← Chapters

သွေးစတေးခြင်း တားမြစ် အခင်းအကျင်း

Vol. 49 Ch. 4.244

သွေးစတေးခြင်း တားမြစ် အခင်းအကျင်း

Vol. 49 Ch. 4.244

'ညီအစ်ကို.... ကျေးဇူးပြုပြီး သူ့ကိုသတ်လိုက်စမ်းပါ.. ဒါဆို ငါလွတ်မြောက်ပြီ လျှို့ဝှက်နေရာတစ်ခုမှာ လျှို့ဝှက်ရတနာ တစ်ခုရှိတယ် ဆိုတာ ငါသိတယ်.... မင်းသူ့ကိုသတ်ရင် ငါမင်းကို ပြောပြမယ်'

လုရွှမ် ရယ်မိလုမတတ် ဖြစ်သွားသည်။ ဒီဝက်သားရဲကောင်က ပျော်စရာတော့ ကောင်းသားပဲ။ သူက မျက်စောင်းလေးနဲ့ မော့ပြီး မုရုန်ကျန်းကို ကြည့်လိုက်သေးသည်။

"ကောင်လေး မင်းဘာတွေပြောနေတာလဲ? ဟမ် ဝက်တစ်ကောင်နဲ့ စကားပြောနေတာလား... ဟားဟား နတ်သမီးအောင့်ယွဲ့ရဲ့ သူငယ်ချင်းက ဒီလောက် အရည်အချင်း ရှိမယ်လို့ ငါမမျှော်လင့်ထားဘူး.... နတ်သမီးအောင့်ယွဲ့ရော ဝက်ဘာသာစကားကို ပြောတတ်လား?"

အောင့်ယွဲ့ကတော့ လုရွှမ်ထံသို့သာ စကားပြောလိုက်သည်။

"စိတ်မတိုပါနဲ့... ဒီမုရုန်က အမှိုက်သာသာပဲ ဒါပေမယ့် သူ့မှာ မဟာသူတော်စင် ဖြစ်လာပြီး သူ့ကို အချစ်ဆုံးဆိုတဲ့ အစ်ကိုကောင်း တစ်ယောက်ရှိတယ်.... မုရုန်ကျန်းက လူယုတ်မာ ဆိုရင် သူ့အစ်ကိုက ပိုလို့တောင် စိတ်ပျက်စရာ ကောင်းတယ်"

လုရွှမ် သူ့နားလည်မှုကို ထုတ်ဖော် ပြောဆိုရန် ခေါင်းညိတ်လိုက်ပြီး

"အိုး.... အဲ့ဒါဆို ပိုကောင်းတာပေါ့ သူ့ကို သတ်လို့ရပြီပေါ့"

"အသေးလေး ငါသူ့ကိုသတ်မယ်လို့ ကတိပေးတယ်... ကောင်းပြီ မင်းဒီကိုလာတော့"

လုရွှမ် သူ့လက်ဖဝါးကို ဖြန့်လိုက်ရာ ပြင်းထန်တဲ့ စုပ်ယူမှုတစ်ခု ထွက်လာ၏။ မုရုန်ကျန်းရဲ့ ခန္ဓာကိုယ်က နားမလည်နိုင်အောင် တုန်ရီနေပြီး သူ့ပုခုံးပေါ်က ဝက်ကလေးက လုရွှမ်ဆီကို ပျံသန်းသွားတော့သည်။

မုရုန်ကျန်း၏ မျက်နှာက ဖြူဖျော့သွားကာ သူ့မျက်လုံးများက လုရွှမ်ကို ကြောက်လန့်တကြား စိုက်ကြည့်ရင်း

"ကောင်လေး မင်းက ဘယ်သူလဲ??"

"သေလိုက်တော့!"

