← Chapters

ရေခဲမီးပြောင်းလဲမှု

Vol. 49 Ch. 4.241

ရေခဲမီးပြောင်းလဲမှု

Vol. 49 Ch. 4.241

"ဟမ့် အားလုံး မကြောက်​ကြပါနဲ့... သူ့မိသားစုနောက်ခံ ဘယ်လောက်ပဲ အားကောင်းနေပါစေ အခုက သူမ တစ်ယောက်တည်း မဟုတ်ပါဘူး.... ကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ ပြောပြလို့ရမလား?"

"ကောင်လေး မင်း နားမကြားဘူးလား? ငါတို့အစ်ကိုကြီး မင်းနဲ့စကားပြောနေတာလေ မင်း ဆွံ့အနေတာလား?"

"သေချင်နေပုံပဲ!"

လုရွှမ်သည် တခြားသူများ တစ်ယောက်ပြီး တစ်ယောက် ကြိမ်းမောင်း ရယ်မောနေပါစေ တုတ်တုတ်ပင် မလှုပ်ချေ။

လုရွှမ် အေးစက်စက် ရယ်မောလိုက်သည်။ ဒီလောကဟာ အားနည်းသူကို အနိုင်ကျင့်ပြီး သန်မာသူတွေ ရပ်တည်နေကြတဲ့ ကမ္ဘာဖြစ်ပေ၏။ လုရွှမ်သည် အနှစ်တစ်သောင်းရှိသော ရေခဲသလင်း တစ်ချောင်းကို ထိုလူထံသို့ လှမ်း​ပေးလိုက်သည်။

"နှစ်သောင်းချီရေခဲသလင်းလား? ဟမ့် မင်းက လမ်းကြောင်းမှန်ပေါ် ရောက်နေတုန်းပဲ မဟုတ်လား"

ထိုလူက လုရွှမ်ကို ကြည့်လိုက်သည်။ လုရွှမ်တစ်ယောက် သူတို့ကို ထိတ်လန့်ပြီး ကောင်းကောင်း ထုတ်ပေးချင်လာတယ်လို့ ထင်လိုက်တာကြောင့် အလိုလို လက်ဆန့်လိုက်စဥ်။

"ငတုံး မင်းယူလို့ မဖြစ်ဘူး"

အော်သံ မဆုံးသေးခင် ထိုလူက သူ့လက်ဖဝါးထဲမှာ ရေခဲသလင်းကို ဆုပ်ကိုင်ထားပြီးသား ဖြစ်သွားပြီ။ ခဏအတွင်းမှာပဲ သူ့ခန္ဓာကိုယ်က တောင့်ခဲသွားတော့သည်။ လုရွှမ် ရေခဲသလင်းကို ပြန်ယူကာ လူအုပ်ကို လှည့်ပတ်ကြည့်ရင်း။

"ဒါကို ဘယ်သူလိုချင်သေးလဲ?"

လှည့်ထွက်ပြေးဖို့ လူတိုင်းက စဥ်းစားထားပြီးပြီ။ နှစ်သောင်းချီ ရေခဲသလင်းရဲ့ အစွမ်းကို မြင်လိုက်ရပြီလေ။ သူတော်စင်နယ်ပယ်က လူတောင် ရေခဲလူသား ဖြစ်သွားတယ်ဆိုတော့ နှစ်သောင်းချီရေခဲကို လက်ဗလာနဲ့ ထိထားနိုင်က ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။

နတ်သမီးအောင့်ယွဲ့နဲ့ ဘေးချင်းကပ် လျှောက်လှမ်းနိုင်သူက သာမာန်လူတစ်ယောက် ဖြစ်နိုင်ပါ့မလား။

သူတို့ခြေထောက်တွေ အရမ်း နှေးသွားမှာကို ကြောက်လို့ လူတော်တော်များများ အသက်လု ထွက်ပြေးကြကုန်၏။

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ကနေ ပန်းတွေ ကျဲချလိုက်သကဲ့သို့ နှစ်သောင်းချီရေခဲ အပိုင်းအစများကို ပစ်ခတ်လိုက်တော့သည်။

