← Chapters

အပြန်အလှန်

Vol. 48 Ch. 4.230

အပြန်အလှန်

Vol. 48 Ch. 4.230

"အောင့်ယွဲ့ ငါမင်းကို မှတ်ထားမယ်!!"

လုရွှမ် အေးစက်စွာ ပြောလိုက်သည်။

"အဟမ်း ဒီမိန်းကလေးကို မှတ်ထားမယ်?? နင့်မှာ သတ္တိရှိရင် လုပ်လိုက်လေ"

အောင့်ယွဲ့ လှမ်းအော်ပြီး အပေါ်ကို ဆက်တက်သွားတော့ သူမရဲ့ အရှိန်က တစ်မှတ်လောက် ထပ်တိုးလာပြန်၏။

လုရွှမ်ကလည်း မည်သည့် အားနည်းချက်ကိုမျှ မပြခဲ့ပေ။ ၎င်းတို့၏ စပျစ်နွယ်ပင်များသည် တူညီသော အထူရှိပြီး ထိုအရာမှာ အဘိုးကြီးရွှမ်ဟွမ်ရဲ့ နောက်ထပ် စမ်းသပ်မှုတစ်ခု ဖြစ်နိုင်သည်။

ဘယ်သူအရင် တက်နိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်လေသည်။ စိတ်ဝိညာဉ် စွမ်းအားသည် အေးစက်သော လေကို ခံနိုင်ရည်ရှိနေပြီ။ လုရွှမ် ၏ ခန္ဓာကိုယ်ပေါ်တွင် စိမ်း​ပြာနဂါး၏ အကြေးခွံပုံစံများ ပေါ်လာသည်။

နဂါးဟောက်သံများ အနှံ့အပြား မြည်လာကာ သူ၏လက်ဝါး စွမ်းအင်များသည် ပျံသန်းသွားသလိုမျိုး အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

အောင့်ယွဲ့ကလည်း တစ်ချိန်တည်းမှာ ကာကွယ်လိုက်သည်။ သူမခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အပြင်ဘက်မှ ပိတ်ဆို့ထားသည်။ သို့သော် လျှပ်စစ်ကြောင်းဖြင့် ထိမှန်ပြီး အပိုင်းအစတွေ ပေါက်ကွဲ ထွက်သွားခဲ့၏။

"ငါ့ကို လုပ်ကြံချင်တယ်ပေါ့လေ!"

ကြိမ်းမောင်းပြီးနောက် အောင့်ယွဲ့သည် လုရွှမ် တောင်တက်နေသော စပျစ်နွယ်ပေါ်သို့ ရုတ်တရက် ခုန်ဆင်းကာ လုရွှမ်အား အောက်သို့ ကန်ချလိုက်သည်။

လုရွှမ်က သူ့မှာ အတွေ့အကြုံ လုံလုံလောက်လောက် မရှိဘူးလို့ ထင်နေတာကြောင့် အောင့်ယွဲ့ဟာ ဒီလိုမျိုး ခုန်ချလာဖို့ သတ္တိရှိနေတာ ဖြစ်လေသည်။ လုရွှမ် သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှည့်၍ စပျစ်နွယ်များအတိုင်း ရှေ့သို့ လျင်မြန်စွာ ပြေးသွားကာ သူ၏ လက်ဖဝါးထဲ လေပြင်းလက်ဝါးကို ပြုလုပ်ကာ အောင့်ယွဲ့၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်သည်။

"ဒါဟာ သေးငယ်တဲ့ လှည့်ကွက်လေးနဲ့များ"

အောင့်ယွဲ့ သူမ၏ ခြေဖဝါးကို လှုပ်ခါလိုက်ပြီး ကြီးမားသော ခြေရာကို ထုတ်ပစ်ကာ လုရွှမ်မှ ပြုလုပ်သော လေပြင်းလက်ဝါးကို ဖယ်ထုတ်လိုက်သည်။

"အင်အားက မပျော့ပါဘူး.... ဒါပေမဲ့ ဒီတစ်ကြိမ်ရမယ့် ဆုလာဘ်က ငါ့ဟာပဲ!!"

