မိုးကြိုးရဲ့ စွမ်းအား
Vol. 48 Ch. 4.228
စကားပြောဆို လာသူမှာ ယခင်က အေးစက်စက်ဖြင့် လုရွှမ်ဆီက အရိုက်ခံလိုက်ရသော သခင်လေးပဲ ဖြစ်ပြီး သူ့မျက်နှာတွင် လှောင်ပြောင် ရှုတ်ချမှု အရိပ်အယောင်တို့က ပြည့်နေသည်။ ကြီးကြီးမားမား လက်စားချေလိုစိတ်ဖြင့် ပြောနေသယောင်ပင်။
ကိုယ့်အစွမ်းအစကို မသိဘဲ သေလမ်းရှာချင်နေတဲ့ လူပဲ!
လူတချို့က စောင့်ကြည့်နေပြီး တချို့ကတော့ အာရုံမစိုက်ဘဲ တခြားနွယ်ပင်များကို ရွေးချယ်ကာ တောင်တက်ကြသည်။
လုရွှမ်၏ စိတ်သည် သူတော်စင် စပျစ်နွယ်ပင်ပေါ်တွင် လုံးလုံးလျားလျား အာရုံ စူးစိုက်ထားပြီး စိတ်ဝိညာဉ်ပင်လျှင် ကြွယ်ဝသော သစ်သားဒြပ်စင်၏ ရောင်ဝါကို ခံစားနိုင်သည်။ ကြွယ်ဝသော ယွမ်ချီက ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသည်။ ၎င်းသည် နှလုံးစပျစ်ပင်ပေါ် တက်ခြင်း၏ နောက်ထပ် အကျိုးကျေးဇူး တစ်ခုဖြစ်သည်။
လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လုရွှမ် ညာလက်ဖြင့် စပျစ်နွယ်ပင်ကို ကိုင်ထားရာ သူ၏ ဘယ်လက်ဖြင့် တွယ်တက်လိုက်စဥ် လျှပ်စီးကြောင်းက ထိုလက်ကို လျင်မြန်စွာ ထိမှန်သွားသည်။ တစ်ချက် ထိလိုက်ရုံနဲ့ လုရွှမ်ရဲ့ ဘယ်ဘက်လက်မက ကျိုးသွားလေသည်။
လုရွှမ် ထိတ်လန့်သွားပြီး သူ့အနောက်ကနေ ချွေးတွေ ထွက်ကျလာခဲ့သည်။
လုရွှမ် သူ့ကိုယ်ခန္ဓာအတွက် အလွန် ယုံကြည်မှုရှိထားသည်။ သူတော်စင်တစ်ပိုင်း စတုတ္ထအဆင့်တွင်သာ ရှိသေးသော်လည်း ရုပ်ပိုင်းဆိုင်ရာ သန်မာသော သူသည် သာမန် သူတော်စင်နယ်ပယ့များထက် ပျော့ညံ့သူ မဟုတ်ကြောင်း ယုံကြည်ခဲ့သည်။
အထူးသဖြင့် ယနေ့တွင် စိမ်းပြာနဂါးရဲ့ နှလုံးဟာလည်း တစ်နေ့ထက်တစ်နေ့ အာဟာရ ဖြည့်တင်းပေးနေသလို သူ့နောက်ကျောက နဂါးအရိုးရဲ့ ပြောင်းလဲမှုကြောင့်လည်း သူ၏ခန္ဓာကိုယ်သည် အလွန်သန်မာလှသဖြင့် ကျော်လွန်ခဲ့သော တိမ်တိုက်မိုးကြိုး အတိဒုက္ခသည်ပင် သူ့ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ပေ။
