စာချုပ်ချုပ်မယ်
Vol. 48 Ch. 4.232
လုရွှမ် အထင်အမြင် သေးသော ပုံစံဖြင့် အေးစက်စွာ ပြောလိုက်သည်။ သူ့လက်ဝှေ့ယမ်းကာ မြေပြင်ပေါ်ရှိ အရာအားလုံးကို ကျောက်စိမ်းပြားထဲသို့ ထည့်လိုက်သည်။
"ဒါတွေကို မင်းရဲ့ မရိုးသားမှုအတွက် လျော်ကြေးအဖြစ် သတ်မှတ်သင့်တယ်"
အောင့်ယွဲ့ မျက်လုံးများက လေးနက်နေပါပြီ။ လုရွှမ်တွင် အခြားသော သိုလှောင် ကိရိယာများကို သူမ မတွေ့ခဲ့ရသော်လည်း သူ့ခါးပတ်လည်ရှိ သိုလှောင်အိတ်ကတော့ လုံးဝမလှုပ်ပေ။ လုရွှမ်တွင် ပို၍ မှော်ဆန်သော သိုလှောင်ကိရိယာ ရှိနေနိုင်သည်။
ခဏလောက်ကြာတော့ အောင့်ယွဲ့က စိတ်ရှုပ်ထွေးသွားပြန်သည်။
"ဟင့် နင်ငါ့ကို လာနောက်နေတာပဲ!"
အောင့်ယွဲ့က အော်နေသေးပေမယ့် လုရွှမ်ကို လျှော့မတွက်ရဲတော့ချေ။ သူဝှက်ထားတဲ့ သိုလှောင်လက်စွပ်က တစ်ဆင့် ပစ္စည်းတွေကို မြင်နိုင်တာ ဒီလိုမျက်လုံးမျိုးက လျှို့ဝှက်ခွန်အား ဖြစ်နိုင်သလို သူ့မှာ မှော်အစွမ်းတွေ ရှိနေနိုင်သည်။
"သုံးဆယ်ရာခိုင်နှုန်း!"
လုရွှမ်က အလေးပေးကာ ဆက်ပြောသည်။
"နင့်ကိုပေးမယ်!"
အောင့်ယွဲ့က အော်ဟစ်လိုက်ပြီး စာရွက်တစ်ရွက်ကို ထုတ်ကာ လုရွှမ်ထံ ပစ်ပေးလိုက်သည်။
"စာချုပ်ကို အရင်လက်မှတ် ထိုးလိုက်... ငါနင့်ကို မယုံဘူး"
အဓိပ္ပာယ် မရှိတာ ဘယ်သူက ဘယ်သူ့ကို မယုံရမှာလဲ။ လုရွှမ် စာချုပ်ကို ယူလိုက်ချိန် ရွှေကျီးကန်းရဲ့ အသံက သူ့နားထဲ ပျံ့လွင့်လာ၏။
'ဒါက ပင်မကမ္ဘာကြီးရဲ့ စကြဝဠာဥပဒေ တစ်ခုပဲ.... မင်းရဲ့ဝိညာဉ်ကို အဲဒီအပေါ်မှာ တံဆိပ်ခတ်ထားသမျှတော့ အဆင်ပြေသွားမှာ.... စာချုပ်က အရမ်း အကျုံးဝင်ပါတယ် စာချုပ်ကို ဖောက်ဖျက်ရဲရင် သင်္ချိုင်းမြေမရှိဘဲ သေနိုင်ပြီ!'
