← Chapters

အခင်းအကျင်းကို ချိုးဖျက်

Vol. 49 Ch. 4.246

အခင်းအကျင်းကို ချိုးဖျက်

Vol. 49 Ch. 4.246

လုရွှမ်အား သတိထားဖို့ ​ပြောလာသူသည် တစ်ဖက်တွင် ရပ်နေသော သားသတ်သမား ဖြစ်ပြီး သူ့အသံမှာ ယခုအခိုက်တွင် အနည်းငယ် ဆို့နင့်နေ၏။

လုရွှမ် ပြုံးပြီး လက်ဝှေ့ယမ်းကာ သူ့​ခေါင်းကို လှည့်၍ အခင်းအကျင်းဆီသို့ လျှောက်သွားလိုက်သည်။

ဤမြင်ကွင်းသည် လူပေါင်းများစွာ၏ ရင်ထဲ၌ ထာဝစဉ် ထွင်းထုထားခဲ့ပြီ။ နှစ်များစွာ ကြာပြီးနောက်တွင် ၎င်းတို့အားလုံးသည် ထိုပြောင်ပြောင်တင်းတင်း ရပ်တည်ရဲသော ရုပ်ပုံလွှာကို မှတ်မိနေကြတော့မှာ ဖြစ်သည်။

လုရွှမ်၏ ခန္ဓာကိုယ်မှ ပျော့ပျောင်းသော်လည်း အားကောင်းသည့် ရောင်ဝါတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ အစတွင် သူ သတိမထားမိသော်လည်း တဖြည်းဖြည်း အားကောင်းလာပြီး တခဏချင်းတွင် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ပြင်းထန်စွာ လှိုင်းလုံးကြီး တစ်ခုလို ဖြစ်လာ၏။

လုရွှမ်၏ နောက်ကျောသည် သူတို့ဘက်သို့ လှည့်ထားသော်လည်း အရှိန်အဟုန်သည် ကြီးမားသော လှိုင်းလုံးကြီး တစ်ခုကဲ့သို့ ကမ္ဘာတစ်ဝှမ်းကို ဖြတ်ကျော်ကာ ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းသွားတော့မလို ခံစားနေရသည်။

ရက်အနည်းငယ် ကြာအောင် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရသော်လည်း လုရွှမ်ရဲ့ ခွန်အားက သူတို့ အကဲဖြတ်ထားတာထက် နည်းနည်း မြင့်လာပြန်သည်။

လုရွှမ်သည် သူ၏ ခွန်အားကို ပြသရန် စိတ်မ၀င်စားဘဲ လုံးလုံး သတိမမူမိ​သေးပေ။ သို့သော် သူသည် အခင်းအကျင်းထဲသို့ ဝင်သွားသောအခါတွင် သူ့မျက်လုံးများ တောက်ပလာပြီး ချက်ချင်း မြင်လိုက်ရသည်မှာ ပိန်လှီ​နေသော အဖော် လေးယောက် ဖြစ်​နေသည်။

အောင့်ယွဲ့က အခင်းအကျင်းထဲကို ဝင်ပြီးရင် အတွင်းက လူတွေက အပြင်မှာ အပြောင်းအလဲတွေ ဖြစ်နေတာကို မခံနိုင်တော့ဘူးလို့ ဆိုထားသည်။ နောက်ဆုံး သွေးစတေးမှုတွင် သွေးမိုးရွာ မလာမီအထိ သူတို့သည် သွေးယဇ်ပူဇော်ခြင်းတွင် ပိတ်မိနေကြောင်း နားလည်ကြမည် မဟုတ်ပေ။

လူလေးယောက်က သူတို့ရဲ့ ရုပ်ပုံတွေ လုံးဝပြောင်းသွားပေမယ့် ဘာမှ သတိမထားမိကြသေးပေ။ သူတို့လေးယောက်ရဲ့ မည်းမှောင်နေတဲ့ မြင်ကွင်းကို သူဘာကြောင့် မြင်နေရသလဲ ဆိုရင် လုရွှမ်ဟာ ကောင်းကင်မီးတောက်တွေထဲမှာ သူရရှိခဲ့တဲ့ ယွမ်ယန်အလင်းမှုန်တွေနဲ့ တစ်ခုခု ဆက်နွယ်နေနိုင်တယ် ဆိုတာကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။

