သူတော်စင် နှလုံးစပျစ်နွယ်ပင်
Vol. 48 Ch. 4.226
လုရွှမ် အဝေးမှ လှမ်းကြည့်လိုက်သည်။ ဤကမ္ဘာကြီးသည် နက်ပြာရောင် အရောင်နှင့် တိတ်ဆိတ်နေသည်။ လေထုသည် စိုစွတ်နေပြီး ဝိညာဉ် စွမ်းအင်များ အပြည့်ရှိသည်။ သူသည် တောက်ကျင့်စဥ် အရိပ်အယောင်ကို လုံးဝ မမြင်ရသော်လည်း တစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
အသက်ရှုသံများကြားတွင် ယွမ်စွမ်းအားများ တဟုန်ထိုး တက်လာကာ သူတော်စင် စွမ်းအားများ ဆူပွက်လာပြီး စိမ်းပြာနဂါး၏ စွမ်းအားများပင် တောက်ပလာသလို ခံစားလာရသည်။
နားမလည်နိုင်စွာ ရပ်ကြည့်နေစဥ် အရောင် သုံးရောင်ရှိသော မိုးကြိုး တိမ်တိုက်များသည် ကောင်းကင်ပေါ်မှ ရုတ်တရက် ထိုးကျလာပြီး လုရွှမ်အား ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။ စုယွင်နှင့် စုဖုန်းတို့သည် တိတ်တဆိတ် ကျိန်ဆဲပြီး မလွတ်မြောက်နိုင်မည်ကို စိုးရိမ်သဖြင့် လျင်မြန်စွာ ထွက်ပြေး သွားခဲ့ကြသည်။
လုရွှမ်လည်း ထိုအရာက ဘေးဥပဒ်တိမ်တိုက် ဖြစ်ကြောင်း သူ့စိတ်ထဲ ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲ တစ်ချိန်လုံး ဖိနှိပ်ထားသော ကျင့်ကြံမှုသည် ဤနေရာတွင် ဖြတ်ကျော်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ပကတိမျက်စိဖြင့် မြင်နိုင်သော ယွမ်ချီမျဉ်းများသည် လုရွှမ် အနီးတစ်ဝိုက်တွင် ရေငွေ့များ အဖြစ်သို့ ပြောင်းလဲသွားလောက်အောင် ထူလုနီးပါး ထူလာပါသည်။ မိုးခြိမ်းသံနှင့်အတူ စွမ်းအင်ငွေ့ငွေ့ အနည်းငယ်သည် လုရွှမ် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
လုရွှမ်သည် ဒီမိုးကြိုးဘေးဒုက္ခက ကျော်လွှားရန် မဟုတ်ဘဲ ဖြည့်စွက်စာ အဖြစ် အသုံးချရန် အကြောင်း ရှင်းရှင်းလင်းလင်း ခံစားရလေသည်။
လုရွှမ်ခန္ဓာကိုယ်သည် စွမ်းအင်များဖြင့် အလွန်လွှမ်းမိုးနေပြီး သူ့စိတ် အခြေအနေသည် သူ၏လက်ရှိ အခြေအနေထက် ကျော်လွန်နေသည်။ သူ့ရဲ့ ကျင့်ကြံမှု နယ်ပယ်ကိုသာ မဖိနှိပ်ထားပါက ပြင်ပလောက၌ သူတော်စင်တစ်ပိုင်း အဆင့် (၇)သို့ ရောက်ရှိ နေပေလိမ့်မည်။
နှိပ်ကွပ်မှု ပိုပြင်းထန်လေ အခြေခံအုတ်မြစ်က ပိုခိုင်မာလေ ဖြစ်သည်။ ကျင့်ကြံမှုအဆင့် အောင်မြင်ပြီး နောက်တွင် သဘာဝကျကျ တည်ငြိမ်လာလေ ဖြစ်သည်။
သုံးရောင်ခြယ် မိုးတိမ်တိုက်သည် ၂၇ကြိမ် ရိုက်ခတ်ပြီးနောက် ပေါက်ကွဲသံနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ စုယွင်နှင့် စုဖုန်းတို့သည် မိုးကြိုးဘေးဒဏ်ကို ခံလိုက်ရမှာ စိုးရိမ်သဖြင့် အလျင်အမြန် ထွက်ပြေးနေကြဆဲ ဖြစ်သည်။