သို့သော် ထိုပိုးချည်မျှင်များလို မထင်ရှားသော လျှပ်စီးကြောင်းများသည် သူ့လက်၏ အရိုးများကို တစ်ရှိန်ထိုး ကွဲထွက်သွားစေခဲ့သည်။
သူတော်စင် နှလုံးစပျစ်နွယ်ပင်မှ ကြွယ်ဝသော ယွမ်ချီများ ထွက်ပေါ်လာပြီး သူ့လက်အရိုးများပေါ် စိမ့်ဝင်လာကာ တခဏချင်းပင် ပျောက်ကွယ်သွား၏။ လက်အရိုးများ ဆက်သွားကာ အရေပြားမှ အနက်ရောင်နှင့် စေးကပ်သော ကြွေလွှာများ စိမ့်ထွက်လာသည်။ မိုးကြိုးနှင့် လျှပ်စီးတို့သည် ချက်ချင်းပင် ပြာများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။
လုရွှမ် ဝမ်းသာသလို ကျေလည်း ကျေနပ်သွားသည်။ ဒါက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေဆက်ခံမှု စမ်းသပ်ချက်ပဲ။ ဤလျှပ်စီးကြောင်းများ၏ ရည်ရွယ်ချက်မှာ လူကို ထိခိုက်စေရန် မဟုတ်ဘဲ တောင်တက်သမား၏ ခွန်အားကို မြှင့်တင်ရန် ဖြစ်သည်။
ကျောက်စိမ်းကို မပွတ်တိုက်လျှင် ကိရိယာတစ်ခု ဖြစ်လာနိုင်မှာ မဟုတ်သလို မပွတ်မိပါက ပင်ကိုယ်စွမ်းရည်လည်း ထွက်လာမည် မဟုတ်ပေ။ အဘိုးကြီးရွှမ်ဟွမ်ရဲ့ နည်းလမ်းတွေက တကယ့်ကို ကြမ်းတမ်း ခက်ထန်ပေမယ့် သူ့ဆုလာဘ်တွေက ရက်ရောလွန်းလေသည်။
ဒီလောကဟာ အိမ်မှာ ကစားနေရတဲ့ နေရာမဟုတ်ဘဲ ကျင့်ကြံခြင်း လောကပဲ ဖြစ်သည်။ ရှေ့ကို ပြေးနိုင်သူများ အသက်ရှင်ပြီး နောက်ဆုတ်သွားသူများက သေကြရလိမ့်မည်။
သူ့ဘယ်ဘက် လက်ဖဝါးရဲ့ စွမ်းအားကို ခံစားလိုက်ရတော့ လုရွှမ် သူ့လက်ဖဝါးကို ပြင်းပြင်းထန်ထန် ဖိထားပြီး အပေါ်ကို ခုန်တက်သွားလိုက်သည်။
အက်ကွဲသံ တစ်ခုနှင့်အတူ နောက်ထပ် လျှပ်စီးကြောင်းတစ်ခုက ထွက်ပေါ်လာပြီး အခြားလက်ဖဝါးကို ထိမှန်သွားသည်။ ထိုးနှက်လိုက်တာနဲ့ ချက်ချင်း ပေါက်ကွဲကာ သွေးများ ဖြာထွက်သွားပြီး လက်မောင်းတစ်ခုလုံး ထုံကျင်သွားလေသည်။
လုရွှမ် ခန္ဓာကိုယ်သည် မထိန်းနိုင်တော့ဘဲ အောက်သို့ ပြုတ်ကျလာခဲ့သည်။ ဒါကို သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။ စပျစ်နွယ်ပင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရန် လက်ဖဝါးကို အသုံးပြုလျက် ပြုတ်ကျလာခဲ့သည်။
ဝူး!
