ငါလုပ်မယ်
Vol. 49 Ch. 4.245
သူမ စကားမဆုံးခင်မှာပဲ လိရှောင်းရဲ့ အသံက ဆက်သွယ်ရေး ကျောက်စိမ်းပြားထဲမှ ထွက်လာခဲ့သည်။
"နတ်သမီးရှန်းရှဲ့က ဒီနေရာမှာ သော့နှစ်ချောင်း ရှိတယ်လို့ ကောက်ချက်ချလိုက်တယ်... ငါတို့ ရှာကြည့်တော့ တကယ်တွေ့တယ် ဒါပေမဲ့ ကံမကောင်းချင်တော့ သူတော်စင်နယ်ပယ် အဆင့်၅ နဲ့ အဆင့်၆က လူယုတ်မာတွေ ငါတို့ဆီက ပစ္စည်းတွေ ခိုးယူဖို့ ကြိုးစားနေတာနဲ့ တိုးသွားတာပဲ!"
လုရွှမ်သည် လိရှောင်းမှာ များသောအားဖြင့် ရက်စက်ပြီး သွေးအေးသည်ဟု ထင်မြင်ခဲ့သော်လည်း သူနှင့်ရင်းနှီးပြီးနောက်တွင် ဤလူသည် စကားပြောတတ်သူ တစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
"မင်းတို့ နှစ်ယောက်က အတူတူ ရှိနေမယ်လို့ ထင်တာကြောင့် ငါတို့ကို ကယ်တင်ဖို့ တောင်းဆိုခဲ့တာပါ"
"ကျေးဇူးတင်ပါတယ်....ပြီးတော့ ကျွန်မ တောင်းပန်ပါတယ်"
နတ်သမီးရှန်းရှဲ့ရဲ့ အသံကလည်း တိုးတိုးတိတ်တိတ် လွင့်ပျံလာသည်။ လုရွှမ် အောင့်ယွဲ့ကို ငုံ့ကြည့်ကာ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ဖယ်ထုတ်လိုက်သည်။
"အောင့်ယွဲ့ ငါ့ကို ပြောပြ... သွေးစတေးခြင်း အခင်းအကျင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ? အချိန်မရှိတော့ဘူး"
လုရွှမ် ကောင်းကင်ထက်က သွေးရောင် တိမ်တွေကို ညွှန်ပြလိုက်သည်။ သွေးတိမ်တွေက အရင်ကထက် အများကြီး ပိုထူလာကယ မိုးကြိုးနဲ့ လျှပ်စီးတွေပါ လတ်လာရာ မိုးရွာတော့မယ့် လက္ခဏာမျိုး ဖြစ်လေ၏။
အောင့်ယွဲ့က အသက်ပြင်းပြင်း ရှူလိုက်ပြီး
"သွေးစတေးမှု အခင်းအကျင်းကို ဖျက်စီးဖို့က မခက်ပါဘူး.... အရင်တုန်းက ကမ္ဘာငယ်လေးတွေ အများကြီး ဒီအစီအရင် အခင်းအကျင်းကို ဖျက်စီးဖို့ အတူတူ လေ့လာခဲ့ကြတယ်... အခင်းအကျင်း ချိုးဖျက်ချင်တယ် ဆိုရင်တော့ အခင်းအကျင်း ပညာရှင် သခင်နှစ်ယောက် လိုအပ်တယ်... အပြင်မှာ တစ်ယောက် အထဲမှာ တစ်ယောက် နေရမယ်... အထဲမှာ ယ လူလေးယောက် ပိတ်မိနေတော့ ဒီအခင်းအကျင်းမှာ အနည်းဆုံး မျက်လုံးလေးလုံး ရှိတယ်... အဲဒါတွေကို အားလုံးရှာပြီး တစ်ချိန်တည်းမှာ ဖျက်ဆီးပစ်ဖို့ လိုတယ်"
“ဒါပေမဲ့ အန္တရာယ်က အခင်းအကျင်း ပျက်သွားရင်တောင်မှ အခင်းအကျင်းထဲ ၀င်လာတဲ့ အခင်းအကျင်း ပညာရှင်က သွေးစတေးခြင်းရဲ့ ဝိညာဉ်စားတဲ့ ဝေဒနာကို ခံစားနေရမှာ... ဒါက လုံးဝ လက်ခံရမယ်လို့တော့ မဟုတ်ဘူး... စိတ်က ကျောက်ဆောင်လို မာကျောပြီး မီးလျှံနဲ့ မိုးကြိုးတွေကို မကြောက်ဘူးဆိုရင် ပြဿနာ ကြီးကြီးမားမား မရှိဘူး"
