သိုလှောင်လက်စွပ်
Vol. 48 Ch. 4.231
"မိန်းကလေးအောင့်ယွဲ့... မင်းက လှတယ်ဆိုတာ ငါဝန်ခံပါတယ် ဒါပေမဲ့ မင်းပုံစံက ငါ့အကြိုက်တော့ မဟုတ်ဘူး"
အောင့်ယွဲ့ကလည်း
"ဒါဆို ပူးပေါင်း လိုက်ကြရအောင်....နင့်ရဲ့ အရည်အချင်းက မဆိုးပါဘူး... ဒါပေမဲ့ နင့်ရဲ့ကျင့်ကြံမှု အဆင့်က အများကြီး နိမ့်နေသေးတယ်.... ဒါက အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေအနှစ်ဖြစ်တဲ့ ရွှမ်ခုန်းတောင်ဆိုတာ နင် သိထားရမယ်....ဘယ်သူက သူ့အမွေကို ရယူနိုင်ရတယ် ဆိုတဲ့ အကြောင်းရင်းကို နင်သိလား?"
လုရွှမ် စကားကို စောင့်မနေဘဲ အောင့်ယွဲ့က ဆက်ပြောလေသည်။
"ဒါက ပါရမီရှင်တွေ နည်းပါးလွန်းနေလို့ မဟုတ်ဘဲ အဘိုးကြီးရွှမ်ဟွမ်ရဲ့ မျက်စိထဲကို မဝင်နိုင်တာကြောင့်ပဲ... ပါရမီရှင်တွေ များလွန်းရင်လည်း အချင်းချင်း တိုက်ခိုက်နေကြတာလေ ဘယ်သူကမှ လွတ်မြောက်နိုင်တာ မဟုတ်ဘူး..."
"ဒါကြောင့် မင်းက ငါနဲ့ ပူးပေါင်းချင်တာလား?"
လုရွှမ်က အောင့်ယွဲ့ရဲ့ အတွေးတွေကို တိုက်ရိုက် ထောက်ပြလိုက်သည်။
"မင်းက ထက်မြက်တဲ့သူဆိုရင် မငြင်းသင့်ဘူး"
အောင့်ယွဲ့က မုန်းတီးစိတ်များဖြင့် သွားများကိုကြိတ်ကာ အော်နေသော်လည်း သူမမှာ ဘာမှ မလုပ်နိုင်ပေ။
လုရွှမ် အတွေးများက သူ့စိတ်ထဲတွင် လှည့်ပတ်နေသည်။ သော့ဆယ့်နှစ်ခု ရှိသည်။ အနည်းဆုံး လူဆယ့်နှစ်ယောက်နှင့် သက်ဆိုင်သည်ဟု အောက်ဖက်ရှိ လူများထံမှ ကြားသိခဲ့ရသည်။ ထို့အပြင် သူနှင့် အောင့်ယွဲ့ ကဲ့သို့ တချို့သော အခြေအနေများတွင် လူ၂၀ထက် မပိုနိုင်ပေ။
"ကောင်းပြီ... ပူးပေါင်းကြတာပေါ့ သော့ကအခု ငါ့လက်ထဲမှာ ရှိတယ်... မင်းရဲ့ သိုလှောင်အိတ်ထဲက အရင်းအမြစ် တစ်ဝက်ကို ပေးရင်ရမယ်"
"ဘာလို့လဲ??"
