိုသွေဖည်သွားသော ကမ္ဘာငယ်လေးများသည် သဘာဝအတိုင်း ခွန်အား၌ နိမ့်ကျလာခဲ့သည်။
တိမ်ပင်လယ် နယ်မြေသည် ပင်မကမ္ဘာနှင့် အဝေးဆုံးနီးပါး ဖြစ်ပြီး နိယာမဥပဒေများပင်လျှင် အတန်ငယ် မပြည့်စုံချေ။ လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာခန့်က တိမ်ပင်လယ်၏ မတည်မငြိမ် ဖြစ်နေပြီ ဖြစ်သည်။
သူနဲ့ ကျိုးရန်ရဲ့ တိုက်ပွဲက နိယာမများကို ချိုးဖျက်ပြီး ကောင်းကင် အပြင်ဘက်တွင် ပျက်စီးနေသော ပြိုကျနေတဲ့ကောင်းကင်ဘုံ ဟူသည့် ကမ္ဘာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ဤလူနှစ်ယောက်၏ ပါးစပ်မှ လုရွှမ်လည်း ထိုတစ်ချက် အတည်ပြုခဲ့သည်။ တကယ်တော့ ပြိုကျနေတဲ့ကောင်းကင်ဘုံ ဆိုတဲ့ ကွဲအက်နေသော ကမ္ဘာကြီးသည် နယ်ပယ်နှစ်ခု၏ မပြည့်စုံသော ပုံစံတစ်ခုပဲ ဖြစ်သည်။ ကွဲအက်နေသော ကမ္ဘာအပြင်ဘက်တွင်မူ အခြားကမ္ဘာ့ ကမ္ဘာများကို တွေ့နိုင်၏။
လုရွှမ်သည် သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ ပြင်ပကမ္ဘာသို့ ပြောင်းလဲသွားသည့် လမ်းကြောင်းသစ်ကြောင့် မတော်တဆ ဤနေရာကို အတိအကျ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ရှည်လျားသော လမ်းသည် ကြည့်လိုက်ပါက ရှည်လျားလှသည်ဟု မထင်ရသော်လည်း သူတို့သုံးယောက်၏ အရှိန်ဖြင့် လမ်းလျှောက်ရန် နေ့တစ်ဝက်ပင် ကြာနေ၏။ မြို့တံခါးမှ ထွက်လာသောအခါ အရှေ့ဘက်တွင် ထူးဆန်းသော တောင်တန်းကြီး တစ်ခုကို တွေ့လိုက်ရသည်။