"အစောကတည်းက ဒီလိုလုပ်လိုက်ရင် မြန်မြန် ပြီးမသွားဘူးလား"
လုရွှမ် အောင့်ယွဲ့ကို ပြောလိုက်သည်။ စာချုပ်ကို လျင်မြန်စွာ ဖတ်ပြီး လျှို့ဝှက်အန္တရာယ်များ မရှိကြောင်း သေချာအောင် ပြုလုပ်ပြီးနောက် လုရွှမ်သည် စာချုပ်ကို အလျင်စလို မလက်မှတ်ထိုးဘဲ ပြုံးပြုံးလေးဖြင့်
"ငါတို့ပူးပေါင်းချင်တာကြောင့် နောက်ထပ် စာပိုဒ်တစ်ပိုဒ် ထပ်ထည့်ရင် ပိုကောင်းမယ်ထင်တယ်.... ဥပမာ လျှို့ဝှက်အခန်းထဲကို မဝင်ခင် အချင်းချင်း တိုက်ခိုက်လို့မရဘူး"
အောင့်ယွဲ့သည် သူ့ထက် သိသိသာသာ အားကောင်းနေပြီး ပင်ပန်းလွန်းနေတာကြောင့် သူမ၏ ခိုးဝင် တိုက်ခိုက်မှုများကို အချိန်တိုင်း အာရုံစိုက်နေရသည်။
"မှန်တယ်.... လျှို့ဝှက်ခန်းထဲကို မ၀င်ခင်မှာ တစ်ဖက်လူကို ရန်စဖို့ ကြံစည်လို့ မရဘူး"
လုရွှမ်က အောင့်ယွဲ့ကို သတိထားနေပြီး အောင့်ယွဲ့ကလည်း လုရွှမ်ကို လျှော့မတွက်ဝံ့ပါဘူး။ ဒါကိုကြားတော့ နှစ်ယောက်သား စိတ်ထဲမှာတော့ အနည်းဆုံး သက်ပြင်း ချနိုင်သွားကြသည်။
နောက်ထပ် မဆိုင်းမတွဘဲ လုရွှမ် သူ၏ ဝိညာဉ် အမှတ်အသားကို ထုတ်ယူပြီး စာချုပ်အပေါ်၌ ချလိုက်သည်။ အောင့်ယွဲ့လည်း ၎င်း၏ဝိညာဉ်ကို ထုရိုက်ကာ ရတနာအချို့ကို ထုတ်ယူကာ ပေးလိုက်သော်လည်း သူမ၏မျက်နှာက နာကျင်ခြင်း အပြည့်နှင့်။
စာချုပ်ကြောင့် လုရွှမ်လည်း အောင့်ယွဲ့တစ်ယောက် စကားကို ပြင်ပြောတော့မှာကို မစိုးရိမ်တော့ချေ။ လုရွှမ် ဤရတနာများကို စုဆောင်းပြီး ကျောက်စိမ်းပြားသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။ ထိုအခါ ရွှေကျီးကန်းက
"ချမ်းသာပြီ ချမ်းသာပြီ!! ဒီမိန်းမ ဒီလောက်ချမ်းသာမယ်လို့ ငါမမျှော်လင့်ထားဘူး.... ကောင်လေး မင်းမှာ အနာဂတ်ရှိသေးတယ် ဆက်ကြိုးစားထား!!"
လုရွှမ် ကူကယ်ရာမဲ့ အံသြသွားသည်။ ဒီရွှေကျီးကန်းက ဒီလောက်ထိတောင် ငွေမတ်တယ်လား။
"ဒါဆို ငါတို့ အခု ဘယ်သွားမှာလဲ? အဲဒီနေရာကို ငါ တစ်ခါမှ မကြားဖူးဘူး"
လုရွှမ်က မေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ စာချုပ်ချုပ်ပြီးပြီမို့ အောင့်ယွဲ့ရဲ့ ပုန်ကန်မှုကို မကြောက်တော့ပါဘူး။ အောင့်ယွဲ်က မျက်မှောင်ကြုတ်ပြီး
"အဲဒီနေရာကို တစ်ခါမှ မကြားဖူးဘူးလား?"
လုရွှမ်က ပခုံးတွန့်လိုက်ပြီး
"သူတော်စင်တစ်ယောက်ကို ငါသတ်ခဲ့တာ... သူ့ဆီကနေ အဲဒီပေါ်မှာ အနီစက်လေးတွေ မှတ်ထားတဲ့ မြေပုံကို တွေ့ခဲ့တယ်... ဒါကြောင့် ငါဒီနေရာကို ရောက်လာခဲ့တာ"
အောင့်ယွဲ့ ယသည် သူမ၏ အံသွားများကို ကိုက်ရုံမှတစ်ပါး မတတ်နိုင်ခဲ့ချေ။ လုရွှမ်အပေါ် အန္တရာယ်ကို အကဲဖြတ်မှုမှာ ပိုမိုမြင့်မားလာခဲ့သည်။
ဤလူသည် ကြိုတင် ပြင်ဆင်ထားခြင်း မရှိဘဲ ရွှမ်ခုန်းတောင်ပေါ်သို့ ရောက်လာခဲ့သည်။ သူသည် အထူဆုံးသော သူတော်စင် စပျစ်နွယ်ပင်ကို တက်ရန်ပင် သတ္တိရှိခဲ့သည်။ တခြားအကူအညီတောင် မပါဘဲ တက်နိုင်ခဲ့တာ ဖြစ်သည်။
ဒါက ဘယ်လို မကောင်းဆိုးဝါးကြီးလဲ? တိမ်ပင်လယ်နယ်မြေက ဘယ်လိုနေရာမျိုးလဲ ဆိုတာကို အနာဂတ်မှာ သေသေချာချာ စူးစမ်းရမယ်။
ဒါပေမဲ့ စိတ်ထဲမှာတော့ နည်းနည်းတော့ စိတ်သက်သာရာ ရသွားခဲ့သည်။ အနည်းဆုံးတော့ ကိုယ့်ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေက မဆိုးဘူးဆိုတော့ နောက်ဆက်တွဲ တိုက်ပွဲတွေမှာ သူတို့နှစ်ယောက် အတူတူ လက်တွဲပြီး အကျိုးကျေးဇူးတွေ ပိုရနိုင်တယ်လေ။
"ဒါဆို ငါ ရတနာတွေ လိုက်ရှာဦးမယ်... နင်ကတော့ နင့်ရဲ့ကျင့်ကြံမှုကို တိုးတက်အောင် လုပ်ပေါ့!"