အခိုးအငွေ့တွေ အားလုံး ပျောက်ကွယ်သွားသလိုပဲ သူ့မျက်လုံးတွေက အလင်းရောင်တွေနဲ့ လင်းလက်သွား၏။

လုရွှမ်သည် သူ့စိတ်ထဲက ထိတ်လန့် ကြောက်ရွံ့မှုကို နှိမ့်ချကာ လူလေးယောက်ကို လွယ်ကူသော ပုံစံဖြင့် ပြောဆို ဆက်ဆံသော်လည်း သူ အချိန်ဖြုန်း​နေရန် မတတ်နိုင်တော့ကြောင်း ကောင်းစွာ သိထားသည်။ အခင်းအကျင်း မပြိုကွဲပါက လူလေးယောက်သည် အခင်းအကျင်း အတွင်းမှ အသက်ရှင်လျက် ရုန်းထွက်နိုင်လျှင်ပင် ၎င်းတို့၏ မူလဇစ်မြစ်သည် အလွန်ပျက်စီးပြီး အခြေခံအုတ်မြစ်လည်း မတည်မငြိမ် ဖြစ်သွားလိမ့်မည်။

အောင့်ယွဲ့ ပြောပြတာကို ပြန်သတိ ရသွားသောအခါ လုရွှမ်သည် အခင်းအကျင်း မျက်လုံးလေးလုံးကို ခဏအတွင်းမှာပဲ ရှာတွေ့ခဲ့သည်။ သူ့မျက်လုံးထဲက ရောင်ဝါက တဖျပ်ဖျပ် တောက်နေပြီး နေရောင်ခြည်တွေ ဖြာထွက်နေသလိုပင်။

အခင်းအကျင်း ပုံစံအပေါ် သုတ်သင်လိုက်တဲ့ အခါမှာတော့ တောက်ကျင့်စဥ် ပုံစံတွေရဲ့ အမှတ်အသားလေးတွေကို ဖော်ထုတ်နိုင်ခဲ့လေသည်။ နတ်သမီးရှန်းရှဲ့တို့ လေးယောက်မှာ စိတ်လှုပ်ရှား​နေပြီး သဘောကျမှု အပြည့်နဲ့ ကြည့်နေကြသည်။

ဒီအခင်းအကျင်း မျက်လုံးများနဲ့ တခြား ဘယ်အရာကများ သူ့ကိုတားဆီးနိုင်ဦးမှာလဲ?

လုရွှမ် အောင့်ယွဲ့ကို အလျင်အမြန် ဆက်သွယ်လိုက်သည်။ တစ်ဖက်လူကလည်း အပြင်ဘက်က မျက်လုံး လေးခု၏ တည်နေရာကို ရှာဖွေပြီးသား ဖြစ်သည်။ နှစ်ဖက်စလုံးသည် တစ်ချိန်တည်းတွင် ကျယ်လောင်သော ဆူညံသံများနှင့်အတူ ကောင်းကင်ယံနှင့် မြေကြီးကြားတွင် ကွဲအက်ကာ အလင်းနှင့် အရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ရှန်းရှဲ့တို့ လေးယောက်သည် ရုတ်တရက် သူတို့၏ ခန္ဓာကိုယ်များ ကြည်လင်သွားတာကို ခံစားလိုက်ရပြီး ယခင်က နားမလည်နိုင်စွာ ဖိနှိပ်ခံထားရသော သူတို့၏ နှလုံးသားများနှင့် စိတ်ဝိညာဉ်များသည် ကြည်လင်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ဤတစ်ကြိမ်တွင် သူတို့တကယ် ကယ်တင်ခံရပြီ ဖြစ်ကြောင်း သိလိုက်​ကြသည်။

မလှမ်းမကမ်းတွင် နတ်သမီးအောင့်ယွဲ့သည် ရပ်နေပြီး အလင်းထဲတွင် ပိတ်မိနေသော လုရွှမ်ကို ကြည့်နေသည်။

မတ်တပ်ရပ်လျက် သူ့နောက်ကျောက အမြဲစိမ်းထင်းရှူးပင်လို ဖြောင့်တန်းနေ၏။ ကြီးကျယ်ခမ်းနားမှု၊ စိတ်စွမ်းအား လှုံ့ဆော်မှု မရှိသလို တောက်ကျင့်စဥ်ရဲ့ ကျက်သရေရှိမှုတွေ မရှိပေမယ့် ရှင်းရှင်းလင်းလင်း ဖော်ပြရလျှင် လူတွေကို တောင်တွေလို မျှော်ကြည့်ရတဲ့ ခံစားချက်ကို ပေးစွမ်းနေ၏။

"အော်မီထော်ဖော်!"

