ဝမ့်ဖာကွေးယီး
Vol. 48 Ch. 4.237
လုရွှမ်၏ မျက်နှာသည် ဘာမှမထူးခြားသလို ရှက်ရွံ့မှုလည်း မရှိချေ။ တစ်ဖက်လူ သူ့ထက်သာအောင် လုပ်ပြသွားတာက အရေးမကြီးပါဘူး။ သူ့နောက်ခံက သေးငယ်ခဲ့တာပဲ မဟုတ်ပါလား။ သို့သော် ယခုသူသည် ဤကမ္ဘာငယ်လေးထဲတွင် ထိပ်တန်း ပါရမီရှင်များနှင့်ပင် သိကျွမ်းနေပြီ။
အောင့်ယွဲ့က လုရွှမ်ကို ပြုံးပြုံးလေး ကြည့်ပြီး ဆိုလိုက်သည်။
"နင်က ဒီလောက် ဝေးလံခေါင်သီတဲ့ ကမ္ဘာငယ်လေးကနေ လာတဲ့သူလို့ မမျှော်လင့်ထားဘူး.... ဒီလို အဆင့်နိမ့် ပစ္စည်းတွေကို အခင်းအကျင်း တံဆိပ်ပြားလို့ သုံးနေတုန်းပဲလား... ဒီလိုလုပ်ရအောင် ကျောက်နန်းတော် ရုပ်ကြွတွေမှာ ရေးမှတ်ထားတာက ဘာတွေလဲဆိုတာ သင်ပေး... ငါကနင့်ကို အခင်းအကျင်း ပုံဖော်နည်း သင်ပေးမယ်"
"မဟုတ်ဘူး... အဘိုးကြီးရွှမ်ဟွမ်က အခင်းအကျင်း ပညာရှင် မဟုတ်ပေမယ့် သူက အခင်းအကျင်းနဲ့ ဆိုင်တဲ့ လေ့လာမှုတွေ အများကြီး လုပ်ခဲ့တယ်.... ငါကအရမ်း ကံကောင်းတယ်.... တတ်နိုင်ရင် တစ်ခုခုတော့ ရမှာပဲ ဒါပေမဲ့ အဲဒါတွေက ကျောက်နန်းတော်ထဲက ရုပ်ကြွထဲမှာ ထည့်ထားတာ မဟုတ်ဘူးလား? နတ်သမီးအောင့်ယွဲ့ သိချင်ရင် ကိုယ်တိုင် သွားကြည့်ရုံနဲ့ ရတာပဲကို ဘာလို့ ငါ့ကိုရှာနေရတာလဲ ?"
"တွန့်တိုတဲ့လူ!"
ကျိန်ဆဲပြီးနောက် အောင့်ယွဲ့သည် ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။
လုရွှမ်လည်း အောင့်ယွဲ့ ထုတ်လွှတ်လိုက်တဲ့ စွမ်းအားက လေထုအလယ်မှာ အခင်းအကျင်း ပုံဖော်ရန် စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုသည့် နည်းလမ်းဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ဒါကို သိပြီးနောက် လုရွှမ် နားလည်သွား၏။
အောင့်ယွဲ့ သူ့ဆီက နားလည်မှုကို အာရုံလွှဲပြီး လိုချင်နေတာ အံ့သြစရာ မရှိပါဘူး။ ဒါဟာ လုံးဝ မခက်ခဲဘူး။ အထူး လိုအပ်ချက်တွေလည်း မရှိဘူး။ သူမက အကြံအစည်နဲ့ အသုံးချနေတာပဲ ဖြစ်လေသည်။
အခင်းအကျင်း တံဆိပ်ပြားများကို အသုံးပြုရန် မလိုအပ်ချေ။ နောက်ဆုံးတွင် အခင်းအကျင်း တံဆိပ်ပြား ငါးခုသည် မိမိတို့ခန္ဓာကိုယ်ပေါ်က ချို့ယွင်းချက် ငါးခုသာ ဖြစ်ချေသည်။ တစ်ဦးချင်းစီ၏ ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအားနှင့် ပြည့်စုံလိုအပ်မှုပေါ် မူတည်ကာ အမှန်တကယ် အကျိုးသက်ရောက်နိုင်သည်။
လုရွှမ် သူ၏လက်ငါးချောင်းကို ဝေ့ယမ်းလိုက်ရာ သေးငယ်သော အစီအရင်များ လေထုထဲမှ ထွက်လာပြီး လူခြောက်ယောက်ကို လွှမ်းခြုံထားလိုက်သည်။
"ငါဒါကို ဝမ့်ဖာကွေးယီးလို့ နာမည်ပေးထားတယ်... လူဘယ်လောက်ပဲ ဝင်ဝင် လူတိုင်းရဲ့ စွမ်းအားကို တစ်ချိန်တည်းမှာ ပေါင်းစည်းထားနိုင်တယ်"
