ရုပ်ကြွရုပ်တုများပေါ်က စွမ်းအားကို နားလည်ခြင်း
Vol. 48 Ch. 4.233
လုရွှမ်သည် သူ့ခြေထောက်များ အပေါ် အာရုံစိုက်ထားပြီး ယန္တရား ရှိမရှိကို သေချာ ဂရုစိုက်နေသည်။ အိတ်ထဲက လေးလံတဲ့ အရာတစ်ခုကို ဂရုတစိုက် ထုတ်ယူပြီး ကြမ်းပြင်ဆီ ပစ်ချလိုက်သည်။
အခင်းအကျင်း တံဆိပ်ပြားနှစ်ခုကို ထုတ်၊ သူ့ပါးစပ်ထဲ အစွမ်းထက်တဲ့ အားဖြည့်ဆေးလုံး နှစ်လုံးကို ကိုက်ထားပြီးနောက် လုရွှမ်ဟာ ခန်းမထဲကို သတိထားပြီး လျှောက်ဝင်သွားလိုက်သည်။ သတိထားတာက မမှားဘူးလေ။
ရွှေကျီးကန်းက သူနေတဲ့ သူ့ကမ္ဘာက အရမ်းကျဉ်းတယ်လို့ ပြောခဲ့တာ ဘယ်လောက် မှန်တယ်ဆိုတာကို လုရွှမ် တကယ် နားလည်သွားခဲ့သည်။
တိမ်ပင်လယ်နယ်မြေတွင် သူသည် လေနှင့်မိုးကို ထိန်းချုပ်နိုင်သော နတ်ဘုရား ဖြစ်ခဲ့ဖူးသော်လည်း ဤနေရာသို့ ရောက်သောအခါ ဘာမှကို မဟုတ်တော့ပေ။ အတွေ့အကြုံ မလုံလောက်ခြင်း၊ ခွန်အားနည်းခြင်းတွေကြောင့် လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ သတိထားရန်သာ ဖြစ်သည်။
နောက်ဆုံး စတင်ရာကနေစပြီး ခန်းမရဲ့ တစ်ဖက် တစ်ချက်စီကို ရောက်လာတော့ စိတ်ဝိညာဉ် စွမ်းအားတွေ ဆွဲထုတ်သွားခဲ့သည်။ သက်သာရာရမှုက ရုတ်တရက် တွင်းနက်ကြီးထဲ ရောက်သွားသလို လုရွှမ်ရဲ့ စိတ်ကို စွဲဆောင်သွားသည်။
ဒါက အတွေ့အကြုံတစ်ခုပဲ။ ဆရာ့လက်အောက်မှာ ပညာသင်ကြားပြီး ပြုစုပျိုးထောင်မှု တိုးတက်စေခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို ဇာတ်အိမ် တည်ထားသည့် အတိုင်းပင်။ သူဟာ အခက်အခဲမျိုးစုံနဲ့ အန္တရာယ်တွေကို တွေ့ကြုံခဲ့ရပြီး အခွင့်အလမ်းမျိုးစုံကို ရရှိခဲ့ပြီး ဒဏ္ဍာရီ သူရဲကောင်း ဖြစ်လာတော့မလို။
သူ့စိတ်ဝိညာဥ် စွမ်းအားတွေကို ဆွဲထုတ်သွားတာ မြင်ပြီးတဲ့နောက်မှာ သူ့စိတ်တွေ တုန်လှုပ်သွားပြီး နောက်ဆုံးတော့ စိတ်ဝိညာဉ် စွမ်းအားက သူ့ခန္ဓာကိုယ်ဆီ ပြန်ရောက်လာ၏။ လုရွှမ် သူ့ပတ်ဝန်းကျင်ကို လျင်မြန်စွာ အာရုံစိုက်ထားခဲ့သည်။
ဒီနေရာမှာ သူတစ်ကိုယ်တည်း ရှိနေ၏။ သူ့နဖူးမှာ ချွေးများထွက်နေပြီး ကြောက်လန့်မှုကို မခံစားဘဲ မနေနိုင်အောင်ပင်။ ကံကောင်းထောက်မစွာပင် သူ့အရင် ဘယ်သူမှ မရောက်ခဲ့ပေ။
စိတ်ဝိညာဉ် စွမ်းအားတွေ တိုးလာတာလား?
