← Chapters

ပါရမီရှင်များစုဝေးကြပြီ

Vol. 48 Ch. 4.236

ပါရမီရှင်များစုဝေးကြပြီ

Vol. 48 Ch. 4.236

နတ်သမီးအောင့်ယွဲ့က ရွှဲရွှဲရွှဲရွှဲနဲ့ ပြောလာ၏။

"ခရမ်းရောင် အဝတ်အစား ဝတ်ထားတဲ့သူက ထျန်းရှန်ကမ္ဘာက နတ်သမီးရှန်းရှဲ့ ၊ ဝတ်ရုံတိုနဲ့ လူက ရှန်းဟိုင်ကမ္ဘာက လိရှောင်း၊ ထိပ်ပြောင်​နေတဲ့သူက လီဖော်ကမ္ဘာက ချန်ယီး.... နောက်ဆုံးကတော့ ကြည့်ရတာ သားသတ်သမားလိုပဲ သူ့နာမည်ကို ဘယ်သူမှ မသိကြဘူး သူ့ဇာစ်မြစ်ကိုဆို ပြောမ​နေနဲ့.... သူ့ကို သားသတ်သမားလို့ပဲ ခေါ်ကြတယ်"

အစောကြီးကတည်းက လုရွှမ် ဤလူလေးဦးထံမှ ပြင်းထန်သော ဖိအားကို ခံစားမိ​လေ​သည်။ နတ်သမီးအောင့်ယွဲ့သည် မာနကြီးပြီး မောက်မာသူ ဖြစ်သည်။ သူမ၏စကားတွင် ပြင်းထန်သော ပုတ်ခတ် ပြောဆိုမှုကြောင့် သူတို့သည် သူမ၏ ပြိုင်ဘက်ဖြစ်ကြောင်း ထင်ရှားသွားသည်။

နတ်သမီးရှန်းရှဲ့သည် အေးစက်ပြီး အေးအေးဆေးဆေး တည်ငြိမ်သော စိတ်ထားရှိသည်။ အောင့်ယွဲ့နှင့် နှိုင်းယှဉ်ပါက သူမသည် ကမ္ဘာ၏ အမွှေးတိုင်များကို မစားနိုင်သော နတ်သမီးလို စိတ်ထားရှိသည်။ လီရှောင်းကတော့ သူ့မျက်နှာကို တင်းမာထားလျက် သခင်လေးပိုင်ယွင်ကို အရင်ကန်ကျောက်ပြီး နောက်ပြန် ဆုတ်ခိုင်းခဲ့သူ ဖြစ်သည်။

သခင်လေးချန်ယီးက သူ့မျက်နှာကို ကြင်နာသော အငွေ့အသက်များဖြင့် လွှမ်းခြုံရင်း လုရွှမ်ကို မော့ကြည့်ကာ လက်ခုပ်တီးလိုက်သည်။

"ဒီကမိတ်ဆွေလေး... မင်းက လူပေါင်းများစွာကို သတ်လိုက်တာပဲ... မင်းရဲ့သားသတ်ဓားကို ချလိုက်ရင်တော့ နတ်ဘုရားဖြစ်ဖို့ပဲ လိုတော့တယ်"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ ကျင့်ကြံခြင်း ကမ္ဘာသည် လူများကို သတ်ရသည့် ကမ္ဘာတစ်ခုသာ ဖြစ်သည်။ မင်းငါ့ကိုမသတ်ရင် မင်းကိုငါသတ်ပစ်မယ် ဆိုတဲ့ လောကမို့ သားသတ်ဓားကို ချလိုက်ရင် ကိုယ့်ကိုကိုယ်သေဖို့ တောင်းဆိုနေတာပဲ မဟုတ်ဘူးလား။

နောက်ဆုံး သားသတ်သမားသည် သူ့မျက်နှာပေါ်တွင် ဘာမှမထူးခြားသော အကြည့်ဖြင့် ကြည့်နေ၏။ လက်နက်ကို တခြားသူများကဲ့သို့ သိုလှောင်လက်စွပ်ထဲတွင် ထည့်ထားမည့်အစား သူ့နောက်ကျောတွင် ပုဆိန်ကြီး တစ်ချောင်းကို ထမ်းထားသည်။

"အားလုံး.... ကျုပ်တို့ ပူးပေါင်းကြရင်ရော ဘယ်လိုလဲ?"

