← Chapters

ပဋိပက္ခ

Vol. 48 Ch. 4.227

ပဋိပက္ခ

Vol. 48 Ch. 4.227

"မင်းစောစောကတင် အတိဒုက္ခကို ကျော်လွှားနိုင်ခဲ့တာ မဟုတ်ဘူးလား? မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ပေါင်းစည်းထားတဲ့ မိုးခြိမ်းသံ စွမ်းရည်ကို လုံး၀ မစုပ်ယူနိုင်သေးဘူး.... အခု ဒီမြေနှလုံးစပျစ်နွယ်ပင်တွေက လျှပ်စီးကြောင်းတွေနဲ့ ရောထွေးနေတယ်... တခြားသူတွေ အတွက်တော့ ဘေးဥပဒ်ဖြစ်နိုင်ပေမယ့် မင်းအတွက် အခုက အခွင့်အရေး မဟုတ်ဘူးလား?"

လုရွှမ် နှလုံးတစ်ချက် ခုန်သွားသည်။ ရွှေကျီးကန်း ပြောတာ မှန်​လေသည်။ အစောက တိမ်တိုက်ရောင်စုံ အတိဒုက္ခကို ဖြတ်ကျော်ခဲ့စဉ်တုန်းက သူခန္ဓာကိုယ်ထဲကို လျှို့ဝှက်ဆန်းကြယ်စွာ ပေါင်းစပ်လာတဲ့ အရာက မှော်ဆန်လွန်းသည်။

ထိုအရာကို မိုးကြိုးအတိဒုက္ခရဲ့ စွမ်းအင်အရည်လို့ ခေါ်ပြီး လုရွှမ်သည် အတွင်းပိုင်းမှ ကြွယ်ဝသော တက်ကြွမှုနှင့် အဆုံးမရှိ စွမ်းအင် အလားအလာကို ခံစား​နေရသည်။

မိုးကြိုးအတိဒုက္ခကို တွန်းလှန်ခြင်းသည် စွမ်းအင်များစွာကို လုံးဝ မသုံးစွဲဘဲ ခန္ဓာကိုယ် ခွန်အားဖြင့် တွန်းလှန်ရန် ဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် မိုးကြိုးဘေးဒဏ် စွမ်းအင်အရည် အများအပြား ကျန်ရှိနေဆဲ ဖြစ်သည်။

၎င်းတို့ကို လုံးဝ စုပ်ယူလိုက်သည်နှင့် ကျင့်​ကြံမှုအဆင့်သည် အနည်းဆုံး တစ်ဆင့် တက်လှမ်းနိုင်မည်ဟု လုရွှမ် ခန့်မှန်းမိထားသည်။

"ကောင်းပြီ ဒါဆို ငါစမ်းကြည့်မယ်.... အခု ဒီလိုအခွင့်အရေးမျိုး ကြုံလာရမှတော့ ရှောင်လွှဲစရာ အကြောင်း မရှိဘူး"

"မှန်တယ်.... ဘာပဲဖြစ်ဖြစ် မင်းက ခေါင်းမာပြီး အရေထူတယ်... မင်းဆီ အကြိမ် နည်းနည်းလောက် လျှပ်စီးကြောင်းတွေ ကျရောက်လာရင်တောင် အန္တရာယ်မရှိလောက်ဘူး"

ရွှေကျီးကန်းက အနည်းငယ် မသေချာပုံဖြင့် ဂုဏ်ယူစွာ အော်ပြောကာ

"ရှိနေရင်တောင်မှ ဒီသခင်ရွှေကျီးကန်း မင်းအသက်ကို ကယ်နိုင်ပါတယ်.... အနည်းဆုံး ၅၀% ၃၀%လောက်..."