"မသေရင်တောင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်.... မနာရင် သေမယ်... နာကျင်ရင်တော့ ဇာစ်မြစ်ကို ထိခိုက်လိမ့်မယ် ကောင်းကင်ဘုံသခင် အဆင့်က လူဆိုရင်တောင် နယ်ပယ် ထိုးကျသွားနိုင်တယ်... ဥပမာ ငါတို့အခု သူတော်စင်တစ်ပိုင်း နယ်ပယ်ဆိုရင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ပြန်ကျသွားမယ်... သာမာန် ကျင့်ကြံသူဆိုရင် တစ်ဝက်လောက်နဲ့ တစ်ချိန်က သူတို့နဲ့ ရင်းနှီးခဲ့ဖူးတဲ့ တချို့နေရာတွေမှာတောင် လုံးဝ အသိဥာဏ်ပျောက်ဆုံးပြီး အသုံးမဝင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်တယ်"
ခဏနားပြီးနောက် အောင့်ယွဲ့က ဆက်ပြောလေ၏။
"ကျွန်မအဖိုး တစ်ချိန်က သွေးစတေးမှု အခင်းအကျင်းမှာ ပိတ်မိနေခဲ့ဖူးတယ်.... ရှန်းရှဲ့ရဲ့ ဘိုးဘေးက ကျွန်မအဖေရဲ့ အသက်ကို ကယ်ခဲ့တယ်လို့ ဆိုရမယ်... ဒါကြောင့် ကျွန်မ သူမကို ကယ်နိုင်ရမယ်"
လုရွှမ်သည် အောင့်ယွဲ့၏ နတ်သမီးရှန်းရှဲ့ အပေါ် အလွန်မုန်းတီးပုံ ရသည်ကို သတိထားမိပြီး ဖြစ်သည်။ ထူးချွန်တဲ့ အမျိုးသမီး နှစ်ယောက်ကြားက ပြိုင်ဆိုင်မှုတစ်ခုလို့ သူထင်ခဲ့ပေမယ့် နှစ်ယောက်ကြားက ဒီလိုဆက်ဆံရေးမျိုး ရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။
နှစ်ယောက်သား အခင်းအကျင်းရှေ့သို့ ရောက်လာခဲ့သည်။ အောင့်ယွဲ့ ရှေ့တစ်လှမ်းတိုးပြီး အခင်းအကျင်းထဲ ဝင်တော့မည့် အချိန်တွင် လုရွှမ် သူမလက်ကို လှမ်းဆွဲလိုက်ပြီး
"ထားလိုက်... ငါလုပ်မယ်! မင်းက မိန်းကလေး ဖြစ်နေတော့ မခံနိုင်လောက်ဘူး ဘာပဲဖြစ်ဖြစ် ငါသည်းမခံနိုင်တဲ့ စမ်းသပ်မှု ဆိုတာ မရှိဘူး”
လုရွှမ် ရွှမ်ခုန်းမြို့သို့ ပထမဆုံး ဝင်ရောက်စဉ်က ဈေးတွင်တွေ့ခဲ့သော အဘိုးအိုကို ရုတ်တရက် တွေးလိုက်မိသည်။ အဘိုးအိုက သူ့အား တစ်ခုခုပေးခဲ့သည်ဟု ထင်ရသော်လည်း ရွှေကျီးကန်းပင် ၎င်းကဘာမှန်း မခံစားနိုင်ပေ။
ခံစားချက်တစ်ခုသာ ဖြစ်သော်လည်း ယခုဤနေရာသည် အကန့်အသတ်မဲ့ အခင်းအကျင်း တစ်ခုဖြစ်သည်။ ခံစားမှုသည် အတိကျဆုံး၊ စွဲလမ်းမှုသည် နှလုံးသားထဲက နက်နဲဆုံး ဖြစ်လို့ ဤနေရာတွက် အရာအားလုံးကို ပြောင်းလဲစေနိုင်သည်။
"ရှင်?"