အောင့်ယွဲ့က အော်ပြောလိုက်သည်။ သူမရဲ့ ခြေဖဝါးစွမ်းအင်က ပြိုင်ဘက်ရဲ့ လက်ဝါးကြီးကို ပျောက်ကွယ်သွားစေရုံပဲ ရှိပြီး တစ်ဖက်လူကို ထိခိုက် မသွားစေတာကြောင့် သူမ အနည်းငယ် အံ့သြသွားပြီး စိုးရိမ်လာသည်။

အောင့်ယွဲ့ ချက်ချင်း ဆုံးဖြတ်ချက် တစ်ခုချခဲ့သည်။ သူမ ဤလူနှင့် ဆက်ပတ်သက်ခဲ့လျှင် ကျားနှစ်ကောင်အနက်မှ တစ်ကောင် ဒဏ်ရာရသွားမည် ဖြစ်သည်။ အနိုင်ရသွားလျှင်ပင် ဝမ်းနည်းစရာ ကောင်းသော အောင်ပွဲတစ်ခုနှင့် အချိန်ဖြုန်းရလိမ့်မည်။

အခုအချိန်ဟာ သေခြင်းတရားအတွက် ပြိုင်ဆိုင်ခြင်း မဟုတ်ဘဲ ဆုပေးပွဲ ဖြစ်သည်။

လုရွှမ်ကို လျစ်လျူရှုရင်း ​အောင့်ယွဲ့သည် မူလစပျစ်နွယ်ပင်ဆီသို့ ပြန်ခုန်ဆင်းကာ အမြန်တက်သွားလိုက်သည်။

လုရွှမ်လည်း အောင့်ယွဲ့ရဲ့ ခွန်အားကို ဘယ်သောအခါမှ လျှော့တွက်ခဲ့ခြင်း မရှိချေ။ အစောက ခြေရာသည် မှော်အတတ်ပညာတစ်ခုဖြစ်ပြီး သူ့အဆင့်သည် လေပြင်းလက်ဝါးထက် မနိမ့်ပေ။ တစ်ဖက်လူက နောက်ပြန်ခုန်သွားတဲ့အတွက် လုရွှမ်လည်း သူမကို အတင်းအကျပ် မတိုက်ခိုက်တော့ချေ။

တကယ်တော့ ဒီနေရာဟာ သူ့အတွက် လုံးဝ မသိရသေးတဲ့ နေရာတစ်ခုပင်။ သူ အမှားများစွာ လုပ်မိမှာ စိုးရိမ်ရတာကြောင့် သတိထားရမယ်။

နှစ်ယောက်သား ကြိုးကြိုးစားစားနဲ့ ကျောက်ဆောင်ပေါ်ကို အမြန် တက်လာခဲ့ကြသည်။ လျှပ်စီးကြောင်းများက သူတို့နှစ်ဦးကို ရိုက်ခတ်သွားကာ လင်းလက်နေသော အလင်းတန်းနှစ်ခု အဖြစ်သို့ ပြောင်းလဲလုမတတ် ဖြစ်သွားသည်။

အရောင်သုံးမျိုးရှိ အလင်းတန်းများက ပြိုးပြိုးပြက်ပြက် ​တောက်ပနေသည်။ သူတော်စင် စပျစ်နွယ်ပင်မှာ စိမ်းလန်းနေပြီး လျှပ်သီးကြောင်းကတော့ ခရမ်းရောင် ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ သွေးများ ဖုံးလွှမ်းနေရာ အနီရောင်များ ဖြစ်​နေသည်။

သူတော်စင် စပျစ်နွယ်ပင်၏ ကုသ​ပေးမှုသည် လူနှစ်ဦး၏ ဒဏ်ရာများကို ပြန်လည် သက်သာစေရန် မလုံလောက်တော့ဘဲ ၎င်းတို့နှစ်ဦးစလုံးသည် ခုခံနိုင်ရန် ကာယခွန်အားကိုသာ အားကိုးလာကြသည်။ ပန်းတိုင်ကို ရောက်နိုင်သရွေ့ ခန္ဓာကိုယ်က သူ့အလိုလို ပြုပြင်သွားမှာဖြစ်ပြီး အံ​ကြိတ်ထားခြင်းဖြင့် နာကျင်မှုတွေကို တောင့်ခံနေကြသည်။

