အရေးကြီးတဲ့သော့
Vol. 48 Ch. 4.238
ဒီလူရဲ့ အရည်အချင်းအပေါ် သံသယတွေ ကင်းစင်နေပြီဆိုတာ လူတော်တော်များများ ကောင်းကောင်း သိလိုက်ကြပြီး သူတို့ထက်တောင် ပိုကောင်းနေ၏။
"မင်းက အရမ်းသန်မာတယ်... မင်းရဲ့အဆင့်က နည်းနည်း နိမ့်ပေမယ့် ငါနဲ့ သူငယ်ချင်းဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်... မင်း ငါတို့စက်ဝိုင်းထဲကို ဝင်လာခဲ့ပြီ"
သားသတ်သမားက ရုတ်တရက် ပြောလိုက်သည်။ သူက စကားအများကြီး မပြောပေမယ့် သူပြောတဲ့စကားတွေက အမြဲတမ်း အဓိပ္ပာယ်ရှိလေသည်။
တခြား လူများလည်း ခေါင်းတညိတ်ညိတ်နှင့် မတ်တပ်ထရပ်ကာ သူတို့မျက်နှာများတွင် ရွှင်လန်းမှု အပြည့်ရှိနေကြသည်။ ကျင့်ကြံမှုအဆင့် မြှင့်တင်ခဲ့မှုဟာ လုရွှမ်လောက် အစွမ်းထက်ခြင်း မရှိသော်လည်း သူ့လို ပိုမိုတိုးတက်ကောင်းမွန်ဖို့က အခက်ခဲဆုံး ဖြစ်သည်။ ထိုကဲ့သို့သော တိုးတက်မှုကို ရရှိနိုင်ခြင်းက လူများစွာ၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
"ဆက်လိုက်ရအောင်.... ဟမ် အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေက အရမ်း တန်ဖိုးကြီးတယ်.... အဲဒီအမှိုက်တွေက ဘယ်လိုလုပ် ရအောင်ယူနိုင်မှာလဲ?"
လိရှောင်းက အော်ဟစ်ပြီး ရှေ့ကို အပြေးအလွှား ထွက်သွားရာ အခြားသူများကလည်း သဘာဝအတိုင်း လျစ်လျူမရှုဝံ့ဘဲ အမြန် လိုက်ကြသည်။ လမ်မပေါ်က အမြန် ထွက်လာပြီးနောက် သူတို့မျက်စိရှေ့က ရုတ်တရက် ရှင်းထွက်သွားသည်။
အေးခဲလွန်းမတတ် လေသည် အရိုးများကို ခုတ်ထစ်နေသည့် အေးစက်သော ဓားကဲ့သို့ တိုက်ခတ်နေသည်။ လူခြောက်ယောက်က သတိမထားမိဘဲ တဒိန်းဒိန်း ပြေးချလာကာ ခဏတာ တုန်လှုပ်သွားကြသည်။
နှင်းတွေက ကောင်းကင်မှာ ပျံဝဲနေပြီး မြေပြင်တစ်ခုလုံး လုံးဝ ဖြူဖွေးနေစေသည်။ သေချာကြည့်လိုက်ရင် မြေပြင်မှာ ရေခဲတုံးတွေနဲ့ ဖုံးလွှမ်းနေတာကို တွေ့နိုင်ပြီး အဘိုးကြီးရွှမ်ဟွမ် ပေးတဲ့ အခွင့်အလမ်းတွေဟာ ဒီအကျပ်အတည်းမှာ ပုန်းကွယ်နေတယ် ဆိုတာ တွေ့နိုင်ပါသည်။
လူခြောက်ယောက်နဲ့ သိပ်မဝေးတဲ့ နေရာမှာလည်း တခြားလူတွေ ရှိနေကြသည်။ ဒီကိုရောက်လာဖို့ တခြားနည်းလမ်းတွေ ရှိတယ်ဆိုတာ ထင်ရှားပါ၏။
အောင့်ယွဲ့သည် သူမ၏ ယခင် မောက်မာမှုကို ပြောင်းလဲခဲ့ပြီး လုရွှမ်အား သူမ၏ အသိုင်းအဝန်းမှ သူငယ်ချင်းအဖြစ် အမှန်တကယ် မှတ်ယူထားပုံရသည်။
"ရွှမ်ခုန်းတောင်က အရမ်း ထူးဆန်းပြီး အဲဒီထဲမှာ လမ်းပေါင်း ထောင်နဲ့ချီပြီး ရှိတယ်.... ဖွင့်လိုက်တိုင်း ကျင့်ကြံသူတွေ အပြေးအလွှား ဝင်လာကြတယ်.... ဒါပေမဲ့ အခုအချိန်အထိ လမ်းအားလုံးကိုတော့ မစူးစမ်းရသေးဘူး"
