ပြိုင်ဖက်
Vol. 48 Ch. 4.229
နှစ်တွေဒီလောက် ကြာလာပြီးတာတောင် ဆက်ခံသူကို ရှာမတွေ့ခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။
နဂါးနှလုံးနဲ့ နဂါးအရိုးက တစ်ချိန်တည်းမှာ အလုပ်လုပ်နေကြပြီး လျှပ်စီးကြောင်း သူ့နောက်ကျောကို ထိမှန်သွားစဥ် ခန္ဓာကိုယ်တွင်းရှိ ယွမ်ချီ၊ သူတော်စင်စွမ်းအားနှင့် နဂါးစွမ်းအားသုံးခုတို့ ပေါင်းစပ်သွားကာ ချက်ချင်းဆိုသလိုပင် လျှပ်စီးကြောင်းကြောင့် ရသွားသော ဒဏ်ရာများ ပြန်လည် သက်သာလာခဲ့သည်။
ထိုလျှပ်စီးကြောင်းများကို မိုးကြိုးအတိဒုက္ခ စွမ်းအင်အရည်များဖြင့် ပေါင်းစည်းပြီး ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ထားသည့် ယွမ်ချီ ကြိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ခန္ဓာကိုယ်ပေါ်ရှိ နဂါးပုံစံများသည် အစစ်အမှန်ဖြစ်လာလုနီးပါး ပေါ်လာသည်။ အလွန်မာကျောသော ချပ်ဝတ်တန်ဆာ အလွှာတစ်ခု ထပ်တိုးလာသကဲ့သို့ တင်းမာသွားသလို ခံစားရသည်။
လျှပ်စီးကြောင်းများက ၎င်းပေါ်သို့ ပစ်ခွင်းလိုက်သည်နှင့် အနည်းငယ် ထုံကျင်သွားတာကို ခံစားလိုက်ရသည်။ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများကို ခုခံနိုင်သည့် စွမ်းအားသည် တစ်ဖန် အားကောင်းလာခဲ့သည်။
ဒီတောင် တက်နေချိန်မှာတော့ လုရွှမ်က သူ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုဟာ အရင်ကနဲ့ ယှဉ်ရင် အနည်းဆုံး နှစ်ဆတိုးလာတယ်လို့ ခန့်မှန်းရလေသည်။ ယခုလို တိုးတက်လာခြင်းက လုရွှမ်အား အထင်ကြီးစေခဲ့သည်။ ယခုအချိန်တွင် သူ့ကြံ့ခိုင်မှုအား ဆက်လက် မြှင့်တင်ရန် နည်းလမ်းများကို ရှာဖွေလိုသော် ငွေအမြောက်အမြား သုံးစွဲလျှင်ပင် အကျိုးသက်ရောက်မှုမှာ ကောင်းမည် မဟုတ်ပေ။
ဒီကိုရောက်ပြီး အချိန်တိုလေးအတွင်းမှာ ဒီလောက် အားကောင်းတဲ့ အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားတာ အမှန်ပင်။ နယ်ပယ်တွေကတော့ ကွဲပြားပေသည်။ နည်းလမ်းတွေက မတူသလို သက်ရောက်မှုတွေလည်း ကွဲပြား၏။
နောက်ဆုံးတော့ တိမ်ပင်လယ် နယ်မြေကြီးက တကယ့်ကို သေးငယ်လွန်းတယ်လေ။
ကမ္ဘာမြေကြီး၏ နှလုံးသားအတွင်းရှိ သူတော်စင် စပျစ်နွယ်ပင်ကို ထိခြင်း၏ စည်းမျဉ်းများကို သိထားပြီး ဖြစ်တဲ့အတွက် လုရွှမ် ငြိမ်မနေဝံ့တော့ချေ။ သူသည် သူ၏လက်များကို ပြင်းထန်စွာ အသုံးပြုကာ ဖြည်းဖြည်းချင်း သွားနိုင်သော်လည်း သူသေချာပေါက် မရပ်တန့်နိုင်တော့ပေ။