"ကောင်လေး.... မင်းနာမည် ဘယ်လိုခေါ်လဲ"

လုရွှမ် သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ အောင့်ယွဲ့က ပါးစပ်ထောင့်တွေမှာ သွေးတွေ ပြည့်နေပြီး သူ့မျက်လုံးတွေက တောက်ပနေရာ နည်းနည်းလေးတော့ လေးစားစရာ ကောင်းနေသည်။ သူ့အသံက မြင့်နေသေးပေမယ့် အရင်က မောက်မာမှုတွေ ပျောက်ကွယ်သွားခဲ့​ပြီ။

သူမ၏ ကမ္ဘာငယ်လေးတွင် အရာအားလုံးကို အမြဲ အပေါ်စီးကနေ မြင်တွေ့နေခဲ့ရသော်လည်း မထင်မှတ်ပဲ သူမနဲ့ တန်းတူလိုက်နိုင်တဲ့ လူတစ်ယောက်နဲ့ တွေ့နေရလေသည်။

ထိုအကြောင်းကို ပြောရလျှင် လုရွှမ်သည် အရူးမအောင့်ယွဲ့ကို သူ့စိတ်ထဲတွင် သဘောကျသွားသည်။ သူက ပြန်လည် မွေးဖွားလာသူ ဖြစ်ပြီး သူ၏ယခင်ဘဝ မှတ်ဉာဏ်များကို သယ်ဆောင်ထားတာမို့ ကျင့်ကြံရတာ ဘယ်လောက် ခက်ခဲလဲ သိပါသည်။

"လုရွှမ် တိမ်ပင်လယ်နယ်မြေ!"

"မကြားဖူးဘူး!"

လုရွှမ် ပြုံးလိုက်သည်။ တိမ်ပင်လယ် နယ်မြေသည် ဝေးလံခေါင်သီသော နေရာတွင် တည်ရှိပြီး နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သည်။ အကယ်၍ သူနဲ့ ကျိုးရန် လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က ပြင်ပကမ္ဘာကို ဖန်တီးရန် ဖြစ်ခဲ့သည့် တိုက်ပွဲသာ မဖြစ်ခဲ့ပါက တခြားကမ္ဘာငယ်လေးရှိ လူများသည် တိမ်ပင်လယ် နယ်မြေကဲ့သို့ ကမ္ဘာငယ်လေးရှိမှန်းပင် မသိနိုင်ပေ။

"ငါတို့ပူးပေါင်းကြမယ် ဘယ်လိုလဲ? သော့ထဲမှာ ပါလာတဲ့ အမွေကို ငါမလိုချင်ဘူး.... မင်းငါ့ကို သော့ပေးရုံပဲ လိုတာ ဘယ်လိုလဲ?"

အောင့်ယွဲ့က အော်လေသည်။ သူမ ဒီအထိ တက်လာပြီး တစ်ဖက်ကလည်း ဒီအထိ တက်လာခဲ့ပြီးပြီလေ။

သူမ၏ ခန္ဓာကိုယ်ရှိ လျှပ်စီးဆန့်ကျင်ရေး လျှို့ဝှက် ရတနာများစွာသည် သည်းမခံနိုင်တော့ဘဲ ပြန်လည်ထူထောင်ရန် အချိန်လိုအပ်လာသည်။ အတင်းအဓမ္မ အရှိန်မြှင့်ပါက ရလဒ်မှာ သေဆုံးခြင်းသာ ဖြစ်သည်။