“တစ်ချိန်က သာမန် ကျင့်ကြံသူတွေက ဖြတ်လမ်းတစ်ခုရှာပြီး စစ်ဆေးရေး ဂိတ်တွေကို တိုက်ရိုက် ဖြတ်ကျော်ပြီး တောင်ထိပ်မှာ ပေါ်လာတာကို တွေ့ဖူးတယ်.... တန်ခိုးကြီးတဲ့ သခင်တချို့က စစ်ဆေးရေး ဂိတ်တွေကို ဖြတ်ပြီး ဆက်တက်ဖို့ လိုတယ် ဆက်ကြိုးစားရင် အမြတ်တွေလည်း အများကြီး ရလိမ့်မယ်”
"ဒါပေမဲ့ ဘာဖြစ်မယ် ဆိုတာတော့ ဘယ်သူမှ ကောက်ချက် မချနိုင်ဘူး... ရွှမ်ခုန်တောင်မှာ အရာအားလုံးက အခွင့်အလမ်းပေါ်မှာ မူတည်တယ်"
အောင့်ယွဲ့ရဲ့ စကားတွေကို ပဲ့တင်သံ ထပ်နေသလိုပဲ။ ရောင်စုံတိမ်တိုက်တွေက ကောင်းကင်မှာ ရုတ်တရက် ပေါ်လာပြီး မိုးခြိမ်းသံ တစ်သံကို ကြားလိုက်ရသည်။
တစ်စုံတစ်ယောက်က တတိယသော့ကို အမှန်တကယ် ရရှိသွားခဲ့ပြီ။
အရင်က မကျေမချမ်း ဖြစ်ခဲ့ဖူးတဲ့ လိရှောင်းက အခုအချိန်မှာတော့ ငြိမ်သက်သွားသည်။ သူက ကောင်းကင်ကို မော့ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။
"ထူးခြားတာတစ်ခု သတိထားမိလား? ဒီတစ်ခါ သော့ပေါ်လာတာ အရမ်း မြန်တယ်လို့ မထင်ဘူးလား?"
တခြားလူတွေလည်း ဒါကို ထင်ရှားစွာ သတိပြုမိပြီး ခဏလောက် ငြိမ်သွားကြသည်။ ရုတ်တရက် ဆိုသလိုပဲ နတ်သမီးရှန်းရှဲ့ရဲ့ ငြီးငြူသံက ထွက်ပေါ်လာခဲ့သည်။
"အတိတ်က ရွှမ်ခုန်းတောင်ကို ဖွင့်တုန်းက ပထမသော့ကို ဘယ်သူမှ မကိုင်ခဲ့ဖူးဘူး"
လူငါးယောက်က လုရွှမ်ကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။ လုရွှမ်က ငြိမ်သက်စွာဖြင့် ပြန်ကြည့်ကာ သော့ကိုထုတ်၍ နံပါတ်ဆယ့်နှစ် ဟူသည့် အရာကို ထုတ်ပြလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီလူတွေရဲ့ တောင်းဆိုမှု အများစုဟာ သော့ကိုမြင်ဖို့ ဖြစ်ပြီး ထုတ်ပြလိုက်လည်း ဆုံးရှုံးနစ်နာမှာ မဟုတ်ဘူး။
"တကယ် ၁၂ပဲ... ၁ မဟုတ်ဘူး"
နတ်သမီးရှန်းရှဲ့က အော်ဟစ်လိုက်ပြီး တခြားသူတွေကလည်း ကြည့်နေကြသည်။
"ဟုတ်တယ်"
လိရှောင်းက လက်ခုပ်တီးပြီး နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ အံ့ဩစွာဖြင့် ဆိုလိုက်သည်။
"ညီလေး... မင်းမိသားစုထဲက တစ်ယောက်မှ ဒီကိုမလာခဲ့ဘူး ဆိုတော့ သေချာသွားပြီ... ဒါကြောင့် မင်းမသိတာဖြစ်မယ် တကယ်တော့ အရင်သွားခဲ့ဖူးတဲ့ စီနီယာတွေ ပြောတဲ့အတိုင်းတို ရွှမ်ခုန်းတောင်ကို ရောက်တိုင်း သော့တစ်ချောင်းတော့ မတွေ့နိုင် မရနိုင်ဘူး"
“အစက သူတော်စင် နှလုံးစပျစ်နွယ်ကနေ စတက်ရတယ်... အကြောင်းကတော့ ပထမဆုံး သော့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတချို့ ကျော်ဖြတ် ရယူနိုင်ခဲ့ကြပြီးပြီ... ဒါကြောင့် ဘယ်သူကမှ သိပ်ဂရုမစိုက်တော့ဘူး”