အောင့်ယွဲ့ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမသည် အမြဲတစေ အခြားသူများကို ချိုးနှိမ့်ပြောဆိုသူ တစ်ဦးတည်းသာ ဖြစ်ခဲ့ကာ ယခုလို သူမအား ပြောဆိုနေခြင်း အတွက် အထူးပင် စိတ်မချမ်းသာခဲ့ပေ။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ လက်ထဲမှာ တံဆိပ်ပြားတစ်ခု ပေါ်လာခဲ့သည်။ တံဆိပ်ပြားက ရွှေလည်းမဟုတ် ကျောက်စိမ်းလည်း မဟုတ်ဘဲ တောက်ကျင့်စဥ် ပုံစံများဖြင့် ရိုးရိုးရှင်းရှင်းပင်။ ၎င်းကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ထူးခြားတာကို တွေ့နိုင်၏။
တံဆိပ်ပြားတွင် တခြား ဘာမှမရှိဘဲ ဂဏာန်း ၁၂ဟုသာ ရေးထားသည်။
"တံဆိပ်ပြားက ငါ့လက်ထဲမှာ ရှိတယ်... ဒါကြောင့် ဘယ်သူနဲ့ ပူးပေါင်းမယ်ဆိုတာ ငါရှာတာကမှ သင့်တော်မှာလေ.. ဒါပေမဲ့ ငါကဘာလို့ မင်းကို ရှာရမှာလဲ မဟုတ်ဘူးလား? မိန်းကလေးအောင့်ယွဲ့??"
လုရွှမ်ကတော့ သူ့မျက်နှာမှာ ပြုံးနေပြီး အောင့်ယွဲ့ မျက်ခုံးတွေက တွန့်ချိုးနေသည်။ သူမက အံကြိတ်လျက် လက်သီးကိုလည်း ကျစ်ကျစ်ပါနေအောင် ဆုပ်ထားကာ လုရွှမ်ကို ပြင်းပြင်းထန်ထန် ရိုက်ပစ်ချင်နေမိသည်။
ဒါပေမဲ့ အခုအခြေအနေက လူတစ်ယောက်ကို ရိုက်နေဖို့ထက် ပိုပြင်းထန်တဲ့အတွက် ခေါင်းငုံ့ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။
နောက်ဆုံး လျှို့ဝှက်ချက်ကို ဖွင့်ရန် အနည်းဆုံးသော့တစ်ခုကို ရှာရမည်။ မဟုတ်ပါက လျှို့ဝှက်ခန်းထဲသို့ ဝင်ရန် အရည်အချင်း ပြည့်မီမည် မဟုတ်ချေ။ သော့တစ်ခုက လူနှစ်ယောက်ကို ဝင်ခွင့်ပြုနိုင်သည်။ သူမလည်း အခြားသော့များကို ရှာဖွေနိုင်သော်လည်း ၎င်းမှာ မဖြစ်နိုင်ပေ။
ဥပမာအားဖြင့် ယခုအထင်ရှားဆုံး တံဆိပ်ပြားကို ၁၂ခု ဟု အမှတ်အသား ပြုထားပြီ။ ဆိုလိုသည်မှာ ၎င်းသည် သော့အားလုံးတွင် အနိမ့်ဆုံး အခြေအနေ၌ ရှိသည်။ ဒါတောင် ဒီအချိန် ရွှမ်ခုန်းတောင်ကို ဖွင့်တော့ ကျင့်ကြံသူတွေ တော်တော်များများ ဝင်လာတာကြောင့် ဒီသော့ကို လိုချင်တဲ့သူ တစ်သောင်းကျော်လောက် ရှိလိမ့်မည်။
သို့သော် သော့သည် ဤနေရာတွင် တိတ်တိတ်ဆိတ်ဆိတ် အမြဲရှိနေခဲ့ပြီး မည်သူမျှ မရနိုင်ခဲ့ချေ။ သူမ ဒီသော့ကို ယူဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းက ဒီကိုမလာခင်မှာ သူမ မိသားစုဟာ ကြီးမားတဲ့စျေးနဲ့ ပေးခဲ့ရသည်။ ပစ်မှတ်ထားတဲ့ ကျားကွက်တွေအတွက် နောက်ဆုံးအကြိမ်အဖြစ် သူမ ဒီကိုမလာခင် ကောင်းကင်နဲ့ မြေကြီးဆိုင်ရာ ရတနာများစွာကို လဲလှယ်ပေးခဲ့လို့ပင်။