မလှမ်းမကမ်း အရောက်တွင် သူတို့နောက်က ခြိမ်းခြောက်မှုကြီး ပျောက်ကွယ်သွားတာကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ လုရွှမ်က မြေပြင်ပေါ်တွင် ဘေးကင်းစွာ ရပ်နေပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာ တည်ငြိမ်နေပြီး ပေါင်းစည်းရန်ပင် မလိုအပ်တော့ပေ။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း နှစ်ယောက်လုံး အံ့သြသွားသလို မျက်လုံးထဲတွင်လည်း ထိတ်လန့်သွားကြသည်။ လုရွှမ်ရဲ့ ခွန်အားက မရိုးရှင်းချေ။
ယခင်က မိုးကြိုးဘေးဒဏ်ကြောင့် အနည်းငယ် ထိတ်လန့် ခဲ့ကြ၏။ ဤကမ္ဘာငယ်လေးသည် သေးငယ်သော ကမ္ဘာ မဟုတ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု ဖြစ်သည်။ ဒီနေရာ၏ မိုးကြိုးဘေးဒုက္ခ တန်ခိုးသည် ကမ္ဘာငယ်လေးထက် များစွာပို၍ တန်ခိုးကြီးလေသည်။
သူတော်စင်တစ်ပိုင်းများ ကျင့်ကြံမှုအဆင့် ပိုမိုကောင်းမွန် လာသောအခါတွင် မိုးကြိုး အတိဒုက္ခများပင် မရှိကြပေ။ ပါရမီရှင်တစ်ဦး မိုးကြိုးအတိဒုက္ခကို ကျော်လွန် နိုင်တာနဲ့အမျှ သူ၏ ကျင့်ကြံမှုအဆင့်က တိုးတက်လာမည်။
ထိုအတူ ဘေးဥပဒ် သို့မဟုတ် တိမ်တိုက်အတိဒုက္ခ စွမ်းအားသည် အဆက်မပြတ် တိုးလာနေမည်။ အရိုးရှင်းဆုံး ပြသမှုမှာ အတိဒုက္ခတိမ်တိုက်၏ အရောင်ဖြစ်သည်။
တစ်ဖက်လူမှာ သူတော်စင်တစ်ပိုင်း အဆင့်၃ ဖြစ်သော်လည်း မိုးကြိုးအတိဒုက္ခ အရောင်မှာ ၃ရောင် ဖြစ်နေပြီ။ သူတော်စင်တစ်ပိုင်း အဆင့်၉ ဆိုရင် လူပေါင်းထောင်နဲ့ချီ မတွေ့ရသေးတဲ့ မိုးကြိုးကပ်ဆိုးကြီး ၉ရောင်များ ဖြစ်လာလိမ့်မလား။
ကိုးရောင် မိုးကြိုးဒုက္ခရဲ့ သဘောတရားက ဘာလဲ? မိုးကြိုးဘေးဒဏ်က ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးပစ်ပေမယ့် အသက်ဆက်ရှင်နိုင်ခဲ့ရင် ထူးထူးခြားခြား လူတစ်ယောက် ဖြစ်လာပြီး အောင်မြင်မှုက အနည်းဆုံး နတ်ဘုရားတစ်ပါး ဖြစ်လာမှာပင်။
ခဏလောက်ကြာတော့ သူတို့နှစ်ယောက် လုရွှမ်ကို ကြည့်ပြီး စိတ်ခံစားချက်တွေနဲ့ ပြည့်နှက်လာခဲ့သည်။ သူတို့ အမှတ်တမဲ့ တွေ့ခဲ့တဲ့ ကလေးက ဒီလိုအရည်အချင်းတွေ ရှိနေမယ်လို့ ဘယ်သူမှမထင်ခဲ့ကြပါဘူး။
အရပ်ရှည်ရှည် ပိန်ပိန်နဲ့ စုဖုန်းက အနည်းငယ် ရှက်သွားပြီး စုယွင်ကလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် လျှောက်သွားသည်။
"ညီလေး.... မင်း အရမ်းတော်တာပဲ ဒီအစ်ကိုငါက ပါရမီရှင်တွေ အများကြီး တွေ့ဖူးတယ်... ဒါပေမဲ့ မင်းလို ပါရမီရှင်မျိုးကို မြင်ဖူးတာ ဒါပထမဆုံးပဲ လေးစားပါတယ် လေးစားပါတယ်..."