လုရွှမ် မျက်လုံးသာ လှန်ပြလိုက်တော့သည်။ ဒီရွှေကျီးကန်းကို တကယ် ယုံကြည်မိရင်တော့ သူအရင်တည်းက အကြိမ်ပေါင်းများစွာ သေသွားပြီးလောက်ပြီ။ ဒါပေမဲ့ ရွှေကျီးကန်းက ဒါကိုပြောလာတော့ လုရွှမ် စမ်းကြည့်ဖို့ စိတ်အားထက်သန်လာခဲ့သည်။

သူ့ရှေ့က သူတော်စင် နှလုံးစပျစ်နွယ်ပင်ရဲ့ နွယ်ကို လွှတ်လိုက်ပြီး ထွက်သွားကာ ပေါင်တစ်လုံးစာ အထူရှိတဲ့ တခြားနွယ်ပင်တွေဆီ လျှောက်သွားလေသည်။

"ဟမ့် ကောင်လေး....မင်းက နားလည်တတ်သားပဲ..."

အေးစက်သော နှာရှုတ်သံက လုရွှမ်နားထဲကို ပျံ့နှံ့လာခဲ့သည်။

ထိုမှသာလျှင် လုရွှမ် သူ့အရင်က ကိုင်ထားခဲ့သော စပျစ်နွယ်ပင်ကို အေးစက်သော ကျင့်ကြံသူတစ်ယောက် သိမ်းပိုက်ထားတာကို သတိပြုမိခဲ့သည်။ စပျစ်နွယ်ပင်ကို အောင်ပွဲခံသလို ကိုင်လျက် လုရွှမ်ကို သရုပ်ပြသည့်ပုံစံဖြင့် စိုက်ကြည့်နေ​လေသည်။

လုရွှမ် အဲဒီလူကိုကြည့်ဖို့ လှည့်လိုက်တော့ သူက

"ဘာလဲ? မကျေနပ်တာလား? သူတော်စင်တစ်ပိုင်း အဆင့်၄လောက်နဲ့ ဒီကိုလာပြီး သေလမ်း ရှာနေတာလား?"

ထိုမှသာ လုရွှမ် ယခင်က တစ်စုံတစ်ဦး စကားပြောနေသည့် စကားသံများကို ကြားခဲ့သော်လည်း ရှင်းရှင်းလင်းလင်း မကြားရကြောင်း သဘောပေါက်သွားခဲ့သည်။ ၎င်းမှာ ဆူညံသံဟု ထင်ရသော်လည်း ထိုလူ၏ လေသံဖြစ်မယ်လို့ ထင်နေပေမယ့် ဒီလူရဲ့အသံ ဖြစ်နေမယ်လို့ သူ မမျှော်လင့်ခဲ့ပေ။

စပျစ်နွယ်ပင်ကို တစ်ဖန် ပြန်ကြည့်ရင်း လုရွှမ် ပို၍ သတိထားလာခဲ့သည်။ သူတော်စင် နှလုံးစပျစ်နွယ်ပင်ကို ကောင်းကင်နှင့် မြေကြီး၏ ဘဏ္ဍာအဖြစ် ချီးမွမ်းခံထိုက်တာ မထူးဆန်းလှချေ။ ၎င်းသည် အစောက သူ့အာရုံများကို သေချာပေါက် ထိခိုက်စေခဲ့သည်။

"အမှိုက်ကောင်... ဒီကမြန်မြန် ထွက်သွားစမ်းပါ.... သခင်လေး စောင့်နေတယ်ကွ..."

လုရွှမ် သူလက်ကို နောက်ပြန် ရိုက်ချလိုက်သည်။ တစ်ဖက်လူက သူတော်စင်နယ်ပယ် အစောပိုင်းကာလ ဖြစ်ကာ သူ့မျက်လုံးတွေကို ကြည့်လိုက်ရုံနဲ့ ယင်စွမ်းအင် အရိပ်အယောင်တွေ ရှိနေတာကို တွေ့လိုက်ရသည်။

သူ့မှာ စစ်မှန်တဲ့ အရည်အချင်းတွေ ကင်းမဲ့နေတယ်လို့ တွေးကြည့်လို့ ရပါသည်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ယင်စွမ်းအင် အားနည်းနေရာ စုံတွဲကျင့်ကြံသူ ကျင့်ကြံနည်းကို လိုက်စားခဲ့တာ ထင်ရှားလေသည်။