ရဟန်းငယ် ချန်ယီးသည် လုရွှမ်ထံသို့ လျှောက်သွားကာ လက်ဆယ်ချောင်းကို ဆုပ်လျက် ဦးညွှတ်လိုက်စဥ် သူ့နောက်ကွယ်မှ ရုပ်လုံးပေါ်လာသော ဗုဒ္ဓမြတ်စွာဘုရား၏ ဝိညာဉ်ရောင်ခြည်၊ ဥာဏ်ပညာ အလင်းများသည် လုရွှမ် စိတ်ထဲသို့ ပျံ့လွင့်သွားသည်။

ရဟန်းငယ် တစ်ဖြစ်လည်း ချန်ယီးက နောက်သို့လှည့်၍ လုရွှမ်နံဘေးတွင် တင်ပျဉ်ခွေထိုင်ကာ ဗုဒ္ဓရုပ်ပွားတော်အား ထိန်းလျက် ဂါထာများ ရွတ်ဆိုနေလေတော့သည်။

လိရှောင်း၏ ပါးပြင်များက ယခုအခိုက်အတန့်တွင် အထင်ကြီး လေးစားမှုများဖြင့် ကွေးညွတ်သွား၏။

"လိရှောင်းဆိုတဲ့ငါက ငါ့ဘဝမှာ လူတော်တော်များများကို မလေးစားဖူးပေမယ့် ညီလေးလုရွှမ်ကိုတော့ ယုံကြည်ပြီး လေးစားတယ်ကွာ"

"နေရာတိုင်းမှာ သွေးထွက်သံယိုနဲ့ တိုက်ခိုက်နေရရင်တောင် မာနက ထာဝရတည်မြဲနေမှာပဲ!"

တိုးညှင်းသော အော်သံနှင့်အတူ သူ့နောက်ကျောမှ ဓားရှည်သည် ရုတ်တရက် ပျံထွက်သွားပြီး လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ သွေးစွန်းသော အလင်းတန်းတစ်ခု ကျရောက်လာသည်။ သူသည် ချန်ယီး၏ အသွင်အပြင်ကို အတုယူကာ လုရွှမ်အတွက် အစောင့်အရှောက် အဖြစ် နောက်​ပေးထိုင်ရန် တစ်နေရာကို ရွေးချယ်ခဲ့သည်။

သားသတ်သမားကလည်း သူ့နောက်ကျောကနေ ပုဆိန်ကြီးကို ဆွဲထုတ်လိုက်သည်။ သူ့ခြေဖဝါးများ တုန်ခါသွားပြီး ဒြပ်စင်ငါးပါးထဲက မြေဒြပ်စင်စွမ်းအင်များ ထွက်ပေါ်လာ၏။ ခိုင်ခံ့ပြီး ထူထဲသော တောက်ကျင့်စဥ် ပုံစံများသည် လုရွှမ် ပတ်ဝန်းကျင်တွင် ပြည့်နှက်ကာ သူ့ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်လာခဲ့သည်။

သူလည်း တစ်​နေရာကို ရွေးချယ်ပြီး ထိုင်ချလိုက်သည်။ နောက်ပြန်လှည့်ကာ ဒူးတစ်ဖက်ကို ထောက်၍ ပုဆိန်ကိုရှေ့မှာ အစောင့်အရှောက်ဖြင့် ထားလိုက်သည်။

နတ်သမီးရှန်းရှဲ့သည် ခင်ပွန်းသည်ကို ကြည့်နေသယောင် ရှိသော နတ်သမီးအောင့်ယွဲ့၏ မျက်လုံးများကို ကြည့်ကာ ရုတ်တရက် သက်ပြင်းချလိုက်သည်။ သူတို့နှစ်ဦးကြားက ဆက်ဆံရေးက ရှုပ်ထွေးပြီး ဒီအကြောင်းကို လူအနည်းငယ်သာ သိကြ၏။