လုရွှမ်ကတော့ ဒီလူရဲ့နှလုံးသားထဲမှာ နတ်ဆိုးတွေ ရှိ​နေတယ်လို့ ပေါ့ပေါ့ပါးပါး တွေးမိနေပြီ။ သူနဲ့တွေ့တာ ကံမကောင်းတာပဲ။ သူ့မှာ နှလုံးသားမီးသစ်သီး ရှိပြီး တစ်ဖက်လူရဲ့ ဘဝကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတာနဲ့ ညီမျှနေပြီ။ ဒါတောင် သူကမာနကြီးရင် သူ့ကိုရန်စရဲတဲ့ သတ္တိရှိနေတယ် ဆိုတော့ သေမင်းကို ရှာနေတာပဲ မဟုတ်ဘူးလား။

လုရွှမ်၏ အသံ အဆုံးသတ်သွား သည်နှင့်အမျှ မီးဘောလုံးသည် မုရုန်ကျန်း၏ လည်ချောင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံး မီးလုံးကြီးထဲတွင် ချက်ချင်း လောင်ကျွမ်းသွားသည်။

မုရုန်ကျန်းမှာ သနားစရာ ကောင်းလောက်အောင် အော်ဟစ်ပြီး မြေပြင်ပေါ် လဲကျကာ လှည့်ပတ်သွားပေမယ့် သူ့နှလုံးသားထဲမှာ မီးက နိုးကြားနေပြီးမို့ လုံးဝ မငြိမ်းသတ်နိုင်ခဲ့ပါဘူး။ တပ်မက်မှုတွေ ရှိ​နေသရွေ့ အတွင်းနတ်ဆိုးတွေက ရှိနေမှာပဲ။ သာမာန်အားဖြင့် ပြင်းပြတဲ့စိတ်၊ အဆင့်မြင့်တဲ့ ကျင့်​ကြံမှုနဲ့အတူ စိတ်ကြည်လင်နေသရွေ့ အတွင်းမီးဟာ ကြောက်စရာ မရှိပါဘူး။

ယခုအခါ လုရွှမ်သည် နှလုံး နတ်ဆိုးမီးဖွားရန် နှလုံးသားမီးသစ်သီးကို ထိန်းချုပ်ထားခဲ့သည်။ အနည်းငယ်မျှသော နှလုံးမီးသည်ပင် သေခြင်းသို့ မလွဲမသွေ ဖြစ်ပေါ်စေသည်။ သခင်လေးမုရုန်မှာ ခဏတာ အော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်သည် မီးသွေးအဖြစ်သို့ ပြောင်းလဲသွားကာ လေတစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ လွင့်ထွက်သွားသည်။

လူတိုင်း လုရွှမ်နှင့်ဝေးရာသို့ ပြေးသွားကာ တစ်ယောက်ပြီး တစ်ယောက် အမြန်ပြန်ဆုတ်သွားကြသည်။ သူတို့သည် ဒေါသကြောင့် ပါဝင်ပတ်သက် ခံရမည်ကို ကြောက်ပြီး လုရွှမ် အနားတွင် မနေရဲဘဲ အဓိပ္ပာယ်မဲ့ ဆွဲထည့်ခံရမှာကို ပို၍ပင် ကြောက်လာသည်။

ကောင်းကင်မြေကြီး၌ ကျင်လည်ခဲ့သော ကျင့်ကြံသူ တစ်ယောက်စီတိုင်းမှာ လူမသတ်ဖူးတဲ့သူ ဘယ်သူ ရှိလို့လဲ။ အသက် သေခါးနီးမှ နောင်တရတာတွေ ကြောက်ရွံ့မှု ရှိလာတာတွေလည်း ရှိတယ် မဟုတ်လား? အတွင်းနတ်ဆိုးစိတ်များဟာ နေရာတိုင်းမှာ ရှိနေတတ်သည်။

ဒီလူက အတွင်းနတ်ဆိုးကို အမှန်တကယ် သွေးဆောင်နိုင်တာမို့ ဘယ်သူက ဒီလူနဲ့ တိုက်ခိုက်ရဲမှာလဲ။

အောင့်ယွဲ့လည်း ဒါက နှလုံးသားမီးသစ်သီး၏ အကျိုးဆက် ဖြစ်နိုင်တာကို သိသွားတာကြောင့် သူမ နှလုံးသားထဲတွင် ပို၍ပင် မနာလို ဖြစ်နေခဲ့သည်။ လုရွှမ်ဆိုတာ ရိုးရိုးရှင်းရှင်း ဒဏ္ဍာရီတစ်ခု အနေနဲ့ ပေါ်ပေါက်လာခဲ့ပြီလေ။