လုရွှမ်၏ ယခုအချိန်တွင် အနေအထားသည် လက်တစ်ဖက်တည်းဖြင့် တက်နေရခြင်း ဖြစ်တာကို တွေ့ရှိလိုက်ရသဖြင့် သူ့စိတ်ထဲ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။
ဒါက အဘိုးကြီးရွှမ်ဟွမ် ချမှတ်ထားတဲ့ ကန့်သတ် ချုပ်ချယ်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။ အချောင်သမား မဖြစ်စေနဲ့။ မိုးကြိုးပစ်ချက်ကလည်း ဒီလို အကြောင်းပြချက်ပဲ။
လက်မောင်းသည် ချက်ချင်း မပျောက်သေးဘဲ အတွင်းမှ မီးခိုးရောင် အငွေ့များ ထွက်နေကာ အသားကို ဆက်လက် ပေါက်ကွဲနေစေသည်။ နာကျင်မှုက ဝိညာဉ်ကို ခွဲထုတ်လိုက်သလို ဖြစ်တာကြောင့် လုရွှမ်ပင် အသက်ရှုမဝ ဖြစ်လာသည်။
စပျစ်နွယ်ပင်များသည် ရှည်လျားပြီး တိမ်တိုက်ထဲသို့ ရောက်ရှိသွားကြသည်။ လုရွှမ် အရှိန်မတက်သေးဘဲ စိမ်းပြာနဂါး၏ နှလုံးက ဖောင်းပွလာပြီး စိမ်းပြာနဂါး စွမ်းအားများ လွင့်ပျံလာသည်။ လက်မောင်းသည် လျင်မြန်စွာ ပျောက်ကင်းသွားပြီး အတွင်းမှ လျှပ်စီးကြောင်းသည် တိတ်တဆိတ်ဖြင့် ကြွက်သားများ အတွင်းသို့ ရောနှောသွားသည်။
နောက်ဆုံးမှာ လုရွှမ်ရဲ့ စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီး ထိုဒုက္ခကို ကျော်လွှားနိုင်ခဲ့သော တိမ်တိုက်မိုးကြိုး၏ စွမ်းအင် အရည်များက အမှန်တကယ်ပင် မှော်ဆန်ကြောင်း သိသွားခဲ့သည်။
မဆိုင်းမတွဘဲ လုရွှမ်သည် သူ၏လက်များကို ပြင်းထန်စွာ အသုံးပြုကာ အချင်းချင်း ရောယှက်ကာ မည်သည့် အခွင့်အရေးကိုမျှ မယူဝံ့ဘဲ လျင်မြန်စွာ တက်လာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း လျှပ်စီးကြောင်းမှ ထွက်ပေါ်လာသော စွမ်းအားသည် ယခင်ကထက် များစွာ သေးငယ်သွားခဲ့သည်။
လုရွှမ်မှာ လျှပ်စီးကြောင်း၏ အရိုက်ခံရမှုကြောင့် အသားများမှာ ပွန်းပဲ့နေသေးသော်လည်း သူ့လက်များ ခံနိုင်လောက်တဲ့ အနေအထားမှာ ရှိနေ၏။ လုရွှမ်၏ အရှိန်ကြောင့် အပြင်ဘက်ရှိ လူတိုင်း၏ သံသယကို ဆွဲဆောင်မိသွားစေခဲ့သည်။
"ကြည့်လိုက်!"
လူတိုင်းသည် လုရွှမ်ကို မျှော်ကြည့်နေကြသည်။ ကျင့်ကြံမှု အဆိုးရွားဆုံး လူငယ်မှာ အထူဆုံး စပျစ်နွယ်ပင်ကြီးပေါ် သွက်သွက်လက်လက် တက်သွားပုံမှာ မျောက်ဝံတစ်ကောင် ကဲ့သို့ပင် လျင်မြန်နေတာကို တွေ့လိုက်ရသည်။
လျှပ်စီးကြောင်းသည် သူ့အား ထိမှန်သွားသော်လည်း နောက်ဆုံးမှာ သစ်တုံးလူသားလိုပါ ဖြစ်နေသေး၏။