သူတို့နှစ်ယောက် အမြဲငြင်းခုံပြီး အဆင်မပြေတဲ့ အခိုက်အတန့်တွေ ရှိပေမယ့် တစ်ချိန်က သူတို့ရဲ့ ဆက်ဆံရေးဟာ အရိုးကျိုးနေတဲ့ အရွက်နဲ့တောင် တူလေသည်။

အမှန်တော့ အခင်းအကျင်း ဖွဲ့စည်းမှုသည် အလွန်ထူးဆန်းပြီး သူတို့ တိုက်ခိုက်မှုများကြားမှ ပြိုကွဲသွားမည့် အရိပ်အယောင် မရှိတာကို သူမ မြင်သောအခါ သွေးစတေးမှု အခင်းအကျင်း တစ်ခုထဲသို့ ကျသွားနိုင်ကြောင်း တွေးထားပြီးသား ဖြစ်သည်။

နတ်သမီးအောင့်ယွဲ့ လာမယ်ဆိုတာ သေချာပေါက် သူမ သိပေမယ့် အောင့်ယွဲ့က အပြင်မှာ စောင့်နေပြီး လုရွှမ်ကပဲ သူတို့ဆီကို လာမယ်လို့ မထင်ထားတာကြောင့် အံ့အားသင့်သွားစေခဲ့သည်။

သူတို့ နှစ်ယောက်ကြား တစ်ခုခုတော့ ဖြစ်လာခဲ့လိမ့်မည်။

လုရွှမ်၏ မျက်လုံးများထဲသို့ အလင်းတန်းတစ်ခု ပျံ့လွင့်လာခဲ့သည်။ သူတို့​လေး​ယောက်သည် လုရွှမ် နံဘေးတွင် နောက်ပြန် လှည့်ထိုင်လျက် အရှေ့၊ အနောက်၊ တောင်နှင့် မြောက်တို့၌ နေရာယူထားကြသည်။ နတ်သမီးအောင့်ယွဲ့သည် လုရွှမ်အား စိုက်ကြည့်ရင်း သူမရှိနေသည့် နေရာတွင် ရပ်နေဆဲ ဖြစ်သည်။

…

လုရွှမ်သည် ရုတ်တရက် ပါးစပ်ထဲမှ သွေးများ ထွက်ကျလာပြီး ပုံရိပ်ယောင်ကမ္ဘာ တစ်ခုထဲသို့ ပြုတ်ကျသွားတာကို သိလိုက်ရသဖြင့် သူ့နှလုံးသားက တင်းကြပ်သွားခဲ့သည်။

သို့သော် ဤသွေးစတေးမှု အခင်းအကျင်း ဖွဲ့စည်းခြင်းသည် ယနေ့ခေတ်တွင် ကြီးမားသောဂုဏ်သတင်းကို ရရှိနိုင်ရာ ထိုအခင်းအကျင်းမှာ ပုံရိပ်ယောင်ကမ္ဘာ တစ်ခု ရှိနေတာကိုလည်း လုရွှမ် မအံ့သြမိချေ။

တစ်ဖက်မှာတော့ ကျိုးရန်က သူ့ကို လှောင်ပြောင်ပြီး ပေါ့ပေါ့ပါးပါး အော်ဟစ်နေပေမယ့် သူ့အသံက တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးရဲ့ ကောင်းကင်က အသံလို ပဲ့တင်ထပ်နေ၏။ သူ့အသံက နေရာတိုင်းတွင် ပျံ့နှံ့နေပြီး သူ့နားစည်ကို လှုပ်ခါသွား​စေကာ မသိစိတ်ကို တုန်လှုပ်သွားစေသည်။

"လုရွှမ်.... မင်း ပြန်မွေးဖွားလာတော့ရော ဘာဖြစ်လဲ? အခု ငါကောင်းကင်ဧကရာဇ် နယ်ပယ်ကို ကျော်သွားပြီ.... အရင်က မင်းမအောင်မြင်ခဲ့တဲ့ လမ်းကို ငါအောင်မြင်သွားပြီ... မင်းဘာလို့ ငါနဲ့ လာယှဉ်​နေတာလဲ?"