လုရွှမ် လူတိုင်း၏ ကြောက်ရွံ့မှုကို ဂရုမစိုက်နေချေ။ သူက နတ်သမီးအောင့်ယွဲ့ဘက်ကို လှည့်ကာ

"ဒါက တကယ်ကို အကန့်အသတ်မဲ့ အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုပဲ.... ငါ့မှာအခု နည်းနည်းလေးမှ သဲလွန်စ မရှိဘူး... ဝင်ကြည့်ရအောင်"

အောင့်ယွဲ့လည်း ခေါင်းညိတ်လိုက်ပြီး တောအုပ်ဥယျာဥ် တံခါးကနေ နှစ်ယောက်သား ပြေးဝင်သွားခဲ့သည်။

ကမ္ဘာကြီးက တိတ်ဆိတ်စွာ ပြောင်းလဲသွားပေမယ့် မပြောင်းလဲသွားသလို ခံစားရစေသည်။ ဒါပေမဲ့ လုရွှမ် သူ့စိတ်ထဲမှာတော့ ရုတ်တရက် အတွေးတစ်ခု ထပ်တိုးလာခဲ့၏။ ဒါက အတုအယောင် ကမ္ဘာပဲ သူတို့ အခင်းအကျင်း အစီအရင်ထဲကို ရောက်သွားပြီ။

"ရှင်ခန့်မှန်းတာ မှန်တယ်.. ဒါက အကန်အသတ်မဲ့ အခင်းအကျင်းထဲ ဝင်လာပြီး နောက်ဆက်တွဲ အကျိုးဆက်ပဲ... အခင်းအကျင်းထဲ ဝင်နေသမျှ တစ်ချိန်လုံး ဒီအတွေးပဲ တွေးမိနေမှာ.. ထင်ယောင်ထင်မှားနဲ့ စွဲလမ်းမှုတွေကို ဖြတ်ကျော်နိုင်ပြီ ဆိုရင် အဲဒါက ရှင်အကန့်အသတ်မဲ့ အခင်းအကျင်းထဲက ရုန်းထွက်နိုင်တဲ့ အချိန်ပဲ!"

သူတို့နှစ်ဦးသည် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ယူပြီးနောက် မကြာမီတွင် ချောက်တစ်ခု အတွင်း၌ ပိတ်မိနေသော လူလေးဦးကို တွေ့ခဲ့ကြသည်။

ဟိုးအဝေးကပင် သွေးနံ့ကို ရနေပြီး ချောက်ရဲ့အထက် ကောင်းကင်တွင် သွေးချင်းနီရဲနေတဲ့ တိမ်တိုက်တစ်ခုက ဖုံးအုပ်ထားကာ အပေါ်စီးကနေ သွေးချင်းနီရဲနေတဲ့ နာကြည်းမှု ခြေရာတွေနဲ့အတူ အခင်းအကျင်း တစ်ခုက လေထုထဲမှာ စုစည်း​နေပြီး သွေးမိုးများ ရွာသွန်းတော့မလိုပင်။

"ဒါက သွေးစတေးမှု တားမြစ် အခင်းအကျင်း ပုံစံပဲ!"

အောင့်ယွဲ့ လန့်ဖျပ်သွားပြီး သူမအသံက တုန်ရီသွား၏။ သူမ ခန္ဓာကိုယ် ယိမ်းယိုင်သွားတာကြောင့် လုရွှမ် သူမကို အမြန် ထောက်ကူ​ပေးထား​ရသည်။

"ဒီသွေးစတေးမှု အခင်းအကျင်းက အရမ်းကို အစွမ်းထက်တာလား?"