လုရွှမ်ဟာ သူ့ရဲ့ ခွန်အားတွေ ကုန်ဆုံးသွားပြီဆိုတာ သူမ မသိခဲ့ပါဘူး။ သူက အဆင့်နိမ့်နေသေးတယ်လေ။ မိုးကြိုးအတိဒုက္ခ စွမ်းအင်အရည်ရဲ့ ရှင်သန်မှုကြောင့်သာ မဟုတ်ရင် သူဒီအထိ ရှင်သန်နိုင်မှာ မဟုတ်ဘူး။

ယခုအခါ မိုးကြိုးအတိဒုက္ခ စွမ်းအင်အရည်ကို လုံးလုံးနီးပါး စုပ်ယူသွားပြီ။ ဆက်လက် ထိန်းထားနိုင်လျှင် ထိုလျှပ်စီးကြောင်းများကို ခံနိုင်ရည်ရှိရန် ခန္ဓာကိုယ်ကို လုံးလုံးလျားလျား အားကိုးရ​တော့မည် ဖြစ်သည်။

လက်ရှိမိုးခြိမ်းသံသည် တစ်မီတာဝက်ခန့်ထူပြီး လှိမ့်ဆင်းလာသောအခါ သူ၏ခန္ဓာကိုယ်သည် တခဏတာမျှ ထုံကျင်ကာ အမြင်တွေ မှုန်ဝါးသွားသလို ခံစားလိုက်ရသည်။ ဒီအနေအထားမှာ ပြုတ်ကျရင် သေမှာ သေချာလေ၏။

ဘာပဲဖြစ်ဖြစ် အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေကို သူ ဂရုမစိုက်ပါဘူး။ ယွမ်ယန်ကျင့်စဥ်ဟာ တတိယအဆင့်အထိ လေ့ကျင့်ပြီးသား ဖြစ်သည်။ မွေးရာပါ စွမ်းရည်များကို ထပ်ကာထပ်ကာ ပြန်လည်သုံးသပ်ခြင်းက ကျိုးကြောင်းဆီလျော်မည် မဟုတ်ပေ။ ထိုအရင်းအမြစ်များကို ရယူခြင်းကသာ ပို၍အသုံးဝင်မည် ဖြစ်သည်။

"ကောင်းပြီ... အေးအေးဆေးဆေး လုပ်ကြရအောင်"

လုရွှမ်လည်း ပြန်ပြောလိုက်သည်။

အောင့်ယွဲ့က ခေါင်းညိတ်ပြပြီး ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်ပစ်သည်။

သူတို့နှစ်ယောက်စလုံးဟာ အရှိန်အပြည့်နဲ့ ဆက်သွားနေ၏။ လုရွှမ် ကျောက်စိမ်းပြားထဲက ဆေးလုံးတွေကို အဆက်မပြတ် မျိုချနေရသည်။ သူတော်စင်တစ်ပိုင်း ကမ္ဘာထဲကို ဝင်ရောက်ဖို့အတွက် သန့်စင်ထားခဲ့တဲ့ ဆေးလုံး အမြောက်အမြားကို သုံးပြီးပြီ။

သို့သော် ဖြည့်စွက်ရန် လိုအပ်သည့် ယွမ်ချီနှင့် နှိုင်းယှဉ်ပါက ဆေးလုံး၏ အာနိသင်သည် သမုဒ္ဒရာထဲတွင် ကျဆင်းသွားသလို ဖြစ်နေသည်။ ကံကောင်းထောက်မစွာ ပမာဏမှာ ကြီးမားပြီး တစ်ကြိမ်လျှင် ဆေးလုံး ရာနှင့်ချီ၍ မျိုချပါက ဖြည့်စွက်စွမ်းအင်သည် ခဏတာ ခုခံဖို့ လုံလောက်ပါသည်။

အောင့်ယွဲ့ကတော့ သူမမျက်လုံးထဲ လုရွှမ်ရဲ့ အသွင်အပြင်ကို မြင်လိုက်ရတော့ သူမ ပို၍ပင် ထိတ်လန့်သွားခဲ့သည်။ ဒီလို ပါရမီရှင်မျိုး မွေးထုတ်နိုင်တဲ့ တိမ်ပင်လယ် နယ်မြေကြီးက ဘယ်မှာရှိတယ်ဆိုတာ သိဖို့ အိမ်ပြန်ရောက်ရင် စေ့စေ့စပ်စပ် စုံစမ်းဖို့ စိတ်ကူးထားလိုက်သည်။