ရွှမ်ခုန်းတောင်ဟာ အဝေးကကြည့်ရင် ကြီးတယ်လို့ မထင်ရပေမယ့် တက်ပြီးတဲ့နောက် ရွှမ်ခုန်းတောင်ဟာ မြို့ကြီးလောက် ရှိတယ်ဆိုတာ သိလိုက်ရသည်။ အနီးနားရှိ စပျစ်နွယ်ပင်များပေါ်တွင် ကျင့်ကြံသူများ အနည်းနဲ့အများ တက်တက်လာကြပြီး ကျောက်ပေါ်တက်ရန် ကြိုးစားလာကြသည်။
အပူချိန်က သိသိသာသာ ကျဆင်းသွားပြီး အေးစက်တဲ့ လေတိုက်သံက တိုးဝင်လာ၏။ လုရွှမ် သူ့အမြင်အာရုံ ရုတ်တရက် ပိုကြည်လင်လာတယ်လို့ ခံစားလိုက်ရသည်။ ထိုမှသာ သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးသော အလင်းအလွှာ ပျောက်ကွယ်သွားတာကို သတိပြုမိလိုက်သည်။
လေအေးက သူ့ခန္ဓာကိုယ်ကို မှုတ်ထုတ်သွားသဖြင့် အလွန်အေးစက်သွားသည်။ ချက်ချင်းဆိုသလိုပင် လုရွှမ်သည် လေအေးကြောင့် သူ့ခန္ဓာကိုယ် တစ်ဝက်လောက် သတိလစ်မတတ် ဖြစ်သွားသလို ခံစားလိုက်ရသည်။ ယွမ်ချီ ခုန်တက်လာပြီး စိတ်ဝိညာဉ် စွမ်းအားတွေလည်း တက်လာကာ သူ့ခန္ဓာကိုယ်ထဲက အေးစက်တဲ့လေကို အလျင်အမြန် တားဆီးလိုက်သည်။
ကျယ်လောင်သော အသံနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ယခင်က လက်ကောက်ဝတ်ကဲ့သို့ ထူထဲသော လျှပ်စီးကြောင်းသည် ယခု ခြေသလုံးကဲ့သို့ ထူလာလေသည်။ အရောင်က အရင်ကလို အဖြူရောင်မဟုတ်တော့ဘဲ ခရမ်းရောင် ဖျော့ဖျော့လေး ဖြစ်သွားသည်။
လျှပ်စစ်ကြိုးတွေ တဟုန်းဟုန်းနဲ့ လုရွှမ်ဆီကို အဆက်မပြတ် ပြေးဝင်လာ၏။ လုရွှမ် တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့ အမြန်ရွှေ့လိုက်သည်။
မနီးမဝေးတွင် အော်သံတစ်ခု ကြားရသော်လည်း ရုတ်တရက် ရပ်သွားသည်။ လုရွှမ် စိတ်သည် အနီးတစ်ဝိုက်တွင် ပျံ့နှံ့သွားပြီး သူ့မျက်လုံးများက လမ်းကြောင်း အားလုံးကို လိုက်ကြည့်နေကာ နားကလည်း လမ်းကြောင်းတိုင်းကို နားစွင့်ထားသည်။
အနီးနားတွင် ကျင့်ကြံမှုအဆင့် သူတော်စင်နယ်ပယ် အဆင့်၃ ရှိသော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
လျှပ်စီးကြောင်းဖြင့် အရိုက်ခံရပြီး အစပထမတွင် ဘာမှမဟုတ်သော်လည်း ဘေးနားရှိ အမျိုးသမီး တစ်ဦးက ရုတ်တရက် လက်ဝါးစွမ်းအင်ဖြင့် ရိုက်ချလာလေ၏။ ကျင့်ကြံသူမှာ လျှပ်စီးကို ရှောင်ဖို့ပဲ အာရုံထားတာကြောင့် အနီးနားက လူတွေ သူ့ကို တိတ်တဆိတ် တိုက်ခိုက်လာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိချေ။
"ဟမ့်... အမှိုက်က အမှိုက်ပဲ သေမှာဖြင့် သေလိုက်..."