လုရွှမ်က ဆိုလိုက်သည်။

သေချာသည်မှာ ဤလမ်းမသည် အဘိုးကြီးရွှမ်ဟွမ်မှ သတ်မှတ်ထားသော နောက်ထပ် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ၎င်းသည် စမ်းသပ်မှု ဖြစ်သောကြောင့် သဘာဝအတိုင်း ဆုလာဘ်များလည်း ရရှိမှာ ဖြစ်သည်။

မတူညီသော အခက်အခဲများမှ တဆင့် ဆုလာဘ်များသည် တောင်ခြေရင်းရှိ သူတော်စင် နှလုံးစပျစ်နွယ်ပင်များကဲ့သို့ သဘာဝအတိုင်း ကွဲပြားနိုင်သည်။

တခြားသူများ တက်ဖူးသော စပျစ်နွယ်ပင်ကို တက်သွားတာက အန္တရာယ် နည်းသော်လည်း ဆုလာဘ် မရှိချေ။ ထို့ထက်မက စမ်းသပ်မှုတစ်ခု ပြီးသောအခါတွင် ဖြတ်ကျော်ရန်လည်း အမှန်တကယ် လိုအပ်သည်။ အဘိုးကြီးရွှမ်ဟွမ်သည် သူ့အမွေကို အမွေဆက်ခံရန် မောက်မာမှု မရှိတဲ့ တစ်စုံတစ်ဦးကို အမှန်တကယ် လိုချင်နေတာရော ဟုတ်ရဲ့လား?

လုရွှမ် ဒါကို နားလည်သလို တခြားသူတွေလည်း နားလည်ကြသည်။

နတ်သမီးရှန်းရှဲ့၏ အသံသည် ပေါ့ပါး ပျော့ပျောင်းပြီး နတ်သမီးဝိဥာဉ်ကို ထုတ်ဖော်ပြသလာသည်။ နားထဲတွင် နားဝင်ချိုစေကာ လုရွှမ်ကို အနည်းငယ် နှစ်သက်​စေသည်။

"ဒီလမ်းမရဲ့ ဆွဲအားက အရမ်းကြီးတယ်.... အဲဒါကို ဖြတ်ကျော်ချင်ရင် ကျွန်မတို့ရဲ့ ခွန်အားကို သုံးရမှာ... ရှင့်မှာ အခင်းအကျင်း ကောင်းကောင်းရှိလား?"

ထိုအခိုက်တွင် နတ်သမီးအောင့်ယွဲ့က မထီမဲ့မြင်ပြုတဲ့ အသံကို ထုတ်လွှတ်လိုက်ပြီး

"သူ့မှာ ဘယ်လိုလုပ် အခင်းအကျင်း ပုံစံရှိမှာလဲ? ငါ့မှာ ရှိတယ်... ဒြပ်စင်ငါးပါး အခင်းအကျင်း... ဒါပေမဲ့ လူငါးယောက်ပဲ ဝင်ဆံ့တယ်... နတ်သမီးရှန်းရှဲ့ စိတ်မကောင်းပါဘူး"

နတ်သမီးအောင့်ယွဲ့နဲ့ နတ်သမီးရှန်းရှဲ့က အစွန်းတစ်ဖက်ဆီမှာ ရှိနေကြပုံရသည်။ ရှန်းရှဲ့ကို နတ်သမီးလို့ ခေါ်မယ်ဆိုရင် အောင့်ယွဲ့ကို စုန်းမလို့တောင် ခေါ်ရမယ့်ကိန်းပင်။ သေချာတာကတော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းဆိုးတယ် ဆိုတာ လူတိုင်း နားလည်ကြလေ၏။