မဟုတ်ဘူး! တိုးလာတာ မဟုတ်ဘဲ နည်းနည်းလေး ပိုသန့်ရှင်းလာတာပဲ။ လုရွှမ်၏ မျက်လုံးများသည် မျှော်လင့်ချက် အပြည့်ဖြင့် ရုပ်လုံးပေါ်နေသော ရုပ်ကြွများကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
သူသည် ကျောက်နန်းတော် တံခါးဆီသို့ လျင်မြန်စွာ လျှောက်သွားကာ ခဏလောက် စဉ်းစားကာ အခင်းအကျင်း တံဆိပ်ပြားများကို တစ်ခုပြီးတစ်ခု ပစ်ချကာ ဖွဲ့စည်းမှုများကို စီစဥ်လိုက်သည်။
ဒီအခင်းအကျင်း တံဆိပ်ပြားတွေဟာ တိုက်ခိုက်နိုင်တဲ့ စွမ်းအား များများစားစား မရှိပေမယ့် အားကောင်းတဲ့ ထင်ယောင်ထင်မှား ပုံရိပ်တွေကို ဖြစ်စေနိုင်တဲ့ သက်ရောက်မှုတွေ ပါရှိလေသည်။ အခင်းအကျင်းကို နားမလည်ရင်တော့ တစ်သက်လုံး ပိတ်မိနေလိမ့်မည်။
နောက်ဆုံးတော့ သူ့ခွန်အားက နည်းနေပါသေးသည်။ အခြေအနေ ရရင် လုရွှမ်က လူသတ် အခင်းအကျင်းကိုတောင် သေချာစီစဉ် ပေးထားချင်၏။ ဒီလိုအခွင့်အရေးမျိုးကို အမွေဆက်ခံရရင် တွေ့ဆုံမှုဟာ သွေးထွက်သံယိုတွေ ဖြစ်လာမှာပဲ။ တခြားသူကို မသတ်ရင် တခြားသူတွေက သူ့ကိုသတ်သွားလိမ့်မယ်။
စွဲလန်းမှု အခင်းအကျင်း ပုံစံသည် သတ်ဖြတ်ခြင်း အခင်းအကျင်း ပုံစံနှင့် ကွဲပြားသည်။ သူ၏လက်ရှိ အင်အားဖြင့် သတ်ဖြတ်ခြင်း အခင်းအကျင်းကို ဖောက်ထွင်း ဝင်ရောက်လာနိုင်သော ကျင့်ကြံသူများအား မသတ်နိုင်တာကို သိလေ၏။
စွဲလန်းမှု အခင်းအကျင်းက ကွဲပြားသည်။ သတ်ဖြတ်မှု အခင်းအကျင်းသည် ကျွမ်းကျင်မှုကို အင်အားဖြင့် အနိုင်ယူနိုင်သော်လည်း စွဲလမ်းမှု အခင်းအကျင်းကတော့ အခင်းအကျင်း၏ ဗဟိုချက်မ ဖြစ်သော စွမ်းအားကို ရှာမတွေ့လျှင် ခွန်အားဖြင့် တိုက်ခိုက်ရန် ခွင့်ပြုသည်။
ဤနေရာတွင် ဖောက်ထွင်း ဝင်ရောက်နိုင်သူများသည် သန်မာတဲ့ လူတွေဆိုတာ သံသယဖြစ်စရာပင် မလိုချေ။ အဘိုးကြီးရွှမ်ဟွမ်သည် ရွှမ်ခုန်းတောင်ကို အမွေအနှစ်အဖြစ် ထားခဲ့ရန် စီစဉ်ခဲ့ပြီး ထူးထူးခြားခြား ပါရမီရှိသော ကျင့်ကြံသူတချို့သည် ဤအမွေအနှစ်ကို အမွေ ဆက်ခံနိုင်စေရန် မျှော်လင့်နေကြသည်။