အမျိုးသမီးက အော်ဟစ်ပြီး အထင်အမြင်သေးသည့် အသံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် လိုက်လျောညီထွေရှိသော လက်များဖြင့် ကျောက်ဆောင်ပေါ်သို့ ဆက်လက် တက်သွားခဲ့သည်။ လျှပ်စီးကြောင်းက သူမခန္ဓာကိုယ်ကို ထိမှန်ပြီး မီးပွားတွေ ပြန့်ကျဲသွားသည်။ အမျိုးသမီးက လုံးဝ ဂရုမစိုက်ဘဲ ကျင့်ကြံတွေရဲ့ အံ့အားသင့်နေတဲ့ မျက်လုံးတွေအောက်မှာ ကျောကုန်းလေးပဲ ချန်ထားခဲ့လေ၏။
ဤခရမ်းရောင် လျှပ်စီးကြောင်းများသည် အမှန်တကယ်ပင် အန္တရာယ်ရှိပြီး လေအေးသည် ပို၍ပင် တိုက်ခတ်လာသော်လည်း ပို၍ အန္တရာယ်ကြီးလာသည်မှာ ထိုလူများနှင့် အတူ ကျောက်ပေါ် တက်ရခြင်းပင် ဖြစ်သည်။
"အဲဒါက ရှေးဟောင်းလျှပ်စီးကမ္ဘာက မိန်းကလေး အောင့်ယွဲ့ပဲ!"
ထိုအမျိုးသမီးသည် ဤနေရာတွင် အလွန်ကျော်ကြား ပုံရပြီး တစ်စုံတစ်ဦးမှ သူမအမည်ကို အမြန်ပဲ ဖော်ပြလာခဲ့သည်။
"မျှော်လင့်ထားသလိုပဲ သူမ တကယ်ကို အစွမ်းထက်တာပဲ.... မိန်းကလေးအောင့်ယွဲ့က သူတော်စင် မဖြစ်သေးဘဲ သူမနယ်ပယ်တွေကို ဖိနှိပ်ထားတယ်လို့ ဆိုပေမယ့် ခွန်အားအရတော့ ငါတို့ထက် မဆိုးလောက်ဘူး"
"ဒါက အဓိပ္ပာယ် မရှိပါဘူး.... မိန်းကလေးအောင့်ယွဲ့က ဘယ်သူမှမတက်ဖူးတဲ့ စပျစ်နွယ်ကို တက်နေတယ် ဆိုရင် ဘယ်သူက ယှဉ်နိုင်မှာလဲ?"
"အဲဒါတော့ သိပ်မမှန်ဘူး....ဟိုမှာ အဲဒီကောင်လေးကို တွေ့လား? သူက သူတော်စင်တစ်ပိုင်း စတုတ္ထအဆင့် တစ်ယောက်ပဲ... သူတော်စင် စပျစ်နွယ်ပင်ရဲ့ အချင်းကို ကြည့်လိုက်ဦး... မင်းသမီးအောင့်ယွဲ့ထက် နည်းနည်းလေး သာတယ်"
"ဟုတ်သားပဲ ဘယ်လို ပါရမီရှင်ကြီးပါလိမ့်??"