လူခုနစ်ယောက်လောက်မှာ လုံးဝ မခုခံနိုင်ဘဲ ရေခဲလူသား အသွင် ပြောင်းသွားခဲ့သည်။ လုရွှမ် ရေခဲသလင်းကို ဖမ်းပြီး နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။ ထူးထူးခြားခြား ရွှမ်းယန်ရှန့်ကလွဲရင် ကျန်တဲ့လူတွေ အားလုံးက ခဏအတွင်းမှာပဲ အေးခဲသွားကြပြီ။

လုရွှမ်နှင့် အောင့်ယွဲ့တို့သည် ရွှမ်းယန်ရှန့်ကို အရှေ့အနောက် ပိတ်ဆို့လိုက်ကြသည်။ သူ့မျက်နှာက ဖြူဖျော့သွားကာ အလွန်နောင်တရသွားသည်။

သူဘာလို့ နတ်သမီးအောင့်ယွဲ့နဲ့ ပြသနာတက်အောင် လုပ်ခဲ့မိတာလဲ? ညီအကိုနှစ်ယောက်ပဲ မဟုတ်လား အခုတော့ သူပါ သေရတော့မယ်။

"လူကြီးမင်းတို့ နှစ်ယောက် ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်လိုက်ပေးပါ.... နတ်သမီးအောင့်ယွဲ့ မင်းငါ့မိသားစုကို သိတယ်မလား.... ငါတတ်နိုင်..."

သူ စကားမဆုံးခင်မှာပင် လုရွှမ်က သူ့ကို ကန်ထုတ်ပစ်လိုက်သည်။ ကြွယ်ဝသော လေအေးကို သယ်ဆောင်လာတာကြောင့် သူတော်စင်နယ်ပယ် အဆင့်၃ ရွှမ်းယန်ရှန်၏ ဝိညာဉ်ရေးအာရုံသည် သဘာဝကျကျ အာရုံခံအား ကောင်း​လေသည်။ သူသည် ဘေးသို့ ရှောင်ထွက်သွား၏။

ဝုန်း!

ရုတ်တရက် သူ့ခြေထောက်တွေ အော်ဟစ်လိုက်ပြီး သူ့လက်ဝါးကို ရေခဲပြင်ပေါ် ရိုက်ချပစ်လိုက်သည်။

"သွားပြီ!"

လုရွှမ် အော်ဟစ်ပြီး ရုတ်တရက် လန့်ဖျပ်သွားကာ အောင့်ယွဲ့က လှမ်းဆွဲရင်း လှည့်ထွက်ပြေးသွားခဲ့သည်။

"ဟား ဟား မင်းတို့ ငါနဲ့ အတူတူ သေလိုက်ကြစမ်းပါ...."

မြေကြီးအောက်တွင် မိုးခြိမ်းသံကဲ့သို့ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာပြီး ပြင်းထန်သော အလင်းရောင် တစ်ခုသည် ရေခဲပြင်အောက်မှ လင်းလက်သွားသည်။

"ဒီအရူးကောင်က သူ့ကိုယ်သူ ဖောက်ခွဲနေတာပဲ!"

နတ်သမီးအောင့်ယွဲ့လည်း ဟစ်အော်လိုက်သည်။

သူတော်စင်နယ်ပယ် မိမိကိုယ်မိမိ ဖောက်ခွဲပစ်တာက အင်မတန် တန်ခိုးကြီးလှသည်။

ယခု မြေပြင်ပေါ်တွင် ကြီးမားသော မြေငလျင်လှိုင်းများ လှုပ်ခတ်သွားကာ မူလက အားနည်းပြီး မည်းမှောင်​နေသော အပေါက်များမှာ ပင့်ကူမျှင်များနှင့် ဆင်တူသော အက်ကွဲကြောင်းများ အဆက်မပြတ် ပွင့်ထွက်နေပြီး ကုတ်ခြစ်သံများ မရပ်မနား ကြားလာရကာ အနီးနားပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သုံးမီတာ အချင်းဝက်ရှိသော ရေခဲဂူကြီးသည် တခဏချင်း ဖြစ်ပေါ်လာပြီး ဆက်လက် ကြီးထွားလာ၏။ အေးစက်နေသော လေသည် ရေခဲပြင်မှ ကျယ်လောင်စွာ ထိုးထွက်လာခဲ့သည်။ ဝုန်းကနဲ အသံနက်ကြီးနဲ့အတူ ကောင်းကင်မှာ မြူနှင်းတွေ နှင်းတွေ တခဏတာ ဖုံးလွှမ်းသွားပြီး ကမ္ဘာကြီးတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွား၏။