နတ်သမီးရှန်းရှဲ့က စိတ်ဆိုးခြင်း မရှိဘဲ နတ်သမီးအောင့်ယွဲ့ ပြောတဲ့ စကားတွေကို လုံးဝ ဂရုမစိုက်သကဲ့သို့ လမ်းမဘက်ကိုသာ ကြည့်နေခဲ့သည်။

"အောင့်ယွဲ့... သိပ်စိတ်မရှုပ်ပါနဲ့ နတ်သမီးရှန်းရှဲ့ရဲ့ အဂ္ဂိရတ် ကျွမ်းကျင်မှုကို လူတိုင်းက ချီးကျူးခဲ့ကြတာပဲ... ရှေ့လမ်းမှာ အသုံးချသွားနိုင်မှာ သေချာပါတယ်"

လိရှောင်းက အော်ပြောလိုက်ပြီး သူ့အသံက ထက်မြက်တဲ့ ညဇီးကွက် တစ်ကောင်ရဲ့ အော်ဟစ်သံလို စူးရှလွန်းလေ၏။ ချန်ယီးကလည်း ရုတ်တရက် ပြုံးလိုက်ပြီး

"ဒြပ်စင်ငါးပါး အခင်းအကျင်းက လူ မလုံလောက်တော့မှာကို ကြောက်ရတယ်... လုရွှမ်က သန်မာပေမယ့် သူ့အဆင့်က နည်းနည်း နိမ့်နေသေးတယ်.... ငါတို့ ခြောက်ယောက်ရဲ့ ခွန်အားဆိုရင်တော့ ပူးပေါင်းလို့ ရပါတယ်"

'ဟမ့် ဒီကောင်က ကြင်နာတတ်တဲ့ မျက်နှာလုပ်ပြီး မကောင်းဆိုးဝါး တစ်ကောင် ဖြစ်နေတာပဲ'

လုရွှမ် သူ့စိတ်ထဲမှာ ကျိန်ဆဲလိုက်ပေမယ့် သူ့ခွန်အားက နည်းနည်း နောက်ကျ ကျန်နေသေးတာကိုတော့ ဝန်ခံလိုက်ရသည်။ အောင့်ယွဲ့သည် ဤလူများကို ပြိုင်ဘက်များအဖြစ် မှတ်ယူထားတာကြောင့် သူတို့ခွန်အားကို သဘာဝအတိုင်း အသိအမှတ် ပြုနိုင်တာကြောင့် အောင့်ယွဲ့ထက်တော့ ဆိုးရွားမည် မဟုတ်ပေ။

စိတ်ထဲတွင် နှိမ့်ချ၍ အချိန်ကုန်ခံနေသော လုရွှမ်သည် ချေပခြင်း မပြုတော့ပေ။ သူ့ရဲ့ခွန်အားကို အစောတုန်းက သက်သေပြခဲ့​​​ပြီး​ပြီ။ ထိုလူရဲ့ စကားထဲ အထင်အမြင်သေးမှုက ဘယ်လောက်ပဲ ရှိနေပါစေ သူ့ခွန်အားကို ပြသခဲ့လို့ မဟုတ်ရင် ဘယ်လိုလုပ် သူဒီမှာ ရပ်နေခွင့် ရှိမှာမဟုတ်ဘူး။ ဒီငါးယောက်က သူ့ကို မောင်းထုတ်ချင်နေတာ ကြာပြီလေ။

"ဟေး ချန်ယီး.... မင်းနားလည် ဟန်ဆောင်တာထက် စိတ်ရှုပ်ချင်ယောင် ဟန်ဆောင်တာက ပိုကောင်းပါတယ်"

သားသတ်သမားက ရုတ်တရက် စကားအနည်းငယ်သာ ဝင်ပြောသော်လည်း စွမ်းအင် ပြည့်ဝနေသည်။ လုရွှမ်လည်း တိတ်တဆိတ်ပဲ သက်ပြင်းချမိ၏။ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးအရ ဤသားသတ်သမားကို မယှဉ်နိုင်တော့မည်ကို စိုးရိမ်သွားသည်။

"အောင့်ယွဲ့... ညီလေးလုရွှမ်က မင်းနဲ့ သဘောတူညီမှု တစ်ခုရထားပြီးသားပဲ မဟုတ်လား?"