အောင့်ယွဲ့ မျက်နှာသည် မယုံကြည်နိုင်သည့် အဓိပ္ပာယ်များဖြင့် ပြည့်နေပြီး သူမနှလုံးသားကို အနည်းငယ် ထိမိသွားသော်လည်း ပို၍ နားမလည်နိုင်သာ ဖြစ်သွားခဲ့သည်။
အတူနေချိန်က သိပ်မကြာပေမယ့် ဒီလုရွှမ်ရဲ့ လုပ်ရပ်တွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးပြီ။ ဤလူသည် ရက်စက်တတ်သော်လည်း လူဆိုး မဟုတ်သလို လူကောင်းလည်း မဟုတ်ချေ။
သူ့မှာ ထက်မြက်တဲ့ စိတ်ထားရှိပြီး ခဏတာ စိတ်အားထက်သန်မှု အတွက် ဒီလို အန္တရာယ်တောထဲ ပြေးဝင်တာက လုပ်ရတာ သူ့ပုံစံ မဟုတ်တာ သေချာလေသည်။ ဒါ့ထက်အရင်က သူ့ကို မရည်ရွယ်ဘဲ ကျီစားခဲ့ဖူးသော်လည်း သူ့အဖြေက ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာမျိုး လုံးဝမပြလာခဲ့ဘူး။
အခင်းအကျင်းထဲကို ဝင်ပါက ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုကို ခံရမယ်လို့ သူမ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ် မဟုတ်ပါလား။
"ရှင် အဲဒီနတ်သမီးရှန်းရှဲ့ကို ကြိုက်နေတာလား?"
အောင့်ယွဲ့ မနေနိုင်ဘဲ ထုတ်မေးလိုက်တဲ့အခါ လုရွှမ် ကူကယ်ရာမဲ့ ရယ်မောလိုက်ပြီး
"မဟုတ်ဘူး.... ငါအောင်မြင်ဖို့ ဖြစ်နိုင်ခြေ အရှိဆုံး ရွေးချယ်မှုတစ်ခု လုပ်လိုက်ရုံပဲ... ဒီအခင်းအကျင်း ဖွဲ့စည်းမှုကို ချိုးဖျက်ပြီး သွေးစတေးမှုရဲ့ တုံ့ပြန်မှုကို ခံနိုင်ရည်ရှိရင် ငါ့အောင်မြင်မှုနှုန်းက ပိုမြင့်လာနိုင်တယ်!"