အောင့်ယွဲ့က ခေါင်းယမ်းလိုက်ရင်း သူမမျက်နှာက ဖြူဖျော့လာပြီး

“သွေးစတေးခြင်းကို တားမြစ်ထားတဲ့ အခင်းအကျင်းက ကျင့်​ကြံ​ခြင်းလောက တစ်ခုလုံးမှာ တားမြစ်ထားတဲ့ အခင်းအကျင်း တစ်ခုပဲ... နာမည်အတိုင်း ကျင့်ကြံသူတွေရဲ့ သွေးနဲ့ စတေးပြီး ယဇ်ပူဇော်ရတယ်... အခင်းအကျင်း ဖွဲ့စည်း တည်ဆောက်ပုံက အရမ်းရက်စက်တာ!"

အောင့်ယွဲ့ မျက်လုံးနှစ်လုံးကို လှိမ့်ချလိုက်သည်။ သွေးစတေးမှု အခင်းအကျင်းကို ကြည့်ပြီး မျက်လုံးတွေက နာကြည်းမှုတွေ အပြည့်နဲ့။ လုရွှမ် ဒီလိုအကြည့်မျိုးရဲ့ အဓိပ္ပာယ်ကို နားလည်၏။ သူမရဲ့ ဆွေမျိုးဟောင်းတွေနဲ့ သူငယ်ချင်းတွေကလည်း ဒီလို သွေးစတေးမှုကို ခါးခါးသီးသီး ခံခဲ့ရဖူးပုံပင်။

"သွေးစတေးခြင်းရဲ့ ရက်စက် ယုတ်မာမှုကတော့ ကိုယ့်ကိုကိုယ် အရင်စတေးရမယ် ပြီးမှ သွေးစတေးမှု အခင်းအကျင်းကို ဖန်ဆင်းနိုင်မှာ"

အောင့်ယွဲ့ ငြိမ်သက်သွားကာ လုရွှမ်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး အော်လိုက်သည်။

"လုရွှမ် ငါတို့ သူတို့ကို ကယ်တင်မှရမယ်"

လုရွှမ် ခေါင်းညိတ်လိုက်သည်။ သူတို့လေးယောက်က မဆိုးပါ။ ကိုယ်ဟန်အနေအထားကလည်း သန်မာကြသည်။

"အထဲမှာ ပိတ်မိနေတဲ့ လူလေးယောက်ရှိတယ်... ဆိုလိုတာက အနည်းဆုံး လူလေးယောက်က ဒီအခင်းအကျင်းကို သူတို့သွေးနဲ့ ယဇ်ပူဇော်ခဲ့တာပဲ... ကောင်းကင်မှာ သွေးတိမ်တွေ ရှိနေပြီ မိုးရွာချ​ပြီးတာနဲ့ အညစ်ပတ်ဆုံး လူဝင်စားသွေး ဖြစ်လာလိမ့်မယ်... စိတ်ဝိညာဉ် စွမ်းအားနဲ့ ယွမ်စွမ်းအင်တွေကို ချုပ်နှောင်ထားပြီး လူလေးယောက်ကို အသက်ရှင်လျက်နဲ့ အပြင်းအထန် ငိုကြွေးပြီး သေဆုံးသွားရလိမ့်မယ်"

"ဒါက ရက်စက်တယ်လို့ ရှင်ထင်​နေရင် အခင်းအကျင်း ဖွဲ့စည်းထူထောင်သူတွေ ခံစားရတဲ့ တုံ့ပြန်မှုကသာ ကြောက်စရာ အကောင်းဆုံးပဲ.... အစကနေ အဆုံးအထိ သူတို့ရဲ့ စိတ်ဝိညာဉ်တွေက နိုးကြား​နေရပြီး နာကျင်မှု အားလုံးကို လက်ခံရတယ်... အခင်းအကျင်းထဲက လူတွေ သေသွားရင်တောင် သူတို့က မသေသေးဘူး... ဒီလောကမှာနေပြီး နေ့တိုင်း သွေးစတေးမှုရဲ့ နာကျင်မှုကို လက်ခံရလိမ့်မယ်"

လုရွှမ်သည်ပင် မနေနိုင်ဘဲ ထိတ်လန့် တုန်လှုပ်သွားမိသည်။ ဤသွေးစတေးမှု အခင်းအကျင်းသည် တိမ်ပင်လယ်နယ်မြေတွင် သူမြင်ဖူးသည့် မကောင်းဆိုးဝါး အစီအရင် ပုံစံများထက် ပိုရက်စက်သည်။

ဒါပေမဲ့ သူနဲ့ အောင့်ယွဲ့က ဒီလိုကြောက်စရာကောင်းတဲ့ အခင်းအကျင်း ပုံစံကို တကယ်ဖြေရှင်းနိုင်မှာလား?