လီရှောင်းက ရုတ်တရက် ဝင်ထောက်လိုက်သည်။

"ငါတို့အရင်က မိုးခြိမ်းသံကို ကြားလိုက်ရတယ်... အဲဒါ တစ်ယောက်ယောက်က သော့တစ်ချောင်းကို ရသွားတာ သိသာပါတယ်"

"မင်းနဲ့ ဒီကညီလေးလုရွှမ်က ကျောက်နန်းတော်ကို အမြန်ဆုံး ရောက်လာခဲ့တာ ဆိုတော့ သော့ရခဲ့တဲ့လူက မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ဆိုတာ သိသာပါတယ်.... မင်းရဲ့ စိတ်နေစိတ်ထားအရ ဆိုရင် ဟားဟား မင်းတခြားသူတွေနဲ့ လက်တွဲလုပ်မယ် ဆိုတာ မဖြစ်နိုင်ဘူး။... ဆိုလိုတာက ဒီညီလေးလုရွှမ်က သော့ရထားတဲ့လူ ဖြစ်နေလို့ပဲပေါ့"

"အောင့်ယွဲ့.... မင်းက ရွှမ်ခုန်းတောင်က အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေအတွက် ကမ္ဘာအရပ်ရပ်က ရတနာတွေကို အဆက်မပြတ် ရှာဖွေနေခဲ့တာ ငါမှတ်မိတယ်.... ညီလေးလုရွှမ်က တကယ်ပဲ ဦးဆောင်ခဲ့တာ ဆိုတော့ ဟားဟားဟား မင်းညံ့ဖျင်းသွားတာပေါ့"

လူအများအပြားသည် ၎င်းတို့၏ မျက်နှာပေါ်တွင် လျစ်လျူရှုသော အမူအရာများ ရှိနေကြပြီး လိရှောင်း တွေးနိုင်သမျှကို သူတို့လည်း တွေးတောနိုင်တာ ထင်ရှား​ပေသည်။ အောင့်ယွဲ့ လုရွှမ်ဆီသို့ လျှောက်သွားကာ လုရွှမ်လက်မောင်းကို ရင်းနှီးသော အမူအရာဖြင့် ဖက်ထားလိုက်သည်။

"ဟုတ်တယ်... လုရွှမ် သော့ရထားတယ် အဲ့တော့ ဘာဖြစ်လဲ? ငါ သူနဲ့ နှလုံးသားရေးရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးပြီ.... ငါတို့ လျှို့ဝှက်ဘဏ္ဍာတိုက်ထဲကို ဝင်သွားတဲ့အချိန် နင်တို့က နောက်ဆုံးက ဝင်ရမယ့် လူတွေပဲ... ဒါပေမဲ့ စိတ်မပူပါနဲ့.... လုပ်ရမှာက များလွန်းလို့ အဆုံးမှာ အခွင့်အရေးတောင် မရလိုက်ဘူး ဖြစ်သွားမှာ”

"အလုပ်​မလုပ်​ခင်..."

သူစကားမဆုံးခင်မှာ အဝေးက မိုးခြိမ်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း လီရှောင်းက သူ့မျက်နှာမှာ မှိုင်းညို့နေတဲ့ အကြည့်နဲ့

"တစ်ယောက်ယောက် ဒုတိယသော့ကို ဒီလောက်မြန်မြန်နဲ့ ရသွားတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

တခြားသူတွေက လီရှောင်းလောက် ဆိုးသွမ်းတဲ့ပုံ မပေါ်ပေမယ့် သူတို့မျက်နှာမှာလည်း စိုးရိမ်စိတ် အနည်းငယ် ရှိနေကြသည်။