အောင့်ယွဲ့က ပြောလေသည်။ သေချာတာပေါ့။ သူ့စိတ်ထဲမှာ လုရွှမ်အတွက် အစီအစဉ်တွေ မရှိပါဘူး။
အခု သူကအရမ်း အစွမ်းထက်နေပြီ။ သူ့ရဲ့ ခွန်အားတွေ ထပ်ပြီး တိုးလာလို့ နောက်ပိုင်း လျှို့ဝှက်ဘဏ္ဍာကို သိမ်းယူတဲ့အခါ သူမဝေစုကို ဘယ်လိုလုပ် ရနိုင်တော့မလဲ။
"ဘာကိုဆိုလိုတာလဲ?"
အောင့်ယွဲ့က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး
"နင့်ကို ရွှမ်ခုန်းတောင်ကို ခေါ်သွားမယ်ဆိုတဲ့ အချက်ကို စာချုပ်ထဲမှာ မရေးထားဘူး... ငါ သော့ဆယ့်နှစ်ချောင်းကို ရတဲ့အချိန် လျှိုဝှက်တံခါး အပေါက်ဝမှာ သဘာဝကျကျ စောင့်နေလိုက်မယ်.... အခုတော့ ဒီသခင်မလေး ငါ အရင်သွားပြီ"
အောင့်ယွဲ့သည် နောက်ဆုံးတွင် လုရွှမ်ကို အနည်းငယ် ဒုက္ခပေးနိုင်ခဲ့သည့် အတွက် အလွန်ကျေနပ်သွားခဲ့သည်။ လုရွှမ် သူမနောက်ကို မလိုက်သွားခဲ့သလို လိုက်သွားလည်း အသုံးမဝင်ချေ။ သူ စိတ်အေးအေးထားပြီး ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်လိုက်သည်။
မကြာမီတွင် စပျစ်နွယ်ပင် အားလုံးသည် ဤနေရာသို့ ဦးတည်သွားနေတာ မဟုတ်ကြောင်း လုရွှမ် တွေ့သွားခဲ့ပြီး စပျစ်နွယ်ပင်များ၏ အထူမှာ မတူညီသောကြောင့် တောင်တက်ခြင်း၏ အဆုံးအမှတ်မှာလည်း ကွဲပြားလေသည်။ ဒီမှာစောင့်နေချင်တယ် ဆိုရင်တော့ တခြားသူတွေ ရောက်လာတာကိုပဲ စောင့်နေသလို ဖြစ်နေမှာ စဉ်းစားနေစရာပင် မလိုချေ။
လုရွှမ် မသိခဲ့တာက ဒါက အဘိုးကြီးရွှမ်ဟွမ် စီစဥ်ခဲ့တာပဲ ဆိုတာပင်။ တောင်ထိပ် တစ်ခုလုံး၏ ပတ်ပတ်လည်တွင် အောက်ခြေ မြေကြီးပေါ် တွဲလျောင်းကျနေသော သူတော်စင် စပျစ်နွယ် စုစုပေါင်း ၉၉၉ ခုရှိသည်။
ဒါပေမဲ့ အခက်အခဲက မတူသလို အန္တရာယ်ကလည်း မတူချေ။ လုရွှမ်နဲ့ အောင့်ယွဲ့ ရွေးခဲ့တာက သဘာဝအတိုင်း အခက်ခဲဆုံးပဲ။ တကယ်တော့ လုရွှမ် အခုအချိန်အထိ ရောက်နေတဲ့နေရာဟာ ရွှမ်ခုန်းတောင်က မထွက်ခွာခင် ကျင့်ကြံသူတွေ မရောက်နိုင်ခဲ့တဲ့ အဆုံးမှတ်ပဲ ဖြစ်သည်။
လမ်းက ရှည်လျားတာကြောင့် လုရွှမ် အမှတ်တမဲ့ ရွေးပြီး ဆက်လျှောက်လာခဲ့သည်။
လုရွှမ်သည် လမ်းမကြီးကို ရွေးချယ်ပြီး ဝင်လာပြီးနောက်တွင် သူသည် ရွှမ်ခုန်းတောင် တစ်ခုလုံး ပေါ်တွင် ရှိနေခဲ့တာကို သိလိုက်ရသည်။ ရုတ်တရက် ရောင်စုံတိမ်တိုက်များက ကောင်းကင်ယံကို လွှမ်းခြုံသွားပြီးနောက် မိုးခြိမ်းသံက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