ခွန်အားသည် အခြေအနေကို အဆုံးအဖြတ် ပေးနိုင်သည်။ ဘယ်လောက် သန်မာတယ် ဆိုတာကို သိဖို့ တောင်တက် စပျစ်နွယ်ပင်များရဲ့ အထူကို ကြည့်လိုက်ပါလေ။
လုရွှမ်၏ တောင်တက်အမြန်နှုန်းနှင့် သူတက်နေသည့် စပျစ်နွယ်၏ အထူကို မြင်ပြီးနောက် လုရွှမ်ကို ဘယ်သူမှ လျှော့မတွက်ရဲကြပေ။ လုရွှမ် သူတို့ကို တိတ်တဆိတ် သတ်သွားပြီး ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် အဝေးကို ဂရုတစိုက် ပုန်းရှောင်သွားကြသည်။
လုရွှမ် အောင့်ယွဲ့ အလျင်အမြန် တက်လာသည်ကို မြင်လိုက်ရသောအခါ သူမ အရည်အချင်းကို သဘောကျသွားမိသည်။ စပျစ်နွယ်များ၏ အထူကား သူနှင့် အတူတူပင်။ သို့သော် သူမလုပ်နေသော ရင်းနှီးကျွမ်းဝင်မှုကို ကြည့်လျှင် သူမသည် ခွန်အားကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း ထင်ရှားလေသည်။
အောင့်ယွဲ့သည် သူ၏ပြိုင်ဘက် အဖြစ် လျှို့ဝှက်စွာ တောင်တက်လာခဲ့ခြင်း ဖြစ်သည်။
မိုးကြိုးဘေးဒဏ်ခံ စွမ်းအင်အရည်၏ စွမ်းအားကို နောက်ဆုံးတွင် ထုတ်ဖော် ပြသလာခဲ့သည်။ အများစုကို စုပ်ယူပြီးနောက် လုရွှမ်၏ ခန္ဓာကိုယ်သည် မိုးကြိုးပစ်ချက်ကို ခံနိုင်ရည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သူ့ခန္ဓာကိုယ်ကို ပွတ်တိုက်မိတဲ့အခါ အလွန်သန်မာပြီး အမြင့်ကို တက်တဲ့အခါမှာလည်း လွန်စွာ သွက်လက်လာသည်။
စိတ်ဝိညာဉ် စွမ်းအားများ တဟုန်ထိုး ခုန်တက်သွားစဥ် အေးစက်တဲ့ လေကလည်း တိုးဝင်လာခြင်း မရှိတော့ချေ။ သူ့ခန္ဓာကိုယ်၏ အရေပြားပေါ်တွင် အပြာရောင်နဂါးပုံစံနှင့် လှပသော လျှပ်စီးကြောင်းများက သူ့အတွက် အာဟာရဓာတ်များ ဖြည့်တင်းနေသကဲ့သို့ ရိုက်ခတ်လာသည်။
မိုးကြိုး စွမ်းအင်အရည် စုပ်ယူမှုကို မြှင့်တင်ပေးပြီး လျှပ်စီးကြောင်းဆီက စုပ်ယူမှုနှင့်အတူ လုရွှမ်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် လျင်မြန်စွာ တိုးလာခဲ့သည်။
လူတိုင်း၏ အမြင်တွင် လုရွှမ်သည် မိုးကြိုးနှင့် လျှပ်စီးကြောင်းများကို ဆွဲဆောင်နိုင်သော မိုးကြိုးသားရဲနှင့်တူပြီး မိုးကြိုးနှင့် လျှပ်စီးကြောင်းများကို ဆက်လက် ရိုက်ခတ်လာသော်လည်း သူ့အရှိန်အဟုန်က ဆက်လက်တိုးမြင့်နေသည်။
လျှပ်စစ်မီးတောက်များ တဖျပ်ဖျပ် ခတ်သွားကာ တစ်လျှောက်လုံး အပေါ်သို့ ပျံသန်းသွားရင်း လေးစားဖွယ်ကောင်းသော နောက်ကျောရုပ်ကိုသာ ချန်ထားခဲ့တော့သည်။
လုရွှမ်မှာ ယခုအခိုက်အတန့်တွင် သူ့စိတ်က ဘယ်လိုမှ မတည်ငြိမ်ခဲ့ကြောင်းသာ ခံစားခဲ့ရပြီး သူ့ခန္ဓာကိုယ်အနှံ့ စွမ်းအင်များ တဟုန်ထိုး ပြင်းထန်လာကာ အဆုံးမရှိသလို ထင်ရသည်။ သူ၏စိတ်ဝိညာဉ်သည် အေးစက်နေသော်လည်း သူ့စိတ်ကို ထောက်ထားနိုင်သော အံ့သြဖွယ်ရာ တစ်စုံတစ်ခု ရှိနေသလို ခံစားနေရသည်။