"ဘာလို့လဲဆိုတော့ အဲဒီသော့ရဲ့ အမြဲတမ်း အမှတ်အသားက တစ်ပဲ... အရေးကြီးဆုံး လိုအပ်တဲ့ သော့က ၁၂ပဲလေ.... မင်း အောင့်ယွဲ့ကို မေးကြည့်လို့ရတယ်... အောင့်ယွဲ့ ဒီတစ်ခါမှာ သော့ရယူဖို့ အများကြီး ပေးဆပ်ခဲ့ရပြီးပြီ... ငါတို့အဓိက မိသားစုတွေက ပထမသော့ကို အရင်ရှာဖို့ မျှော်လင့်ထားသလို ငွေကြေးတွေလည်း အများကြီး ရောင်းဝယ် ဖောက်ကားခဲ့ကြတယ်"
အောင့်ယွဲ့ မထိန်းနိုင်ဘဲ အော်ဟစ်လိုက်ကာ တခြားသူတွေကတော့ စိတ်ထဲမှာ တိတ်တဆိတ် ရယ်မောလိုက်ကြသည်။ သော့ကို ဖြုတ်နိုင်သရွေ့ ဘယ်သူက ထုတ်ယူသွားလည်း အရေးမကြီးဘူး။
"ဒီတစ်ကြိမ်မှာတော့... အပြင်းထန်ဆုံးနဲ့ နောက်ဆုံးသော့ကို ပထမဆုံး အကြိမ်မှာတင် ထုတ်လာမယ်လို့ မမျှော်လင့်ထားဘူး.... ဆိုတော့ ရွှမ်ခုန်းတောင်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်... နေ့အလင်းရောင်ကို တကယ် မြင်ရတော့မယ် ထင်ပါတယ်”
လူများစွာ၏ မျက်လုံးများသည် ပူလောင်နေပြီး နတ်သမီးရှန်းရှဲ့၏ အမူအရာမှာပင် ဤအခိုက်အတန့်တွင် အနည်းငယ် ပူလောင်နေ၏။
"ညီလေးလုရွှမ်.... ဒါ ငါ့ရဲ့ ဆက်သွယ်ရေး ကျောက်စိမ်း တံဆိပ်ပြားပဲ... လဲလှယ်ရအောင်"
လိရှောင်းက အော်ပြောပြီး ကျောက်စိမ်း တံဆိပ်ပြားကို ထုတ်၍ လုရွှမ်ထံ ပေးလိုက်သည်။
ဤကျောက်စိမ်း တံဆိပ်ပြားများသည် အတွဲလိုက် ဖြစ်ကာ တခြားသူများကို ပေးကမ်းပြီးနောက် အချင်းချင်း အချိန်မီ ဆက်သွယ်နိုင်သည်။ လုရွှမ် အံ့သြသွားမိသည်။ တိမ်ပင်လယ် နယ်မြေတွင် ဒီအရာမျိုး မရှိချေ။ ဓားပျံများ၊ ဓားများ၊ မှော်စာများနှင့် ယှဉ်ကြည့်လျှင် ဤအရာသည် အမှန်တကယ် အဆင်ပြေလှသည်။
အောင့်ယွဲ့နှင့် အခြားသူများကလည်း ဆက်သွယ်ရေး ကျောက်စိမ်း တံဆိပ်ပြားကို လုရွှမ်အား ပေးခဲ့ပြီး လုရွှမ်လည်း ပေါ့ပေါ့ပါးပါးပဲ လက်ခံလိုက်သည်။
မထင်မှတ်ဘဲ သူ မတော်တဆ ရရှိခဲ့သော သော့သည် အရေးအကြီးဆုံး ဖြစ်လာခဲ့သည်။ ထင်ရှားသည်မှာ ဤလူများသည် သူနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိလိုပြီး နောက်ဆုံးတွင် လျှို့ဝှက်နယ်မြေထဲသို့ အတူတကွ ဝင်ရောက်ရန် စောင့်ဆိုင်းနေကြသည်မှာ ထင်ရှားလေသည်။
လူခြောက်ယောက်က လုရွှမ်ရဲ့ ခွန်အားကို အသိအမှတ် ပြုတဲ့အတွက်ကြောင့် သူ့ကို မိတ်ဖွဲ့လိုက်ကြသည်။ ဒီလိုမှမဟုတ်ရင် လုရွှမ်ကို မိုးကြိုးပစ်သတ်ပစ်မှာ သေချာပါ၏။ လူခြောက်ယောက်ကလည်း ဒါကို နားလည်ပြီး လုရွှမ်လည်း နားလည်တဲ့အတွက် အေးအေးဆေးဆေး လက်ခံလိုက်သည်။
"ဒါဆို ကျောက်စိမ်း တံဆိပ်ပြားကနေ ဆက်သွယ်ကြတာပေါ့ နောက်မှတွေ့မယ်"
လူများစွာသည် တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ပြီး ရေခဲနှင့် နှင်းကမ္ဘာထဲသို့ ပြေးဝင်သွားခဲ့ကြသည်။
"နတ်သမီးအောင့်ယွဲ့ မင်းဘာလို့ ထွက်မသွားတာလဲ? ငါနဲ့ သော့တစ်ခုကို မျှဝေရတာနဲ့ ယှဉ်ရင် မင်းတစ်ယောက်တည်းရှိဖို့က ပိုအဆင်ပြေမယ်မဟုတ်လား?"