မသန့်ရှင်းသော ကျင့်ကြံမှု၊ မှားယွင်းသော ယင်းယန်နှင့် အရည်အချင်း မပြည့်မီမှုကြောင့် ထိုလူသည် မိသားစုကြီး တစ်ခုမှာ အလိုလိုက် ခံထားရသော သခင်လေး ဖြစ်နိုင်သည်။ သ

ဒါပေမဲ့ ဘာဖြစ်လဲ?

ထိုလူ၏ ခန္ဓာကိုယ်သည် လှည့်ပတ်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားကာ လုရွှမ်ကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ အနီးနားရှိ လူများလည်း အံ့အားသင့်စွာ ကြည့်နေကြသည်။ ယခင်က ပြဇာတ်ကို ကြည့်လိုက်ကြသူ အားလုံးက ရယ်မောနေကြသည်။

လုရွှမ် သင်ခန်းစာတစ်ခု ရသွားရန် စောင့်ဆိုင်းနေချိန်၌ တစ်ဖက်လူငယ်သည် လွှမ်းမိုးနိုင်လိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ချေ။ သူက အရိုက်ခံရမယ့်အစား သူ့ထက်အဆပေါင်းများစွာ မြင့်မားသော သူတော်စင်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ပိုလို့တောင် တုန်လှုပ် သွား​စေတာက ထိုသူတော်စင်ဟာ အရိုက်ခံရပြီး တကယ် လဲကျသွားခဲ့တာပင်။ လူတော်တော်များများက ပြတ်ပြတ်သားသားကို အူလှိုက်သဲလှိုက် ရယ်မော​နေကြ​တော့သည်။

"မင်း……"

လုရွှမ် ခြေထောက်ကို မြှောက်လိုက်ပြီး ထိုလူအား လျင်မြန်စွာ ကန်ထုတ်ပစ်လိုက်ရာ ပါးစပ်ဟနေချိန်နဲ့ တည့်တည့် တိုးသွားတာကြောင့် သူ့သွားများကို ကန်မိပြီး ပြင်းထန်စွာ ခံလိုက်ရလေ၏။

လုရွှမ်ဟာ ခဏလောက် စဉ်းစား​နေခဲ့ပေမယ့် ဒီပြဿနာကို အပြီးတိုင် မဖြေရှင်းနိုင်သေးပါဘူး။ ဒီလူယုတ်မာ တစ်ယောက်အတွက် အချိန်ဖြုန်းဖို့ မထိုက်တန်ဘူးလေ။ လုရွှမ် လှည့်ကြည့်ကာ သူအရင်က မျက်စိကျနေခဲ့တဲ့ ထူထဲသော စပျစ်နွယ်ပင်ဆီသို့ လျှောက်သွားသည်။

လုရွှမ် နွယ်ပင်ကို လှမ်းဖမ်းလိုက်စဥ်

"အစ်ကို... ခဏစောင့်"

လက်ဖဝါး တစ်ဖက်က လုရွှမ် လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာသည်။

လုရွှမ် မျက်မှောင်ကြုတ်သွားသည်။ သူအစောတုန်းက အဲဒီလူကို မသတ်ခဲ့လို့ နောက်ထပ် တစ်ယောက်က သူ့ကို အနိုင်ကျင့်ချင် နေသေးတာလား?