သူ့မျက်လုံးတွေက ရှေ့ကိုပဲ အာရုံစိုက်ထားသည်။ သူ့လက်တွေက သွက်လက်ကာ ခြေဖဝါးတွေက တည်ငြိမ်နေပြီး တောက်ကျင့်စဥ် အရိပ်အယောင်တွေ ရှိနေသလိုမျိုး သူ့လှုပ်ရှားမှုတွေက တိကျ၏။
လေအေး ပျောက်ကွယ်သွားပြီး မိုးခြိမ်းသံများ ပေါ်မလာတော့ဘဲ သူတော်စင် စပျစ်နွယ်ပင်မှ အသက်ဝင်မှုကသာ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး လုရွှမ်ရဲ့ တောက်ကျင့်စဥ် အခြေခံအုတ်မြစ်ကို အဆက်မပြတ် အားကောင်းစေကာ အလွှာတစ်ခုပြီးတစ်ခု တိုးလာခဲ့သည်။
လေထုထဲကို ဖြိုခွင်းလိုက်သံဖြင့် သူ့အနောက်မှ အေးစက်တဲ့ အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး လုရွှမ်ရဲ့ အကျီင်္ကို တိတိကျကျ ထိုးဖောက် ဝင်ရောက်သွားသည်။
လုရွှမ်ဝန်းကျင်ရှိ အလင်းရောင်သည် ရုတ်တရက် ရပ်တန့်သွားပြီး ယခင် တောက်ကျင့်စဥ် ပုံစံက ပျောက်ကွယ်သွားခဲ့သည်။ သူ့ ခန္ဓာကိုယ်ကို အလိုလို တိမ်းစောင်းပေးလိုက်သော် သေးငယ်သော ဓားပျံတစ်စင်းသည် သူတော်စင် စပျစ်နွယ်ပင်ကို ထိမှန်၍ လျှပ်စီးကြောင်း တစ်ချက် အပစ်ခံလိုက်ရကာ အပိုင်းပိုင်း ကွဲသွားခဲ့သည်။
မနီးမဝေးတွင် သူတက်နေသော စပျစ်နွယ်ပင်ကဲ့သို့ ထူထဲသော စပျစ်နွယ်ပင် တစ်ခုပေါ်ရှိ အမျိုးသမီး တစ်ဦးသည် သူ့ကို တင်းမာသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ လုရွှမ် တစ်ဖက်လူကို တစ်ချက် စိုက်ကြည့်လိုက်သော်လည်း ထိုအမျိုးသမီးက ရှက်ပုံမပေါ်ဘဲ လုရွှမ်ကို ပြန်ကြည့်နေသည်။
သူမ၏ မျက်လုံးကြီးများက အနည်းငယ် ဂုဏ်ယူနေပုံတောင် ပေါက်နေသေးသည်။
"ကောင်လေး.... ဒီတစ်ခါတော့ နင်ကံကောင်းသွားတယ်မှတ်... နင် သော့အတွက် ငါနဲ့ပြိုင်ချင်တဲ့ စိတ်ကို စွန့်လွှတ်လိုက်စမ်းပါ"
ထိုအမျိုးသမီးမှာ အစောတုန်းက လုရွှမ်ကို တိုက်ခိုက်ခဲ့ဖူးသော အောင့်ယွဲ့ပဲ ဖြစ်သည်။
လုရွှမ် ဒေါသထွက်သွားသည်။ ယခင်ဘဝက ကောင်းကင်ဘုံသခင် ဖြစ်ခဲ့သည့် လုရွှမ်သည် သူ့အရင်က ခံစားခဲ့ရသည့် ခံစားချက်ကို သိပါသည်။ ထိုနယ်ပယ်ကို ဖြတ်ကျော်နေသည့် လူများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဝိညာဉ် ခွန်အား သိသိသာသာ တိုးလာလိမ့်မည်။
နောက်တစ်ကြိမ် အခွင့်အရေး ရှိရင်တောင်မှ မှော်အစွမ်းကို နားလည်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမိန်းမကြောင့် ပျက်စီးသွားပြီ။ သူမရဲ့ အသွင်အပြင်ကို ကြည့်လိုက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ထင်ရှားလေ၏။