အန္တရာယ်များပြီး သေခြင်းတရားရဲ့ ကျဉ်းမြောင်းတဲ့ လမ်းပေါ်ကနေ လွတ်မြောက်နိုင်ဖို့လည်း ပါ၀င်တယ်ဆိုတာ ချဲ့ကားနေခြင်း မဟုတ်ချေ။
တခြားသော့များကို ယူဖို့က ခက်ခဲသည်။ မြင်နေရတဲ့ သောက ပိုမိုလွယ်ကူတယ် မဟုတ်ပါလား။ အနည်းဆုံးတော့ သော့ကို မျက်စိရှေ့မှာ မြင်နေရပြီလေ။ ကြိုးစားလျှင် ရနိုင်သည်။ တခြားသော့တွေကတော့ အခွင့်အရေး မရှိတော့သလို သတင်းတောင် မကြားရချေ။
အရှုံးပေးရမှာလား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
"မရဘူး.... အရမ်းများတယ်။ အများဆုံး ၁၀% ပေးမယ်"
အောင့်ယွဲ့က အော်လိုက်သည်။
လုရွှမ် ခါးသက်သက်ဖြင့် ပြုံးလိုက်မိသည်။ ၁၀%နဲ့ သူ့ကို လာနောက်နေတာလား။
"၅၀% ...မဟုတ်လည်း ငါတို့ တိုက်ကြရအောင် ပြောလို့မရဘူး.... ငါအကုန်ရရင် ရနိုင်တယ်"
လုရွှမ်က ပြုံးပြီး သူ့လက်ဖဝါးကို ပွတ်သပ်ကာ လောဘကြီးနေတဲ့ လူတစ်ယောက် ပုံစံကို လုပ်လိုက်သည်။ အောင့်ယွဲ့နှင့် တိုက်ပွဲတွင် လုရွှမ်သည် အနိုင်ရရန် အခွင့်အလမ်း မရှိပေ။ တကယ်တော့ ကျင့်ကြံမှု ကွာဟချက်က အရမ်းကြီးပြီး မလုံလောက်ဘူးလေ။
လေပြင်းလက်ဝါး နှင့် နဂါးဆင်ရွှေလက်ဝါးတို့ ကဲ့သို့သော တချို့သော စွမ်းရည်များသည် တိမ်ပင်လယ် နယ်မြေတွင် အမြင့်မြတ်ဆုံး စွမ်းရည်များ ဖြစ်သော်လည်း တခြားသော ကမ္ဘာငယ်လေးများတွင် ၎င်းတို့သည် သာမန် လျှို့ဝှက်ချက်များသာ ဖြစ်နိုင်သည်။
ဒါက တိမ်ပင်လယ်နယ်မြေက လုံးလုံး မပြည့်စုံတာကြောင့် တောက်ကျင့်စဥ်ရဲ့ ကျက်သရေဟာ သိသာထင်ရှားပြီး ပင်မကမ္ဘာနဲ့ ဝေးလွန်းလေသည်။ လုရွှမ်သည် ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း သေးငယ်သော ကမ္ဘာ၏ ဥပဒေသများ၏ ချို့ယွင်းချက်များမှာ အရည်အချင်း အနည်းငယ်ထက် သိပ်မပိုချေ။
မနိုင်ရင် ရှုံးမှာပဲ။ အနည်းဆုံးတော့ တိုက်ခိုက်ရမှာကို မကြောက်ဘူးဆိုတဲ့ သူ့မျက်နှာကို ပြရမယ်။ ဒီလိုမှမဟုတ်ရင် ဒီရူးသွပ်တဲ့မိန်းမက တကယ်ရူးသွပ်ပြီး သူ့ကိုသေတဲ့အထိ တိုက်ခိုက်ချင်နေတယ် ဆိုရင် ဒါဟာ သိပ်တန်ဖိုး မရှိတော့ဘူးလေ။
အောင့်ယွဲ့ရဲ့ ရင်ဘတ်တွေက နိမ့်ချည်မြင့်ချည်ဖြင့် သူမ တကယ် ရိုက်ပစ်ချင်နေပြီ။ အကယ်၍ သူမသာ တိုက်ပွဲဝင်နိုင်ခဲ့လျှင် သူမ အစောကတည်းက ပွဲပြီးသွားလောက်ပြီ။
"နှစ်ဆယ်ရာခိုင်နှုန်း!"