ရွှမ်ခုန်းတောင်၏ မူလဇာစ်မြစ်ကို သိရှိသူတိုင်းသည် အဘိုးကြီး၏ ပထမဆုံးသော့ကို ကျင့်ကြံသူ တစ်ယောက်ထံမှ ရရှိခဲ့ကြောင်း နားလည်လေသည်။
လုရွှမ် ကောင်းကင်တွင် တိမ်တိုက်များကို အံ့အားသင့်စွာ ကြည့်နေရင်း သူ့စိတ်ထဲတွင် သက်သာရာ ရသွားခဲ့သည်။
အနိမ့်ဆုံးအဆင့်။ ရွှမ်ခုန်းတောင်ခြေမှာ ကျန်တဲ့လူတွေက စောင့်နေကြတုန်းပင်။ ကောင်းကင်မှာ ရောင်စုံတိမ်တွေကို မြင်ပြီး ကောင်းကင်ယံက မိုးခြိမ်းသံကို ကြားတော့ လူတော်တော် များများက အော်ဟစ်ကြလေတော့သည်။
"အဲဒါ နတ်သမီးအောင့်ယွဲ့ပဲ!"
"အချိန်တိုလေး အတွင်းမှာ ပထမဆုံးသော့ကို ရနိုင်ဖို့ အထူဆုံး စပျစ်နွယ်ပင်ကို တက်သွားခဲ့တာပဲ... ပထမဆုံးသော့ကို မိန်းကလေးအောင့်ယွဲ့ကလွဲရင် တခြား ဘယ်သူကများ ဖြစ်နိုင်ဦးမှာလဲ?"
"ဟမ့်... အရင်က သူတော်စင်တစ်ပိုင်း ကောင်လေး တစ်ယောက်လည်း တက်သွားတယ် မဟုတ်ဘူးလား? သူလည်း အထူဆုံး စပျစ်နွယ်ကနေ တက်သွားတာပဲ....သူလည်း ဖြစ်နိုင်တယ်"
အောင့်ယွဲ့မှာ နာမည်ကောင်း ရှိသော်လည်း သူမက ဒေါသကြီးသည်။ သူမကို သဘောကျတဲ့သူတွေက သူ့ကို လွန်ကဲစွာ သဘောကျကြပြီး သူမကို မကြိုက်တဲ့သူတွေက သူ့ကို လွန်ကဲစွာ မုန်းတီးကြပါသည်။
များမကြာမီတွင် နှစ်ဦးနှစ်ဘက် ရန်ဖြစ်နေကြသော်လည်း စိတ်ဝင်စားသူများသည် သူတော်စင်တစ်ပိုင်း စတုတ္ထအဆင့် ကောင်လေးဆီကို တိတ်တဆိတ် ရောက်သွားခဲ့ကြသည်။
လမ်းရဲ့အဆုံးမှာ ကျောက်တံခါး တစ်ချပ် ရှိလေသည်။ လုရွှမ်ရဲ့ လက်ဖဝါး ကျောက်တံခါးကို ထိလိုက်သည်နှင့် ကျောက်တံခါးသည် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။ သူ့မျက်လုံးတွေက ခဏလောက် မှောင်သွားပြီး နောက်တဖန် တောက်ပလာသော်အခါ သူ့ရှေ့က ကြည်လင်သွားသည်။
ခန်းမသည် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ ထိုကျောက်နန်းတော်သည် တောက်ပပြီး အမြင့်သုံးပေခန့် ရှိကာ အပေါ်ပိုင်းကို ကျောက်ထွင်း လက်ရာများဖြင့် ဖုံးအုပ်ထားသည်။ ၎င်းသည် လူများကို တိုက်ရိုက် စိုက်မကြည့်နိုင်စေရန် အားနည်းသော ဖိအား တစ်ခုကိုလည်း ထုတ်လွှတ်ထားလေသည်။
ခန်းမရဲ့ တစ်ဖက်တစ်ချက်စီမှာ ရုပ်ကြွများ ရှိနေ၏။ သက်ရှိ လူသားကို ကျောက်တုံးထဲတး ထည့်မြှုပ်နှံထား သကဲ့သို့ ကွက်ကွက်ကွင်းကွင်း ရှိလွန်းပြီး ဖော်မပြ နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။