သို့သော် ချက်ချင်းဆိုသလိုပင် လေအေးများ ရုတ်တရက် ပျောက်ကွယ်သွားကာ အပူလှိုင်းများ မြင့်တက်လာပြန်သည်။ မီးတောက်များက ကောင်းကင်သို့ လွင့်ထွက်လာကာ ရေခဲများအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ မီးတောက်များကြောင့် ရေ​ငွေ့​တွေ ပတ်​ဝန်းကျင်​ကို ဖုံးလွှမ်းသွား​ရာ ​ကောင်းကင်​နဲ့​ မြေကြီး​က ဖြူဖျော့​နေပြီး ဘာကိုမှ မမြင်​ရတော့ချေ။

လုရွှမ်နှင့် အောင့်ယွဲ့တို့သည် အေးခဲနေတဲ့ ခန္ဓာကိုယ်တွေကြောင့် အလျင်အမြန် မပြေးဝံ့ပေ။ ဘေးပတ်လည်တွင် မှောင်မိုက်နေသော တွင်းများက ဝန်းရံထားသည်။ အကယ်၍ သူတို့သာ ပြုတ်ကျသွားပါက ရွှမ်းယန်ရှန့်နောက်ကို လိုက်သွားရမှာ မလွဲပေ။

"ငါ့လက်ကို ဆွဲ!" လုရွှမ် အော်လိုက်သည်။

ဤအခိုက်အတန့်တွင် သူ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ရမည့် အချိန် မဟုတ်တော့ပေ။ လုရွှမ် အောင့်ယွဲ့ကို ဖမ်းကိုင်လိုက်ပြီး ဖီးနစ်အတောင်ပံများကို ဖြန့်ချလိုက်သည်။

လက်ရှိ နေရာသည် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို ကန့်သတ်ထားသောကြောင့် မပျံသန်းနိုင်သော်လည်း ဖီးနစ် အတောင်ပံများကို ခတ်လိုက်သည်နှင့် လေပြင်းများ လှုပ်ခတ်သွားကာ ခန္ဓာကိုယ်နှစ်ခုကို လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရှေ့သို့ တွန်းပို့လိုက်သည်။

ယခုအချိန်တွင် လုရွှမ်တစ်ယောက် နှစ်သောင်းချီ ဆန်းကြယ်ရေခဲ ဘာလို့ ဒီနေရာမှာ ရှိနေခဲ့သလဲ နောက်ဆုံးတော့ နားလည်သွားခဲ့သည်။ တဟုန်းဟုန်း တောက်လောင်နေသော ကောင်းကင်မီးတောက်များကို ရေခဲပြင်အောက်တွင် ဖိသိပ်ထားသောကြောင့်ပင်။

ရေခဲပြင်များ အပေါ်တွင် အေးစက်သော လေများဖြင့် ပြည့်နှက်နေပြီး နိယာမစွမ်းအင် လှိုင်းများက မီးတောက်အသွင်ဖြင့် တဟုန်းဟုန်း တောက်လောင် ပြေးလွှားနေချိန် ကောင်းကင်ယံ၌ အခင်းအကျင်း တစ်ခု ပေါ်လာတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သို့သော် သူသည် နှစ်သောင်းချီ ရေခဲအစွန်း ဆယ်ခုကို ဖယ်ထုတ် လိုက်သောကြောင့် ပြိုကျပျက်စီးသွားခဲ့ရာ ရွှမ်းယန်ရှန့်ကလည်း သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တာကြောင့် အောက်ဖက်ရှိ ကောင်းကင်မီးသည် လုံးဝ ပေါက်ကွဲသွားခဲ့သည်။