အောင့်ယွဲ့က ပြုံးပြီး

"စိတ်ဝင်စားစရာတော့ ကောင်းသားပဲ... သူတို့က ကျွန်မတို့ကို ဘာလို့ အကူအညီ တောင်းရတာလဲ ဆိုတော့ အခင်းအကျင်ထဲမှာ ပိတ်မိနေတဲ့ ဒီလူတွေက သူတို့ ဘယ်လို အခင်းအကျင်းထဲ ပိတ်မိနေမှန်းတောင် မသိကြဘူး!"

လုရွှမ်၏ ထိတ်လန့်မှုကို မြင်လိုက်ရသောအခါ အောင့်ယွဲ့၏ မျက်နှာသည် အေးစက်သွားပြီး ပြင်းထန်သော လူသတ်ချင်လာသည့် အသွင်ကို ထုတ်လွှတ်လာခဲ့သည်။

"သူတို့ ကံကောင်းတယ်.... ကျွန်မတို့သာ နောက်ကျသွားရင် သွေးမိုးတွေ ရွာပြီးတာနဲ့ အားလုံး နောက်ကျသွားလိမ့်မယ်"

စကားပြီးသောအခါ အောင့်ယွဲ့သည် လုရွှမ်ကို မကြည့်တော့ဘဲ သွေးစတေးမှု အခင်းအကျင်းဆီသို့ အမြန်ပြေးသွား​တော့သည်။

"ဘာပဲဖြစ်ဖြစ် ဒီအတိုင်းတော့ ထိုင်ကြည့်မနေနိုင်ဘူး"

လုရွှမ် အောင့်ယွဲ့၏ ပြေးထွက်သွားသော ရုပ်ပုံလွှာကို ကြည့်လိုက်သည်။ ဤအမျိုးသမီးသည် ကြီးစိုးပြီး မာနကြီးသော်လည်း သူမတွင် စိတ်ကောင်းရှိပြီး သူနှင့် သူငယ်ချင်းဖြစ်နိုင်သည့် လူတစ်ယောက် ဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

လုရွှမ် သူမနောက်ကို အမြန် လိုက်သွားပြီး အောင့်ယွဲ့ရဲ့ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။

"ငါ မင်းနဲ့လိုက်ခဲ့မယ်"

အောင့်ယွဲ့၏ အေးစက်သော အမူအရာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူမသည် အပြုံးဖြင့်ပြောလာ၏။

"ရှင်က သွေးအေးတဲ့လူ မဟုတ်ဘူးဆိုတာ ကျွန်မသိသားပဲ.... ဟမ့် ရှင့်အခြေအနေက မဆိုးဘူး ဒါပေမဲ့ ရှင့်ရဲ့ ကျင့်​ကြံမှုအဆင့်က နည်းနည်းနိမ့်တယ်....ရှင့်ရဲ့ ကျင့်ကြံမှု တိုးတက်လာရင် ကျွန်မ အိမ်မှာ လက်ထပ်ဖို့ ကမ်းလှမ်းလာခဲ့ရင် ဖေဖေက သဘောတူမှာ သေချာတယ်"

ဒီစကားတွေ ပြောထွက်လာခဲ့တာက သူမ ဦးနှောက်ထဲ သွေးတွေ စီးကျလာတဲ့ စိတ်လှုပ်ရှားမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ စကားတွေ ပွက်ပွက်ဆူ​​အောင် ဆိုပြီးနောက် သူမမျက်နှာမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားလေ၏။

"ရှန်းရှဲ့တို့က ငတုံးတွေ မဟုတ်ဘူး... ဒီလောက် လွယ်လွယ်နဲ့ အရူးလုပ်ခံရမှာ မဟုတ်ဘူး... အဲဒီလူတွေက သူတို့သိတဲ့လူ မဟုတ်ရင်ပေါ့.... "

All Chapters