မယုံကြည် နိုင်သော်လည်း ဒီကောင်လေးကို သူမ ရှုံးနိမ့်နေကြောင့် လက်ခံရမှာပဲ ဖြစ်သည်။

နှစ်ယောက်သား အမြန်နှုန်းကို ထိန်းလိုက်ကြပြီးလုရွှမ်သည် အောင့်ယွဲ့ထက် ဆယ်မီတာမြင့်သော အထက်ဘက်သို့ တက်သွားခဲ့သည်။ နောက်ဆုံးတွင် သူသည် နောက်ဆုံးကျန်သော အဂ္ဂိရတ်ဆေး ပုလင်းတချို့ကို မျိုချလိုက်ပြီး လေတစ်ချက် အသက်ရှုသွင်းကာ ရှေ့သို့ ပြေးသွားခဲ့သည်။

သူ့ပတ်ဝန်းကျင်ရှိ နွယ်ပင်များပေါ်တွင် အောင့်ယွဲ့၏ ပုံသဏ္ဌာန်သည် လျှပ်စီးကြောင်းထက် လျင်မြန်စွာ ပျံတက်သွားသည်။ နှစ်ယောက်သား တစ်ချိန်တည်းနီးပါး တောင်ထိပ်ကို ရောက်ရှိသွားကာ နှစ်ယောက်လုံး သွေးတွေ တလုတ်စီ ထွေးထုတ်လိုက်ကာ မောပန်းနွမ်းနယ်စွာ ကြမ်းပြင်ပေါ် လဲကျသွား၏။

ကွာခြားချက်မှာ လုရွှမ်သည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိပြီး အောင့်ယွဲ့ကတော့ နောင်တရနေသည့်ပုံ ပေါ်​နေသည်။

သူတို့အောက်ရှိ သူတော်စင် နှလုံးစပျစ်နွယ်များမှ ကြီးမားသော ယွမ်ချီ လှိုင်းလုံးများ ထွက်ပေါ်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ် အတွင်းသို့ တိုးဝင်လာသည်။ ယွမ်ချီများက လူနှစ်ယောက်၏ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနေသည်။

လုရွှမ် ကျိုးကျေသွားသော သူ့လက်​ချောင်းများ ပြန်လည် ကြီးထွားလာသည်ကို ကြည့်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အပေါက်ကြီးများဟာလည်း အလိုအလျောက် ပြန်လည် ကောင်းမွန်သွား၏။

သိပ်မကြာခင်မှာပဲ သူတို့နှစ်ဦးဟာ ကျင့်ကြံမှုတွေ ပြန်ကောင်းလာခဲ့ကာ သူတို့နှစ်ယောက်ဟာ သုံးမီတာ အကွာကနေ တစ်ယောက်ကို တစ်ယောက် သတိအပြည့် ကြည့်နေကြသည်။

"ဟမ့် ငါတို့စကားကို ထိန်းထားရအောင်.... မင်းအဲဒီအရင်းအမြစ် တွေရရင် ငါ့ကိုသော့ပေး!!"

အောင့်ယွဲ့က ထပ်အော်လိုက်ပြန်သည်။

လုရွှမ်စိတ်ထဲ အေးစက်စွာ လှောင်ရယ်လိုက်သည်။ သူမအား တစ်ချိန်လုံး သတိထားပြီး နောက်ဆုံး တိုက်ခိုက်မှုကို စောင့်မနေခဲ့ရင် သူမဆီက လှည့်စားခြင်း ခံရပေလိမ့်မည်။

တကယ်လို့ သူမ သော့ရသွားခဲ့ရင် အရင်းအမြစ်တွေကို သူ့ကို ဘယ်လိုလုပ် ပေးမှာတဲ့လဲ။

All Chapters