အခင်းအကျင်း ဖွဲ့စည်းမှုက မပြည့်စုံသဖြင့် အလွန်ကြီးမားသော မီးကို မထိန်းနိုင်ပေ။ ဝိညာဥ်အသိ ရှိနေသကဲ့သို့ ရေခဲတုံးများကို တစ်ခုပြီးတစ်ခု အဝေးသို့ ပျံတက်သွား​စေသည်။ ယခုတွင် ရေခဲပြင်များ မရှိတော့ဘဲ မီး​တောက်သည် ပိုမိုပြင်းထန်လာပြီး လောင်ကျွမ်းနေသော မီးတောက်များပင် မီတာ ထောင်ပေါင်းများစွာ မြင့်မားလာသည်။

မီးတောက်တွေက တကိုယ်လုံးကို ပူလောင်​စေလွန်းလို့ ဘယ်သူမှ မခုခံနိုင်လောက်ချေ။

လုရွှမ်နှင့် အောင့်ယွဲ့တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်၍ ဒုက္ခရောက်နေမှန်း သိသော်လည်း အကြောင်း တစ်စုံတစ်ရာကြောင့် ပြုံးလိုက်ကြသည်။

"သွားကြစို့!"

အရင်တုန်းက ရေခဲနဲ့ နှင်းတွေဟာ လုံးလုံး မီးငရဲအဖြစ် ပြောင်းသွားပြီ။ သူတို့ နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်မှာ အနှစ်တစ်သောင်း ရေခဲတွေ ဖုံးလွှမ်းထားတာကြောင့် ဒီအချိန်မှာတောင် အရမ်းအေးတယ်လို့ ခံစားနေရလေသည်။

တခြား ကျင့်ကြံသူတွေကတော့ အော်ဟစ် ငိုကြွေးရင်း ထွက်ပြေးသွားကြကုန်၏။ ဒါက ကောင်းကင်မီး ဖြစ်သည်။ ထူးဆန်းသော မီးများကြား၌ပင် အဆင့်အတန်း အမြင့်ဆုံး မီးလျှံဖြစ်၏။

ဤနေရာသို့ ဝင်ရောက်လာသူများသည် သူတော်စင်တစ်ပိုင်း သို့မဟုတ် သူတော်စင်နယ်ပယ်မှ ကျင့်ကြံသူများ ဖြစ်သည်။ လုရွှမ်လို ကံကောင်းသူများမှ လွဲ၍ ခန္ဓာကိုယ်ကို ကာကွယ်ရန် ထူးဆန်းသောမီး မရှိကြချေ။

အသီးသီး အော်ဟစ် ငိုကြွေးကြပြီးနောက် မီးတောက်များက ဝါးမျိုသွားကြသည်။

ကံကောင်း ထောက်မစွာဖြင့် သူတို့နှစ်ဦးသည် အနှစ်တစ်သောင်း ရေခဲတုံးကို ကောက်ယူရန် ဝေးလံခေါင်သီသော နေရာကို ရွေးချယ်ခဲ့ကြလို့ မဟုတ်ရင် အချိန်များစွာ နှောင့်နှေးသွားနိုင်သလို ထိုနေရာတွင် ပိတ်မိနေပေလိမ့်မည်။

ယခုတစ်ကြိမ် ရွှမ်ခုန်းတောင်သို့ ဖြတ်လာခဲ့သော ကျင့်ကြံသူများကတော့ နောက်ပြန်မလှည့်ရင် အသေခံရတော့မည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အနှစ်တစ်သောင်း ရေခဲတွေနဲ့ ကာကွယ်ထားလို့ သူတို့နှစ်ယောက် ကောင်းကင်မှာ ပျံသန်းလာစဥ် တောက်လောင်နေတဲ့ မီးတောက်တွေကို ကြောက်စရာ မလိုချေ။ လုရွှမ် ကောင်းကင်မီးအချို့ကို ဖမ်းဆုပ်လိုက်ရင်း အောင့်ယွဲ့အား သူက ဘယ်လို မကောင်းဆိုးဝါးလဲ ဆိုတာကို တွေးတောစေခဲ့သည်။