လုရွှမ် စကားဆက်ရန် မလိုအပ်ဘဲ တခြားသူများက နားလည်ကြသည်။ ဤအခင်းအကျင်း ပေါင်းစည်းမှုသည် အနည်းငယ် ကြီးစိုးပြီး ကြွားလုံးထုတ်နေသလိုပင်။ သို့သော် အခင်းအကျင်း တည်ဆောက်ပြီးတဲ့ နောက်မှာတော့ အောင့်ယွဲ့ဟာ သူမရဲ့ ခန္ဓာကိုယ်ကို ဖြတ်သန်း စီးဆင်းလာတဲ့ စွမ်းအားကြောင့် သဘောကျသွားခဲ့သည်။
အင်အားစု အားလုံး ပေါင်းစည်းပြီးနောက် အခင်းအကျင်း စက်ဝိုင်း၏ အလယ်ဗဟိုတွင် စုစည်းလိုက်သည်။ လူဘယ်လောက်ပဲ ဝင်ပါစေ ပေါင်းစည်းနိုင်သည်။ ဒါပေါ့ လူများစုပေါင်းလေ သူတို့ကြားက စွမ်းရည်တွေက ဆုံးရှုံးလေလေဖြစ်သည်။
"ဝင်ကြစို့!"
လုရွှမ်က ပြောပြီးနောက် သူတို့ငါးယောက်လည်း အဝိုင်းပုံစံ အခင်းအကျင့းကို ထိန်းကာ အမြန်ပြေးသွားကြသည်။ လူခြောက်ယောက်သည် လမ်းမထဲသို့ အမြန် ပြေးဝင်သွားကြတော့သည်။
ရုတ်တရက် သန်မာသော ဖိအားများက သူတို့အပေါ်ကို ကျရောက်လာခဲ့သည်။ သူတို့ခြောက်ယောက်၏ ခြေလှမ်းများ အနည်းငယ် နှေးကွေးသွားသော်လည်း သက်တောင့်သက်သာ ခံနိုင်ရည် ရှိကြသည်။ ၎င်းသည် ကြီးမားသော စွမ်းအား ဖြစ်သော်လည်း လူခြောက်ဦးဖြစ်နေလို့ တစ်ဦးစီက သဘာဝအရ ပိုမိုပေါ့ပါးသွားသည်။
လူခြောက်ယောက်၏ အရှိန်သည် တိုးလာသည်နှင့်အမျှ လူတစ်ဦးစီအပေါ်က ဖိအားများလည်း လျော့ကျသွားသည်။ ဤအခင်းအကျင်း ဖွဲ့စည်းပုံသည် ရိုးရှင်းသော်လည်း မရေမတွက်နိုင်သော ခံစားချက်တစ်ခု ရှိနေသည်။
တခြားသူများ နားမလည်သော်လည်း အောင့်ယွဲ့ မှာ ရှင်းရှင်းလင်းလင်း သံသယရှိပြီး သူမသည် လုရွှမ်ကို ရံဖန်ရံခါ စိုက်ကြည့်ကာ ပိုကြည့်မိလေ လုရွှမ်က မရိုးရှင်းကြောင်း သူမ ပိုခံစားရလေလေ ဖြစ်သည်။
သူမဘာမှ မပြောဘဲ သူမနှလုံးသားထဲက လေးမြတ်မှု အနည်းငယ်ကို မျိုသိပ်ထားလိုက်သည်။ သူမ ဒီအခင်းအကျင်းကို လေ့ကျင့်ဖူးဖို့ နေနေသာသာ ဒီဖွဲ့စည်းပုံ အကြောင်းတော့ ဘယ်တုန်းကမှ မတွေးခဲ့မိဖူးဘူး။
တကယ်တော့ တိမ်ပင်လယ် နယ်မြေကြီးဟာ သေးငယ်ပြီး ဝေးလံခေါင်သီတဲ့ နေရာတစ်ခုပဲ။ ပြင်ပကမ္ဘာရဲ့ သာယာဝပြောမှုကို မြင်ပြီးရင် အဲဒီဆင်းရဲတဲ့ အရပ်မှာ ဘယ်သူကများ နေချင်မှာလဲ။
အောင့်ယွဲ့ သူမရဲ့ အတွေးတွေကို စိတ်ထဲမှာ ထားထားသလို ကျန်တဲ့ လူတိုင်းရဲ့ စိတ်ထဲမှာလည်း တူညီတဲ့ အတွေးတွေ ရှိနေခဲ့သည်။ ထိုလူ သော့ကို ရယူရန် နတ်သမီးအောင့်ယွဲ့ကို အနိုင် ယူနိုင်ခြင်းသည် ခွန်အားနှင့် စိတ်ဝိညာဥ် စွမ်းအားအရ သာမာန်လူ မဟုတ်သည်မှာ သေချာပါသည်။
အနိုင်ရပြီး သူတို့နှင့် ပူးပေါင်းနိုင်လျှင် ၎င်းသည် ကြီးမားသော အကူအညီ ဖြစ်လာမည်မှာ သေချာပါ၏။
လုရွှမ်ကတော့ တခြားလူတွေ ဘယ်လို တွေးနေမှန်း မသိဘဲ အခင်းအကျင်း ဖွဲ့စည်းမှုကို ထိန်းထားရန်သာ ကြိုးစားနေခဲ့သည်။