"လေးဆယ် ရာခိုင်နှုန်း"
"အများဆုံး ၃၀%ပဲ မဟုတ်ရင် တိုက်လိုက်ကြရအောင်..... အနည်းဆုံးတော့ တခြားသူတွေ အတွက် ပိုစျေးသက်သာသွားတာပေါ့"
အောင့်ယွဲ့က အော်ပြောပြီး လက်နက်ကို သိုလှောင်အိတ်ထဲကနေ တိုက်ရိုက် ဆွဲထုတ်လိုက်သည်။ ရုတ်တရက် လုရွှမ်က တောက်ပစွာ ပြုံးလိုက်ကာ။
"ကောင်းပြီ.... ၃၀% ဆိုတော့လည်း ၃၀%ပေါ့... ပူးပေါင်းရတာ ဝမ်းသာပါတယ်"
"ခေါင်းကြီးတစ္ဆေကောင်"
အောင့်ယွဲ့ ကျိန်ဆဲလိုက်တော့သည်။ သူမရဲ့လက်ကို ဝေ့ယမ်းလိုက်တဲ့အခါ သိုလှောင်ထားတဲ့ အိတ်ထဲက ပစ္စည်း အမြောက်အမြား ထွက်လာပြီး မြေပြင်ပေါ်မှာ ပြန့်ကျဲသွားသည်။
"ငါ့ရဲ့ သိုလှောင်အိတ်မှာ အခန်း၁၀ခန်း ရှိတယ်... အားလုံး ဒီမှာပဲ... နင်ကိုယ်တိုင် ရွေးချယ်နိုင်တယ်"
လုရွှမ်၏ မျက်လုံးများ တောက်ပလာခဲ့သည်။ ဤအရာများ အားလုံးသည် စိတ်ဝင်စားစရာ ကောင်းပြီး တချို့ ပစ္စည်းတွေက လုရွှမ် သူတို့၏ နာမည်များကို မသိသလို ၎င်းတို့ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဒါပေမဲ့ လုရွှမ်ကတော့ စိတ်မပူပါဘူး။ သူ တစ်ခါမှ မမြင်ဖူးပေမယ့် ကျီးကန်းကတော့ သိမှာပဲလေ။
'အဘိုးကျီး... သုံးပုံတစ်ပုံလောက်တော့ ရမယ် ရွေးလိုက်...'
သူ ရွှေကျီးကန်းကို စိတ်ထဲကနေ အမြန်ပြောလိုက်သည်။ ကျီးကန်ရဲ့ အသံကလည်း လုရွှမ် စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
'ဟင့်... အကုန်လုံး အမှိုက်တွေချည်းပဲ... ဆိုလိုတာက မင်းမှာ ပညာမရှိလို့ အဲဒါတွေကို ရတနာတွေအဖြစ် တွေးနေတာ သိသာပါတယ်... ဒီအရာတွေက ကောင်မလေး ဂရုမစိုက်ဘူး ဆိုတာ သိသာတယ်... အဲဒါကြောင့် သိုလှောင်အိတ်ထဲက ဖြစ်သလို ထုတ်လိုက်တာပေါ့ သူတို့လို ချောမောလှပတဲ့ မိန်းကလေးတွေက တကယ်ကောင်းတဲ့ ပစ္စည်းတွေကို ထည့်ချင်ရင် သိုလှောင်လက်ကောက်နဲ့ သိုလှောင်လက်စွပ်တွေမှာ ထည့်ထားတတ်တယ်'
'သူ့လက်ချောင်းတွေကို သတိထားပြီး ကြည့်လိုက်'
လုရွှမ် သူ့စိတ်ထဲတွင် သက်ပြင်းချမိသည်။ ကံကောင်းစွာပင် ရွှေကျီးကန်း ဤနေရာတွင် ရှိနေခဲ့သည်။ မဟုတ်ပါက သူသည် ဤတစ်ကြိမ်တွင် ဆုံးရှုံးမှု အကြီးကြီးကို ကြုံတွေ့ရပေလိမ့်မည်။