ယခင် အပြင်အဆင်များကို ကြည့်လျှင် ထောင်ချောက်များ မရှိနိုင်ပေ။ ထို့အပြင် အဘိုးကြီးရွှမ်ဟွမ် စီစဉ်ထားသော လူသတ် အခင်းအကျင်းကို ဝင်လာသူတွေက အင်အားသုံး၍ ဖြိုခွဲနိုင်သည်။ ထိုလူများ ဖောက်ဝင်နိုင်သော အခါတွင် လုရွှမ်သာ ဒီမှာ ဆက်စောင့်နေရင် လိုက်လံဖမ်းဆီးခံရရုံသာ ရှိတော့သည်။
စွဲလမ်းမှု အခင်းအကျင်း ဖွဲ့စည်းမှုနှင့်ပတ်သက်၍ တစ်စုံတစ်ဦးမှ ဖြတ်ကျော်နိုင်ခဲ့လျှင် ထိုလူ၏ အစွမ်းသတ္တိသည် ကြီးမားသည်ဟု ယူဆနိုင်ပြီး အဘိုးကြီးရွှမ်ဟွမ်မှ စီစဉ်ထားသည့် ဖွဲ့စည်းမှု ဖြစ်ကြောင်း အသိဉာဏ်ရှိရှိ အသိအမှတ်ပြုသွားလိမ့်မည်။
အခင်းအကျင်း ဖွဲ့စည်းခြင်းနှင့် သတိပေးချက် ယန္တရားကို တည်ဆောက်ပြီးနောက် လုရွှမ် ပြန်လှည့်လာပြီး ဒုတိယရုပ်ကြွကို ဆက်လက် ကြည့်ရှုခဲ့သည်။
ဒုတိယရုပ်တုသည် ပထမရုပ်တုနှင့် အတိအကျနီးပါး တူသော်လည်း အပြောင်းအလဲများ အနည်းငယ် ရှိနေသည်။ ရုပ်တုကို စိုက်ကြည့်ပြီးနောက် လုရွှမ် သတိပြန်ဝင်လာလို့ စွဲလမ်းမှု အခင်းအကျင်းထဲကို တစ်ချက်ကြည့်လိုက်ရာ အထဲတွင် လူတစ်ဦး ပိတ်မိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
လုရွှမ် ဂရုမစိုက်ဘဲ မနေဝံ့ဘဲ အခင်းအကျင်း ဖွဲ့စည်းမှုထဲသို့ စစ်ဆေးကြည့်ရာ ချက်ချင်းပင် ပျော်ရွှင်သွားလေသည်။ ထိုအမျိုးသမီးသည် အမှန်တကယ် အံ့သြစရယကောင်းပြီး အလွန်အစွမ်းထက်ကာ သူမ၏ အခင်းအကျင်း တည်ဆောက်ပုံကို နားလည်မှုသည်လည်း ထူးခြားသည်။
အခင်းအကျင်းက ရိုးရှင်းလွန်းမည်ကို စိုးရိမ်သောကြောင့် လုရွှမ် ထောင်ချောက်များကို တစ်ခုပြီးတစ်ခု ထောင်ခဲ့သည်။ စုစုပေါင်း ထောင်ချောက် ၁၂ ရှိပြီး ထိုအရာသည် အဘိုးကြီးရွှမ်ဟွမ်၏ သော့ဆယ့်နှစ်ခုနှင့် ကိုက်ညီလေသည်။
နတ်သမီးအောင့်ယွဲ့က ယခုအချိန်တွင် ၈ခုမြောက် ထောင်ချောက်ကို အမှန်တကယ် ချိုးဖျက်လိုက်ပါပြီ။ ဤအမျိုးသမီးသည်လည်း ဆိုးသွမ်းလွန်းလှပါ၏။ ဖွဲ့စည်းမှုတစ်ခုကို ချိုးဖျက်ပြီးနောက် သူမက ထောင်ချောက်ကိုပင် ထပ်မံပြုပြင်ခဲ့သေးသည်။