"ကောင်းပြီ....သိပ်ပြီး စဉ်းစားမနေနဲ့ ငါ့မှာ ငါကြိုက်တဲ့ မိန်းကလေး တစ်ယောက် ရှိပြီးသား... သူငါ့ကို နှစ်သုံးရာလောက် စောင့်နေခဲ့တာ.... ငါသူမကို ပြန်ရှာတွေ့ရမယ်.... မိုးတွေလေတွေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ငါခံစားခဲ့ရတာတွေ ဘယ်လောက်ကြာကြာ ဒါတွေကို ဖြတ်သန်းခဲ့ပြီးပြီ....အခုဒါက ဝိညာဉ်ရေးရာ အသိပညာထက် ဘာမှမပိုတဲ့ စမ်းသပ်မှု တစ်ခုပဲ... ယုံကြည်မှုရှိရင် ဘယ်အရာကမှ ငါ့ကို မတားနိုင်ဘူး"
လုရွှမ် သူ့ရဲ့ အရှိန်အဝါတွေကို ဖွင့်ထုတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် ယခင်ဘဝက ကောင်းကင်ဘုံသခင် ဖြစ်ခဲ့ပြီး သက်ရှိသတ္တဝါအားလုံးကို နှိမ့်ချသော စိတ်နေစိတ်ထားဖြင့် ဦးညွတ်စေခဲ့သူမို့ အောင့်ယွဲ့ကို ချက်ချင်းပင် တုန်လှုပ်သွားစေသည်။ သူမမိသားစုကတောင် လုရွှမ်လောက် မသန်မာနိုင်ဘူးလို့ ယောင်ဝါးဝါး ခံစားလာရသည်။
"ဟုတ်တယ် ဒီလူတွေက ငါနဲ့ မိတ်ဖွဲ့နိုင်တယ်လို့ ခံစားရတယ်.... ဒါကြောင့် သူတို့ကို ငါ့သူငယ်ချင်းတွေအနေနဲ့ ကယ်ရမယ်"
လုရွှမ် ပြောပြီးသည်နှင့် သူသည် ဖွဲ့စည်းမှုထဲသို့ တိုက်ရိုက် လျှောက်သွားတော့သည်။
သွေးစတေးမှု အခင်းအကျင်း၏ ကောင်းကင်၌ သွေးတိမ်များမှာ ပြိုးပြိုးပြက်ပြက် တောက်ပနေကာ ကျင့်ကြံသူ များစွာတို့သည် အဝေးကသာ ရပ်ကြည့်နေကြသည်။ အနားမကပ်ရဲဘဲ အံ့သြ တုန်လှုပ်နေကြ၏။
လုရွှမ်နှင့် နတ်သမီးအောင့်ယွဲ့ ဖြတ်သွားသည်ကို မြင်သော် သူတို့အားလုံး အံ့အားသင့်သွားလေသည်။ မမျှော်လင့်ဘဲ လုရွှမ်သည် အမှန်တကယ်ပင် တိုက်ရိုက် လှမ်းဝင်သွားတော့သည်။
အခင်းအကျင်းကို ထူထောင်ထားခဲ့သူများမှာ ထွက်သွားကြပြီ။ ဤအခင်းအကျင်းသည် ကမ္ဘာငယ်လေး အားလုံးတွင် တားမြစ်ချက်တစ်ခု ဖြစ်သည်။ တစ်ယောက်ယောက်က သတိပြုမိသွားသည်နှင့် သူတို့ကို ကမ္ဘာငယ်လေးများ အားလုံးက လိုက်ရှာ သတ်ကြလိမ့်မည်။
သွေးစတေးမှု အခင်းအကျင်းကို စတေးပြီးတာနဲ့ အခင်းအကျင်း ရှေ့တွင် အခြားမည်သူမျှ မရှိသည်မှာ သဘာဝကျပါသည်။ အောင့်ယွဲ့သည် လုရွှမ် စကားကို နားထောင်ရင်း အပြင်ဘက်တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
သူမ မျက်လုံးများထဲတွင် မျက်ရည်များ တဖန်စီးကျလာ၏။ လုရွှမ် သူမလက်မောင်းကို ဆုပ်ကိုင်လိုက်သည့် အခိုက်အတန့်ကို သတိရသွားမိသည်။
သူမအစား သွေးစတေးမှု အခင်းအကျင်းထဲကို အေးအေးဆေးဆေး လျှောက်သွားတာကို မြင်ရသောအခါ သူမနှလုံးသားက အေးချမ်းသွားခဲ့သည်။ တစ်ချိန်တည်းမှာ ချိုမြိန်မှုကို ခံစားရပြီး တစ်ချိန်တည်းမှာပဲ ချဥ်စူးစူး ရနံ့တွေလည်း ခံစားလိုက်ရသည်။
လုရွှမ် ရုတ်တရက် သူတို့ဘေးမှာ ပေါ်လာတာကို မြင်လိုက်ရတော့ နတ်သမီးရှန်းရှဲ့ နဲ့ တခြားလူတွေ စိတ်လှုပ်ရှားလာကြသည်။
လိရှောင်းက စိတ်လှုပ်ရှားစွာ ခုန်လိုက်ပြီး လုရွှမ်ကို ပွေ့ဖက်ကာ ရယ်မောလိုက်သည်။
"ကောင်းလိုက်တဲ့ ညီအစ်ကို.... မင်းက အေးစက်နေပေမယ့် အတွင်းပိုင်းမှာတော့ မီးတောက်နေတဲ့ လူပဲဆိုတာ ငါသိသားပဲ ဟားဟား"
နတ်သမီးရှန်းရှဲ့၊ သားသတ်သမားနှင့် ချန်ယီးတို့ကလည်း လျင်မြန်စွာ ကျေးဇူးတင်စကား ဆိုခဲ့ကြသည်။
"အိုး ဟုတ်သားပဲ... အခင်းအကျင်းကို ချိုးဖျက်ရမှာဘေ မင်းဘာလာလုပ်တာလဲ? အပြင်ကလူတွေက လူတွေရော? သူတို့ မင်းကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ဝင်ခွင့်ပြုလိုက်တာလဲ?"