လုရွှမ် ကျိုးရန်ကို ဂရုမစိုက်ဘဲ ကြည့်နေသည်။ ကျိုးရန်သည် သာမန်ထက် ထူးကဲသော အရည်အချင်းများနှင့် မာနကြီးပြီး မောက်မာနေဆဲဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါသည် နွေဦးလေညင်းလို ခံစားချက်ကို ပေးစွမ်းနေကာ သူ့မျက်လုံးများက ကြည်လင်နေသည်။

သူ​ထေ့ငေါ့ နေရင်တောင် လူအများကို အထင်ကြီး လေးစားနေစေ၏။

အဲဒါက သူ့ရဲ့ ညီအစ်ကိုဟောင်း ကျိုးရန်ပဲ!

ဘာမှ မပြောင်းလဲသွားဘူး။ သူကိုယ်တိုင်သာ ပြောင်းလဲသွားခဲ့တဲ့ လူပဲ!

"ငါ့အတွက် အခု မင်းက ပုရွက်ဆိတ်တစ်ကောင်လို ကြည့်နေရတဲ့ လူ ဖြစ်နေပြီ.... ​ ငါမင်းကို အရောက် ပို့ပေးမယ်!!"

ကျိုးရန်က ပြောပြီးတဲ့အခါ လက်ဖဝါးကို ညင်သာစွာ ဖြန့်လိုက်သည်။

၎င်းသည် ချက်ချင်းပင် ကြီးမားသော လက်ဝါးကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် လေပြင်းလက်ဝါး မဟုတ်သော်လည်း တောက်ကျင့်စဥ်များ၏ ပုံသဏ္ဌာန်၊ အရှိန်အဟုန်နှင့် တဖျပ်ဖျပ် ခတ်နေသော အသွင်အပြင်ကို ကြည့်လျှင်ပင် အနည်းငယ် ဆွဲဆောင်မှုရှိ​လေသည်။

"ဒါက မင်းလေ့ကျင့်နေတုန်း ငါသင်ယူခဲ့တဲ့ သိုင်းကျင့်စဥ် တစ်ခုပဲ.... မင်း ဘယ်လို မြည်းစမ်းကြည့်ချင်လဲ?"

လက်ဝါး​ကြီးသည် ကောင်းကင်နှင့် နေကို ဖုံးလွှမ်းသွားပြီး တခဏအတွင်းပင် ကောင်းကင်အရောင်က မှိန်သွားကာ လက်ဝါးရာ၏ ရွှေရောင် အလင်းတန်းများသာ ကျန်ရစ်ခဲ့သည်။ သက်ရှိသတ္တဝါ အားလုံးကို ငုံ့ကြည့်နေသော ရောင်ဝါသည် သူ့လက်ဖဝါးမှ ထွက်ပေါ်လာပြီး ကမ္ဘာကြီးကို ဖျက်ဆီးတော့မည့် အတိုင်းပင်။

တခြားသူတွေကို လွှမ်းမိုးချင်ရင် ကိုယ့်ရဲ့ အရှိန်အဟုန်ကို အသုံးပြုရတယ်။ သူ့နှလုံးသားထဲက မနှစ်သက်တဲ့ ပုံသဏ္ဌာန်ကို ပုံဖော်ပြီး သူ့စိတ်ကို တွန်းလှန်ချင်တယ် ဆိုရင်တော့ အိပ်မက်သာ မက်နေလိုက်တော့။

လုရွှမ် ညည်းညူလိုက်ရင်း သူ့နှလုံးသားက မာနတွေနဲ့ ပြည့်လာခဲ့သည်။ သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေ တဟုန်ထိုး တက်လာသည်။ အနှစ်သုံးရာ ဆိုတာ အိပ်မက်တစ်ခုလို ပြောင်းလဲသွားပြီ။ တစ်ချိန်က သူ့ကို မျှော်ကြည့်ခဲ့တဲ့ ညီလေးက အခုသူ့ကို နှိမ်နှင်းချင်​နေတဲ့ ရန်သူတစ်ယောက် ဖြစ်သွားပြီ။

အရှက်မရှိတဲ့ကောင်!

ဒေါသက နှလုံးသားထဲ ပြည့်လျှံလာခဲ့သည်။ ထိုဒေါသ မီးတောက်ဟာလည်း ​​သူ့နှလုံးသားကို လောင်ကျွမ်းလာခဲ့၏။

All Chapters