"မဟုတ်သေးပါဘူး.... ငါတို့အားလုံး အမြင်တွေ လှည့်စားခံထားရတာ ဖြစ်နိုင်တယ်.... သူတော်စင် နှလုံးစပျစ်နွယ်ပင်တွေကို ပတ်ထားတဲ့ လျှပ်စီးကြောင်းက တကယ်တော့ ဒီလောက် အစွမ်းထက်တာတော့ မဟုတ်ဘူး"
တစ်စုံတစ်ယောက်က သံသယဝင်လာပြီး အော်လိုက်သည်။
ဒီလိုပြောလာတဲ့အခါ တခြားလူများကလည်း သံသယ ဖြစ်လာကြသည်။ ထိုလူက သူတော်စင်တစ်ပိုင်း မျှသာဖြစ်သည်။ သူ၏အစွမ်းသတ္တိသည် မြင့်မားသော အဆင့်သို့ ရောက်ရှိနိုင်သော်လည်း နယ်ပယ်နှင့် ခန္ဓာကိုယ်ရှိ သူတော်စင် စွမ်းအား ဘယ်လောက် အားကောင်းနိုင်လဲ ဆိုတဲ့အပေါ် မူတည်သေးသည်။
ယခုအချိန်တွင် အောက်ဖက်ရှိ လူအများစုသည် ကျင့်ကြံမှု မလုံလောက်သူများ သို့မဟုတ် အကာအကွယ် ရတနာ မရှိကြသူများဖြစ်သည်။ နောက်ဆုံးတွင် နှလုံး စပျစ်နွယ်ပင်၏ နွယ်များအပေါ် တက်သူများလေ တူညီသော စပျစ်နွယ်ပင်ပေါ်ရှိ လျှပ်စီးကြောင်း၏ စွမ်းအားသည် သေးငယ်လာပြီး သဘာဝကျကျ ဆုလာဘ်များလည်း သေးငယ် သွားလေတော့သည်။
ဒီကိုလာနိုင်ဖို့ အခွင့်အလမ်းတွေကို ဖမ်းဆုပ်ချင်တဲ့သူတွေဟာ အရင်းအမြစ်တွေကို အနည်းနဲ့အများ သုံးစွဲပြီးပြီ ဖြစ်သည်။ အသက် အတွက်ကြောင့်သာ သူတို့ရဲ့ အတွင်းစိတ်တွေကို ချုပ်တည်းထားနိုင်ပေမယ့် ကိုယ့်ထက် အားနည်းတဲ့ လူကအပေါ်ကို တက်နေတာ မြင်ရတော့ စိတ်ထဲက မနာလိုမှုလှိုင်းတွေက အများကြီးပေါ်လာမှာ မလွဲချေ။
ဒါမှမဟုတ် ခန့်မှန်းမိထားတာများ မှန်နေတာလား?
လူများစွာသည် စပျစ်နွယ်ပင်များကို ကြည့်ကာ တခြားသူများကိုလည်ယ ကြည့်ကြသည်။ အမှန်ဟုတ်မဟုတ် ဘယ်သူက သိမှာလဲ?
"ကောင်လေး.... မင်းက ကျင့်ကြံမှု အနိမ့်ဆုံးပဲ တက်သွား!"
"မဟုတ်ဘူး……"
သူတော်စင် အစောပိုင်းကာလရှိ ကျင့်ကြံသူသည် သူတော်စင် လက်နက်များ မရှိသော လူအား လူတိုင်းက ဒုတိယအထူဆုံး စပျစ်နွယ်ဆီသို့ တွန်းပို့လိုက်သည်။
အနောက်မှ တွန်းထုတ်လိုက်ရာ စပျစ်နွယ်ပင်များပေါ်တွင် လက်ကို ဖိထားမိသား ဖြစ်သွားရာ အလင်းအလွှာတစ်ခုက တခြားလူများကို တွန်းထုတ်လိုက်ရာ ကျယ်လောင်စွာ အော်သော်လည်း စပျစ်နွယ်က ချိတ်ပိတ်ပြီးသား ဖြစ်သွားခဲ့သည်။ သူ မတက်ပါက အသက်ရှင်လျက် ပိတ်မိနေမှာ ဖြစ်သည်။
မတက်ဘဲ သေခြင်းတရားကို စောင့်ဆိုင်းလျှင်လည်း သေရမှာပဲ ဖြစ်လေသည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထိုလူသည် ခါးသီးစွာ တွန့်ဆုတ်သွားပြီးမှ အထက်သို့ တက်လာခဲ့သည်။
ထူထဲတဲ့ နွယ်ပင်တွေက တကယ်ပဲ ပြဿနာ မရှိဘူးလား?