လိရှောင်းရဲ့ အသံက ရုတ်တရက် ရပ်တန့်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဟုန်က ပြင်းထန်လာကာ လေပြင်းတွေ တိုက်ခတ်လာသလို သူ့ရဲ့ လူသတ်ချင်တဲ့ ရည်ရွယ်ချက်များ ပေါ်ထွက်လာခဲ့သည်။
"ဒါက သွေးစတေးမှု အခင်းအကျင်း ပုံစံများ ဖြစ်နိုင်မလား?"
နတ်သမီးရှန်းရှဲ့က ပြောလိုက်သည်။ သူမသည် အခင်းအကျင်းတွေ အပေါ် နားလည်မှုက အောင့်ယွဲ့လောက် မကျွမ်းကျင်သော်လည်း လုရွှမ်၏ လုပ်ရပ်ကို မြင်လိုက်ရသဖြင့် လိရှောင်းအတိုင်း မှန်းဆနိုင်ခဲ့သည်။
လူတိုင်းသည် ရှုပ်ထွေးသော မျက်လုံးများဖြင့် လုရွှမ်ကို စိုက်ကြည့်လိုက်ကြပြီး ခဏတာမျှ စကားလုံးဝ မပြောနိုင်ကြတော့ပေ။ စိတ်ထဲမှာ စကားလုံးတွေ အများကြီးရှိပေမယ့် ဘာပြောရမှန်းကို မသိတော့ဘူး။
အရင်က လုရွှမ်ဟာ ယာယီ သူငယ်ချင်းတစ်ယောက်လို့ ထင်ခဲ့ပေမယ့် အခုချိန်မှာတော့ သူ့လုပ်ရပ်က ညီအစ်ကိုတွေတောင် မလုပ်နိုင်လောက်ဘူးလို့ ခံစားလာမိသည်။
"အော်မီတော်ဖော်..... ငါ ငရဲမသွားရရင် ဘယ်သူကများ သွားရဦးမှာလဲ? ဒကာလေးလုရွှမ်ရဲ့ လုပ်ရပ်ကြောင့် ဒီရဟန်းငယ်က သင်ခန်းစာ ရသွားပါပြီ"
စကားချိုသာပြီး ဓားရှည်လို မျက်ခုံးများဖြင့် ရပ်နေသော သူတော်စင်လေး ချန်ယီးသည် ယခုအချိန်တွင် စိတ်ရင်းမှန်ဖြင့် လက်ခုပ်တီးကာ ဉာဏ်ပညာဖြင့် မျက်စိမှိတ်ပြ၍ အလွန်ကျေးဇူး တင်နေကြလေသည်။
လုရွှမ် သူ့လက်ကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းလိုက်ပြီး
"စကားပြောတာကို ရပ်လိုက်ပြီး ဒီအခင်းအကျင်းကို မြန်မြန်ဆန်ဆန် ဖြိုခွင်းလိုက်ရအောင်.... အပြင်မှာ သွေးတိမ်တွေက သွေးမိုးတွေအဖြစ် ရွာချတော့မယ်"
"မင်း သတိထားပါ!"