သူသည် အနှစ်တစ်သောင်း ရေခဲသလင်းကို ထိဝံ့ပြီး ကောင်းကင်မီးကိုလည်း အလိုအလျောက် စုဆောင်းနိုင်ခဲ့သည်။ လုရွှမ် မထိဝံ့သော တခြားအရာ ရှိသေးရဲ့လား။

တခြားသူများ၏ သေခြင်းတရားအောက်က ငိုကြွေးသံများကြားတွင် လုရွှမ်နှင့် အောင့်ယွဲ့တို့သည် တောက်လောင်နေသော မီးခိုးလုံးကြီးထဲတွင် အေးအေးဆေးဆေး လျှောက်သွားကြသည်။

ရေခဲနှင့် ဆီနှင်းကမ္ဘာ၏ အပြင်ဘက်တွင် ကျင့်ကြံသူ တစ်ဖွဲ့သည် နားမလည်နိုင်စွာ ထိတ်လန့်သွားကာ သူတို့၏ ရင်ခုန် စိတ်လှုပ်ရှားနေခဲ့သော မျက်နှာများက ရင်တုန်နေသည်။ နည်းနည်းသာ နှေးသွားခဲ့ရင်တော့ သူတို့အားလုံး မီးအိုင်ထဲမှာ နစ်မြုပ်သွားလိမ့်မည်။

လုရွှမ်၏ မျက်လုံးများသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ဂရုတစိုက် အကဲခတ်ထားပြီး အရာအားလုံးကို အာရုံစိုက်ထားသည်။ ယခင်က သူ၏ စိတ်ဝိညာဉ် စွမ်းအား အနည်းငယ်ကို ထုတ်လွှတ်မိသွားခိုက် ကောင်းကင်မီးကြောင့် လောင်ကျွမ်းလုနီးပါး ဖြစ်သွားခဲ့ရသည်။

နှလုံးသားမီးသစ်သီးက ကာကွယ်ထားလို့သာ မဟုတ်ရင် ကောင်းကင်မီးဟာ စိတ်ဝိညာဉ် စွမ်းအားနဲ့အတူ တိုက်ရိုက် စီးဝင်သွားနိုင်၏။

"ဟေး ရှင်ဘာကို ရှာနေတာလဲ"

နတ်သမီးအောင့်ယွဲ့က လုရွှမ်၏ ငြိမ်သက်မှုကို လျင်မြန်စွာ အာရုံစိုက်မိသွားကာ သူ တစ်ခုခုကို ရှာနေမှန်း ရိပ်မိလိုက်သည်။

အစောက ရေခဲပြင်ကို ရုတ်တရက် ပေါက်ကွဲသွားချိန်၌ လုရွှမ်က သူမကို ချက်ချင်း ဖမ်းမိသွားခဲ့ပြီး သူမနှလုံးသားကို တုန်လှုပ် သွားစေခဲ့သည်။ သူမဘဝ တစ်လျှောက်လုံး မိသားစုကြီးထဲမှာ နေထိုင်ရင်း ခြေပုန်းခုတ်တာကို မြင်ဖူးပေမယ့် မထင်မှတ်ပဲ ဒီမှာ သူငယ်ချင်းတွေ ကြားက စစ်မှန်တဲ့ ခံစားချက်ကို ခံစားမိလာ၏။

"အစတုန်းက ငါတို့တက်ခဲ့တဲ့ သူတော်စင် နှလုံးစပျစ်နွယ်ပင်ကို မှတ်မိလား? အဲဒါက ဒြပ်စင်ငါးခုထဲက သစ်သားရဲ့ စွမ်းအားပဲ.... ပြီးတော့ ကျောက်ထွင်းလက်ရာတွေရှိတဲ့ ကျောက်တုံးခန်းမထဲကို ရောက်လာတယ်... ကျောက်တုံး ရုပ်ကြွတွေက ဘာတွေလဲ ဆိုတာကို ကိုယ်တိုင်ထိပြီး စမ်းသပ်ပြီးပြီ... အဲဒါက မြေဒြပ်စင်ရဲ့ စွမ်းအားပဲ..."

All Chapters