အပေါ်စီးမှ ဖိအားများ အားကောင်းလာသည်။ လူခြောက်ဦးသည် ဆယ်မီတာကျော်သာ လမ်းလျှောက်လာခဲ့ကြပြီး ဖိအားနှစ်ဆကျော် တိုးလာကာ လူတိုင်းကြားတွင် ဖိအားများ ပြင်းထန်နေဆဲဖြစ်ပြီး အသက်ရှုမဝနိုင်အောင် ဖြစ်လာသည်။
တခြားသူတွေလည်း သိပ်မတွေးဝံ့ကြဘူး။ အခင်းအကျင်း ဖွဲ့စည်းခြင်း အပေါ်မှာ အာရုံစူးစိုက်ထားပြီး အရှိန်ပြန်မြှင့်ကြသည်။ ဒီလမ်းကို ပြီးအောင် မသွားနိုင်ဘူး ဆိုရင် အရှေ့မှာ ပွဲသိမ်းသွားခဲ့တဲ့ လူတွေကို သူတို့အားလုံး လိုက်သွားရလိမ့်မည်။
လမ်းမထက်က အလင်းတန်း ခြောက်ခုသည် လျင်မြန်စွာ လည်ပတ်နေ၏။ တခြားတစ်ယောက်ယောက်သာ ရှိနေပါက အလင်းတန်းနှင့် လျှပ်စီးကြောင်း၏ ကွဲပြားသော အချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမိ့မည်။ ယင်းသည် ဘာမှ မထူးခြားသော်လည်း လူသားအသွင် သဏ္ဌာန်အဖြစ် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။
ကောင်းကင်ကို ဖမ်းဆုပ်ထားသည့် သန်မာသော လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်သို့ သူ့လက်များကို မြှောက်ထားလိုက်သည်။
လုရွှမ်သည် သူ့ခန္ဓာကိုယ်ရှိ အရိုးများ တဆတ်ဆတ် တုန်ခါသွားတာကို ခံစားလိုက်ရပြီး သူ၏ အတွင်းအင်္ဂါများပင်လျှင် ဤကြီးမားလှသော စွမ်းအားကို ဖြေရှင်းရန် အဆက်မပြတ် ခုန်နေရလေသည်။ အနက်ရောင် ရွံရှာဖွယ် အရည်လိုင်းများ ထွက်လာပြီး တချို့အရိုးများပင် ခန္ဓာကိုယ်မှ ထွက်သွားတော့မလိုပင်။
သူ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ ဆက်လက်တိုးလာကာ လုရွှမ်သည် ပြန်လည် မွေးဖွားလာသလို ခံစားချက်ကို ထပ်မံ ခံစားခဲ့ရသည်။ မတိုင်ခင်က သူတော်စင် နှလုံးစပျစ်နွယ်ပင်ကို တက်သောအခါ အရေနဲ့အသားကို အရည်ကျိုနေသလို ခံစားသော်လည်း ယခုအချိန်တွင် ၎င်းသည်ကြွက်သားများနှင့် အရိုးများကို ပေါင်းစပ်ပြီး ကိုယ်တွင်းအင်္ဂါများကို အားကောင်းစေသည့် စွမ်းအင် ဖြစ်နေ၏။
သူနောက်ကျောရှိ နဂါး အရိုးကြီးသည် ဖြောင့်တန်းနေပြီး နဂါးစွမ်းအင်များ အဆက်မပြတ် တောက်လောင်နေသည်။ သစ်ပင်တစ်ပင် ပြန်လည် မွေးဖွားလာသကဲ့သို့ ဦးခေါင်းမှ ခြေအဆုံး တဖြည်းဖြည်း ကြီးထွားလာသကဲ့သို့ ကြီးထွားနေဆဲဖြစ်ကြောင်း လုရွှမ် ခံစားမိသည်။
ဖြစ်နိုင်လျှင် လုရွှမ်သည် ဤနေရာ၌နေကာ စွမ်းအားများကို ဆက်လက် လက်ခံနိုင်ရန် ဆန္ဒရှိသော်လည်း အမှန်တကယ် မလုပ်နိုင်ပေ။
သို့သော် လုရွှမ် တခြားလူများ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သေးသည်။ အပြင်းထန်ဆုံး သားသတ်သမားပင်လျှင် ချွေးသီးချွေးများ ထွက်ကျနေပြီး သူ့အသက်ရှုသံက လေနှင့် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်နေသည်။ ဘယ်လောက်ပဲ တောင့်ခံထားပါစေ အရိုးတွေက တုန်ရီနေ၏။