လုရွှမ်လည်း ဤနေရာ၌ ဘေးဥပဒ် တိမ်တိုက်များ ကျဆင်းလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ယခင်ဘဝမှာတော့ သူတော်စင် ဖြစ်လာပြီးမှသာ တိမ်တိုက် အတိဒုက္ခများ ရရှိခဲ့သည်။
"ဘယ်ကသာ ဘယ်ကသာ.... နည်းနည်းလေး ကံကောင်းသွားတာပါ"
လုရွှမ် ပေါ့ပေါ့ပါးပါး ရယ်မောပြီးနောက် သူတို့သုံးယောက်က ခရီးဆက်ခဲ့ကြသည်။ လုရွှမ်သည် သူတို့နှစ်ဦးသည် သူ့အပေါ် ပိုယဉ်ကျေးလာတာကို သတိပြုမိသည်။ ၎င်းတို့နှစ်ဦးသည် ယခင်က ပြဿနာတချို့ကို ဖုံးကွယ်ထားခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့အကြောင်း ပြောဆိုရန် အစပျိုးလာခဲ့သည်။
မတူကွဲပြားသော နေရာများနှင့် ကမ္ဘာများကြောင့် အတွေ့အကြုံများလည်း မတူညီကြချေ။ သူတို့နှစ်ဦးကြားရှိ ပေါ့ပေါ့ပါးပါး စကားလုံးများသည် ညနေခင်း တူရိယာသံများနှင့် နံနက်ခင်း ခေါင်းလောင်းသံလိုပဲ လုရွှမ်နားထဲ ထွက်ပေါ်လာပြီး ယခင်က သူ့အား အချိန်အတော်ကြာ နှောက်ယှက်ခဲ့သည့် အသိပညာနှင့် အမြင်အာရုံဆိုင်ရာ အတားအဆီးများကို ချိုးဖျက်ပစ်လိုက်သည်။
ရုတ်တရက် သူ့ဘဝနဲ့ သူ့စိတ်အခြေနေက နောက်တစ်ဆင့် တိုးတက်လာသလိုတောင် ခံစားလာရသည်။
သူတို့ သုံးယောက်ရဲ့ အရှိန်က အလွန် လျင်မြန်ကြပြီး လမ်းတစ်လျှောက်တွင် လူတွေ တဖြည်းဖြည်း ပိုများလာတာကို တွေ့လိုက်ရသည်။ တစ်ယောက်ပြီး တစ်ယောက် အပြင်းအထန် ပြေးလွှားရင်း ကောင်းကင်မှာ လွင့်နေတဲ့ ရွှမ်ခုန်းတောင်တန်းဆီ ဦးတည်သွားကြသည်။
"သေစမ်း! ဒီလောက် အချိန်ဖြုန်းမိမယ်လို့ မမျှော်လင့်ထားဘူး"
ဖက်တီးစုယွင်က လူတိုင်းရဲ့ လုပ်ရပ်ကို မြင်တော့ ရုတ်တရက် တုံ့ပြန်ပြီး အော်လိုက်သည်။ ထိုအခါ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ စုဖုန်းကလည်း
"ငါတို့ အချိန်ဖြုန်းနေမိတာ မဟုတ်ဘူး.... ဒီလူတွေကိုက အဆင့်ကောင်းကောင်း လိုချင်နေတာပဲကွ"
စုဖုန်း ဒီလိုပြောပြီးတဲ့အခါ စုယွင်ကလည်း တုံ့ပြန်ပြီး ကျယ်လောင်စွာ ကျိန်ဆဲလိုက်ကာ လုရွှမ်ကို မြန်မြန်ပြေးဖို့ ပြောလိုက်သည်။ လုရွှမ် အလွန်ထက်မြက်သည်ဟု သူတို့နှစ်ဦး ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် သူ့နယ်ပယ်က အကန့်အသတ်ရှိပြီး ခွန်အားလည်း မလုံလောက်နိုင်ပေ။