သို့သော် တစ်ဖက်လူ သူ့လက်ဖဝါးကို ကိုင်လိုက်ပြီးနောက် လုရွှမ်သည် ဤဧည့်သည်၏ လက်ကောက်ဝတ်တွင် စွမ်းအားမရှိမှန်း သိလိုက်သည်။

"ဟားဟား ဒီကအစ်ကို.... ကျွန်တော်က ဘာမှ ဒုက္ခမပေးပါဘူး.... ခင်ဗျားကို သတိပေးချင်တာပါ..... သူတော်စင် နှလုံးစပျစ်နွယ်ပင်တွေကို ဖြတ်ပြီး ရွှမ်ခုန်းတောင်ကို တက်ရတဲ့ ဆုလာဘ်က မနည်းပေမယ့် အန္တရာယ်လည်း ရှိတယ်.... နှစ်တွေ ကြာလာတာနဲ့အမျှ စပျစ်နွယ်ပင်တွေပေါ်က မိုးချုန်းသံတွေရဲ့ စွမ်းအားတွေ ပိုအားကောင်းလာပြီ.... အရှိန်ပြင်းပြင်းနဲ့ တက်သွားတာက သေလမ်းကို ဦးတည်သွားနိုင်တယ်”

စကား ပြောလာသော လူသည် ကြင်နာတတ်သော မျက်နှာထားရှိပြီး ရိုးသားသော အသွင်အပြင် ရှိသော်လည်း သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း မမြင့်ဘဲ သူတော်စင်တစ်ပိုင်း အဆင့်၉ပဲ ရှိ​လေသည်။

"ကျွန်တော်က ထောင်းမြဲ့ကမ္ဘာက ကျန်းရန်ပါ"

ထိုလူက မိတ်ဆက်​လေသည်။

ဆုလား?

လုရွှမ် နားလည်သွားသည်။ ဒီသူတော်စင် နှလုံးစပျစ်နွယ်ပင်များ ပေါ်တွင် မိုးခြိမ်းသံများ ပြန့်ကျဲနေသည်မှာ အံ့ဩစရာ မဟုတ်​တော့ပေ။ ၎င်းသည် စမ်းသပ်မှုတစ်ခု ဖြစ်​ပေသည်။ ၎င်းသည် အဘိုးကြီးရွှမ်ဟွမ် ဟုခေါ်သော လူကြီး၏ ကန့်သတ်ချက် တစ်ခုလည်း ဖြစ်နိုင်သည်။

"ခင်ဗျားရဲ့ ကြင်နာမှုအတွက် အစ်ကိုကျန်းရန်ကို ကျေးဇူးတင်ပါတယ်.... တိမ်ပင်လယ်နယ်မြေက လုရွှမ်ပါ... ဒီကိုရောက်လာပြီ ဆိုမှတော့ ကျုပ် စမ်းကြည့်ချင်သေးတယ်"

ကျန်းရန်က နားလည် သဘောပေါက်စွာ ပြုံးပြီး

"ဒါဆိုလည်း အစ်ကိုလုရွှမ် အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်"

ပြောပြီးတာနဲ့ တောင်တက်ဖို့ အလျင်စလို မလုပ်ဘဲ သူဘာလုပ်မလဲဆိုတာ သိသာထင်ရှားစွာ စောင့်မျှော်နေတော့သည်။

လုရွှမ်သည် စပျစ်နွယ်ပင်ပေါ် လက်ဖဝါးကို ဖိလိုက်တာနဲ့ သူ့ခန္ဓာကိုယ် တုန်ရီလာပြီး စိတ်တွေလည်း တုန်ယင်လာခဲ့သည်။ ဘာဖြစ်နေမှန်း မသိသော်လည်း ကျန်လက်တစ်ဖက်ကိုလည်း စပျစ်နွယ်ပင်ပေါ် ဖိထားလိုက်သည်။ ထိုအခါ ခန္ဓာကိုယ်တစ်ဝိုက်တွင် အလင်းရောင် ဖျော့ဖျော့လေး ပေါ်လာကာ သူ့အား တခြားသူများနှင့် သီးခြား ခွဲထားသလို ဖြစ်သွားသည်။

လုရွှမ် သူ့လက်ဖဝါးများကို ရွှေ့ကြည့်သော် သေချာစွာပင် သူ၏လက်များကို နွယ်ပင်က စုပ်ယူထားသည့် တွန်းအားတစ်ခု ရှိနေသကဲ့သို့ ခံစားရလေရာ သူလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

"ကြည့်စမ်း.... အဲဒီ အငယ်လေးက အထူဆုံး စပျစ်နွယ်ပင်ကို ထိလိုက်တာပဲ!"