နတ်သမီးအောင့်ယွဲ့ရဲ့ အရှိန်ကို ခန့်မှန်းပြီးနောက် လုရွှမ် သူမအား လျစ်လျူရှုကာ တတိယအခန်းထဲ ဝင်ကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် သူမကို ဆန့်ကျင်၍ မကြံစည်နိုင်တာကြောင့် သူမကို စောင့်ကြည့်နေတာက အချိန်ဖြုန်းနေခြင်းသာ ဖြစ်သွားလိမ့်မည်။
သေချာပါတာပေါ့။ လုရွှမ် တတိယမြောက် အခန်းက ရုပ်ကြွစွမ်းအင်ကို နားလည်သွားတဲ့အခါ အောင့်ယွဲ့က သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူမသည် သူတော်စင်စွမ်းအားကို မသုံးခဲ့ဘဲ ကိုယ်ပိုင်ခွန်အားကိုသာ သုံးခဲ့သည်။ သူမပုံစံမှာ ဒေါကန်နေသော ကလေးမလေးကဲ့သို့ပင်။
"နတ်သမီးအောင့်ယွဲ့... မင်းပါ ရောက်လာမယ်လို့လည်း မမျှော်လင့်ထားဘူး.... ငါလမ်းမှားသွားပြီထင်တယ်"
လုရွှမ်က အံ့သြသွားဟန်ဖြင့်။
လုရွှမ် ကြိုရောက်နေတာကို မြင်တော့ နတ်သမီးအောင့်ယွဲ့သည် သူမ၏ခြေထောက်များကို အမြန်ပြန်ဆုတ်ကာ လေးနက်ဟန် ဆောင်လိုက်သည်။
"ရှင်က အခင်းအကျင်း ပညာရှင် ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး.... အဲဒီအခင်းအကျင်း ပုံစံတွေက ကျွန်မ အတွက်တောင် နည်းနည်းခက်တယ်... မထင်ထားဘူး ရှင်ကတကယ် ကျွန်မထက် ခြေတစ်လှမ်း စောနေတာပဲ... ဘယ်လို ရတနာတွေ သုံးသွားတာလဲ?"
လုရွှမ် သူမမျက်လုံးများကို ကြည့်လိုက်ရာ လိမ်ပြောနေတာကို မြင်ရသဖြင့် အံ့သြသွားသော်လည်း အောင့်ယွဲ့ သူ့ထံရောက်လာနိုင်တဲ့အတွက် အလွန် ဝမ်းသာမိလေသည်။ အနည်းဆုံးတော့ သူ့တွင် စာချုပ်တွဲဖက် ရှိနေပြီလေ။
"အခင်းအကျင်း? ဘာအခင်းအကျင်းလဲ.. ငါကဒီအတိုင်း လမ်းလျှောက်ဝင်လာခဲ့တာလေ"
လုရွှမ်က ပြန်ပြောလိုက်သည်။
အောင့်ယွဲ့ ရုတ်တရက် အံ့သြသွားပြီး သူမနောက်က အခင်းအကျင်းကို ပြန်ကြည့်လိုက်သည်။ လုရွှမ်ကို လျှို့ဝှက်သော့ကြောင့် ဖြစ်ရမည်ဟု ရုတ်တရက် တွေးလိုက်မိသည်။ ဒီကောင်လေး သူ့ကံကောင်းလွန်းတယ်လို့ တိတ်တိတ်လေး ကျိန်ဆဲလိုက်တော့၏။ သူမ စိတ်ဆိုးပေမယ့် စိတ်သက်သာရာလည်း ရသလို ခံစားရသည်။