မမျှော်လင့်ဘဲ သူစတင် ပြေးသည်နှင့်အမျှ သူ့အရှိန်မှာ သူတို့နှစ်ဦးထက်ပင် မနိမ့်တာကို တွေ့လိုက်ရသည်။ သူတို့ သုံးယောက်လုံး တလမ်းလုံး ပြေးလွှားလာပြီးနောက် နောက်ဆုံး တောင်အောက်ခြေကို ရောက်လာခဲ့သည်။
ရောက်မှသာ လုရွှမ် နောက်ဆုံး ဒီလူတွေ ဘာဖြစ်လို့ စိတ်ပျက်လက်ပျက် ဖြစ်နေသလို တစ်ယောက်ပြီး တစ်ယောက် အားသွန်ခွန်စိုက် ဖြစ်နေကြလဲ နားလည်သွားသည်။ ရွှမ်ခုန်းတောင်သည် လေထုအလယ်တွင် သဘာဝအတိုင်း ရပ်တန့်နေ၏။ ယခင်ကဆိုလျှင် လူတိုင်း အလိုအလျောက် ပျံသန်းသွားနိုင်သည်။
သို့သော် အခု နိယာမစည်းမျဉ်းတွေ ကန့်သတ်ထားတော့ ပျံသန်းနိုင်စွမ်း မရှိလေရာ ချောက်ကမ်းပါးကပဲ တက်လို့ ရတော့သည်။
ရွှမ်ခုန်းတောင်ပေါ်ကနေ တွဲလောင်းကျနေတဲ့ စပျစ်နွယ်ပင်တွေ အများကြီး ရှိသည်။ ဒါတွေက သူတော်စင် နှလုံး စပျစ်နွယ်ပင်တွေဆိုတာ တွေ့လိုက်ရတော့ အံ့ဩသွားလေသည်။ ယခုမူ ၎င်းတို့ အားလုံးသည် ကျောက်ဆောင်များပေါ်မှ ခပ်ကျဲကျဲ တွဲလျောင်းကျနေရာ လူတွေတက်ဖို့ ကိရိယာများ ဖြစ်လာသည်။
စပျစ်နွယ်ပင်များ အများအပြားရှိပြီး ၎င်းတို့တွင် လျှပ်စီးကြောင်း ရှိနေသော်လည်း အထူအပါး ခွဲခြားထားကာ လျှပ်စီးကြောင်းကလည်း လုံးဝကွဲပြားသည်။
ထူထပ်သော စပျစ်နွယ်ပေါ်တွင် မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများကို မြင်လိုက်ရသလို အားပြင်းလှသော ဖိအားက သူ့နှလုံးသားကို တုန်လှုပ်လုနီးပါး ဖြစ်သွားစေကြောင်း လုရွှမ် သဘာဝကျကျ နားလည်လိုက်သည်။
ရွှမ်ခုန်းတောင်ကို တက်ချင်ရင် စပျစ်နွယ်ပင်တွေပေါ်က တက်ရမှာ ဖြစ်ပေမယ့် ပါးလွှာတဲ့နွယ်ပင်တွေ ပေါက်လာရင် ထူထဲတဲ့ စပျစ်နွယ်ပင်တွေက သေသွားလေသည်။
"ဒီရက်ပိုင်းအတွင်း ဒီစပျစ်နွယ်ပင်တွေ ပိုကြီးလာမယ်လို့ မမျှော်လင့်ထားဘူး.... ဟေး ဒီနေရာက ပိုပိုပြီး ပြောင်းလဲလာပုံရတယ်.... ဒီတစ်ခေါက် ရှင်သန်နိုင်မလား ဆိုတာ မေးစရာ ဖြစ်လာပြီ"
အရပ်ရှည်ပြီး ပိန်လှီသော စုဖုန်းသည် လျင်မြန်သော မျက်လုံးများနှင့် လက်များ ဖြင့် အော်ဟစ်လိုက်ပြီး သူ့လှုပ်ရှားမှုများ မနှေးကွေးချေ။ အလယ်အလတ် အရွယ်အစား ရှိသော စပျစ်နွယ်ပင်ကို တွေ့ရှိပြီး လျင်မြန်စွာ တက်လိုက်သည်။
"ညီအစ်ကိုတို့ အခု လူတိုင်းက ကိုယ့်အခွင့်အရေးကို မြင်ဖို့အချိန်ရောက်ပြီ... ကြိုးစားထား!"