လုရွှမ်ရဲ့ လုပ်ရပ်က တခြားသူတွေရဲ့ အာရုံကို ချက်ချင်း ဆွဲဆောင်သွားတော့သည်။

သူတော်စင် နှလုံးစပျစ်နွယ်ပင်၏ အနွယ်များသည် တောင်တက်ရန် မလွယ်ကူပေ။ မဟုတ်ပါက ဤနေရာတွင် စောင့်ဆိုင်းမနေဘဲ အစောကတည်းက လှုပ်ရှားပြီးလောက်ပြီ ဖြစ်သည်။ ပြင်ဆင်ထားတဲ့ အထူး မှော်လက်နက်များ မရှိပါက၊ခုခံရန် ကိုယ်ပိုင် စွမ်းရည်ကိုသာ အားကိုးရပေမည်။

သူတို့အားလုံးဟာ ထူးထူးခြားခြား ကျင့်ကြံမှု အဆင့်ရှိတဲ့ လူတွေပဲ ဖြစ်ကာ အကြောင်းအရာကို သေချာ မသိခင်မှာတောင် အပြင်းအထန် တိုက်ဝံ့သူတွေပဲ ဖြစ်လေ၏။

ဤအခိုက်အတန့်တွင် စတုတ္ထအဆင့် သူတော်စင်တစ်ပိုင်းမှ လုရွှမ်သည် အထူဆုံး စပျစ်နွယ်ပင်ကို တက်ဝံ့တာအား မြင်လိုက်ရသဖြင့် ငြူစူခြင်း အပြည့်ဖြင့် တုန်လှုပ်သွားလေသည်။

အကယ်၍ ထိုလူသည် ထိုစပျစ်နွယ်ပင်ကို အမှန်တကယ် တက်နိုင်ပြီး ရုပ်ခန္ဓာသည် လျှပ်စီးကြောင်းများဖြင့် ချုပ်နှောင်ထားပြီး ခွန်အားကို မြှင့်တင်နိုင်ခဲ့ပါက နောက်ဆုံး ဆုလာဘ်သည် လူတို့အား မနာလိုစေ နိုင်လောက်အောင် ကြွယ်ဝလာမှာ ဖြစ်သည်။

ပိုစိတ်လှုပ်ရှားစရာ ကောင်းတာသော ဆုကြေးမှာ အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေကို အမွေဆက်ခံဖို့ လိုအပ်တဲ့ သော့တစ်ချောင်း ပါ၀င်လေ၏။

အဘိုးကြီးရွှမ်ဟွမ်သည် စုစုပေါင်းသော့ ၁၂ ချောင်းကို ချန်ထားခဲ့၍ သော့ ဆယ့်နှစ်ခုလုံးကို စုဆောင်းနိုင်မှသာ နောက်ဆုံးတွင် သူ့ရဲ့ လျှို့ဝှက်နယ်မြေကို ဖွင့်ပြီး အမွေကို ရယူနိုင်လိမ့်မည်။ လျှို့ဝှက်သော့ တစ်ခုစီသည် သေးငယ်သော အမွေတစ်ခုနှင့်လည်း သက်ဆိုင်သလို အန္တရာယ်ကလည်း ကြီးမား​လေသည်။

နှစ်ပေါင်း ငါးရာကျော် ကြာခဲ့ပြီ။

သော့များစွာ သိမ်းယူသွားတာ ခံခဲ့ရ​ပြီးသော်လည်း ဤသော့သည် အမြဲတမ်း ဤနေရာတွင် ကျန်ရစ်​နေခဲ့သည်။

"ဟမ့်...သူတော်စင်တစ်ပိုင်းလေးက ဆုလာဘ်ကို ယူဖို့ ထိုက်တန်လို့လား?"

All Chapters