ပါရမီရှင်တွေဟာ တခြားသူတွေကို နှိမ့်ချပြီး သူတို့က အသန်မာဆုံးလို့ အမြဲတွေးလေ့ ရှိကြသည်။ သူတို့မလုပ်နိုင်ရင် တခြားလူတွေလည်း မလုပ်နိုင်ဘူးဟု ထင်နေကြသူများ ဖြစ်လေသည်။
လုရွှမ် သူမရှေ့က ဝင်လာနိုင်တာကို မယုံနိုင်ဘူးလို့ ပြောရင်လည်း အောင့်ယွဲ့ လိမ်ရာကျလိမ့်မည်။ ဤအချိန်တွင် လုရွှမ်က အခင်းအကျင်းအပေါ် နားလည်မှုကို လုံးဝအားမကိုးခဲ့ဘဲ လျှို့ဝှက်သော့ကြောင့် ဖြတ်လာခဲ့တယ်လို့ တွေးလိုက်မိတဲ့အခါ သူမ ဂုဏ်ယူမိပြန်သည်။
သူမလို ပါရမီရှင် တစ်ယောက်နဲ့တင် လုံလောက်နေပြီ။ ဘယ်သူမဆို အရာရာမှာ ဘယ်လိုလာပ် သန်မာနိုင်ပါ့မလဲ။
လုရွှမ်က ရုပ်ရည်ဆိုးတယ်လို့ ထင်နေသေးသော်လည်း ယခုအချိန်တွင် ပိုကြည့်ကောင်းလာသလို ခံစားမိသည်။
"ဟမ့် အဲဒီသော့က ဒီလိုအကျိုးသက်ရောက်မှု ရှိမယ်လို့ ငါမမျှော်လင့်ထားဘူး... ရှင်နည်းနည်းတော့ ကံကောင်းသွားပေါ့"
ဆိုပြီးနောက် တတိယအခန်းက ရုပ်ကြွရုပ်တုဆီသို့ လျှောက်သွားပြီး ၎င်းကို ဂရုတစိုက် စိုက်ကြည့်နေခဲ့သည်။
လုရွှမ်လည်း သူ့စိတ်ထဲတွင် ကြည်နူးနေကာ ဤအခန်းထဲတွင် သူ့ကိုယ်သူ ဆက်လက်တွယ်ကပ်ရင်း စိတ်ဝိညာဉ် စွမ်းအားကို သန့်စင်စေသည်။
လူတွေရှိတိုင်း ပြိုင်ဆိုင်မှုတွေ ရှိနေမှာပင်။ အောင့်ယွဲ့သည် လုရွှမ်က ရုပ်ကြွရုပ်တု သုံးခုစလုံးက စွမ်းအားကို နားလည်ထားပြီး ဖြစ်ကြောင်း မြင်လိုက်ရသော် သူမ သွားများကို ကြိတ်ကာ တိတ်တိတ်လေး ကျိန်ဆဲလိုက်မိသည်။ သို့သော် လျင်မြန်စွာ ငြိမ်သက်သွားကာ ကျန်ရှိနေတဲ့ စွမ်းအင်ကို ဆက်လက် စုပ်ယူလိုက်သည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အာရုံစူးစိုက်ပြီး အလုအယက် စုပ်ယူနေကြရာ သူတို့ရဲ့ ဉာဏ်အလင်း အရှိန်က ပိုမြန်လာတော့သည်။
နတ်သမီးအောင့်ယွဲ့သည် ၇ခုမြောက် ရုပ်ကြွကို စုပ်ယူနေစဥ် လုရွှမ်က ၁၀ခုမြောက်ကို ရောက်နေပြီ။ ထိုအချိန်တွင် တစ်စုံတစ်ဦးမှ အခန်းအတွင်း ဝင်လာခဲ့လေသည်။