စုယွင်ကလည်း စပျစ်နွယ်ပင်တစ်ပင်ကို အမြန်ဆွဲယူပြီး အပေါ်ကို တက်သွားသည်။
လုရွှမ်လည်း လျစ်လျူမရှုဝံ့ဘဲ အနည်းငယ်ပါးလွှာသော စပျစ်နွယ်ပင် တစ်ပင်ကို ဖမ်းယူခါနီးတွင် ရွှေကျီးကန်း၏ အသံသည် သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"ဟေး.... ဒီနေရာက မှော်ဆန်တယ်ဟ ခဏစောင့်.... ဒီစပျစ်ပင်က အခွင့်အလမ်းလည်း ဖြစ်နိုင်တယ်"
ဒါကလည်း အခွင့်အလမ်း တစ်ခုပဲလား?
ရွှေကျီးကန်းက သူ့ကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူးလို့ သူ မယုံကြည်ထားရင် ရွှေကျီးကန်းမှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတယ် ဆိုတာ သေချာပေါက် တွေးမိလိမ့်မည်။
ဒီနေရာမှာ လူတွေက ပိုပိုပြီး များလာပြီ။ နွယ်ပင် အရေအတွက် အတွက် ကျင့်ကြံသူများသည် အတိုက်အခံများကို တိုက်ခိုက်ရန် မဟာမိတ်ဂိုဏ်းများ ဖွဲ့လာတာကို တွေ့လိုက်ရသဖြင့် လုရွှမ်လည်း စိုးရိမ်တစ်ဖက်နှင့် စိတ်ရှည်စွာ စောင့်လိုက်သည်။
"ဒါတွေက မြေကြီးနှလုံး သူတော်စင် စပျစ်နွယ်ပင်တွေပဲ... ဒီသခင် ရွှေကျီးကန်း မပြောဘူးလို့ မပြောနဲ့နော်...သူတို့အပေါ်က မိုးကြိုးပစ်ချက် လျှပ်စီးကြောင်းတွေကို တွေ့တယ်ဟုတ်??"
လုရွှမ် သူတိုးတက်ရမယ့် နယ်ပယ် အခြေအနေတွင် ပိတ်မိနေပြီ ဖြစ်သည်။ ယခုအချိန်တွင် ရုတ်တရက် ရွှေကျီးကန်းက သတိပေးလိုက်တော့မှ သူ သတိရလာခဲ့သည်။
ကမ္ဘာ၏အူတိုင် သူတော်စင် နှလုံးစပျစ်နွယ်ပင်တွင် သူတော်စင် သစ်သား ဂုဏ်သတ္တိများရှိပြီး လျှပ်စီးလက်နေတဲ့ အခြားဒြပ်စင်များနှင့် မရောနှောနေတာ သေချာလေသည်။
ကောင်းကင်နှင့် မြေကြီး ရှားပါးစွမ်းအင်သည် အခြားအရာများနှင့် ရောနှောနေပြီး ပြင်းထန်စွာ ကြီးထွား နေနိုင်သောကြောင့် ၎င်းအတွင်းတွင် အခွင့်အလမ်းများ ရှိနေသည်မှာ ထင်ရှားလေသည်။
ဒီအခွင့်အလမ်းက ခွန်အားပေါ်မှာလည်း မူတည်နေ၏။ ခွန်အားတွေ မရှိဘဲ ထိုစွမ်းအင်နဲ့ ရောနှောချင်တယ် ဆိုရင်တော့ သေလမ်း ရှာနေသလိုသာ ဖြစ်နေလိမ့်မည်။