ရှင်းရှင်းလင်းလင်း မတွေးရခင်မှာပဲ သေးငယ်တဲ့ လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး လျှပ်တပြက်နဲ့ ထိုလူ၏ လက်တွေကို ပစ်ခတ်လိုက်သည်။ လျင်မြန်စွာ အလင်းကာဖြင့် ပိတ်ဆို့ထားသော်လည်း စိတ်ဆင်းရဲစရာ အော်ဟစ်သံက လူတိုင်း၏ နားထဲတွင် နားမလည်နိုင်အောင် အေးစက်သွားခဲ့သည်။
ထိုလူလည်း ဆက်မတက်ရဲတော့ချေ။ ကံဆိုးစွာနဲ့ လှုပ်ရှားပြီးနေပြီ ဖြစ်သောကြောင့် ရပ်လိုက်ရင်တော့ ရပ်လိုက်ရုံပါပဲ။ ဒါပေမဲ့ အသက်ကတော့ စိုးရိမ်ရသည်။
တစ်နာရီလောက် ကြာတော့ ထိုလူဟာ အောက်ခြေမှာ မခို့တရို့ ပုန်းနေတုန်း လက်ကောက်ဝတ်ကို ထူထဲတဲ့ မိုးခြိမ်းသံတစ်ချက် ပစ်ချလိုက်ကာ ထိုကျင့်ကြံသူလည်း အပိုင်းပိုင်း ကွဲထွက်သွားတော့သည်။
အပြင်က လူတွေအားလုံးလည်း လုံးဝကို ထိတ်လန့်နေကြပြီး မြင့်မားလွန်းတဲ့ လုရွှမ်ကတော့ တိမ်တိုက်တွေကြားထဲ ပျောက်ကွယ်လုမတတ် ဖြစ်နေပြီ။ ကြောက်လန့်တကြား လေးစားမှု အပြည့်နဲ့ သူ့ကို ကြည့်နေကြလေသည်။
လုရွှမ်၏ အရှိန်သည်လည်း တဖြည်းဖြည်း နှေးကွေးလာပြီး ခရီး၏ တစ်ဝက် မပြည့်သေးသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ တိတ်တဆိတ် ပျော်နေမိသည်။ ဒါက သူထင်သလောက် မခက်ဘူးပဲ။ သူ့အတွေးကို အောက်ခြေက လူတွေသာ ကြားရင် ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် တွေးနေမိလိမ့်မည်။
ယခုအချိန်တွင် သူတော်စင် နှလုံးစပျစ်နွယ်ပင်၏ အသက်ဝင်လာချိန်၌ လျှပ်စီးကြောင်း၏ စွမ်းအားသည် ပိုမိုအားကောင်းလာကာ ၎င်း၏ ပြန်လည် ကုသနိုင်စွမ်းသည်လည်း တဖြည်းဖြည်း အားနည်းလာခဲ့သည်။
လုရွှမ်သည် ထိုထက်ပို၍ အားကောင်းလာကာ ပြန်လည် ကုသနိုင်သည့် စွမ်းအား ဆက်လက် အားနည်းနေချိန်တွင် မိုးခြိမ်းသံ၏ စွမ်းအားသည် တစ်ဖန် ပြန်လည် အားကောင်းလာမည်ဟု ခန့်မှန်းမိလေသည်။
တောင်တက်ချင်ရင်တော့ မိုးကြိုးစွမ်းအားကို ခုခံဖို့ ခန္ဓာကိုယ်ကို အခြေခံအဖြင့် အားကိုးရပေမည်။
လျှပ်စီးလက်သကဲ့သို့ ထူထဲသော လျှပ်စီးကြောင်း တစ်ခုက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီး လုရွှမ်၏ ခန္ဓာကိုယ်ကို တခဏချင်း ထိုးဖောက်လုနီးပါး ဖြစ်သွားသည်။
လုရွှမ် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကာ အဘိုးကြီးရွှမ်ဟွမ်ကို တိတ်တဆိတ် ကြိမ်းမောင်းလိုက်တော့သည်။
ဒီလို စမ်းသပ်မှုမျိုးကို သူကိုယ်တိုင် စမ်းသပ်ဖို့ စဉ်းစားခဲ့မိတာ ရှက်စရာ ကောင်းချက်ပဲ!