ကျန်တဲ့ လေးယောက်က သိပ်အားကြီးတာမျိုး မဟုတ်ပေ။ ရတနာတွေကို သုံးထားတာကြောင့် သူတို့တစ်ကိုယ်လုံး တောက်ပနေပြီး သူတို့ပုံသဏ္ဌာန်ကိုတောင် ဖုံးအုပ်ထားတော့မည်။ ဒီအချိန်မှာ လူတိုင်းရဲ့ ကျင့်ကြံမှု ခြားနားချက်ကို သူမြင်လိုက်သည်။
အောင့်ယွဲ့၏ ခန္ဓာကိုယ်ပေါ်တွင် အခင်းအကျင်း၏ စွမ်းအင်မျဉ်းများ ပြေးလွှား စီးဆင်းသွားကာ ကြီးမားသော လမ်းကြောင်းတစ်ခု၏ ကျက်သရေကို သိသိသာသာ ပိုင်ဆိုင်ထားသည်။
နတ်သမီးရှန်းရှဲ့၏ ကြွယ်ဝသော ဆေးရနံ့သည် သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ၎င်းသည် သူမ၏ တစ်ကိုယ်လုံး အဂ္ဂိရတ်ဆေးလုံး အဖြစ် ပြောင်းလဲသွားသကဲ့သို့ ကြည်လင် ပြတ်သားပြီး တုနှိုင်းမရတဲ့ ရနံ့ဖြစ်သည်။
ထိုအချိန်တွင် လိရှောင်းတစ်ယောက် ပြင်းထန်သော ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ပြင်းထန်သော အငွေ့အသက်သည် ကောင်းကင်သို့ ထိုးတက်သွားလုနီးပါး လွှမ်းမိုးချုပ်ကိုင်မှု အပြည့်ဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"အရှိန်မြှင့်... ငါတို့ အမြန်ထွက်ရအောင်"
လုရွှမ် အော်လိုက်သည်။
လူတိုင်းကလည်း တညီတညွတ်တည်း သဘောတူကာ ခွန်အားအပြည့်ဖြင့် စက်ဝိုင်းအလယ်ဗဟိုရှိ အခင်းအကျင်းကို ထိန်းရင်း ပြေးလွှားနေကြသည်။
ခွန်အားတွေ ကုန်ဆုံးသွားတော့ သူတို့ ခြောက်ယောက်က မြေပြင်ပေါ် တိုက်ရိုက် လဲကျသွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ လူတိုင်း တစ်ကိုယ်လုံး ချွေးတွေနဲ့ ဖုံးလျက် မျက်နှာတွေကလည်း အားလုံး မည်းမှောင်ပြီး ညစ်ပတ်နေသည်။
နတ်သမီး နှစ်ယောက်ဖြစ်သော အောင့်ယွဲ့နှင့် ရှန်းရှဲ့တို့သည် ၎င်းတို့၏ အသွင်အပြင်ကို အာရုံစိုက်ထားသူတွေ ဖြစ်ကြတာကြောင် ၎င်းတို့၏ ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် အမြန်ဖုံးအုပ်လိုက်ကြသည်။
လုရွှမ် မတ်တပ်ထရပ်ကာ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ နဂါး၏ ဟောက်သံကိုပင် တိုးတိုးလေးပဲ ထုတ်ပစ်လိုက်နိုင်သည်။ ကြွက်သားများနှင့် အရိုးများသည် ထူထဲပြီး အတွင်းအင်္ဂါများကတော့ သန်မာလာပြီ။
စွမ်းအင် လှိုင်းလုံးများက သူ့ခန္ဓာကိုယ်အနှံ့ ထူထပ်စွာ ဖုံးအုပ်ထားသည်။ နတ်နဂါးတစ်ကောင်သည် သူ့နောက်တွင် အလွန်လွှမ်းမိုးနေသော အရှိန်အဟုန်ဖြင့် တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။
တခြားလူများသည် လုရွှမ်၏ လှုပ်ရှားမှုများကို အနည်းငယ် နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။