အောင့်ယွဲ့ မထင်မှတ်ဘဲ ထွက်မသွားတာကို မြင်တော့ လုရွှမ် အနည်းငယ် အံ့သြသွားမိသည်။ ဒီအမျိုးသမီးက မာနကြီးပြီး တခြားသူတွေနဲ့ လိုက်လျောညီထွေ ရှိအောင် နေတတ်သူ တစ်ယောက် မဟုတ်ဘူးမလား။
"နင်နဲ့ အတူရှိတဲ့အခါ ကံကောင်းတယ်လို့ ခံစားရတယ်... နောက်ပြီး နင် နားမလည်တာတွေ အများကြီး ရှိတယ်လေ.... ငါ နင့်အနားမှာ အတူရှိနေရင် အန္တရာယ်တချို့ကို ရှောင်နိုင်ပြီး လမ်းလွှဲတွေကို အချိန်မရွေး အကြံဥာဏ်တွေ ပေးနိုင်တယ်.... ဘာလဲ နင်က သဘောမတူဘူးလား?"
"ဒါပေါ့... သဘောတူပါတယ်!"
လုရွှမ် စာချုပ်ချုပ်ပြီး အမြန် သဘောတူလိုက်သည်။ သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက် ရန်စဖို့ မကြံစည်နိုင်ခဲ့ပါဘူး။ ဤအန္တရာယ်ရှိသော နေရာ၌ သူတို့အချင်းချင်းကသာ ကြီးမားတဲ့ အကူအညီ ဖြစ်လာနိုင်သည်။
ရေခဲနှင့် နှင်းကမ္ဘာထဲသို့ ဝင်ရောက်လာကြသူ ပိုများလာကာ သူတို့နှစ်ဦးလည်း အဓိပ္ပာယ်မရှိတဲ့ စကားများကို ရပ်လိုက်ပြီး လေနှင့် နှင်းများအကြား သတိထားပြီး လမ်းလျှောက်လာခဲ့ကြသည်။
ရေခဲနှင့် ဆီးနှင်းများ ကမ္ဘာထဲသို့ ဝင်သွားသကဲ့သို့ အပူချိန်က ချက်ချင်း ကျဆင်းသွားကာ အသက် ရှုသွင်းလိုက်သည်နှင့် ချက်ချင်း ရေခဲအဖြစ် ပြောင်းလဲသွားတော့မလိုပင်။
နတ်သမီးအောင့်ယွဲ့၏ ခန္ဓာကိုယ်က တောက်ပလာ၏။ လုရွှမ် ကြည့်လိုက်ရာ ရိုးရှင်းတဲ့ အခင်းအကျင်း ဖွဲ့စည်းမှု ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း အလွန်ဆန်းပြားလှသည်။ ပတ်ဝန်းကျင် အအေးဓာတ်ကို ပြင်ပကမ္ဘာနှင့် ခွဲထုတ်ရန် လုံလောက်သော်လည်း တခြားအာရုံများကို လုံးဝ မထိခိုက်စေချေ။
လုရွှမ် ရေခဲနှင့် နှင်းများထဲသို့ အေးအေးဆေးဆေး လျှောက်သွားပြီး သူ့ခန္ဓာကိုယ်နှင့် ဤကမ္ဘာကြီးကို ခံစားလိုက်ရသည်။ ဤအရာသည် အဘိုးကြီးရွှမ်ဟွမ်ရဲ့ စမ်းသပ်မှုပဲ ဆိုတဲ့ အချက်က သူ့စိတ်ထဲတွင် မရေရာသော နားလည်မှုတစ်ခု အဖြစ် ပေါ်လာခဲ့သည်။
ပထမဆုံး သူတော်စင် နှလုံးစပျစ်နွယ်ပင်သည် သစ်သားဒြပ်စင် ဖြစ်ပြီး ထို့နောက် ကျောက်တုံးနန်းတော်၌ သူခံစားရတာက မြေကြီးဒြပ်စင် ဖြစ်သည်။