ဒီအမျိုးသမီးက သူ့အိတ်ထဲက ပစ္စည်းအားလုံးကို လွယ်လွယ်ကူကူနဲ့ လောင်းချပြီး သူ့အား ရွေးခွင့်ပေးလိုက်သည်။ ရက်ရက်ရောရော ပေးတယ်လို့ ထင်ရပေမယ့် ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခုဆိုတာ ထင်ရှားလေ၏။
သူယခင်ဘဝက ကမ္ဘာတစ်ခုကို စိုးမိုးနိုင်ခြင်းကြောင့် အထူးသဖြင့် ကျိုးရန်ထံမှ သစ္စာဖောက် ကြံစည်တာကို ခံပြီးနောက် လူအများကြားက ဆန်းကြယ်မှုများကို သိရှိလာခဲ့သည်။
သူ့နာမည်နဲ့ နေရာဒေသကို ဒီအမျိုးသမီး အရင်က မေးခဲ့တယ်ဆိုတာ ဖြစ်သလို မေးလိုက်တာ မဟုတ်ကြောင်း သူသေချာ သိခဲ့ပြီ။ သူက နေရာသေးသေးလေးကနေ ဆင်းသက်လာတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းနေတာကြောင့် သိုလှောင်အိတ်နဲ့ စမ်းသပ်ကြည့်နေတာပင်။
လုရွှမ် မှန်မှန်ကန်ကန်ပဲ ခန့်မှန်းနိုင်ခဲ့သည်။ အောင့်ယွဲ့ လုရွှမ်ကို စိုက်ကြည့်ကာ သူမမျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများကို မြင်လိုက်ရသည်။
တိမ်ပင်လယ် နယ်မြေကြီးက ဘယ်မှာလဲ ဆိုတာကို သူမ တွေးနေခဲ့တာ ကြာပါပြီ။ လုံးဝမကြားဖူးဘူး။ လုရွှမ်မှာ သိုလှောင်လက်စွပ် ဒါမှမဟုတ် သိုလှောင် လက်ကောက်ကိုလည်း မတွေ့ရချေ။
တကယ်လို့ ဒီလုရွှမ်က သေးငယ်တဲ့ နေရာကနေ ဆင်းသက်လာတာ ဆိုရင် ဘယ်လိုလုပ်မလဲ။ ရိုက်ရမလား? အခြေခံအုတ်မြစ်နဲ့ ပတ်သက်လာရင် သူတော်စင်တစ်ပိုင်း စတုတ္ထအဆင့် ပါရမီရှင်တစ်ဦးက ဘယ်လောက်ပဲ ထက်မြက်နေပါစေ သူမလောက်တော့ မကောင်းနိုင်ပေ။
သူမပေးသော စျေးနှုန်းသည် မနည်းလှသော်လည်း ဆုလာဘ်များက သူ့ဆီက ထပ်ရရင် ပို၍ကြီးမားသွားမည်။
"ဟာဟား... မိန်းကလေးအောင့်ယွဲ့က ဒီအမှိုက်တွေကို သယ်ထုတ်လာက ငါ့ကို တော်တော်လေး အထင်သေးနေတာများလား? ငါလိုချင်တဲ့ ပစ္စည်းတွေကို သိုလှောင်လက်စွပ်ထဲ ဝှက်ထားလိုက်တာနဲ့ ငါမသိတော့ဘူးလို့ ထင်နေတယ်ပေါ့... မိန်းကလေးအောင့်ယွဲ့ မင်းက ဉာဏ်ကောင်းပါတယ်... ဒါပေမဲ့ တခြားလူတွေကိုလည်း ငတုံးတွေလို့ မထင်ပါနဲ့"