"အားလုံးပဲ.... ကျေးဇူးပြုပြီး တစ်ယောက်နဲ့တစ်ယောက် သံသယတွေ ရပ်တန့်ပြီး ဒီက ဖြတ်ကျော်ဖို့ နည်းလမ်း အမြန်ရှာရအောင်"

နတ်သမီးရှန်းရှဲ့က ရုတ်တရက် စကားပြန် ဝင်ပြောကာ လုရွှမ်ကိုလည်း ကြည့်လိုက်သည်။

"သခင်လေးလုရွှမ်... မဖုံးကွယ်ပါနဲ့တော့ ကျောက်နန်းတော်ထဲကို ဝင်လာတုန်းက စွဲလန်းမှု အခင်းအကျင်းကို တည်ဆောက်ခဲ့တာ ရှင်ဆိုတာ ကျွန်မ သိပါတယ်"

အောင့်ယွဲ့လည်း ရှင်းရှင်းလင်းလင်း နားလည်ထားတာကြောင့် အထင်အမြင် သေးစွာဖြင့် ရှုံ့ချလိုက်သည်။ ချန်ယီးသည် လုရွှမ်အား ကြင်နာသော မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ လိရှောင်းက ကြင်နာစွာ ပြုံးပြသော်လည်း သူ့အပြုံးက အလွန်ကြောက်စရာ ကောင်း​နေသည်။

သူတို့အားလုံးဟာ ထက်မြက်တဲ့လူများ ဖြစ်ကြပြီး ယခုတော့ လုရွှမ်ဟာလည်း သူ့ရဲ့ ယုတ်မာမှုကို ဖုံးကွယ်ထားလို့ မရတော့ချေ။ အခင်းအကျင်း တံဆိပ်ပြား ငါးခုကို ထုတ်၍ သူ့လက်ကို ဝှေ့ယမ်းကာ လူငါးဦးကို ပေးအပ်လိုက်သော်လည်း လူငါးဦး၏ မျက်နှာများတွင် နားမလည်နိုင်သော အမူအရာများ ရှိနေ​ကြတာကို မြင်လိုက်ရသည်။

"ဟာဟား.... ညီလေးလုရွှမ်ရဲ့ တိမ်ပင်လယ် နယ်မြေက အံ့သြစရာကောင်းသားပဲ... ဘယ်လိုကမ္ဘာငယ်လေးလဲ ဆိုတာတောင် တွေးနေမိပြီ... တော်တော်လေးတော့ ဝေးပုံရတယ်"

လုရွှမ်သည် သူ၏အထောက်အထားကို ထုတ်ဖော် ပြသသွားသည့် အရာမှာ ထိုအခင်းအကျင်း တံဆိပ်ပြားများ ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ အောင့်ယွဲ့က သူမလက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်သည်။

သူမ၏ လက်ချောင်းထိပ်များဖြင့် သူတော်စင် စွမ်းအားကို ဆွဲထုတ်ကာ လေထုထဲတွင် ခဏကြာအောင် ဝေ့ယမ်းနေပြီး ပါးလွှာသော လေထုတစ်ခု ထွက်ပေါ်လာသည်။

လုရွှမ် အောင့်ယွဲ့ လေထုထဲ၌ သရုပ်ဖော်နေသည့် အခင်းအကျင်း တံဆိပ်ပြား၏ အခင်းအကျင်း ပုံစံကို ရှင်းလင်းစွာ မြင်နိုင်သည်။ ဤအောင့်ယွဲ့က အမှန်တကယ်ပင် ပါရမီရှင် တစ်ဦးဖြစ်လေ၏။

"ညီလေးလုရွှမ်က နှိမ့်ကျတဲ့ နောက်ခံက လာပေမယ့် သူ့ရဲ့ ပါရမီက ထူးထူးခြားခြား သူတော်စင် ဖြစ်သွားပြီ.... အခု ငါတို့ထက်တောင် တော်နေသလိုပဲ သူ့ကို ငါတော့ သဘောကျတယ်"

ချန်ယီးက ပြုံးလျက် ပြောလာသည်။

All Chapters